အခန်း (၁၄၃) ကံကြမ္မာရွေးချယ်ခံရသူ၏ သိုလှောင်လက်စွပ်
ရှောင်ချီသည် ခပ်ပါးပါး ပြုံးလိုက်သည်။ သူ စကားအများကြီး မပြောသော်လည်း စင်ကြယ်သောလမင်း ဘိုးဘေးကို သူ၏ ဆရာအစစ်အမှန်အဖြစ် စိတ်ထဲမှ ပိုမို အသိအမှတ်ပြုမိသွားသည်။
ဒါဟာ ဆရာတစ်ယောက် လုပ်ဆောင်သင့်တဲ့ အရာပင် တပည့် စိတ်ဓာတ်ကျနေချိန်မှာ အားပေးစကားပြောရမည် တပည့် အန္တရာယ်ကြုံနေချိန်မှာ ကာကွယ်ပေးရမည်ဖြစ်ပြီး နေ့စဉ်ဘဝမှာတော့ မိသားစုဝင်တွေလို နွေးထွေးပျူငှာစွာ ဆက်ဆံရမည်။
အခု ပြန်စဉ်းစားကြည့်မှ သူနှင့် နတ်မိမယ် လင်ယွင်တို့၏ ဆရာတပည့် ဆက်ဆံရေးမှာ တကယ်ပင် အပေါ်ယံ ဆန်လွန်းခဲ့သည်။
ဆရာနှင့် တပည့်ဟူသော ဘွဲ့အမည်ကလွဲလျှင် လင်ယွင်သည် သူ၏ဆရာဖြစ်ကြောင်း သက်သေပြနိုင်သည့်အရာ လုံးဝနီးပါး မရှိခဲ့ပေ။
ရှောင်ချီသည် ကျင့်ကြံခြင်းတွင် သူကိုယ်တိုင် မဖြေရှင်းနိုင်သော ပြဿနာများနှင့် ကြုံတွေ့ရတိုင်း လင်ယွင်ထံသို့ သွားခဲ့ဖူးသည်။ သို့သော် အကြိမ်တိုင်းတွင် သူမသည် ကျင့်ကြံခြင်းကိစ္စများဖြင့် အလုပ်ရှုပ်နေသည်ဟု အကြောင်းပြကာ ရှောင်ချီကို သူ၏စီနီယာအစ်မ နှစ်ယောက်ထံတွင်သာ အဖြေသွားရှာရန် ခိုင်းစေခဲ့သည်။
ထို့ကြောင့် ဤခရီးတစ်လျှောက်တွင် ရှောင်ချီသည် ကျင့်ကြံခြင်းဖြစ်စေ မန္တန်အတတ်ပညာ သင်ယူခြင်းဖြစ်စေ သူကိုယ်တိုင်သာ အားကိုးခဲ့ရသည်။ သူသည် အနည်းငယ်မျှပင် အပျင်းမကြီးရဲခဲ့ပေ အကြောင်းမှာ သူအနားယူလိုက်သည်နှင့် သူ၏ရွယ်တူများထက် နောက်ကျကျန်ရစ်ခဲ့မည်ကို သိနေသောကြောင့် ဖြစ်သည်။
အဓိက အကြောင်းရင်းမှာ သူ၏ဆရာမှာ တာဝန်မသိတတ်သောကြောင့်ပင်။ သူ၏ လမ်းကြောင်းမှာ မြစ်ကို ဖြတ်ကူးနေသည့် မျက်မမြင်တစ်ယောက်လိုပင် စမ်းတဝါးဝါးဖြင့်သာ ရှေ့ဆက်ခဲ့ရသည်။
"နှိုင်းယှဉ်မှုမရှိရင် နာကျင်မှုမရှိဘူး" ဆိုသည့် စကားအတိုင်းပင် ရှောင်ချီ၏ ကျင့်ကြံခြင်းမှာ အလွန်မြင့်မားနေပြီ ဖြစ်သော်လည်း သူသည်တစ်ခါတစ်ရံတွင် စင်ကြယ်သောလမင်းဘိုးဘေးထံမှ လမ်းညွှန်မှု ခံယူတတ်သည်။ ထိုအခါတိုင်းတွင် ဘိုးဘေးမှာ ရှောင်ချီကို ဂရုစိုက်တတ်သော မိခင်တစ်ဦးကဲ့သို့ စိတ်ရှည်လက်ရှည် သင်ကြားပေးလေ့ရှိသည်။
ထို့အပြင် ရှောင်ချီ နားမလည်မည်ကို စိုးရိမ်သဖြင့် ဥပမာများစွာကို သုံး၍ သေသေချာချာ ရှင်းပြပေးတတ်သည်။ ယခုလည်း ရှောင်ချီ၏အော်ဟစ်ခေါ်ဆိုမှု တစ်ခုတည်းဖြင့် ရာစုနှစ်ပေါင်းများစွာ တောင်ပေါ်က မဆင်းခဲ့သော ဤဆရာမှာ သူ၏ဘေးနားသို့ ရောက်ရှိလာခဲ့သည်
စင်ကြယ်သောလမင်း ဘိုးဘေး၏ နှလုံးသားထဲတွင် ရှောင်ချီ၏ နေရာမှာ အစားထိုး၍ မရနိုင်လောက်အောင်ပင်။
"ထားလိုက်ပါတော့ ဒါကသိုလှောင်လက်စွပ် တစ်ခုပဲဟာ မင်းကိုယ်တိုင် ပေါ်လာမှတော့ ဒီကောင်လေးကိုပဲ ပေးလိုက်ပါ့မယ်"
ကျိုယို အရှင်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ပုံရိပ်မှာ ကောင်းကင်ယံသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော တိမ်မည်းကြီးများနှင့် လောကကြီးကို အုပ်မိုးထားသော ဧရာမ လက်ဝါးပုံရိပ်ကြီးမှာလည်း ဖြည်းည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
သူတို့နှင့်အတူ ယဲ့ဖန်နှင့် ဝိညာဉ်ဓားဂိုဏ်း၏တပည့်များလည်း ပျောက်ကွယ်သွားကြသည်။
"ဒါဟာ မင်းကို ငါနောက်ဆုံးအကြိမ် ကာကွယ်ပေးတာပဲ ကျန်တဲ့လမ်းကိုတော့ မင်းကိုယ်တိုင် လျှောက်ရလိမ့်မယ်"
စင်ကြယ်သောလမင်း ဘိုးဘေးသည် ခါးလေး အနည်းငယ် ကိုင်းလျက် ရှောင်ချီကို ကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်
"နောက်တစ်ခါကျရင်တော့ ဆရာ့ကို ကျွန်တော်ပြန်ကာကွယ်ပေးရမယ့် အလှည့်ပါ" ရှောင်ချီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။
"ဒါဆိုရင်တော့ ငါ့ကိုအကြာကြီး မစောင့်ခိုင်းနဲ့နော်" စင်ကြယ်သောလမင်း ဘိုးဘေး၏ပုံရိပ်မှာ သူမ တစ်ခါမှ မပေါ်လာခဲ့ဖူးသကဲ့သို့ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ သူမ၏ အသံမှာ ဤဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ပြီး ရှောင်ချီမှာမူ ဆရာ၏ အသံမှာ သူ၏ နားနားလေးတွင် ရှိနေသကဲ့သို့ ခံစားနေရသည်။
ရှောင်ချီသည် ယဲ့ဖန် ခုနက လဲလျောင်းနေခဲ့သော ထမ်းစင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ရွှေရောင်အလင်းများ ထွက်ပေါ်နေသော လက်စွပ်တစ်ကွင်းကို ကောက်ယူလိုက်သည်။
ယဲ့ဖန်မှာအလွန် လိမ္မာပါးနပ်ပြီး သတိကြီးသူဖြစ်သည်။ ရှောင်ချီ၏ပိတ်ဆို့မှုကို ခံရပြီးနောက် သူသည် ဤသိုလှောင်လက်စွပ်ကို သူ၏ဗိုက်ထဲသို့ မျိုချထားခဲ့ခြင်းဖြစ်သည် ၎င်းမှာ ရှောင်ချီ ရှာမတွေ့စေရန် အထူး ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းပင်။
သို့သော် နောက်ဆုံးတွင်တော့ အားလုံးက အချည်းနှီး ဖြစ်သွားခဲ့သည်။ ရှောင်ချီသည် ယဲ့ဖန်၏ အသက်ကို ချမ်းသာပေးခဲ့သော်လည်း ဤလက်စွပ်ကိုတော့ မျက်စိကျနေခဲ့သည် မဟုတ်ပါလား။
ယဲ့ဖန်၏ သိုလှောင်လက်စွပ်အတွင်းရှိ ဟင်းလင်းပြင်မှာ အလွန် ကျယ်ဝန်းလှပြီး အတွင်းရှိ မှော်ရတနာများနှင့် ဝိညာဉ်ကျောက်တုံးများမှာလည်း မယုံကြည်နိုင်လောက်အောင် များပြားလှသည်။
ရှောင်ချီမှာ အံ့ဩခြင်းမရှိဘဲ မနေနိုင်ပေ ကံကြမ္မာသားတော်ပီပီ ဤစည်းစိမ်ဥစ္စာမှာ ထိုအဆင့်တူ ကျင့်ကြံသူ တစ်ဦးထက် အဆတစ်ရာမက ပိုများနိုင်သည်။
ဤကမ္ဘာရှိ ဝိညာဉ်ကျောက်တုံးများတွင် ထူထပ်သော ဝိညာဉ်ချီများ ရှိသော်လည်း ၎င်းတို့မှာ အဆင့် တစ်ခုတည်းသာ ရှိသည်။ ဖြစ်နိုင်သည်မှာ ဤကမ္ဘာ၏ အဆင့်မှာ နိမ့်လွန်းသဖြင့် ထွက်ရှိလာသော ဝိညာဉ်ကျောက်တုံး အမျိုးအစားများမှာလည်း တစ်မျိုးတည်းသာ ဖြစ်နေခြင်း ဖြစ်နိုင်သည်။
သို့သော်ငြားလည်း ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံခြင်း လောကတွင် အသုံးအများဆုံးသော အရင်းအမြစ်နှင့် ငွေကြေးအဖြစ် အသိအမှတ်ပြုထားဆဲပင်။
"အရင်တုန်းက ရှောင်ချီတစ်ယောက်တည်း ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် ရခဲ့ဖူးတယ် အဲ့ဒီ ဝိညာဉ်ကျောက်တုံးတွေကြောင့်ပဲ သူဟာဝိညာဉ်ချီမရှိတဲ့ မိုးကြိုးရေကန်ထဲမှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာ ဒါပေမဲ့ ရှောင်ချီရဲ့ အသိထဲမှာတော့ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ဆိုတာ အတော်လေးကို ချမ်းသာတဲ့ အဆင့်မှာ ရှိနေတာ။
ယဲ့ဖန် ဘယ်လောက်ပဲ ချမ်းသာပါစေ သူ့ဆီမှာဝိညာဉ်ကျောက်တုံး တစ်သိန်းဝန်းကျင်လောက်ပဲ ရှိမယ်လို့ သူထင်ထားခဲ့တာ ဒါပေမဲ့ အမှန်တရားက သူ့ကိုမှားကြောင်း သက်သေပြလိုက်ပြီ ယဲ့ဖန်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဝိညာဉ်ကျောက်တုံး သုံးသိန်းကျော်တောင် ရှိနေတာပဲ ဝိညာဉ်ကျောက်တုံးတွေဆီက ထွက်လာတဲ့ အလင်းတန်းတွေက ရှောင်ချီရဲ့ မျက်လုံးတွေကိုတောင် ကျိန်းစပ်သွားစေသည်။
ကံကြမ္မာသားတော်တစ်ယောက်အတွက်တော့ ယဲ့ဖန်၏လက်စွပ်ထဲရှိ ဝိညာဉ်ကျောက်တုံးများမှာ အနိမ့်ဆုံး အဆင့်ရှိသော ဝိညာဉ်ပစ္စည်းများသာ ဖြစ်ပေလိမ့်မည်။
ဝိညာဉ်ကျောက်တုံးတွေအပြင် သိုလှောင်အိတ်ထဲမှာ အဖိုးတန်ဆုံးသော အရာတွေကို သုံးမျိုး ခွဲခြားနိုင်သည် မှော်ရတနာ၊ ဆေးလုံး နှင့် ကျင့်စဉ်ကျမ်းစာတို့ပင် ဖြစ်သည်။
နေရာအများဆုံးယူထားပြီး အမျိုးအစား အစုံလင်ဆုံးမှာတော့ မှော်ရတနာများပင် ဖြစ်သည်။
ယဲ့ဖန်ကဲ့သို့ လူမျိုးက သိမ်းဆည်းထားသော မှော်ရတနာတစ်ခု ဖြစ်ရန်အတွက် ၎င်း၏ အဆင့်မှာ အနည်းဆုံး မြေကမ္ဘာအဆင့် သို့မဟုတ် ထိုထက် မြင့်ရမည် ဖြစ်သည်။
ပြီးတော့ ယဲ့ဖန်၏ သိုလှောင်လက်စွပ်ထဲမှာ ကောင်းကင်အဆင့်ရှိတဲ့မှော်ရတနာ အခု ၁၀၀ ကျော်တောင် ရှိနေတာပဲ။
ထိုအထဲတွင် မှော်ရတနာအချို့မှာ ထူးခြားသော အလင်းနှင့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ၎င်းတို့မှာ မူလဝိညာဉ်အနှစ်သာရ ပါဝင်သော ပင်ကိုမှော်ရတနာများဖြစ်ကြောင်း ရှောင်ချီက တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
မှော်ရတနာတွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်လက်စွပ်ထဲက ဆေးလုံးတွေကတော့ အတော်လေး နည်းပါသည်။
ပါရမီရှင်များသည် ကျင့်ကြံခြင်း တိုးတက်ရန် ဆေးလုံးများကို အားကိုးရခြင်းကို အထင်သေးတတ်ကြသည်။ အထူးသဖြင့် ယဲ့ဖန်ကဲ့သို့ မာနကြီးသူတစ်ဦးမှာ သူ၏ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရန် ဆေးလုံးသုံးခြင်းကို ပို၍ပင် အောက်တန်းကျသည်ဟုမြင်သည်။
လက်စွပ်ထဲတွင် ကျန်ရှိနေသော ဆေးပုလင်း တစ်ရာခန့်မှာ မြင့်မြတ်သော ကုသရေး ဆေးများသာ ဖြစ်ကြသည်။ ၎င်းတို့၏ အဆင့်မှာလည်း အတော်လေး မြင့်မားလှသဖြင့် ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်ရှိ ပညာရှင်များကိုပင် ကုသပေးနိုင်သည်။
အချို့သော ဆေးပုလင်းများမှာ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ပညာရှင်များကိုပင် ကုသပေးနိုင်စွမ်း ရှိသည်။
ဆေးလုံးတွေလိုပဲ ထူးခြားတဲ့ အစွမ်းသတ္တိ ရှိတာကတော့ အဖိုးတန်ဆေးမြစ်တွေပင် ဖြစ်သည်။
ဤအဖိုးတန်ဆေးမြစ်များသည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စုပ်ယူထားသဖြင့် အံ့ဖွယ် အစွမ်းများစွာ ရှိကြသည်။ အချို့မှာ ဒဏ်ရာများကို ကုသပေးနိုင်ပြီး အချို့မှာမူ ဘေးထွက်ဆိုးကျိုး မရှိဘဲ ကျင့်ကြံခြင်း အဆင့်ကို ချက်ချင်း မြှင့်တင်ပေးနိုင်သည်။
ဤအဖိုးတန်ဆေးမြစ်များကို ခူးဆွတ်ပြီးလျှင် တိုက်ရိုက်စားသုံးနိုင်သော်လည်း ထိုအခါတွင် အစွမ်းသတ္တိမှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရရှိပေလိမ့်မည်။
အကယ်၍ ဆေးဖော်စပ်သူတစ်ဦးကို အသုံးပြု၍ ဤဆေးမြစ်များကို အဆင့်မြင့် ဆေးလုံးများအဖြစ် ဖော်စပ်နိုင်လျှင် ဆေးစွမ်းကို ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်မည် ဖြစ်သည်။
အစွမ်းအထက်ဆုံး ဆေးဖော်စပ်သူများသည် အဖိုးတန်ဆေးမြစ်တစ်ခု၏ အစွမ်းကို ၁၀၀ ရာခိုင်နှုန်းအထိ ထုတ်ယူနိုင်သည်ဟုပင် ကောလာဟလများ ရှိကြသည်။
ယဲ့ဖန်ကဲ့သို့ ကံကောင်းသူတစ်ဦးမှာတောင် ထိုကဲ့သို့သော အဖိုးတန်ဆေးမြစ် ငါးခုသာရှိသည်။
ဤမျှ ပြည့်စုံကောင်းမွန်သော အဖိုးတန်ဆေးမြစ်များကို ကြည့်ရင်း ယဲ့ဖန်သည် ၎င်းတို့ကို အသုံးပြုရန် အတော်လေး တွန့်တိုနေခဲ့မည်ကို ရှောင်ချီသိလိုက်သည်။ သူသည် ၎င်းတို့ကို သူ၏ အဆင့်ကျော်ဖြတ်ချိန်တွင် အသုံးပြုရန် ရည်ရွယ်ထားပုံရသည် ကံမကောင်းစွာဖြင့် နောက်ဆုံးတွင်တော့ ၎င်းတို့မှာ ရှောင်ချီအတွက်သာ ဖြစ်သွားခဲ့ရသည်။
ဒါကို တွေးမိရင်း ရှောင်ချီသည် ယဲ့ဖန်အတွက် ခဏလောက် ဝမ်းနည်းပေးလိုက်မိသည်။
ဤအဖိုးတန်ဆေးမြစ်များသည် သာမန်ဝိညာဉ်ဆေးပင်များနှင့် နှိုင်းယှဉ်၍ မရပေ ၎င်းတို့မှာ လောကကြီးအတွင်း သဘာဝအလျောက် ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီး၏ ရတနာများ ဖြစ်ကြသည်။
သူ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းချိန်တွင် ဤအဖိုးတန်ဆေးမြစ်များက သူ့ကို အနည်းဆုံး ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ အထောက်အကူ ပေးနိုင်လိမ့်မည် ဖြစ်သည်။
ဤ ၂၀ သို့မဟုတ် ၃၀ ရာခိုင်နှုန်းကို အထင်မသေးသင့်ပေ။ ကျင့်ကြံခြင်း လောကတွင် ကျင့်ကြံခြင်း အဆင့် မြင့်မားလာလေ နောက်တစ်ဆင့်သို့ တက်လှမ်းရန် ခက်ခဲလေပင် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိခြင်းမှာ သာမန်လူနှင့် နတ်ဘုရားတို့ကို ပိုင်းခြားထားသည့် ချောက်ကမ္ဘာကြီးကို ဖြတ်ကျော်ရသကဲ့သို့ပင် ထိုအဆင့်သို့ တက်လှမ်းနိုင်သူမှာ အလွန်ပင် နည်းပါးလှသည်။
ကျင့်ကြံခြင်း အဆင့်ကျော်ဖြတ်ရန် အထောက်အကူပြုသော အဖိုးတန်ဆေးမြစ်များမှာ ပို၍ပင် ရှားပါးလှသည်။ သာမန် ကျင့်ကြံသူ တစ်ဦးအတွက် ကျော်ဖြတ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက် မြှင့်တင်ပေးနိုင်သော အဖိုးတန်ဆေးမြစ် တစ်ခုကို ရှာတွေ့ခြင်းမှာပင် ကောင်းကင်ဘုံကို ဆန့်ကျင်သော ကံတရားရှိသည်ဟု ယူဆနိုင်သည်။
သို့သော် ယဲ့ဖန်မှာ ထိုကဲ့သို့သော အဖိုးတန်ဆေးမြစ် ငါးခုလုံးကို တစ်ယောက်တည်း ပိုင်ဆိုင်ထားခြင်းမှာ သူ၏ကံတရား မည်မျှအထိ ကြောက်စရာကောင်းကြောင်း ပြသနေခြင်းပင်။
ရှောင်ချီသည် သူ၏အကြည့်ကို သိုလှောင်လက်စွပ်အတွင်းရှိ နောက်ဆုံးကျန်ရှိနေသော ရတနာများဆီသို့ လွှဲလိုက်သည်။
သိုလှောင်မှုဟင်းလင်းပြင်၏ ထောင့်တစ်နေရာတွင် ဟောင်းနွမ်းနေသော စာအုပ်စင်အချို့ကို ချထားသည်။ အကယ်၍ သေသေချာချာမကြည့်လျှင် ၎င်းတို့ကို သတိထားမိလိမ့်မည်ပင် မဟုတ်ပေ။