အခန်း (၄၁) အခန်းထဲက ထူးဆန်းတဲ့ အသံများ
ယဲ့ဖန်၏ နာမည်ကို ကြားလိုက်ရသည်နှင့် နတ်သမီး လင်ယွင်မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီး မနှစ်မြို့ဖွယ်ရာ ကိစ္စရပ်များကို ပြန်လည် အမှတ်ရမိသွားသည်။
အကယ်၍သာ ရှောင်ချီသာ မရှိခဲ့လျှင် ဤကိစ္စကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။ နတ်သမီးလင်ယွင်၏ ပုံရိပ်မှာလည်း ပျက်စီးသွားမည်မဟုတ်ဘဲ တိမ်တိုက်များအထက်မှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေသည့် ပြိုင်ဘက်ကင်း နတ်သမီးအဖြစ် ရှိနေဦးမည်သာ ဖြစ်သည်။
ယဲ့ဖန်နဲ့ ကျွန်မကြားမှာက ခဏတာ ပတ်သက်မှုပဲ ရှိခဲ့တာပါ။ အဲ့ဒီတုန်းက ယဲ့ဖန်က မတတ်သာလို့ ကျွန်မကို ကယ်တင်ခဲ့တာပါ။
အဒေါ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မကို နောက်မစပါနဲ့တော့။ မဟုတ်ရင် ကျွန်မ တကယ် စိတ်ဆိုးတော့မှာနော်။ နတ်သမီး လင်ယွင်က နှုတ်ခမ်းကို စူလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။
"ဒါက ဘာအရေးကြီးလို့လဲ လူ့လောကမှာ စကားပုံတစ်ခု ရှိတယ်မဟုတ်လား ယောက်ျားလေးဆို အရွယ်ရောက်ရင် အိမ်ထောင်ပြုရမယ် မိန်းကလေးဆိုလည်း အရွယ်ရောက်ရင် လင်ယူရမယ်တဲ့။ ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင် တစ်သက်လုံး တစ်ယောက်တည်း နေလို့မှမရတာ"
အရင်တုန်းကတော့ မင်းနဲ့ ဟိုကောင်လေး လင်းယွီနဲ့က တစ်ယောက်နဲ့တစ်ယောက် မျက်စိချင်းလာနေကြတာ ငါကတော့ မင်းတို့နှစ်ယောက် စုံတွဲဖြစ်မယ် ထင်နေတာ ဒါပေမဲ့ အခုတော့ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားကြပြီ။ အခုဆိုရင် မင်းတို့ရဲ့ ဆရာတူ မောင်နှမ သံယောဇဉ်တောင် မှိန်ဖျော့ကုန်ပြီထင်ပါရဲ့။
"အဲ့ဒီကောင်လေး လင်းယွီကလည်း ခေါင်းမာလိုက်တာမှ ပြောမနေနဲ့။ အခုဆိုရင် သူ့ရဲ့ ကျင့်ကြံအဆင့်က ငါ့ကိုတောင် မီတော့မယ်။ သူကတော့ အခုထိ လောကီအာရုံတွေ ကင်းစင်ပြီး ဘယ်သူနဲ့မှ မရောနှောတဲ့ စရိုက်အတိုင်းပဲ" ဒုတိယ မဟာအကြီးအကဲ ဖြစ်သူ ယွီရှင်းက တတွတ်တွတ် ပြောနေတော့သည်။
သူမက ပြောရင်းနှင့် နတ်သမီး လင်ယွင်ကို ကြည့်ကာ ရည်မှန်းချက်မရှိသူကို ကြည့်သကဲ့သို့ စိတ်ပျက်သည့် အမူအရာ ပြလိုက်သေးသည်။
လင်းယွီဆိုသည့် နာမည်ကို ကြားလိုက်ရသောအခါ နတ်သမီး လင်ယွင်၏ မျက်ဝန်းများ ခဏတာ တန့်သွားပြီး မျက်တောင်များ အနည်းငယ် တုန်ယင်သွားသည်။
ထိုသူမှာ သူမ ပထမဆုံး ချစ်ခဲ့ရသည့် အမျိုးသား ဖြစ်သည် သူသည် ဝင့်ကြွားသော်လည်း အေးစက်သူ မဟုတ် လူသူနှင့် ကင်းဝေးအောင်နေသော်လည်း နှလုံးသား မရှိသူ မဟုတ်ပေ သို့သော်လည်း သူမဘက်ကသာ ချစ်နေခဲ့ပြီး သူကတော့ စိတ်မပါခဲ့သဖြင့် သူတို့နှစ်ဦးမှာ လမ်းခွဲခဲ့ကြရသည်။
ယခုအခါ သူမနှင့် ယဲ့ဖန်၏ ကိစ္စမှာ တစ်ဂိုဏ်းလုံး၌ ဟိုးဟိုးကျော် ဖြစ်နေသည်။ လူများစွာက နတ်သမီး လင်ယွင်က အပြင်ပန်းမှာတော့ သန့်စင်တဲ့ နတ်သမီးလိုလိုနဲ့ တကယ်တော့ ခိုးစားတတ်တဲ့ မြေခွေးမပဲဟု တိုးတိုးတိတ်တိတ် အတင်းပြောနေကြသည်။
နတ်သမီး လင်ယွင်သည် အပြင်ပန်းတွင် ဘာမှမဖြစ်သလို ဟန်ဆောင်နေသော်လည်း သူမ၏ နှလုံးသားမှာမူ ဒဏ်ရာဗရပွနှင့် ဖြစ်နေရှာပြီ။
ယခုအချိန်တွင် သူမသည် ထိုအမျိုးသား (လင်းယွီ) နှင့် မထိုက်တန်တော့ပေ။ သူသည် ယခုအခါ ဂိုဏ်းချုပ်အဖြစ် အုပ်ချုပ်နေသလို အံ့မခန်း ကျင့်ကြံဆင့်ကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ယခုအချိန်တွင် သူမ၏ နှလုံးသားထဲ၌ နောက်ထပ် အမျိုးသားတစ်ဦး နေရာယူထားပြန်သည် သူမ၏ ပထမဆုံး အကြိမ်ကို ရယူသွားခဲ့သည့် ယဲ့ဖန် ပင် ဖြစ်သည်။
ယဲ့ဖန်၏ ကျင့်ကြံဆင့်မှာ လင်းယွီနှင့် ယှဉ်လျှင် ဖုန်မှုန့်တစ်စလောက်သာ ရှိသော်လည်း
သူတို့နှစ်ဦး၏ နာမည်ကျော်ကြားမှုမှာမူ တူညီလုနီးပါးရှိနေသည်။ တစ်ဦးက ဝိညာဉ်ဓားဂိုဏ်း၏ လက်ရှိ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပြီး နောက်တစ်ဦးက ဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်အဖြစ် တင်စားခံနေရသည်။
အချို့ကလည်း ယဲ့ဖန်၏ အောင်မြင်မှုမှာ လင်းယွီကို ကျော်တက်လိမ့်မည်ဟု အခိုင်အမာ ပြောဆိုနေကြသည်။
ဒါဟာ အခြေအမြစ်မရှိ ပြောနေခြင်းလည်း မဟုတ်ပေ အကြောင်းမှာ ယဲ့ဖန် ပြသနေသည့် ပါရမီမှာ တကယ်ကို ကြောက်စရာကောင်းနေ၍ ဖြစ်သည်။
လင်းယွီ၏ပါရမီမှာ ရှောင်ချီနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသော်လည်း ယခုအခါ ယဲ့ဖန်က သူတို့နှစ်ဦးလုံးကို အဝေးကြီးမှာ ချန်ထားခဲ့ပြီ ဖြစ်သည်။
ယဲ့ဖန်သည် စုစုပေါင်း ငါးနှစ်သာ ကျင့်ကြံခဲ့ရသေးသော်လည်း ယခုအခါ နတ်သန္ဓေ နောက်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူသည် သုံးလအတွင်း အဆင့်တက်မည်ဟုပင် ကြွေးကြော်ထားသေးသည်။
အကယ်၍ သူသာ တကယ် လုပ်နိုင်ခဲ့လျှင် သူ၏ နာမည်မှာ တာဝေနိုင်ငံ၏ သမိုင်းတွင် မှတ်တမ်းတင်ခံရမည် ဖြစ်သည်။
နတ်သမီး လင်ယွင်သည် သူမ၏ နှလုံးသားမှာ နှစ်ခြမ်းကွဲနေသလို ခံစားနေရသည် တစ်ခြမ်းက သူမ၏ စီနီယာအစ်ကို (လင်းယွီ) အတွက်ဖြစ်ပြီး ကျန်တစ်ခြမ်းက ယဲ့ဖန်အတွက် ဖြစ်သည်။
လင်ယွင်တစ်ယောက် ငေးမှိုင်နေသည်ကို မြင်သောအခါ ယွီရှင်းက ပြုံးလိုက်ပြီး သူမ၏ ကျောကို ပုတ်ကာ "ကဲ... ဒီမှာ အဘွားကြီးနဲ့ လာမနေပါနဲ့တော့။ အပြင်ထွက်ပြီး လမ်းလျှောက်ဦး ဘယ်သူမဆို မေးရင် အဘွားကြီးအတွက် ပစ္စည်းတွေ သွားဝယ်ပေးတာလို့ပဲ ပြောလိုက် တောင်အောက်ကို ခဏဆင်းပြီး အနားယူလိုက်ဦး"
ယွီရှင်းသည် လင်ယွင်၏ စိတ်ထဲက ပဋိပက္ခကို မြင်နေသဖြင့် သူမကို အပြင်ထွက်ပြီး စိတ်အေးလက်အေး နေရင်း သူမ၏ နှလုံးသားကို သေချာ မြင်အောင် ကြည့်ခိုင်းလိုက်ခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ အဒေါ်... ကျေးဇူးတင်ပါတယ်" နတ်သမီး လင်ယွင်သည် စိတ်ကို ပြန်ထိန်းလိုက်ပြီး ခေါင်းညိတ်ပြကာ ထွက်လာခဲ့သည်။
ဂူဗိမာန်ထဲမှ ထွက်လာပြီးနောက် သူမ ဘယ်ကိုသွားရမှန်း မသိဘဲ ဖြစ်နေသည်။
"စီနီယာအဒေါ် လင်ယွင်ကို ဂါရဝပြုပါတယ်"
"စီနီယာအဒေါ် လင်ယွင်ကို ဂါရဝပြုပါတယ်"
တပည့်အများအပြားက သူမကို မြင်သောအခါ ဦးညွှတ် နှုတ်ဆက်ကြသည်။
နတ်သမီး လင်ယွင်ကတော့ နှင်းတောင်ပေါ်က မာနကြီးလှတဲ့ နှင်းကြာပန်းတစ်ပွင့်လိုပဲ အေးအေးဆေးဆေး ခေါင်းညိတ်ပြရုံသာ တုံ့ပြန်ခဲ့သည်။
သို့သော်လည်း သူမ မီတာ တစ်ရာခန့် ဝေးသွားသောအခါ နောက်က တပည့်တွေရဲ့ ပြောသံကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
ဟွန်း... သူက ဘာတွေမာနကြီးနေတာလဲ လူရှေ့မှာတော့ အေးစက်တဲ့ ရေခဲတောင်လိုလိုနဲ့ ယဲ့ဖန်ရှေ့မှာတော့ ဘယ်လိုမျိုးတွေ မြှူဆွယ်နေမလဲ မသိဘူး။
"ဟုတ်ပါ့ ငါတို့လို သာမန်တပည့်တွေ ရှေ့မှာတော့ ဟန်ကြီးပန်ကြီးနဲ့ တကယ်တော့ နောက်ကွယ်မှာ ဂျူနီယာလေးနဲ့ ခိုးစားနေပြီး အကျင့်မရှိတာတွေ လုပ်နေတာ။
နောက်ကနေ သရော်မော်တော် ပြောဆိုသံတွေကို ကြားလိုက်ရတော့ နတ်သမီး လင်ယွင်၏ လက်သီးလေးတွေ တင်းတင်းဆုပ်သွားမိသည်။ သူမ အဲ့ဒီတပည့်နှစ်ယောက်ကို သွားပြီး ဆုံးမပစ်ချင်စိတ်တွေ ပေါက်သွားသည်။
ဒါပေမဲ့ သူမသာ သွားလုပ်လိုက်ရင် ဒီလူတွေက နောင်ကျရင် ပိုပြီးတော့ ရက်ရက်စက်စက် အတင်းပြောကြလိမ့်မည်ကို သူမ သိသည်။
မျက်နှာချင်းဆိုင်မှာ ဘာမှမပြောရဲကြသော်လည်း တစ်ဂိုဏ်းလုံးမှာတော့ သူမအကြောင်း ကောလာဟလတွေနဲ့ ပြည့်နေတော့မည်သာ ဖြစ်သည်။
နတ်သမီး လင်ယွင်သည် လျှောက်ရင်းလျှောက်ရင်းနှင့် တောင်နောက်ဘက်မှ ထွက်လာခဲ့သည်။ သူမ ဘယ်ကို သွားရမှန်း မသိသဖြင့် သူမ၏ ခရမ်းရောင်တိမ်တိုက်တောင်ထိပ်သို့သာ ပြန်လာခဲ့တော့သည်။
ရှောင်ချီကို မိုးကြိုးရေကန်သို့ ပို့လိုက်ကတည်းက ဤတောင်ထိပ်ပေါ်တွင် တပည့်သုံးဦးသာ ကျန်တော့သည်။ သူမကိုယ်တိုင်ကလည်း အဒေါ်ဖြစ်သူယွီရှင်းနှင့် နေရန် တောင်နောက်ဘက်သို့ မကြာခဏ သွားနေသဖြင့် တောင်ပေါ်က ကိစ္စအဝဝကို တပည့်သုံးဦးကိုပဲ လွှဲထားခဲ့ခြင်း ဖြစ်သည်။
တောင်ပေါ်က သပ်ရပ်လှတဲ့ အနေအထားတွေ၊ စမ်းချောင်းထဲက ဝိညာဉ်ငါးလေးတွေနဲ့ သစ်တောထဲက ဝိညာဉ်သားရဲလေးတွေကို မြင်ရတော့မှ နတ်သမီး လင်ယွင်မှာ ကျေနပ်စွာ ပြုံးနိုင်တော့သည်။
"ဒီနေ့ တောင်ပေါ်မှာ ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ ချင်အာ နဲ့ ဝမ်အာတို့ တောင်ပေါ်မှာ မရှိကြဘူးလား" သူမ၏ ချစ်လှစွာသော တပည့်နှစ်ဦးကို ရှာရန် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
သူမ၏ အငယ်ဆုံးတပည့် လင်ယုရှုကိုတော့ သူမ သိပ်ပြီးထည့်မစဉ်းစားမိပေ။
ဒီတပည့်ကို လွန်ခဲ့တဲ့ ခြောက်နှစ်က လက်ခံခဲ့ပြီးနောက်ပိုင်း သူမ စုစုပေါင်း သုံးလေးကြိမ်ပဲ တွေ့ဖူးသည်။ အဲ့ဒီနောက်မှာ သူမက တောင်နောက်ဘက်မှာပဲ အနေများခဲ့သဖြင့် ဒီအငယ်ဆုံးတပည့်လေးရဲ့ ရုပ်ရည်ကိုတောင် သူမ မေ့နေပြီ ဖြစ်သည်။
သူမ လျှောက်လာရင်း ဒုတိယတပည့်ဖြစ်သူ မူဝမ်အာ၏ ဂူဗိမာန်သို့ ရောက်လာသည်။ တပည့်ဖြစ်သူ တံခါးပိတ် ကျင့်ကြံနေသလား သိချင်၍ ဖြစ်သည်။
ဂူနားကို ရောက်တော့ တံခါးမကြီးက ပိတ်မထားတာကို တွေ့ရသဖြင့် သူမ အထဲကို တိုက်ရိုက် ဝင်သွားခဲ့သည်။
"အား..."
မူဝမ်အာ၏ အိပ်ဆောင်နား ရောက်သောအခါ ရမ္မက်ဆန်သော အသံသဲ့သဲ့ကို ကြားလိုက်ရသည်။
နတ်သမီး လင်ယွန်း မျက်မှောင်ကြုတ်သွားမိသည် သူမ ငါးနှစ်လောက် မပြန်လာတဲ့ အချိန်အတွင်းမှာ သူမရဲ့ ဒုတိယတပည့်က ကျင့်ကြံဖော်ရသွားပြီလားဟု တွေးမိသည်။
သူမ ဇဝေဇဝါ ဖြစ်သွားသော်လည်း အပြစ်တော့ မမြင်မိပါ စိတ်လည်း မဆိုးပါ။
သူမရဲ့ တပည့်နှစ်ယောက်စလုံးက အသက်မငယ်ကြတော့ဘူး ကျင့်ကြံဖော် ရှာရမယ့် အချိန်လည်း ရောက်နေပါပြီ။
အဒေါ်ယွီရှင်း ပြောသလိုပဲ ကျင့်ကြံသူတွေလည်း လူသားတွေပဲမို့ အဖော်လိုအပ်တာ သဘာဝပါပဲ။
တပည့်ဖြစ်သူက အရေးကြီးကိစ္စတွေ လုပ်နေတာဆိုတော့ ဆရာဖြစ်သူက ဝင်နှောင့်ယှက်တာ မယဉ်ကျေးဘူးလို့ ယူဆပြီး သူမ ပြန်ထွက်ဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ သူမ ပြန်ထွက်ဖို့ လုပ်နေတုန်းမှာပဲ အခန်းထဲကနေ အမျိုးသားတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာသည် မင်းကတော့ တကယ့် မြေခွေးမလေးပဲ မင်းရဲ့နည်းလမ်းတွေက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ။