အခန်း (၁၄၆) တရားသောလမ်းအတွက်ဆရာကို ကွပ်မျက်ခြင်း
ဝိညာဉ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် နှစ်ဦးဖြစ်သော ယွီရှောင်ဇီ နှင့် ယွီရှင်းတို့သည် သူတို့၏ သက်စောင့်အနှစ်သာရများကို လောင်ကျွမ်းစေကာ ဝိညာဉ်မျိုးနွယ်စုနှင့် သုံးနာရီကျော်ကြာ တိုက်ခိုက်ခဲ့ကြသည် နောက်ဆုံးတွင် သူတို့၏ အနှစ်သာရများ ကုန်ခမ်းသွားပြီး သွေးသားများလည်း ခန်းခြောက်သွားခဲ့သည်။ သူတို့သည် အရေပြားနှင့် အရိုးသာကျန်တော့သည့် အရိုးစုသဏ္ဌာန် ပုံရိပ်နှစ်ခုအဖြစ် ဝိညာဉ်ဓားဂိုဏ်း၏ တောင်ဂိတ်ဝတွင် မတ်မတ်ရပ်လျက် သေဆုံးသွားခဲ့ကြသည်။
ဝိညာဉ်မျိုးနွယ်စုသည်လည်း မည်သည့်ကရုဏာမျှ မပြခဲ့ပေ။ အကြီးအကဲချုပ်နှစ်ဦး သေဆုံးသွားပြီးနောက် ဝိညာဉ်ဓားဂိုဏ်းကို အကြိမ်ကြိမ် ရှင်းလင်းသုတ်သင်ခဲ့ကြသည် တပည့်အနည်းငယ်သာလျှင် ဝိညာဉ်မျိုးနွယ်စု၏ လက်မှထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြသည်။
ဤတိုက်ပွဲသည် လူသားမျိုးနွယ်နှင့် ဝိညာဉ်မျိုးနွယ်ကြား ဆက်ဆံရေးကို လုံးဝ အေးခဲသွားစေခဲ့သည် လူသားမျိုးနွယ်သည် အကြောင်းပြချက်မရှိဘဲ နောက်ထပ် ရန်သူမျိုးနွယ်စုတစ်ခု တိုးလာခဲ့ရပြီ ဖြစ်သည်။
ဝိညာဉ်မျိုးနွယ်စုမှ ပညာရှင်များသည် ဝိညာဉ်ဓားဂိုဏ်းရှိ တပည့်အားလုံးကို သတ်ဖြတ်ပြီးနောက် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ အချိန်တိုအတွင်းမှာပင် သူတို့သည် ယွမ်ကျူးတိုက်ကြီးပေါ်တွင် တည်ဆောက်ထားသော နယ်နိမိတ်ကျော်ဖြတ် အစီအရင်များဆီသို့ ရောက်ရှိသွားကြသည်။
သူတို့သည် ယွမ်ကျူးတိုက်ကြီးမှ ထွက်ခွာသည်နှင့်တပြိုင်နက် ဝိညာဉ်မျိုးနွယ်စု နယ်မြေအတွင်းရှိ အစီအရင်များကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ကြသည် လူသားမျိုးနွယ်စုများက ထိုလမ်းကြောင်းမှတစ်ဆင့် ပြန်လည်တိုက်ခိုက်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။
အရင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ သူတို့၏ စီမံကိန်းအတိုင်း ဖြစ်ပုံရသည်။
ကံမကောင်းစွာဖြင့် ဤတိုက်ခိုက်မှုအတွင်း တရားခံဖြစ်သူ ယဲ့ဖန်ကို မသတ်နိုင်ခဲ့ခြင်းမှာ ဝိညာဉ်မျိုးနွယ်စု ပညာရှင်များစွာအတွက် စိတ်ဝိညာဉ်မိစ္ဆာတစ်ခု ဖြစ်လာခဲ့ရသည်။
...
"သူတို့ ဒီလိုမျိုး ဆက်တိုက်နေကြရင် ဒီတောင်တန်းကြီး ပျက်စီးသွားလိမ့်မယ်။ ငါတို့ ဝင်တားသင့်သလား"
ယခုအချိန်တွင် ဤနေရာ၌ ပညာရှင်များစွာ စုဝေးနေကြပြီး အားနည်းဆုံးသူမှာပင် ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်ရှိ ပညာရှင်များ ဖြစ်ကြသည်။
မဟုတ်ပါက သူတို့ ဤနေရာသို့ ခြေမချရဲပေ ဤဒေသမှာ ယခုအခါ စစ်မှန်သော သေမင်းတမန်ဇုန် ဖြစ်နေပြီဖြစ်သည်။ ထိုအဆင့်အောက်ရှိ မည်သည့်သက်ရှိမဆို ဤနေရာသို့ လာပါက သေဖို့သာ ရှိတော့သည်။။
"တားမယ် ဟုတ်လား မင်းဆင်းတားမလား ဒါမှမဟုတ် ငါဆင်းတားရမလား ငါတို့ အင်အားနဲ့ဆို သူတို့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့တောင် အရည်အချင်း ပြည့်မီရဲ့လား"
စကားပြောနေသူများမှာ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ပညာရှင်နှစ်ဦး ဖြစ်ကြသည် သူတို့သည် မိမိတို့ဂိုဏ်း၏ အကြီးအကဲချုပ်များ ဖြစ်ကြသည်။
တိုက်ပွဲမှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများက သူတို့၏ ဂိုဏ်းများကို ထိခိုက်မည် စိုးသဖြင့် လာရောက် စုံစမ်းခြင်း ဖြစ်သည်။
သို့သော် အောက်ရှိတိုက်ပွဲကို မြင်သောအခါ သူတို့နှစ်ဦးစလုံး ကြောက်ရွံ့သွားကြပြီး ဝင်ရောက်ဖြန်ဖြေရန်ပင် မကြိုးစားရဲကြတော့ပေ။
သူတို့သည် မိမိတို့ ဒေသတွင် အရှင်သခင်များ ဖြစ်ခဲ့ကြသော်လည်း ယခုမူ သာမန် ပွဲကြည့်ပရိသတ်အဆင့်သို့ လျော့ကျသွားခဲ့ရပြီ။
"နန်းတော်ထဲကလူကဘာပြောလဲ ရှောင်ချီက နောက်ဆုံးတော့ ပထမတန်းစား မင်းသားတစ်ပါးပဲလေ အဲ့ဒီလူရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေသေးတာပဲ။ သူ ဘာမှထုတ်ပြန်ချက် မထုတ်ဘူးလား"
အဆင့်အတန်း မြင့်မားပုံရသော ဟယ်တောက်အဆင့် ပညာရှင်အချို့မှာ ဟင်းလင်းပြင်ထဲတွင် ရပ်လျက် အောက်ရှိ တိုက်ပွဲကို ကြည့်ကာ ဆွေးနွေးနေကြသည်။
"အဲ့ဒီလူက ဘိုးဘေးနန်းဆောင်ထဲမှာ အဆင့်မြင့်မြင့် ထိုင်နေတာလေ ဒီလိုသေးငယ်တဲ့ ကိစ္စတွေကို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ ဒါပေမဲ့ တော်ဝင်မိသားစုရဲ့ ဘိုးဘေးကြီးကတော့ ရှောင်ချီရဲ့ လုပ်ရပ်တွေအပေါ် တော်တော်လေး မကျေမနပ် ဖြစ်နေပုံရတယ်လို့ ကြားတယ်
အဲ့ဒီ ဘိုးဘေးကြီးက စကားတစ်ခွန်းသာ ပြောလိုက်ရင် ရှောင်ချီရဲ့ ပထမတန်းစား မင်းသား ရာထူးကတော့ သွားပြီပဲ"
စကားပြောနေသူမှာ သားရဲယဉ်ပါးအောင်လေ့ကျင့်ခြင်းဂိုဏ်း၏ တတိယမြောက် အကြီးအကဲချုပ် ချန်ယန်ဆိုသူ အဘိုးကြီး ဖြစ်သည်။ လက်ရှိ ရှိနေသူများထဲတွင် ရှောင်ချီကို သေစေချင်ဆုံးသူမှာ သားရဲယဉ်ပါးဂိုဏ်းမှ လူများပင် ဖြစ်သည်။
ရှောင်ချီသည် တိုက်ပွဲအတွင်း ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ပြသနေသည်ကို မြင်ရသောအခါ သူတို့ စိုးရိမ်ထိတ်လန့်မသွားဘဲ မနေနိုင်ပေ။
ယခုအချိန်တွင် ရှောင်ချီ၏ တိက်ခိုက်ရေးစွမ်းအားမှာ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်ရှိ ပညာရှင်ကြီးတစ်ဦး၏အဆင့်သို့ ချဉ်းကပ်နေပြီ ဖြစ်သည် ကွာဟချက် ရှိနေသေးသော်လည်း အလွန်ပင် နီးစပ်နေပြီဖြစ်သည်။
အကယ်၍ ရှောင်ချီသာ ဤတိုက်ပွဲတွင် အနိုင်ရသွားပါက နောက်ထပ် ကံဆိုးမည့်သူမှာ သားရဲယဉ်ပါးဂိုဏ်း ဖြစ်ပေလိမ့်မည်။
ဘုန်း... ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် တောင်တန်းများ ပြိုလဲကာ မြစ်ရေများ ပြောင်းပြန် စီးဆင်းသွားတော့သည်။
ဝေါ့... ရှောင်ချီသည် ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး သူ၏ ရင်ဘတ်မှာ ပွင့်ထွက်သွားကြောင်း သိလိုက်ရသည်။
သူ၏ နှလုံးသားမှာ အပြင်သို့ ပေါ်ထွက်နေပြီး ဒိန်းဒိန်းနှင့် ခုန်နေသည် ယခုအချိန်အထိ နတ်မိမယ် လင်ယွင်နှင့် သူ၏ တိုက်ပွဲမှာ သုံးရက်နှင့် သုံးည ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရှောင်ချီ၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအားများမှာ ကုန်ခမ်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု သူ ပြုလုပ်နေသော လှုပ်ရှားမှုတိုင်းမှာ လောကကြီး၏ စွမ်းအားကို ငှားရမ်းခြင်းနှင့် သူ၏ ရုပ်ခန္ဓာ တိုက်ခိုက်ရေးဗီဇကိုသာ အားကိုးနေခြင်း ဖြစ်သည်။
နတ်မိမယ် လင်ယွင်မှာလည်း အခြေအနေ မကောင်းပေ။ သူမ၏ မျက်နှာတစ်ခြမ်းမှာ ရှောင်ချီ၏ လက်ချက်ဖြင့် လုံးဝ ပျက်စီးသွားပြီး မူလက လှပသော မျက်နှာမှာ ယခုအခါ ထိတ်လန့်ဖွယ်ကောင်းအောင် အရုပ်ဆိုးနေပြီ ဖြစ်သည်။
"ဟူး... ဟူး... ဟူး...ချီအာ... ဆရာ အရှုံးပေးပါတယ် ငါတို့ တိုက်ပွဲကို ရပ်လိုက်ကြရအောင်လား"
နတ်မိမယ် လင်ယွင်သည် အသက်ကို လုရှူရင်း ရှောင်ချီကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ကာ အသနားခံလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သူမသည် ဤနေရာမှ ထွက်ပြေးချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ရှောင်ချီမှာ ကော်ကပ်နေသကဲ့သို့ သူမနောက်ကို ထပ်ကြပ်မကွာ လိုက်နေသဖြင့် သူမ လုံးဝ ထွက်ပြေး၍ မရနိုင်ဘဲ ဖြစ်နေသည်။
"ငါ ပြောပြီးပြီလေ ဒီနေ့ ဒီနေရာကနေ ငါတို့ထဲက တစ်ယောက်ပဲ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ငါသေရင်သေမဟုတ်ရင် မင်း သေရမယ်"
ရှောင်ချီ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး သူ၏ တစ်ကိုယ်လုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အခြေအနေသို့ ရောက်နေသည်။
ယခုအခါ ရှောင်ချီ၏ပုံစံမှာ မှတ်မိနိုင်စရာ မရှိတော့ဘဲ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် သွေးကန်ထဲမှ လတ်လတ်ဆတ်ဆတ် ထွက်လာသော သွေးလူသားတစ်ယောက်နှင့် တူနေသည်။
"မင်း ရူးနေပြီလား မင်းမသေမှာမကြောက်ဘူးလား" လင်ယွင်သည် တစ်ခါသေဖူးသဖြင့် အသက်ကို ပို၍ တန်ဖိုးထားတတ်လာသည်။ သူမသည် ရှောင်ချီ၏ ရူးသွပ်မှုကို နားမလည်နိုင်ပေ ဤလူသည် သူ၏ အသက်ကိုလုံးဝ ပဓာနမထားဘဲ တိုက်ခိုက်နေခြင်း ဖြစ်သည်။
အကြိမ်တိုင်းတွင် ဒဏ်ရာချင်းလဲလှယ်သော တိုက်ကွက်များကိုသာ သုံးသည် အကြိမ်တိုင်းတွင် သူ၏ အသက်ကို လောင်းကြေးထပ်နေခြင်းပင်။
ထို့ကြောင့် အစပိုင်းတွင် အသာစီးရထားသော လင်ယွင်မှာ ယခုအခါ အခြေအနေ မကောင်းတော့ဘဲ ဖြစ်နေသည်။ အချို့သော အချိန်များတွင် လင်ယွင်သည် ရှောင်ချီကို သတ်နိုင်သော်လည်း သူမသာ သတ်လိုက်ပါက သူမကိုယ်တိုင်လည်း ရှောင်ချီနှင့်အတူ မြေမြှုပ်ခံရမည်ကို သိနေသည်။
"လင်ရှောင်ဓားကိုးသွယ် အဋ္ဌမမြောက် တိုက်ကွက် နတ်ဘုရားကွပ်မျက်ခြင်း" ရှောင်ချီ၏ ပတ်ပတ်လည်တွင် မိစ္ဆာချီများ ဝေ့ဝဲလာတော့သည်။
"လင်ရှောင်ဓားကိုးသွယ် နဝမမြောက် တိုက်ကွက် မိုးကြိုးနတ်ဘုရား ဆင်းသက်ခြင်း" ရှောင်ချီ၏ ပုံရိပ်မှာ နှစ်ခု ကွဲထွက်သွားသည် ပုံရိပ်တစ်ခုမှာ လျှပ်စီးများဖြင့် ဖုံးလွှမ်းနေပြီး နောက်တစ်ခုမှာ ချောက်နက်ကြီးကဲ့သို့သော မိစ္ဆာချီများဖြင့် ဖုံးလွှမ်းနေသည်။
ရှောင်ချီ နှစ်ဦးသည် ဓားကွက်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ရာ ထိုတိုက်ကွက် နှစ်ခုမှာ အပြည့်အဝ ပေါင်းစပ်သွားတော့သည် လျှပ်စီးနှင့် မိစ္ဆာချီတို့သည် ထိုက်ကျိပုံစံကဲ့သို့ ပေါင်းစည်းသွားပြီး နတ်မိမယ် လင်ယွင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ဤအချိန်တွင် ရှောင်ချီသည် အင်အားကုန်ခန်းနေပြီဖြစ်သည် ဤနောက်ဆုံး တိုက်ကွက်ကို ထုတ်ဖော်ရန်အတွက် သူသည် လောကကြီး၏စွမ်းအားကို ငှားရမ်းခဲ့သလို သူ၏သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံး သုံးသိန်းကျော်ကိုလည်း တစ်ပြိုင်နက်တည်း အကုန်အစင် သုံးစွဲလိုက်ခြင်း ဖြစ်သည်။
ဘုန်း... အဖြူရောင် အလင်းတန်းကြီးသည် ကောင်းကင်ယံ တစ်ခုလုံးကို ဝါးမြိုသွားတော့သည်။ မြောက်ဘက် ဒေသရှိ မြေပြင်များမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားသည် ငှက်၊ သားရဲ၊ ငါး၊ ပိုးမွှား၊ ပန်းနှင့် မြက်ပင် အားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။
ထူထဲသော မြေပြင်မှာလည်း ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် ဆယ်မီတာခန့် နိမ့်ဆင်းသွားပြီး မိုင် ၃၀ ကျော် ကျယ်ဝန်းသော ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
...
"ဟူး... ဟူး... ဟူး..." ရှောင်ချီသည် အသက်ကို လုရှူရင်း သူ၏ ရင်ဘတ်ရှိ သွေးထွက်နေသော အပေါက်ကြီးကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
"ရှောင်ချီ... ငါ မင်းကို သတ်မယ်" စူးရှသော အော်ဟစ်သံကြီး တစ်ကမ္ဘာလုံးကို ပဲ့တင်ထပ်သွားသည်။
ရှောင်ချီသည် နားစည်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သုံးစက္ကန့်အတွင်းမှာပင် သူ၏ နားစည်များ ပေါက်ထွက်သွားပြီး သွေးများ ထွက်လာတော့သည်။
ဝိုးတဝါးပုံရိပ်တစ်ခုသည် ရှောင်ချီ၏ ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာသည်။
ရှောင်ချီသည် ထိုပုံရိပ်မှာ နတ်မိမယ်လင်ယွင် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သို့သော် နတ်မိမယ်လင်ယွင်မှာ ယခုအခါ အနည်းငယ် ကွဲပြားနေသည် သူမ၏ ရုပ်ခန္ဓာ ပျောက်ကွယ်သွားပြီး ဝိုးတဝါး ဝိညာဉ်ပုံရိပ်သာ ကျန်ရှိတော့သည်။
သီအိုရီအရ ကျင့်ကြံခြင်းမှာ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိပါက ရုပ်ခန္ဓာကို စွန့်လွှတ်၍ မူလဝိညာဉ်ကို ကျင့်ကြံနိုင်သည်မှာ မှန်ပါသည်။
သို့သော် ရုပ်ခန္ဓာဟူသော ခွက်မရှိတော့ပါက ဝိညာဉ်မှာ အလွန်ပင်အားနည်းသွားလိမ့်မည် ထို့အပြင် သူ ရောက်ရှိနိုင်မည့် အမြင့်ဆုံးအဆင့်မှာလည်း တစ္ဆေနတ်ဘုရားအဆင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခုလက်ရှိ နတ်မိမယ်လင်ယွင်မှာ သာမန်ဝိညာဉ်ပုံရိပ်နှင့် မတူပေ သူမ၏ ခန္ဓာကိုယ်မှာ အစစ်အမှန်နှင့် နီးစပ်လှသည် ထိတွေ့၍မရသည်မှလွဲလျှင် လူအစစ်နှင့် လုံးဝ တူနေသည်။
"ရှောင်ချီ... ဒါကိုမှတ်ထားပါ ဒီနေ့ရခဲ့တဲ့ ဆုံးရှုံးမှုတွေကို ငါအဆပေါင်း ရာချီပြီး ပြန်ပေးဆပ်စေရမယ် မင်း ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့တယ် တစ်နေ့မှာ မင်းရဲ့ ဝိညာဉ်ကို လုံးဝပျောက်ကွယ်သွားအောင် ငါ လုပ်ပြမယ်"
သူမ၏ ဝိညာဉ်ပုံရိပ်ဖြင့် ရှောင်ချီကို ဘာမှမလုပ်နိုင်ကြောင်း သိသောအခါ လင်ယွင်သည် စူးစူးဝါးဝါး အော်ဟစ်ပြီး ပျောက်ကွယ်သွားတော့သည်။