အခန်း (၁၄၂) ကျိုယိုဘိုးဘေး၏ လက်ဝါးတစ်ပြင်တည်းကောင်းကင်ကို လွှမ်းမိုးခြင်း
"ညီအစ်ကို ယဲ့ဖန်... သေချင်ယောင်ဆောင်မနေပါနဲ့ဦး ကစားပွဲက အခုမှ စတာရှိသေးတယ်" ရှောင်ချီ သည် အဆိပ်ရည်ကို အသုံးပြု၍ ယဲ့ဖန်၏ နောက်ဆုံးကျန်ရှိသော ခြေထောက်ကို လုံးဝ အရည်ပျော်သွားစေပြီးနောက် ယဲ့ဖန်၏ ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ရှောင်ချီသည် လက်တစ်ဖက်ကိုမြှောက်၍ ယဲ့ဖန်၏နဖူးပေါ်သို့ တင်လိုက်သည်။ သူ၏ လက်ထဲမှ ဝိညာဉ်စွမ်းအား တန်းတစ်ခု ပွင့်ထွက်လာပြီး ယဲ့ဖန်၏ ဒဏ်ရာများကို ချက်ချင်းပင် ကုသပေးလိုက်သည်။
"အား..." ယဲ့ဖန်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ပြန်လည် နိုးကြားလာတော့သည်။
"ဘာဖြစ်လို့လဲ ညီအစ်ကို ယဲ့ဖန် အိပ်မက်ဆိုးတွေ မက်နေလို့လား"
ရှောင်ချီသည် ယဲ့ဖန်၏ စိုစွတ်နေသော ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးရင်း တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။
"ငါ တောင်းပန်ပါတယ်။ ငါ့ကို သတ်လိုက်ပါတော့" ယဲ့ဖန်သည် ရှောင်ချီကို ကြည့်ကာ ဝမ်းနည်းပက်လက် အသနားခံနေတော့သည်။
"ညီအစ်ကို ယဲ့ဖန်... ဒါ ဘယ်လိုစကားမျိုးလဲ ငါကဝေနိုင်ငံကြီးရဲ့ ပထမတန်းစား မင်းသားတစ်ပါးပဲ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို အလွယ်တကူ သတ်မှာလဲ" ရှောင်ချီက ခပ်ဖွဖွ ရယ်မောရင်း ခေါင်းခါလိုက်သည်။
"လူငယ်လေး ရှောင်ချီ... တစ်ဖက်လူကို လွှတ်ပေးလို့ရတဲ့ နေရာမှာ လွှတ်ပေးသင့်တယ် မင်းက ယဲ့ဖန်ရဲ့ ခြေလက်လေးဖက်စလုံးကို ဖြတ်ပြီးပြီပဲ သူ့အတွက် ရှင်သန်ခွင့် လမ်းစလေးတစ်ခုတော့ ချန်ထားပေးသင့်တာပေါ့"
ရှောင်ချီနှင့် ယဲ့ဖန်တို့ ပျော်ရွှင်စွာ စကားပြောနေစဉ်မှာပင် ဟင်းလင်းပြင်ထဲမှ အိုမင်းရင့်ရော်သော အသံတစ်သံ ဟိန်းထွက်လာသည်။
"ဒီစီနီယာက ဘယ်သူလဲ ဘာလို့ ငါ့ကိစ္စထဲကို ဝင်ပါနေရတာလဲ" ရှောင်ချီက ထိုသူကို မသိသဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ငါက ဝူချန်းဂိုဏ်းရဲ့ ကျိုယို အရှင်ပဲ မင်းရဲ့ ဆရာနဲ့လည်း လူဟောင်းတွေပေါ့။ မင်း ဝယ်ခဲ့တဲ့ နယ်နိမိတ်ကျော်ဖြတ် အဆောင်က ငါကိုယ်တိုင် လုပ်တဲ့ဟာလို့ ကြားတယ်။ ငါတို့ကြားမှာ ကံပါလာတယ်လို့ ပြောလို့ရတာပေါ့"
ထိုအဘိုးအိုသည် အပြာရောင်သန်းသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မုတ်ဆိတ်ဖြူများမှာ အနည်းငယ် ရှုပ်ပွနေသည်။ သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ အချိန်ကာလက ထွင်းထုထားသော အရာများကဲ့သို့ပင်။
"ဒါဆို စီနီယာကျိုယိုပေါ့ အဲ့ဒီလိုဆိုရင် စီနီယာက ငါ့အတွက် ကျေးဇူးရှင် တစ်ဝက်လို့တောင် ပြောလို့ရပါတယ်။ ဒါနဲ့ စီနီယာက ဒီနေ့ ငါ့ကိစ္စထဲကို ဘာလို့ ဝင်ပါရတာလဲ ယဲ့ဖန်နဲ့ အရင်က ဘာပတ်သက်မှုများ ရှိလို့လဲ"
ရှောင်ချီသည် ကောင်းကင်ယံရှိ အဘိုးအိုကို လက်ဝါးချင်းယှက်ကာ လေးနက်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ဤအဘိုးကြီး၏ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။ ရှောင်ချီအနေဖြင့် သူ၏ကျင့်ကြံခြင်း အဆင့်ကို အနည်းငယ်သာ မြင်နိုင်သော်လည်း ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းပြီး သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော အရှိန်အဝါကို ခံစားနေရသည်။
ရှောင်ချီသည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော်လည်း ဤမျှ အဆင့်မြင့်သော ပညာရှင်တစ်ဦးကို ရင်ဆိုင်နိုင်ပြီဟု ထင်ရလောက်အောင် မာနမကြီးပေ။
"ဒီယဲ့ဖန်က ငါ့ရဲ့မြေးတပည့်ရဲ့ အသက်ကို တစ်ခါကယ်ခဲ့ဖူးတယ် ဒါကြောင့် သူနဲ့ ငါ့ကြားမှာ ကံကြမ္မာ ရှိနေတယ်။ အကယ်၍ လူငယ်လေး ရှောင်ချီက ငါ့မျက်နှာကို ထောက်ထားပြီး သူ့ကို လွှတ်ပေးမယ်ဆိုရင် ငါ မင်းကို သေချာပေါက် ပြန်ပြီး ပေးလျော်ပါ့မယ် မင်းလည်း ယဲ့ဖန်ကို ဒီလောက်အထိ နှိပ်စက်ပြီးပြီပဲ မင်းရဲ့ဒေါသတွေလည်း ပြေလောက်ပါပြီ ငါ့ကိုကူညီတဲ့အနေနဲ့ သူ့ကို လွှတ်ပေးလိုက်ပါလား"
အဘိုးအို၏ အသံမှာ အလွန်ပင် နူးညံ့သိမ်မွေ့လှသည် စီနီယာတစ်ဦးက ဂျူနီယာတစ်ဦးကို ဆုံးမနေသကဲ့သို့ပင် သို့သော် အဘိုးအို၏ စကားကို ကြားသောအခါ ရှောင်ချီ၏ နှုတ်ခမ်းများမှာ မသိမသာ တွန့်ကွေးသွားသည်။ ဤကံကြမ္မာသားတော်များ အုပ်စုမှာ တကယ်ပင် သတ်ရခက်လှသည်။
ဒီနေ့တော့ ယဲ့ဖန် သေချာပေါက် သေပြီဟု သူ ထင်ထားသော်လည်း ကျိုယိုအရှင်က ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ ၎င်းက ရှောင်ချီကို အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားစေသည်။
"ကောင်းပါပြီ စီနီယာက ဒီလောက်အထိ ပြောမှတော့ ငါ စီနီယာ့မျက်နှာကို ထောက်ထားပါ့မယ်။" ရှောင်ချီက ခေါင်းညိတ်လိုက်ပြီး အဘိုးအိုကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
"စီနီယာ... ငါ သူ့အသက်ကို ချမ်းသာပေးနိုင်ပါတယ် ဒါပေမဲ့ သူ့မှာ ပါသမျှ ပစ္စည်းအားလုံးကိုတော့ ငါ ယူရလိမ့်မယ်"
အဘိုးအိုက ကျေနပ်စွာ ပြုံးလိုက်သော်လည်း ရှောင်ချီကို မချီးမွမ်းနိုင်ခင်မှာပင် ရှောင်ချီ၏ ဒုတိယ စကားစုကြောင့် သူ ဆွံ့အသွားတော့သည်။
"လူငယ်လေး... အခွင့်အလမ်းဆိုတာ အတင်းအကျပ် လုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ ယဲ့ဖန်လေး ပိုင်ဆိုင်ထားတဲ့ အရာတွေက သူကိုယ်တိုင် အားထုတ်ပြီး ရလာတဲ့ အခွင့်အလမ်းတွေပဲ။ မင်းက အတင်းအကျပ် လုယူမယ်ဆိုရင် အဲ့ဒါက မသင့်တော်ဘူးထင်တယ်" ဟု အဘိုးအိုက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။
"စီနီယာ... ငါ စီနီယာ့မျက်နှာကို အတော်လေး ထောက်ထားပြီးပြီ။ ဒီလောက် သေးငယ်တဲ့ တောင်းဆိုချက်ကိုတောင် စီနီယာက သဘောမတူနိုင်ဘူးဆိုရင် အဲ့ဒါက နည်းနည်းတော့ လွန်မနေဘူးလား"
ရှောင်ချီ၏ မျက်လုံးများ မှေးစပြုလာပြီး သူ၏ လေသံမှာလည်း ပို၍ ပြတ်သားလာတော့သည်
"လူငယ်လေး... မင်း ဝေနိုင်ငံမှာ မကြာသေးခင်က အတော်လေး နာမည်ကြီးနေတာကို ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါ မင်းကို သတိပေးလိုက်မယ် မင်းလုံးဝ သွားမစသင့်တဲ့ လူအချို့ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့"
အဘိုးအိုက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏အရှိန်အဝါများ ပွင့်ထွက်လာသည်။ တစ်ကမ္ဘာလုံးရှိ ဝိညာဉ်ချီများ တုန်လှုပ်သွားတော့သည်။ မူလက ကြည်လင်နေသော ကောင်းကင်ယံမှာ ချက်ချင်းပင် မှောင်အတိ ကျသွားသည် အဘိုးအို၏ စိတ်ခံစားချက်က ရာသီဥတုကိုပင် ပြောင်းလဲနိုင်သည့်သဖွယ်
ရှောင်ချီသည်လည်း သူ့အပေါ် ဖိနှိပ်ထားသော မမြင်ရသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာတော့သည်
စီနီယာ... နောက်ဆုံးတော့ ငါကစီနီယာ့ကို ဘာမှအကြွေးမတင်ပါဘူး အဲ့ဒီ နယ်နိမိတ်ကျော်ဖြတ် အဆောင်ဆိုတာကလည်း ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ လေလံပွဲမှာ ဝယ်ခဲ့တာလေ။ စီနီယာနဲ့ ဘာမှ မဆိုင်ပါဘူး အခု စီနီယာက ငါ့ဆီကနေ ကျေးဇူးတောင်းနေပြီး ယဲ့ဖန်ရဲ့ အသက်ကို ချမ်းသာပေးဖို့ ပြောနေတယ်။
ငါ့ဆရာနဲ့ စီနီယာတို့ရဲ့ အရင်က ပတ်သက်မှုကို ထောက်ထားပြီး ငါဒီကျေးဇူးကို ပေးဖို့ အဆင်သင့်ပဲ ဒါပေမဲ့ ငါ့ရဲ့ သည်းခံနိုင်စွမ်းကိုတော့ လာပြီး စမ်းသပ်မနေပါနဲ့။
ယခုအချိန်တွင် ရှောင်ချီသည်လည်း အတော်လေး အံ့ဩနေမိသည်။ ယဲ့ဖန်၏ သိုလှောင်အိတ်ထဲတွင် ဘာတွေများ ရှိနေလို့ ဤအဘိုးကြီးက ဂျူနီယာတစ်ယောက်နှင့် တိုက်ခိုက်ရလောက်အောင်အထိ သိက္ခာမဲ့နေရတာလဲ။
"ဟင်း... ကောင်လေး ငါ မင်းကို ကောင်းကောင်းမွန်မွန် ပြောနေတာက ဟိုအဘိုးကြီး စင်ကြယ်သောလမင်းရဲ့ မျက်နှာကို ထောက်ထားလို့ပဲ မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့တော့"
အဘိုးအိုက နောက်တစ်ကြိမ် အေးစက်စွာ နှာမှုတ်လိုက်ပြန်သည် ထို့နောက် သူ၏ လက်ဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ကောင်းကင်ယံရှိ တိမ်မည်းကြီးများမှာ အမိန့်ရသကဲ့သို့ လျင်မြန်စွာ စုစည်းလာတော့သည်
ခဏအတွင်းမှာပင် မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ဧရာမ လက်ဝါးပုံရိပ်ကြီးတစ်ခု ကောင်းကင်တွင် ပေါ်လာခဲ့ပြီ။
"ငါ နောက်ဆုံးတစ်ခါ ထပ်မေးမယ်:မင်း နောက်ဆုတ်မလား မဆုတ်ဘူးလား"
အဘိုးအိုသည် လက်ဝါးတစ်ပြင်တည်းဖြင့် ကောင်းကင်ကို လွှမ်းမိုးထားကာ အောက်ရှိ ရှောင်ချီကို အေးစက်စွာ ငုံ့ကြည့်နေသည်။ ရှောင်ချီသာ ဟင့်အင်း ဟု ပြောလိုက်လျှင် ဤဧရာမ လက်ဝါးကြီး ကျဆင်းလာပြီး ရှောင်ချီကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်တော့မည့် အလား။
"ဆရာ... ကယ်ပါဦး ဒီမှာ အရှက်မရှိတဲ့ အဘိုးကြီးတစ်ယောက်က ဆရာ့တပည့်ကို ရိုက်ဖို့ လုပ်နေတယ်"
သို့သော် ရှောင်ချီမှာ လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ သူသည် ကောင်းကင်ယံသို့ လှမ်း၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေဆဲပင်။ ရှောင်ချီထံသို့ မည်သည့် တုံ့ပြန်မှုမှ ရောက်မလာခဲ့ပေ။ အခြေအနေမှာ ချက်ချင်းပင် အတော်လေး အိုးတိုးအောင့်တေး ဖြစ်သွားတော့သည်
"ဟားဟားဟား... ကောင်လေး မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ မင်း ခေါ်လိုက်တာနဲ့ မင်းဆရာက ချက်ချင်း ရောက်လာမယ်လို့ ထင်နေတာလား မဟာယာနအဆင့်က ပညာရှင်တစ်ယောက်က မင်းတို့အိမ်က ကလေးထိန်းများ မှတ်နေလို့လား"
အဘိုးအိုသည် မျှော်လင့်တကြီး စောင့်နေသော ရှောင်ချီကိုကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူ၏ စိတ်အခြေအနေမှာ အလွန်ပင် တည်ငြိမ်လှသည် သူ တစ်စုံတစ်ဦးကို ရယ်မောခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယနေ့တွင်မူ ဂျူနီယာတစ်ဦး၏ ရယ်စရာကောင်းသော လုပ်ရပ်ကြောင့် အားပါးတရ ရယ်မောမိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ငါ့ရဲ့ တပည့်လေးက ငါ့ကို လာရှာနေမှတော့ ငါလာရမှာပေါ့" သို့သော် ကျိုယို အရှင်၏ ရယ်သံ မဆုံးခင်မှာပင် ဤဟင်းလင်းပြင်ထဲတွင် အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ကျိုယိုအရှင်သည် ဤနေရာတွင် ရုတ်တရက် ပေါ်လာသော အိုမင်းသော ပုံရိပ်ကို မယုံကြည်နိုင်လောက်အောင် ကြည့်လိုက်မိသည် သူ၏လှောင်ပြောင်နေသော ရယ်သံများမှာ ချက်ချင်း ရပ်တန့်သွားပြီး ညစ်ပတ်သောအရာတစ်ခုကို စားမိလိုက်သကဲ့သို့ ထူးဆန်းသော မျက်နှာအမူအရာ ဖြစ်သွားတော့သည်လေ။
"အဘိုးကြီး... မင်း တောင်ပေါ်ကနေ မဆင်းတာ ရာစုနှစ်နဲ့ချီနေပြီလေ အခုတော့ ဒီလို ကောင်လေးတစ်ယောက်အတွက်နဲ့ အလွယ်တကူ ဆင်းလာရတယ်လို့ အဲ့ဒါက နည်းနည်းတော့ ကလေးကလား မဆန်လွန်းဘူးလား"
"ငါ တောင်ပေါ်က မဆင်းတာက ငါမဆင်းချင်လို့လေ ငါ့ကိုယ်ငါ အကျဉ်းချထားလို့မှ မဟုတ်တာ" ထိုအဘွားအိုသည် တောင်ဝှေးကို အားပြုကာ မြေပြင်ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ဟင်းလင်းပြင်ထဲတွင် တစ်လှမ်းချင်း လျှောက်လာပြီး ရှောင်ချီ၏ ဘေးသို့ ချဉ်းကပ်လာသည်။
ရှောင်ချီသည်လည်း အတော်လေး အံ့ဩသွားသည်။ သူက စိတ်ကူးပေါက်လို့ အော်ခေါ်လိုက်ခြင်းသာ ဖြစ်သည် သူ၏ ဆရာ တကယ် ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ဒီကလေးရဲ့ ကျင့်ကြံခြင်း တိုးတက်မှုက အရမ်းမြန်လွန်းတော့ နောက်ဆိုရင် ငါကမင်းကို ကာကွယ်ပေးရမှာ မဟုတ်ဘဲ မင်းက ငါ့ကိုပြန်ကာကွယ်ပေးရမှာကို ငါကြောက်နေရပြီ
ငါ မင်းကိုကာကွယ်ပေးနိုင်တုန်းမှာတော့ ငါ ဒါကိုနောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ပေးသင့်တာပေါ့"
စင်ကြယ်သောလမင်းဘိုးဘေးသည် ရှောင်ချီကို ကြည့်ကာ ခပ်ပါးပါး ပြုံးပြလျက် နူးညံ့စွာ ပြောလိုက်သည်။