အခန်း (၂၄၀) သတ်ဖြတ်ခြင်းလမ်းစဉ်၏ အဆုံးတွင် ကရုဏာတရား တည်ရှိသည်
"ဝေနိုင်ငံတော်ရဲ့ ကူညီမှုနဲ့ဆိုရင် မိုးတိမ်ပုလဲတိုက်မှာ ကျောက်စိမ်းကညာဂိုဏ်းကို ပြန်လည်တည်ထောင်ပြီး ကျွန်တော့်ဆရာရှိစဉ်ကအတိုင်း ခန့်ညားထည်ဝါအောင် လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
ရှောင်ချီသည် သူ၏ဓားကို အမှီပြုကာ အောက်တွင်ရှိနေသော ကျောက်စိမ်းကညာဂိုဏ်းသားများကို ကြည့်ရင်း ဝမ်းနည်းမှုအချို့ဖြင့် ပြောလိုက်သည်။
သို့သော် ထိုစဉ် အောက်ဘက်မှ ဂိုဏ်းသူများ၏ သီချင်းသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ၁၂၀၀ ကျော်သည် ဂိုဏ်းတံခါးဝတွင် တန်းစီရပ်နေကြပြီး ဆံပင်များတွင် ကွယ်လွန်သူများအတွက် ဝမ်းနည်းခြင်းအမှတ်အသားအဖြစ် စံပယ်ဖြူ ပန်းများကို ပန်ဆင်ထားကြသည်။ ဂိုဏ်းခေါင်းဆောင်သစ် ယွီအာသည် လရောင်အောက်တွင် တည်ငြိမ်စွာ လျှောက်လာသည်။
"ဆရာဦးလေး ရှောင်ချီ" သူမ၏ မျက်နှာပေါ်တွင် မပျောက်သေးသော ကြိမ်ဒဏ်ရာများ ရှိနေဆဲပင်။ "ဒီစံပယ်ပန်းကို ကြည့်ပါ နေ့ဘက် နေပူထဲမှာ ညှိုးနွမ်းသွားပေမဲ့ ညဘက် လရောင်အောက်မှာတော့ ပြန်လည်ရှင်သန်လာတယ်။ ဒါပေမဲ့ အချို့အရာတွေကတော့ တစ်ခါကျိုးပဲ့သွားရင် ဘယ်တော့မှ ပြန်ဆက်လို့ မရတော့ဘူး"
ထိုစဉ် ဂိုဏ်းသူတစ်ဦးက သူမ၏ လက်မောင်းမှ အင်္ကျီစကို ဆွဲဖြဲပြလိုက်သည်။ သူမ၏ ဖြူဖွေးသော လက်မောင်းပေါ်တွင် "ကျွန်"ဟူသော ရုပ်ဆိုးလှသည့် တက်တူးကြီးကို အားလုံး မြင်လိုက်ကြရသည်။ "အဲ့ဒီနေ့က ကျွန်မ ညီမလေးနဲ့အတူ လယ်သမားအိမ်မှာ ပုန်းနေခဲ့တာ။ ဝူချန်းဂိုဏ်းရောက်လာပြီး ညီမလေးကို ဆွဲခေါ်သွားတဲ့အချိန်မှာ သူ ကျွန်မကို လှမ်းအော်သွားတယ်... အစ်မ... ညီမလေး ဆံပင်မှာ ပန်းလေးတွေ ပန်ပေးဖို့ မမေ့နဲ့နော်တဲ့"
"ကျွန်မတို့အားလုံး တစ်ခါ သေဖူးပြီးသားပါ နောက်တစ်ခါ သေရမှာကို ဘာလို့ ကြောက်နေရမှာလဲ ကျွန်မတို့က သေရမှာကို မကြောက်ဘူး ဒါပေမဲ့ အကြောင်းမဲ့ နှိပ်စက်ခံရမှာကိုတော့ ကြောက်တယ်။ အခု ကျောက်စိမ်းကညာဂိုဏ်းဆိုတာ နာမည်ပဲ ကျန်တော့တာ ကျွန်မတို့ အရှက်တကွဲနဲ့ မရှင်သန်ချင်တော့ဘူး စစ်မြေပြင်ကို သွားပြီး တိုက်ခိုက်ချင်တယ်"
ဂိုဏ်းသူများ၏ မျက်လုံးထဲတွင် နာကျည်းမှုနှင့် ပေါက်ကွဲထွက်တော့မည့် ဒေါသများကို ရှောင်ချီ မြင်လိုက်ရသည်။ သူတို့သည် စစ်ပွဲမှတစ်ဆင့် သူတို့၏ တန်ဖိုးကို ပြန်လည်သက်သေပြလိုနေကြသည်။
"အလံကို လွှင့်ထူလိုက်" ရှောင်ချီက အမိန့်ပေးလိုက်သည်။ အနက်ရောင် အလံတော်ကြီး လွင့်ပျံလာပြီး ၎င်းပေါ်တွင် ကျောက်စိမ်းကညာဂိုဏ်း၏ အမှတ်အသားမှာ ရှောင်ချီ၏ ဓားစွမ်းအားဖြင့် ငွေရောင် ဂလက်ဆီတစ်ခုကဲ့သို့ တောက်ပနေတော့သည်။
...
စစ်သင်္ဘောအုပ်စုကြီးသည် တိမ်တိုက်များပေါ်တွင် ပျံသန်းနေသည်။ ရှောင်ချီသည် ရွက်တိုင်ထိပ်တွင် တစ်ယောက်တည်းထိုင်ကာ ဆရာဘိုးဘေးပေးခဲ့သော ကျောက်စိမ်းဆွဲသီးလေးကို ပွတ်သပ်ရင်း ရေရွတ်နေမိသည်။
"ဆရာက အမြဲပြောတယ်... သတ်ဖြတ်ခြင်းလမ်းစဉ်ရဲ့ အဆုံးမှာ ကရုဏာတရား ရှိတယ်လို့။ ဒါပေမဲ့ ကိုယ့်ဘေးက လူတွေကိုတောင် မကာကွယ်နိုင်ရင် ဒီလောက် မြင့်မားတဲ့ ကျင့်စဉ်တွေက ဘာအသုံးကျမှာလဲ"
ကျောက်ကျိချွမ်းသည် ရှောင်ချီကို ကြည့်ရင်း အလွန်ပင် အားနာနေမိသည်။ ဝူချန်းဂိုဏ်းက ကျောက်စိမ်းကညာဂိုဏ်းကို နှိပ်စက်နေစဉ်က ဝေမင်းမျိုးနွယ်မှာ ကြားနေခဲ့မိသည်။ ယခု ရှောင်ချီက အတိတ်က အာဃာတတွေကို ဘေးဖယ်ထားပြီး မိစ္ဆာမျိုးနွယ်ကို တိုက်ထုတ်ဖို့ ကူညီပေးနေခြင်းက သူ့ကို ကြည်ညိုလေးစားစေသလို အပြစ်မကင်းသလိုလည်း ခံစားရစေသည်။
"စီနီယာ ရှောင်ချီ... ကျောက်စိမ်းကညာဂိုဏ်းသားတွေကို ခေါ်လာတာ တကယ်ပဲ အဆင်ပြေပါ့မလား သူတို့ တိုက်ပွဲမှာ ထိခိုက်မှာကို မစိုးရိမ်ဘူးလား"
ရှောင်ချီက သူ၏ဓားကို ကိုင်ကာ အေးဆေးစွာ ပြန်ပြောသည်။ "သူတို့ကို ကျွန်တော် ကာကွယ်နိုင်တယ်လို့ ယုံကြည်တယ်။ စစ်မြေပြင်မှာ သူတို့ရဲ့ ဆံပင်တစ်ပင်တောင် ထိခိုက်အောင် လုပ်တဲ့သူရှိရင် အဲ့ဒီလူရဲ့ ဝိညာဉ်ကို ကျွန်တော် အစအန ဖျောက်ပေးပစ်မယ်"
...
လူသားမိစ္ဆာနယ်စပ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော အဘွားအိုတစ်ဦးသည် တောင်ဝှေးကို အားပြုကာ စစ်မြေပြင်တွင် လျှောက်လှမ်းနေသည်။ မိစ္ဆာမျိုးနွယ်မှာ အခွင့်ကောင်းယူကာ စစ်သား ၂ သန်းကျော်နှင့် မဟာယာန အဆင့် ကျွမ်းကျင်သူ နှစ်ဦးကိုပါ အသုံးပြုပြီး နယ်မြေပေါင်း ၃၀၀၀ ကျော်ကို သိမ်းပိုက်ထားသည်။
"မိတ်ဆွေဟောင်း... ဘာလို့ ဒီကို ရောက်လာတာလဲ မင်းရဲ့ တပည့်က မင်းကို အသည်းအသန် ရှာနေတာ" ဟု ကျောကုန်းနေသော အဘိုးအိုတစ်ဦးက သူမအနားသို့ ချဉ်းကပ်လာသည်။
"ငါ့ရဲ့ သက်တမ်းက ကုန်ခါနီးပြီ မသေခင်မှာ လူသားမျိုးနွယ်အတွက် တစ်ခုခု လုပ်ပေးချင်လို့ပါ" ဟု အဘွားအိုက အေးစက်စွာ ပြန်ပြောသည်။
"မင်း တစ်သက်လုံး လူသားတွေအတွက် လုပ်ပေးခဲ့တာပဲ ဒါပေမဲ့ မင်းအပေါ် မတရားခဲ့တာကလည်း လူသားတွေပါပဲ" အဘိုးအိုက နာကျင်စွာ ပြောသည်။ "ဝေမင်းမျိုးနွယ်ကိုယ်စား ငါ တောင်းပန်ပါတယ်။ ကျောက်စိမ်းကညာဂိုဏ်းသားတွေ နှိပ်စက်ခံရတုန်းက ငါတို့ ကြည့်နေခဲ့တာဟာ အမှားဆုံးပဲ"
ကျောက်စိမ်းကညာဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကြီးသည် သူမ၏ နောက်ဆုံးအချိန်တွင် လူသားမျိုးနွယ်အတွက် အသက်ပေးရန် ပြင်ဆင်နေခြင်းက ဝေမင်းမျိုးနွယ်ကို ကိုယ်စားပြုသော အဘိုးအိုအား များစွာ ရှက်ရွံ့စေလေတော့သည်။