အခန်း (၂၇) ဘလက်ဝမ်းကို သုတ်သင်ခြင်း
ဤလူသည် တဲထဲသို့ ပထမဆုံး ဝင်လာသူဖြစ်သည်။ ထိုစဉ်ကတည်းက ရှောင်ချီသည် သူ့ကို သတိပြုမိကြောင်းသိနေခဲ့သော်လည်း သူသည် ဘာမှမမြင်သလို ဟန်ဆောင်ကာ တိုက်ရိုက်ထွက်သွားရန်သာ ကြံရွယ်ခဲ့သည်။
အချုပ်အနှောင် ခံထားရသူတစ်ဦးနှင့် ဘေးတွင် ရှိနေသော မိန်းကလေးငယ်လေး ဤပေါင်းစပ်မှုမှာ မည်သူ့ကိုမဆို သနားစရာ ခံစားချက်ကို ဖြစ်ပေါ်စေသည် မဟုတ်ပါလား။
မင်းတို့က ဂိုဏ်းတူတွေပဲ မဟုတ်လား ခုနက မင်း စိတ်ပျော့ပြခဲ့တာကို ထောက်ထားပြီး ငါ မင်းကို မသတ်တော့ဘူး။ ဒီနှစ်ယောက်ကို ခေါ်သွားလိုက်တော့။ ပြန်ရောက်ရင် သူတို့ကို သေချာ သင်္ဂြိုဟ်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က မင်းတို့ဂိုဏ်းအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ စစ်သည်တော်တွေပဲ။
ရှောင်ချီသည် ထိုအနက်ရောင်ဝတ်စုံဝတ်လူကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ထို့နောက် သူသည် တဲနောက်ဘက်သို့ သွားကာ သူ၏ဂျူနီယာညီမလေး ကို ခေါ်ထုတ်ပြီး ထိုလူ၏ ဘေးမှ ဖြတ်ကာ တဲအပြင်သို့ ထွက်လာခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ်လူမှာ သူ့ကို တားချင်သော်လည်း သူ၏အင်အားနှင့်ဆိုလျှင် ရှေ့ကလူကို မည်သို့မျှ မယှဉ်နိုင်ကြောင်း သိနေသည်။ ရှောင်ချီ၏ ခုနက တိုက်ကွက်များမှာ ပြတ်သားလွန်းပြီး ထက်ရှလွန်းလှသည်။
သူ၏ ကျင့်ကြံဆင့်မှာ သေဆုံးသွားသော အမျိုးသား၊ အမျိုးသမီးတို့နှင့် သိပ်မကွာလှပေ။ သူက အသက်အနည်းငယ် ပိုကြီးသော်လည်း အင်အားမှာ သူတို့နှင့် တန်းတူပင် ရှိချင်မှ ရှိပေလိမ့်မည်။
စီနီယာအစ်ကိုက တကယ်ကို တော်တာပဲအစ်ကိုတို့က နတ်သန္ဓေအဆင့်ချင်း တူတူပဲကို အစ်ကိုက အဲဒီကျင့်ကြံသူ နှစ်ယောက်လုံးကို ဓားတစ်ချက်တည်းနဲ့ ခုတ်ချနိုင်ခဲ့တာပဲ။
ကောင်မလေးသည် ရှောင်ချီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏ ကျယ်ပြန့်သော လက်ဖဝါးကို ခံစားရင်း အားကျရိုသေသော မျက်နှာဖြင့် ပြောရှာသည်။
ရှောင်ချီက ကောင်မလေး၏ နူးညံ့လှသော လက်ကလေးကို ဆုပ်ကိုင်ထားပြီး သာယာရုံမျှ ပြုံးကာ အဲဒီနှစ်ယောက်က နတ်သန္ဓေ အဆင့်ကို အခုမှရောက်ခါစ လူသစ်တွေပါ။
သူတို့မှာပါရမီလည်း မရှိသလို သူတို့ရဲ့ အဆင့်ကလည်း မတည်ငြိမ်သေးဘူး။ ဒါကြောင့် အလွန်ဆုံးရှိလှ အမြုတေဖွဲ့စည်းခြင်း အဆင့်က ကျင့်ကြံသူထက် နည်းနည်းပဲ ပိုသန်မာတာပါဟု ပြောလိုက်သည်။
ဤအချိန်တွင် ဝိညာဉ်ဓားဂိုဏ်း၏ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအနီးရှိ စခန်းမှာ ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။ အရပ်မျက်နှာ အနှံ့အပြားမှ သတ်ဖြတ်သံများ ထွက်ပေါ်နေပြီး အနက်ရောင်ဝတ်စုံဝတ်အဖွဲ့များမှာ တဲများအတွင်းသို့ အလုံးအရင်းနှင့် တိုးဝင်ကာ ဝိညာဉ်ဓားဂိုဏ်း တပည့်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
အော်ဟစ်ညည်းတွားသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ ဤသွေးချောင်းစီးနေသော ကြေကွဲစရာ မြင်ကွင်းကို ကြည့်ရင်း ရှောင်ချီသည် ကောင်မလေး၏ မျက်လုံးများကို ကာကွယ်ပေးကာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။
သူသည် ဝိညာဉ်ဓားဂိုဏ်းဘက်မှ ကူညီခြင်း မရှိသလို ဝိညာဉ်ကျောက်တုံးများကို လုယက်နေသော အနက်ရောင်ဝတ်စုံဝတ်အဖွဲ့ကိုလည်း မကူညီပေ။
"စီနီယာအစ်ကို... ကျွန်မတို့ ကူညီသင့်သလားဟင် ကျွန်မတို့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အများကြီး သေနေကြပြီ ထင်တယ်" သူမ၏ မျက်လုံးများကို ကွယ်ထားသော်လည်း ကောင်မလေးမှာ ထိုနာကျင်လှသော အော်ဟစ်သံများကို ရှင်းရှင်းလင်းလင်း ကြားနေရဆဲဖြစ်သည်။
"လှုပ်ရှားရမယ့် အချိန်ရောက်ရင် မင်းရဲ့စီနီယာအစ်ကိုက အလိုလို လှုပ်ရှားပါလိမ့်မယ်။ မင်းရဲ့ သနားစရာကောင်းတဲ့ ကျင့်ကြံအဆင့်နဲ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်ပဲ အာရုံစိုက်စမ်းပါ" ရှောင်ချီက ကောင်မလေး၏ခေါင်းကို နောက်လက်တစ်ဖက်နှင့် ခေါက်ကာ ပြုံးလျက် ဆူလိုက်သည်။
"ဪ... ဟုတ်ကဲ့ပါ" ကောင်မလေးမှာ အလေးအနက် ခေါင်းညိတ်လိုက်ပြီး ရှောင်ချီ၏ဘေးမှ လိမ္မာပါးနပ်စွာ လိုက်ပါလာခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် ရှောင်ချီ၏ မျက်လုံးများမှာ သူရှာဖွေနေသော သားကောင်ကို တွေ့လိုက်ရသည့်အလား ခဏမျှ လက်ကနဲ ဖြစ်သွားသည်။
လေထဲတွင် တိုက်ခိုက်နေသော ဘလက်ဝမ်း သည်လည်း ရှောင်ချီကို မြင်သွားခဲ့သည်။ ရှောင်ချီမှာ အချုပ်အနှောင်များ မရှိတော့သည်ကို မြင်သောအခါ သူ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
သို့သော် ယခုအချိန်တွင် သူသည် အခြားအရာများကို စိတ်ပူနေရန် အချိန်မရှိသဖြင့် ရှောင်ချီဆီသို့ အသည်းအသန် အော်ပြောလိုက်သည် "ဂျူနီယာမောင်လေး ရှောင်ချီ... ငါ့ကို လာကူပါဦး"
ဘလက်ဝမ်း၏အတွေးမှာ ရိုးရှင်းပါသည်။ ဂိုဏ်းတွင်း ကိစ္စများ သို့မဟုတ် အာဃာတများမှာ လက်ရှိတွင်အရေးမကြီးပေ။ ပြင်ပရန်သူ ကျူးကျော်လာသည့်အခါ တူညီသောရန်သူကိုစုပေါင်း တိုက်ထုတ်ရမည် မဟုတ်ပါလား။
ဒါကလည်း သူရှောင်ချီကို အကူအညီ တောင်းရဲသည့် အကြောင်းရင်းတစ်ခု ဖြစ်သည် ရှောင်ချီသည် အခြေအနေ အရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီး အရင်က မကျေနပ်မှုများကို မေ့ဖျောက်ကာ သူနှင့်အတူ ရန်သူကို တိုက်ခိုက်လိမ့်မည်ဟု သူယုံကြည်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ဘလက်ဝမ်းသည် သူ့ထက် ကျင့်ကြံအဆင့် အနည်းငယ်နိမ့်သော နတ်သန္ဓေအဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့် တိုက်ခိုက်နေရသည်။
သို့သော် ထိုနှစ်ဦး ပေါင်းလိုက်သည့်အခါ ဘလက်ဝမ်းကို အသာစီးဖြင့် ဖိနှိပ်ထားနိုင်သည်။
ရှောင်ချီက အောက်မှနေ၍ သူတို့ကို မော့ကြည့်နေသည်ကို တွေ့သောအခါ ထိုနှစ်ဦးမှာ ချက်ချင်းပင် တင်းမာသွားကြသည်။
ရှောင်ချီ၏ကိုယ်ပေါ်မှ အငွေ့အသက်မှာ လုံးဝ မရိုးရှင်းကြောင်း ထိုနှစ်ဦး ခံစားမိသည်။ အကယ်၍ သူသာ တိုက်ပွဲထဲ ပါဝင်လာလျှင် ထိုနှစ်ဦးမှာ သေဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"စီနီယာအစ်ကို... စိတ်မပူပါနဲ့ ကျွန်တော် လာကူပါပြီ" ရှောင်ချီ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူသည် ရှေ့သို့ တိုးဝင်ကာ စစ်မြေပြင်သို့ အရှိန်အဟုန်နှင့် တက်သွားတော့သည်။
"မင်းက ဟိုဘေးက ပိန်ပိန်ပါးပါး တစ်ယောက်ကို ကိုင်တွယ်လိုက် ငါကတော့..." ရှောင်ချီ တက်လာသည်ကို မြင်သောအခါ ဘလက်ဝမ်းမှာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဤကလေးမှာ အခြေအနေသိတတ်သားပဲဟု စိတ်ထဲက တွေးလိုက်မိသည်။
သို့သော် သူ၏ စကားပင်မဆုံးသေးမီမှာပင် သူ၏ ကျောဘက်မှနေ၍ ရင်ဘတ်အထိ ထိုးဖောက်ထွက်လာသော ဓားရှည်တစ်လက်ကို သူ ခံစားလိုက်ရသည်။
"မင်း... ဘာလို့လဲ" ဘလက်ဝမ်းမှာ သူ၏ ရင်ဘတ်ရှိ ဓားရှည်ကို ကြည့်ကာ ထို့နောက်တွင် ရှောင်ချီကို မယုံကြည်နိုင်သော မျက်နှာဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
သူ တစ်စုံတစ်ခု မေးချင်သော်လည်း နောက်တစ်ခဏမှာပင် သူ၏ ပါးစပ်မှ သွေးတစ်လုပ် ပန်းထွက်လာပြီး သူ၏ အသိစိတ်များမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ရှောင်ချီ၏ လက်ထဲမှ ဓားမှာ မြန်ဆန်ပြီး တိကျလှသည်။ ခုနက တိုက်ကွက်မှာ သူ၏ဒန်ထျန်းအတွင်းရှိ နတ်သန္ဓေသားကိုပါ သုတ်သင်လိုက်ခြင်းဖြစ်သဖြင့် ဘလက်ဝမ်းမှာ လွတ်မြောက်ရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။
"အရင်ဆုံး အတိုးလေး နည်းနည်း သိမ်းထားလိုက်ဦးမယ် ကျန်တဲ့ အကြွေးကိုတော့ ဟို အဘိုးကြီးဆီကနေ နောက်မှ ဖြည်းဖြည်းချင်း အေးအေးဆေးဆေး ပြန်တောင်းရမှာပေါ့" ရှောင်ချီသည် ဓားရှည်ကို ဖြည်းဖြည်းချင်း ပြန်နှုတ်လိုက်ပြီး ဘလက်ဝမ်း၏ အဝတ်အစားများဖြင့် ဓားပေါ်မှ သွေးများကို သုတ်လိုက်သည်။
ဤအချိန်တွင် ဘလက်ဝမ်း၏ မူလရန်သူ နှစ်ဦးမှာ လုံးဝ မှင်သက်နေကြပြီ ဖြစ်သည်။
ဒါက ဘယ်လို ထူးထူးဆန်းဆန်း အခြေအနေကြီးလဲ သူတို့က တစ်ဖက်တည်းသားတွေ မဟုတ်ဘူးလား ဘာလို့ တစ်ယောက်ကိုတစ်ယောက် ပြန်သတ်နေကြတာလဲ။
"မင်းတို့ နှစ်ယောက် ထွက်သွားလို့ရပြီ" ရှောင်ချီသည် ဘလက်ဝမ်းမှာ တိုက်ပွဲအတွင်း သေဆုံးသွားသည့် ပုံစံမျိုးဖြစ်အောင် သူ၏ အလောင်းကို မြေပြင်ပေါ်တွင် ထားလိုက်ပြီး ကောင်းကင်ပေါ်မှ ရန်သူအနက်ရောင်ဝတ်စုံဝတ် နှစ်ဦးကိုကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။
ထိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တံတွေးကို တပြိုင်နက် မြိုချလိုက်ကြသည်။ သူတို့၏ မျက်လုံးများမှတစ်ဆင့် တစ်ခုခုကို ဆက်သွယ်နေကြသည့်အလား။
ထို့နောက် သူတို့သည် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်သည့်အလား ရှောင်ချီဆီသို့ ဦးတည်ကာ ဆင်းလာပြီး ဓားများကို မြှောက်၍ တိုက်ခိုက်လိုက်ကြတော့သည်။
သူတို့၏ နတ်သန္ဓေအဆင့် အငွေ့အသက်မှာ သူတို့၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားများကို ထွက်ပေါ်လာစေသည်။ ခုနက ပြင်းထန်သော တိုက်ပွဲကြောင့် ဝိညာဉ်စွမ်းအားများစွာ ကုန်ဆုံးထားသော်လည်း သူတို့မှာ အားအင် ပြည့်ဝနေဆဲပင်။
ထက်ရှလှသော ဓားဝိညာဉ်များ ပါဝင်သည့် ဓားရှည်များမှာ ရှောင်ချီ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးစိုက်လာကြသည်။
"ငါက မင်းတို့ကို လွတ်မြောက်ဖို့ အခွင့်အရေး ပေးခဲ့တာကို ဘာလို့ မသိတတ်ကြတာလဲ"
ရှောင်ချီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဓားလက်ကိုင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ နောက်တစ်ခဏမှာပင် ရုတ်တရက် ထုတ်ဖော်လိုက်သည်။
"ဝိညာဉ်ဖြတ်တောက်ခြင်းစူးရှလှသော ဓားအလင်းတန်းတစ်ခု လက်သွားပြီးနောက်ထိုနှစ်ဦး၏ ဝိညာဉ်များမှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားကာ အေးစက်သော အလောင်းနှစ်လောင်းသာ ကျန်ရစ်ခဲ့တော့သည်။
ရန်သူဘက်မှ ဤပြောက်ကျား တိုက်ခိုက်မှုအတွက် အားစိုက်ထားသော်လည်း နတ်သန္ဓေ အဆင့် ကျွမ်းကျင်သူများမှာ အလွယ်တကူ မရှိနိုင်ပေ။
ဤတိုက်ခိုက်မှုတွင် ပါဝင်သော ကျွမ်းကျင်သူများထဲ၌ သူတို့မှာ စုစုပေါင်း တစ်ဒါဇင်ခန့်သာ ရှိလိမ့်မည် ရှောင်ချီတစ်ဦးတည်းကပင် ရန်သူဘက်မှ နတ်သန္ဓေအဆင့်ကျွမ်းကျင်သူ လေးဦးကို သုတ်သင်လိုက်ခြင်း ဖြစ်သဖြင့် ဝိညာဉ်ဓားဂိုဏ်းအပေါ် ကျရောက်နေသော ဖိအားများကို သိသိသာသာ လျော့နည်းသွားစေခဲ့သည်။
ဒါဟာ ရှောင်ချီ၏ ရည်ရွယ်ချက် မဟုတ်သော်လည်း အခြေအနေအရ ဖြစ်လာသည့်အတွက် သူအများကြီး ထပ်မတွေးတော့ပေ။
"စီနီယာအစ်ကို... အစ်ကိုက စစ်မြေပြင်တစ်ခုလုံးမှာ လျှောက်သွားနေတာ ဘာကို ရှာနေတာလဲဟင်" ရှောင်ချီက သူမကို စစ်မြေပြင်အနှံ့ လျှောက်ခေါ်သွားနေသဖြင့် ကောင်မလေးက မေးလိုက်ရှာသည်။
"သေချာတာပေါ့... ငါက ဝိညာဉ်ကျောက်တုံး မိုင်းတွင်းရဲ့ ဝင်ပေါက်ကို ရှာနေတာ။ ဒီကောင်တွေက ဒီနေရာကို ဝိုင်းဖို့ ကျွမ်းကျင်သူတွေ အများကြီး လွှတ်လိုက်တယ်ဆိုကတည်းက မိုင်းတွင်းထဲကိုဝင်ပြီး ဝိညာဉ်ကျောက်တုံးတွေ အများကြီး ယူသွားနိုင်မယ့် နည်းလမ်း တစ်ခုခု ရှိလို့နေမှာ။ ဒါကြောင့်လည်း သူတို့ ဒီလို စွန့်စားတာပေါ့"
ရှောင်ချီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ကောင်မလေး၏ မေးခွန်းကို အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
ရှောင်ချီသည် ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရင်း စစ်မြေပြင်အတွင်း ဆက်လက် လှည့်လည်နေခဲ့သည်။ လမ်းတစ်လျှောက်တွင် ဝိညာဉ်ဓားဂိုဏ်းနှင့် အနက်ရောင်ဝတ်စုံဝတ်အဖွဲ့တို့ တိုက်ခိုက်နေသည့် မြင်ကွင်းများစွာကို သူ တွေ့ခဲ့ရသည်။
အကယ်၍ ထိုသူများမှာ သူနှင့် ရင်းနှီးသူများ ဖြစ်ခဲ့ပြီး အတိတ်ဘဝတွင် သူ့အပေါ် မကောင်းတာ ဘာမှမလုပ်ခဲ့ဖူးသူများ ဖြစ်လျှင် ရှောင်ချီက အနည်းငယ် ကူညီပေးတတ်သည်။
သို့သော် သူနှင့် မတည့်သူများ သို့မဟုတ် အရင်က သူ့ကို အတင်းအဖျင်း ပြောရာတွင် ပါဝင်ခဲ့သူများက သူ့ကို ကယ်တင်ရန် အမိန့်ပေးသည့် လေသံမျိုးနှင့် တောင်းဆိုလာလျှင် ရှောင်ချီက လျစ်လျူရှုထားလိုက်လေ့ ရှိသည်။ လေသံက အလွန်ပင်ရိုင်းစိုင်းလွန်းလှသူများဖြစ်ပါက သူကိုယ်တိုင် တိုက်ရိုက်သတ်ဖြတ်လိုက်သည်အထိရှိခဲ့သည်။အခန်း (၂၇) ဘလက်ဝမ်းကို သုတ်သင်ခြင်း

သို့သော် သူနှင့် မတည့်သူများ သို့မဟုတ် အရင်က သူ့ကို အတင်းအဖျင်း ပြောရာတွင် ပါဝင်ခဲ့သူများက သူ့ကို ကယ်တင်ရန် အမိန့်ပေးသည့် လေသံမျိုးနှင့် တောင်းဆိုလာလျှင် ရှောင်ချီက လျစ်လျူရှုထားလိုက်လေ့ ရှိသည်။ လေသံက အလွန်ပင်ရိုင်းစိုင်းလွန်းလှသူများဖြစ်ပါက သူကိုယ်တိုင် တိုက်ရိုက်သတ်ဖြတ်လိုက်သည်အထိရှိခဲ့သည်။