အခန်း (၄၃) နတ်သမီးလင်ယွင် မိုးကြိုးရေကန်ထဲသို့ ရောက်ရှိလာခြင်း
"ဟဲဟဲဟဲ..."
"ယဲ့ဖန်... အိုး... ယဲ့ဖန် နင့်ရဲ့ ရည်မှန်းချက်တွေက တကယ့်ကို ကြီးမားတာပဲ။ နင်လို လမ်းဘေးခွေးတစ်ကောင်က ငါ့ရဲ့ မျက်နှာသာပေးမှုကို ရဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား အခုအချိန်မှာ ငါ့ရဲ့ ဂုဏ်သိက္ခာဆိုတာက အရေးပါသေးတယ်လို့ နင်ထင်နေသလား။
နင့်မှာ သတ္တိရှိရင် အဲ့ဒီအရာကို လူသိရှင်ကြားသာ ထုတ်ပြလိုက်စမ်းပါ။ လူအားလုံး နင့်ရဲ့ တကယ့်ရုပ်စုံကို မြင်သွားအောင်လို့လေ။
ဒီနေ့ပဲ ငါ ဂိုဏ်းချုပ်ဆီ သွားပြီး နင့်ရဲ့ လုပ်ရပ်တွေကို တိုင်တန်းမယ် နင့်ရဲ့ ကျင့်ကြံအဆင့်ကို ဖျက်ဆီးခိုင်းပြီး ဂိုဏ်းကနေ နှင်ထုတ်ခိုင်းမယ်။
နတ်သမီး လင်ယွင်က လှောင်ပြုံး ပြုံးလိုက်သည်။ သူမသည် လက်ရှိတွင် ယဲ့ဖန်ကို နှိမ်နင်းရန် နည်းလမ်းမရှိကြောင်း သိသဖြင့် ဂူဗိမာန်ထဲမှ ထွက်ခွာရန် လှည့်ထွက်လိုက်သည်။
ယဲ့ဖန် ခဏမျှ မှင်တက်သွားသည်။ သူက ဒီသက်သေကို ကိုင်ထားသရွေ့ နတ်သမီး လင်ယွင်သည် သူခိုင်းသမျှ လုပ်ရမည့် ခွေးတစ်ကောင် ဖြစ်သွားလိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ နတ်သမီး လင်ယွင်က ဒီလောက်အထိ ခေါင်းမာပြီး ဘယ်လိုမှ သဘောမတူဘဲ ငြင်းဆန်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
နောက်မနေပါနဲ့ဦး အရင်တုန်းက ခင်ဗျဟာ လင်းယွီကို အတော်လေး ကြည်ညိုခဲ့တာပဲ မဟုတ်လား။
အကယ်၍ ဒီအရှုပ်အထွေးတွေကို လင်းယွီသာသိသွားရင် ခင်ဗျ ဒီလောကမှာ မျက်နှာပြရဲဦးမလားဆိုတာ ငါ မယုံဘူး။
ယဲ့ဖန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အနည်းငယ် တုန်လှုပ်စွာ ပြောလိုက်သည်။ သူ တကယ်ကို ကြောက်နေမိသည်၊ အကြောင်းမှာ သူ၏ အတောင်အပံများမှာ အားမပြည့်သေး၍ဖြစ်သည်။
အကယ်၍ သူသာ ဤကိစ္စကို လူသိရှင်ကြား လုပ်လိုက်လျှင် သူ့အတွက်လည်း အကျိုးရှိမှာ မဟုတ်ပေ။ စောစောက သူသည် လင်ယွင်ကို ခြိမ်းခြောက်ရုံသာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ သူ ထင်သလို ဖြစ်မလာဘဲ သူမကို ပိုပြီး ဒေါသထွက်သွားစေခဲ့သည်။
"ဟက်... တစ်ဂိုဏ်းလုံးက ဒီအရှုပ်အထွေးတွေကို သိနေကြတာပဲ။ ဒါဟာ ပုံရိပ်တစ်ခုထက် မပိုပါဘူး ငါဟာ တစ်သက်လုံး မာနကြီးစွာ နေထိုင်ခဲ့ပြီး အခုတော့ ငါ့ဂုဏ်သိက္ခာက အဖတ်ဆယ်မရအောင် ပျက်စီးနေပြီ။ လူအားလုံး မြင်သွားလည်း ဘာဖြစ်သေးလဲ နတ်သမီး လင်ယွင်က စိတ်ပျက်အားငယ်စွာ ပြုံးရင်း ပြောလိုက်သည်။
ယဲ့ဖန်၏ နဖူးမှ ချွေးစေးများ ထွက်လာတော့သည်။
တကယ်တော့ ကိစ္စတွေ ဒီလောက်ထိ ဖြစ်လာတာ သူ့အမှားလည်းပါသည်။ သူ၏ လက်စွပ်ထဲက ဆရာဖြစ်သူသည် နတ်သမီး လင်ယွင်ရှိနေတာကို စောစောကတည်းက သတိထားမိပြီး သူ့ကိုသတိပေးခဲ့သည်။
သို့သော် ယဲ့ဖန်သည် ဤအခွင့်အရေးကို အသုံးချကာ နတ်သမီး လင်ယွင်ကို အမြန်ဆုံး ထိန်းချုပ်ချင်သဖြင့် ထိုစကားများကို တမင်ပြောခဲ့ခြင်း ဖြစ်သည်။
သူ၏ရည်မှန်းချက်မှာ လင်ယွင်ကို ထွက်လာအောင် ဖိအားပေးရန်နှင့် ထိုပုံရိပ်များကို သုံး၍ ခြိမ်းခြောက်ကာ သူမအား သူ၏ ကစားစရာအဖြစ် ခြေဖဝါးအောက် ဒူးထောက်ခိုင်းရန် ဖြစ်သည်။
ဒါပေမဲ့ သူ မမျှော်လင့်ထားတာက နတ်သမီး လင်ယွင်သည် ထိုမှတ်တမ်းကို ဂရုမစိုက်ရုံသာမက ဂိုဏ်းကိုပါ တိုင်ပြီး သူ့ကို အပြစ်ပေးခိုင်းဖို့ လုပ်ဆောင်နေခြင်းပင်။
စီနီယာအဒေါ် လင်ယွင်... ကျွန်တော် မှားသွားပါတယ် ကျွန်တော် အဲ့ဒီလို မလုပ်သင့်ဘူး၊ ဒါပေမဲ့ ခင်ဗျလည်း ဒီအချိန်မှာ သတိထားသင့်တယ်နော် စဉ်းစားကြည့်ပါဦး... ခင်ဗျသာ ဂိုဏ်းချုပ်ကို ဒီအကြောင်း သွားတိုင်ရင် ကျွန်တော်ကလည်း အဲ့ဒီပုံရိပ်တွေကို လေလံတင်ပစ်မှာ ဖြစ်သလို တစ်ကမ္ဘာလုံး သိအောင် လုပ်မှာပါ။
အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့နှစ်ယောက်လုံး အတူတူ ပျက်စီးကြရမှာပဲ။ ကျွန်တော့်ရဲ့ ကျင့်ကြံအဆင့် ဖျက်ဆီးခံရပြီး ဂိုဏ်းက နှင်ထုတ်ခံရလိမ့်မယ်ဒါပေမဲ့ ခင်ဗျကတော့ လူသောင်းပေါင်းများစွာရဲ့ ကဲ့ရဲ့မှုကို ခံရပြီး ကျင့်ကြံခြင်းလောကရဲ့ ရယ်စရာ အဖြစ်ဆိုးကြီး ဖြစ်သွားလိမ့်မယ်။
ကျွန်တော်တို့ နှစ်ယောက်လုံး တစ်လှမ်းချင်း ဆုတ်ပေးကြပြီး ဘာမှမဖြစ်ခဲ့သလို နေကြရအောင်လား နောင်ကျရင် ခင်ဗျက ခင်ဗျလမ်း ခင်ဗျသွား၊ ကျွန်တော်က ကျွန်တော့်လမ်း ကျွန်တော်သွားမယ် တစ်ယောက်နဲ့တစ်ယောက် မပတ်သက်ကြေးပေါ့ ယဲ့ဖန်သည် ဒူးထောက်လိုက်ပြီး တောင်းပန်တော့သည်။
သူ၏ နဖူးမှာ ချွေးများဖြင့် စိုရွှဲနေသည်။
ယခုအချိန်တွင် သူသည် နတ်သမီး လင်ယွင်နှင့် ထိပ်တိုက်မတွေ့နိုင်သေးပေ။ သူသာ တစ်ဂိုဏ်းလုံးကို ဆန့်ကျင်လိုက်လျှင် နောက်ဆုံးတွင် ရှောင်ချီကဲ့သို့သော အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
သူ့လက်စွပ်ထဲက ဝတ်စုံဖြူဝတ် အမျိုးသမီးက တိုက်ခိုက်မှုအချို့ကို ကူညီခုခံပေးနိုင်သော်လည်း လင်ယွင်ကို အနိုင်ယူဖို့အထိတော့ မကူညီနိုင်ပေ။
ထို့အပြင် ဤနေရာမှာ ခရမ်းရောင်တိမ်တိုက်တောင်ထိပ် ဖြစ်ပြီး ဝိညာဉ်ဓားဂိုဏ်း၏ နယ်မြေ ဖြစ်သည်။ သူနှင့် နတ်သမီး လင်ယွင်တို့ တိုက်ခိုက်ကြလျှင် တိုက်ပွဲသံမှာ ဂိုဏ်း၏ နေရာအနှံ့သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအချိန်တွင် မဟာအကြီးအကဲ သုံးဦးနှင့် ဂိုဏ်းချုပ်သစ် လင်းယွီတို့ပါ ပေါ်လာလိမ့်မည်။ သူ့မှာ ဘယ်လောက်ပဲ စွမ်းအားရှိရှိ သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
နတ်သမီး လင်ယွင်သည် သွားကို တင်းတင်းကြိတ်ကာ ယဲ့ဖန်နှင့် ကုတင်ပေါ်မှာ အဝတ်ဖြင့် ကိုယ်ကို ဖုံးထားသည့် မူဝမ်အာတို့ကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ဦးကို ဒေါသတကြီး ကြည့်ပြီးနောက် သူမသည် ဂူဗိမာန်ထဲမှ လှည့်ထွက်သွားတော့သည်။
ထိုအမျိုးသမီး ထွက်သွားသည်ကို မြင်ရတော့မှ ယဲ့ဖန်သည် သက်ပြင်းချနိုင်တော့သည်။ သူသည် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားပြီး ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု လျော့သွားသလို ခံစားလိုက်ရသည်။
ဒါတွေ အကုန်လုံးက ရှင့်ရဲ့ မာနကြီးလွန်းမှုကြောင့်ပဲ။ အဲ့ဒီအမျိုးသမီးက သူ့ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်ဘူးလို့ ကျွန်မ ပြောသားပဲ ရှင်ကတော့ ဒါမျိုးနဲ့မှ သူ့ကို ခြိမ်းခြောက်ချင်နေတာ။
မူဝမ်အာသည် အဝတ်အစားများကို ပြန်ဝတ်လိုက်သော်လည်း သူမ၏ လက်များမှာ တုန်ယင်နေဆဲ ဖြစ်သည်။ သူမသည် လဲကျနေသည့် ယဲ့ဖန်ကို ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
မဟုတ်ဘူး သူကြောက်နေတာ။ သူ ကြောက်နေပြီ ဘယ်မိန်းမမှ ဒါမျိုးတွေကို ဂရုမစိုက်ဘဲ မနေနိုင်ပါဘူး။
ဒါပေမဲ့ ငါ မလောင်းရဲဘူး သူ ဘယ်လောက်အထိ လုပ်မလဲဆိုတာ ငါ မသေချာဘူး။ အကယ်၍ သူသာ တကယ့်အကြောင်းစုံကို ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေကို တိုင်လိုက်ရင် ငါ့ရဲ့ ကောင်းစားတဲ့နေ့တွေ ကုန်ဆုံးသွားမှာပဲ။
အဲ့ဒီလူတွေက သူ့ရဲ့စီနီယာတွေလေ၊ သူတို့က လင်ယွင်ရဲ့ စကားကိုပဲ အကြွင်းမဲ့ ယုံကြမှာ။
ရှောင်ချီရဲ့အဆုံးသတ်က ငါ့ရဲ့ အဆုံးသတ် ဖြစ်သွားလိမ့်မယ် ငါက ရှောင်ချီထက်တောင် ပိုဆိုးတဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ်။
အကောင်းဆုံး ရလဒ်ကတော့ နှစ်ယောက်လုံး ပျက်စီးသွားကြဖို့ပဲ။ ငါက သက်သေတွေကို လူသိရှင်ကြား လုပ်မယ် လင်ယွင်ကတော့ အရှက်ရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မယ်။
ဝိညာဉ်ဓားဂိုဏ်းက ငါ့ကို သတ်ပစ်လိမ့်မယ်။ ငါတို့နှစ်ယောက်လုံး ဘာမှရမှာမဟုတ်ဘူး။
ယဲ့ဖန်သည် နဖူးက ချွေးတွေကို သုတ်ရင်း ဖြစ်လာနိုင်သည့် အဆိုးဆုံး အခြေအနေကို ကုတင်ပေါ်မှာ ထိုင်နေသည့် မူဝမ်အာကို ရှင်းပြနေတော့သည်။
အတိုချုပ်ပြောရလျှင် သူ့မှာ နတ်သမီး လင်ယွင်ကို သိမ်းပိုက်နိုင်မည့် အခွင့်အရေးရှိခဲ့သော်လည်း ရှုံးနိမ့်မှု၏တန်ဖိုးက သူ မခံစားနိုင်လောက်အောင် ကြီးမားနေသဖြင့် ယဲ့ဖန် မလောင်းရဲခဲ့ခြင်းဖြစ်သည်။
"အခု ဆရာမက ကျွန်မတို့ အကြောင်းကို သိသွားပြီဆိုတော့ ကျွန်မ ဘယ်ကိုသွားရမလဲ" မူဝမ်အာက ယဲ့ဖန်ကို သနားစဖွယ် မေးလိုက်သည်။
"လောလောဆယ် ငါ့နောက်ပဲ လိုက်ခဲ့။ မင်း ဒီတောင်ထိပ်ပေါ်မှာ ဆက်နေလို့ မရတော့ဘူး" ယဲ့ဖန်က ခဏစဉ်းစားပြီးနောက် မတတ်သာဘဲ ပြောလိုက်သည်။
လင်းကျောင်လန်က ပြဿနာရှာမှာ မဟုတ်ဘူးလား ကျွန်မတော့ အနှိပ်စက်ခံရတော့မှာပဲ မူဝမ်အာက သူမ၏ ဒူးကို ဖက်ကာ ဝမ်းနည်းသလို ပြောလိုက်သည်။
"သူက လာရဲမလား ငါ့မိန်းမကို ဘယ်သူမှ လက်ဖျားနဲ့တောင် မထိစေရဘူး" ယဲ့ဖန်က မောက်မာစွာ ပြောလိုက်သည်။
"အင်း... ရှင့်ကို ကျွန်မ ယုံပါတယ်" မူဝမ်အာသည် ယဲ့ဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူမသည် လုံခြုံမှုအပြည့် ရှိသွားသလို ခံစားလိုက်ရသည်။ အရင်က သူမ ဘာတွေပဲ ပေးဆပ်ခဲ့ရပါစေ အခုအချိန်မှာတော့ အရာအားလုံး တန်သွားပြီဟု သူမ ခံစားနေရသည်။
နတ်သမီး လင်ယွင်သည် လူသေကောင်တစ်ယောက်လို ခရမ်းရောင်တိမ်တိုက်တောင်ထိပ်ပေါ်ကနေ လမ်းလျှောက် ထွက်လာခဲ့သည်။
တောင်ပေါ်က ပန်းတွေ၊ မြက်ပင်တွေ၊ ဝိညာဉ်ငါးတွေနဲ့ သားရဲလေးတွေကို ကြည့်ရင်း အစက ခံစားခဲ့ရတဲ့ ကြည်နူးမှုတွေ မရှိတော့ဘဲ ရင်ထဲမှာတော့ အလွန်အမင်း နာကျင်နေရသည်။
ဂိုဏ်းတပည့်တွေက သူမကို နှုတ်ဆက်ကြသော်လည်း သူမ ပြန်မတုံ့ပြန်တော့ပေ။ သူမရဲ့ နောက်ကွယ်မှာ အတင်းပြောနေကြတာကိုလည်း သူမ ဂရုမစိုက်နိုင်တော့ဘူး။
သူမသည် ဦးတည်ရာမဲ့စွာနှင့် ဘယ်ကို သွားချင်မှန်း မသိဘဲ ငေးငေးငိုင်ငိုင် လျှောက်လာခဲ့သည်။
မသိလိုက်ဘဲနှင့် သူမသည် ဝိညာဉ်ဓားဂိုဏ်း၏ တားမြစ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာမှာ သူမ၏ တတိယတပည့်ဖြစ်သူ ရှောင်ချီ အကျဉ်းကျနေသည့် မိုးကြိုးရေကန်ပင် ဖြစ်သည်။
ဟုတ်ပါသည် အဲ့ဒီလူယုတ်မာ ယဲ့ဖန်အတွက်နှင့် သူမသည် သူမ၏ တပည့်အရင်းကို မိစ္ဆာဝင်အောင်ဖိအားပေးခဲ့သည်။ အခုတော့ သူဟာ ဒီမိုးကြိုးရေကန်ထဲမှာ ပြစ်ဒဏ်ခံနေရတုန်းပဲ ငါးနှစ်တောင် ရှိသွားပြီ။ ဒီငါးနှစ်အတွင်းမှာ ဆရာဖြစ်သူ သူမဟာ တစ်ခါမှ လာမကြည့်ခဲ့ဖူးဘူး။
မိုးကြိုးရေကန်၏ အပြင်ဘက်ဆုံးမှာ ဂူဝတစ်ခုရှိသည် အဲ့ဒီမှာ ပါးလွှာတဲ့ အစီအရင်တစ်ခု ရှိသော်လည်း သူမလို ဟင်းလင်းပြင်သို့ ပြန်ခြင်းအဆင့်ရှိသူအတွက်တော့ ဘာမှမဟုတ်ပေ။
သူမက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဂူဝက အဝါရောင် အလင်းတန်းမှာ ချက်ချင်း ကွယ်ပျောက်သွားသည်။
နတ်သမီး လင်ယွင်သည် မသိစိတ်ဖြင့် အတွင်းသို့ လျှောက်ဝင်သွားခဲ့သည်။ သူမ မိစ္ဆာဝင်အောင် လုပ်ခဲ့မိတဲ့ တပည့်လေး အခု ဘယ်လို နေထိုင်နေမလဲဆိုတာ သူမသိချင်နေမိသည်။
ဖြောက်... ဖြောက်... ဂူထဲသို့ ဝင်လိုက်သည်နှင့် လျှပ်စီးကြောင်းများက သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကြသည်။ သူမ၏ ကိုယ်ပေါ်မှာလည်း မိုးကြိုးပုံစံ အစင်းကြောင်းလေးတွေ ခပ်ဖျော့ဖျော့ ပေါ်လာသည်။
ဒါပေမဲ့ဒီလိုတိုက်ခိုက်မှုမျိုးကသူမအတွက်တော့ဘာမှမဟုတ်ပေ။သူမကညာဘက်လက်ကိုဝှေ့ယမ်းလိုက်ရာလျှပ်စီးများအားလုံးပျောက်ကွယ်သွားတော့သည်။