အခန်း (၁၃၉) ယဲ့ဖန် ရှောင်ချီကိုမုန်းတီးရခြင်းအကြောင်းရင်း
အချို့သော အကြွေးများသည် ပြန်ဆပ်ရန်ကံပါလာပြီး အချို့သော ရန်ငြိုးများသည်လည်း ကလဲ့စားချေရန် ကံပါလာစမြဲပင် ယဲ့ဖန်သည် ခဏတာထွက်ပြေးနိုင်ကောင်း၏ သို့သော် ထာဝရတော့ မလွတ်နိုင်ပေ။ သူသည် ဝိညာဉ်မျိုးနွယ်စု၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ကောင်းသော်လည်း ရှောင်ချီ၏ ပိတ်ဆို့မှုကိုမူ မကျော်လွှားနိုင်ပါ။
တစ်ခါတစ်ရံတွင် ကံကြမ္မာဆိုသည်မှာ တကယ်ပင် ဆန်းကြယ်လှသည်။ အရင်တုန်းက နယ်စပ်တွင် ယဲ့ဖန်သည် ရှောင်ချီ၏ ထွက်ပြေးမည့်လမ်းကို ပိတ်ဆို့ခဲ့ဖူးသည်။ ယခုမူ အခြေအနေမှာ တိတိကျကျ ပြောင်းပြန်ဖြစ်သွားခဲ့ပြီ ရှောင်ချီက ယဲ့ဖန်၏ ရှင်သန်ခွင့်လမ်းကို ပိတ်ဆို့ထားခြင်းပင်။
"ဖန်လောင်... တောင့်ခံထားပါဦး ဒီနယ်မြေကနေ လွတ်သွားတာနဲ့ ကျွန်မရှင်ကို ကုသပေးပါ့မယ်" လင်းကျောက်လန်သည် စိုးရိမ်တကြီးဖြင့် ယဲ့ဖန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာပြီး အတွင်းဒဏ်ရာများကို ပြန်လည်ပြုပြင်ပေးနေသည်။
လိပ်တစ်ကောင်ကဲ့သို့ ဇွဲကောင်းလှသော ယဲ့ဖန်၏ သက်စောင့်အားနှင့်ဆိုလျှင် ဤဒဏ်ရာအသေးအဖွဲလေးများမှာ သူ့ကိုအကြီးအကျယ် ဒုက္ခမပေးနိုင်ပေ။
သူ သေလုမြောပါးဟန်ဆောင်နေရခြင်းမှာ ဝိညာဉ်မျိုးနွယ်စုဝင်များကို လှည့်ဖြားရန်သာဖြစ်သည်။
အကယ်၍ ဝိညာဉ်မျိုးနွယ်စုက သူပြင်းထန်စွာ ဒဏ်ရာရနေပြီး သေတော့မည်ဟု ယုံကြည်သွားလျှင် သူတို့ နောက်ထပ် မလိုက်တော့ဘဲ နေနိုင်သည် မဟုတ်ပါလား။
၎င်းမှာ ဖြစ်နိုင်ခြေတစ်ခုသာဖြစ်သည်။ ဝိညာဉ်မျိုးနွယ်စုဝင်များမှာလည်း အရူးများမဟုတ်ကြသဖြင့် ဤကဲ့သို့ အပေါစား လှည့်ကွက်မျိုးကို ယုံချင်မှ ယုံကြပေလိမ့်မည်။
သို့သော် သေလုမြောပါးဖြစ်နေသည့် ဟန်ဆောင်မှုက အကျိုးကျေးဇူးများစွာရှိနေသည်မှာ အမှန်ပင်
ဘယ်သူက သေတော့မယ့် ဒဏ်ရာတွေနဲ့ လူတစ်ယောက်ကို သတိထားနေမှာလဲ။
ဒီလူတွေ သတိလက်လွတ်ဖြစ်သွားတာနဲ့ ယဲ့ဖန်က ပထမဆုံးရတဲ့ အခွင့်အရေးမှာပဲ သေစေနိုင်တဲ့ တိုက်ကွက်ကို ထုတ်နိုင်သည်လေ။ ဒါက သူ့ရဲ့ ရှင်သန်ခြင်း နည်းလမ်းပင် ဖြစ်သည်။
"ဒီလောက် အလောတကြီး ထွက်သွားရတာ နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား မင်းရဲ့ နောက်က တပည့်တွေက မင်းအတွက်နဲ့ သွေးချောင်းစီး တိုက်ပွဲဝင်နေကြတာလေ"
ယဲ့ဖန်နှင့် သူ၏အုပ်စု ဝိညာဉ်ဓားဂိုဏ်း၏ နယ်နိမိတ်အတွင်းမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခုက သူတို့၏ ရှေ့မှ ပိတ်ဆို့လိုက်သည်။
"ဘယ်သူလဲ ခင်ဗျားအခုလိုအချိန်မှာ ငါတို့ကိုပိတ်ဆို့တာက ငါတို့ရဲ့ရန်သူတော်ဖြစ်ဖို့ ရွေးချယ်လိုက်တာပဲ။ အခုချက်ချင်း ဖယ်ပေးဖို့ ငါအကြံပေးချင်တယ် မဟုတ်ရင် ငါတို့ ခင်ဗျားကို တစ်သက်လုံး လိုက်သတ်မှာ"
ယခုအချိန်တွင် ယဲ့ဖန်မှာ ဒဏ်ရာရနေသဖြင့် လင်းကျောက်လန်ကပင်အုပ်စု၏ အားကိုးရာ ဖြစ်နေသည်။ သူမသည် ရှေ့သို့တက်ကာ အဝေးရှိ မျက်နှာဖုံးစွပ်ထားသော ရှောင်ချီကို အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ရန်သူတော် အဲ့ဒီစကားလုံးက ငါတို့ရဲ့ ပတ်သက်မှုကို ဖော်ပြဖို့ မလုံလောက်သေးဘူးထင်တယ်"
ရှောင်ချီသည် သူ၏မျက်နှာဖုံးကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး နူးညံ့သော အပြုံးတစ်ခုကို ပြသလိုက်သည်။
"နင်... နင်... နင်က ရှောင်ချီ" လင်းကျောက်လန်၏ လက်များမှာ မထိန်းချုပ်နိုင်ဘဲ တုန်ရင်လာသည်။ သူမသည် ရှောင်ချီရှိရာသို့ ညွှန်ပြရင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် မေးလိုက်သည်။
မင်းရဲ့ စေ့စပ်ထားသူဟောင်းကို မမှတ်မိနိုင်တော့တဲ့အထိ အချိန်တွေ အများကြီး ကြာသွားလို့လား အော်... နေဦး အဲ့ဒါမမှန်ဘူးပဲ။ ငါတို့က စေ့စပ်ထားတာကို ဖျက်သိမ်းပြီးပြီပဲ မင်းရဲ့ အခု စေ့စပ်ထားသူက ဟိုမှာလဲနေတဲ့သူ မဟုတ်လား။
ဟားဟားဟား... ဆုံရတာ ကံတရားပါပဲ။ အားလုံး ထိုင်ပြီး သောက်ကြရအောင်လား။
ယခုအချိန်တွင် ရှောင်ချီ၏စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေသည် လင်းကျောက်လန် သူမနောက်က ယဲ့ဖန်ပြီးတော့ ယဲ့ဖန်ဘေးက သတိမထားမိလောက်တဲ့ လျူချင်းအာတို့ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
ဒီနေ့ သူ၏အကြီးမားဆုံးသော ခြိမ်းခြောက်မှုကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်သလို လင်းကျောက်လန်နဲ့ လျူချင်းအာတို့လို ယုတ်မာတဲ့ မိန်းမတွေကိုပါ တစ်ခါတည်း ရှင်းပစ်နိုင်မည် ဖြစ်သည် တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။
လင်းကျောက်လန်မှာ ဘာပြောရမှန်းမသိဘဲ ထိုနေရာမှာတင် ကျောက်ရုပ်ကဲ့သို့ ရပ်နေမိသည်။
အခြားတစ်ဖက်တွင်မူ ယဲ့ဖန်သည် အားယူကာ ထထိုင်လိုက်သည်။ ရှောင်ချီ၏ပုံရိပ်ကို ကြည့်ရင်း သူ၏စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားသော်လည်း ယဲ့ဖန်သည် လောကအတွေ့အကြုံများစွာ ရှိသူဖြစ်သဖြင့် အလွယ်တကူတော့ ကြောက်မသွားပေ။
"စီနီယာအစ်ကို... ဒီနေ့ ငါတို့ကြားမှာ ဒီလိုအခြေအနေထိ ဖြစ်ရမှာလား ငါယဲ့ဖန်က မင်းနဲ့ ဘာရန်ငြိုးမှမရှိပါဘူး မဟုတ်လား ဘာလို့ငါ့နောက်ကို ဒီလောက်အထိ တကောက်ကောက် လိုက်နေရတာလဲ"
ယဲ့ဖန်သည် ရှောင်ချီကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ကာ အနည်းငယ် တောင်းပန်တိုးလျှိုးသော လေသံဖြင့် မေးလိုက်သည်။
ရန်ငြိုးမရှိဘူး ဟုတ်လား မင်းဒါကို တကယ့်ကို အေးအေးဆေးဆေး ပြောနိုင်တာပဲ ငါ့ဇနီးကို လုယူသွားတဲ့ ရန်ငြိုးကိုတော့ ခဏထားလိုက်ဦးမယ်။ လင်းကျောက်လန်လို ယုတ်မာတဲ့ မိန်းမမျိုးကို မင်းယူသွားတာက ပိုတောင်ကောင်းသေးတယ် မဟုတ်ရင် သူမက သစ္စာမရှိတဲ့ ကောင်မပဲ ဖြစ်နေဦးမှာ မင်းငါ့ကို မတရားစွပ်စွဲခဲ့တဲ့ ကိစ္စကို ပြောကြရအောင်။ ဝိညာဉ်ဓားဂိုဏ်းရဲ့ အဖိုးတန် ရတနာဖြစ်တဲ့ ဟောက်ထျန်းစေတီကို မင်း မှတ်မိသေးရဲ့လား။
ငါ ထင်တာ မမှားဘူးဆိုရင် ဟောက်ထျန်းစေတီရဲ့ တကယ့် အနှစ်သာရက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းပဲ အကယ်၍ ငါသာကြိုတင်ပြင်ဆင်မထားခဲ့ဘဲ မင်းကလျှို့ဝှက်ကျင့်စဉ်ကို သုံးပြီး ဟောက်ထျန်းစေတီရဲ့ အခွံအလွတ်ကို ငါ့ရဲ့ ကျင့်ကြံရာဂူထဲမှာ ထားခဲ့ပြီး မင်းကိုယ်တိုင်က မူလဝိညာဉ်အနှစ်သာရတွေကို စုပ်ယူခဲ့ရင် ငါဘယ်လိုဖြစ်သွားမလဲဆိုတာ မင်း စဉ်းစားဖူးလား။
အမှန်တော့ ငါ မင်းကိုအမြဲတမ်း မေးချင်နေတာ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့ မင်း ဘာလို့ ငါ့ကို ဒီလောက်အထိ ထောင်ချောက်ဆင်ပြီး မတရား စွပ်စွဲခဲ့ရတာလဲ။
ရှောင်ချီသည် သူ၏အကြည့်ကို ဖြည်းညှင်းစွာ မြှင့်လိုက်ပြီး သေလုမြောပါး ဖြစ်နေသော ယဲ့ဖန်ကို ကြည့်ကာ မေးလိုက်သည်။ သူ ဤမေးခွန်းကို မေးချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အခွင့်အရေး မရခဲ့ခြင်းဖြစ်သည်။
ရှောင်ချီနှင့် ယဲ့ဖန်ကြားက ရှုပ်ထွေးမှုမှာ အဓိကအားဖြင့် လင်းကျောက်လန်ကြောင့်ပင် သို့သော် လင်းကျောက်လန်နှင့် သူ၏ လက်ထပ်ပွဲမှာ မူလက ဂိုဏ်းချုပ်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
လင်းကျောက်လန်က ယဲ့ဖန်ကိုရွေးချယ်သွားပြီးနောက် အရင်ဘဝတွင် ရှောင်ချီသည် အတင်းအကျပ် မလုပ်ခဲ့ဘဲ သူ၏ နေရာကို စွန့်လွှတ်ပေးခဲ့သည်။
သို့သော် ယဲ့ဖန်ကတော့ လက်မလျှော့ဘဲ ဟောက်ထျန်းစေတီကို သူ၏ဂူထဲတွင် လာထားခဲ့သည် ၎င်းမှာ နောက်ပိုင်းတွင် ရှောင်ချီအကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည့် အဓိက အကြောင်းရင်းပင်။
ဘာလို့လဲ ဟုတ်လား မင်းက ဘာလို့လဲလို့ မေးရဲသေးတယ်ပေါ့ ငါတို့နှစ်ယောက်လုံးက ဖုန်းတောင်းစားတွေ ဘဝကနေ စခဲ့တာပဲ ဒါပေမဲ့ ဘာလို့လဲ ဘာလို့မင်းကျတော့ လှပတဲ့ဆရာဆီမှာ တပည့်အဖြစ် အခေါ်ခံရတာလဲ ဘာလို့မင်းဘေးမှာ စီနီယာအစ်မတွေ ဂျူနီယာညီမတွေ ဝိုင်းဝိုင်းလည်နေရတာလဲ ဘာလို့ဂိုဏ်းချုပ်ရဲ့ သမီးက မင်းနဲ့ စေ့စပ်တာလဲ။
ဘာလို့ ဒီလောကရဲ့ ကံကောင်းခြင်းတွေ အားလုံးက မင်းဆီမှာပဲ ရှိနေရတာလဲ ငါမင်းကို ပျက်စီးစေချင်ခဲ့တာ။ မင်းတန်ဖိုးထားတဲ့ လူတိုင်း မင်းကိုသစ္စာဖောက်စေချင်ခဲ့တာ။ မင်းရဲ့ ဆရာကိုတောင် ငါ့ရဲ့ ကစားစရာ ဖြစ်စေချင်ခဲ့တာ။
“ဟားဟားဟား...”
ယဲ့ဖန်၏ မျက်နှာမှာ ရုတ်တရက် ထူးဆန်းသွားသည်။ သူသည် ရှောင်ချီကို တွန့်လိမ်နေသော မျက်နှာဖြင့် ကြည့်ကာ ပြင်းထန်သော မုန်းတီးမှုများဖြင့် ပြောလိုက်သည်။
"ငါ တစ်ခုပဲ မှားတွက်ခဲ့တာက လင်ယွင်ဆိုတဲ့ မိန်းမယုတ်ကို ငါ့လက်ထဲကနေ လွတ်သွားစေခဲ့တာပဲ
မင်းသာ ဒီလောက်အထိ အမြန်ကြီး တိုးတက်မလာခဲ့ရင် ငါ့ရဲ့အစီအစဉ်တွေကို ငါကိုယ်တိုင် ဖျက်ဆီးစရာ လိုမှာမဟုတ်ဘူး အားလုံးက မင်းကြောင့်ပဲ မင်းကြောင့်ဖြစ်ရတာ မဟုတ်ရင် လင်ယွင်က ငါ့အပေါ်မှာ အခုထိ အကြွင်းမဲ့သစ္စာရှိနေဦးမှာ"
ယဲ့ဖန်၏ မျက်နှာမှာ အတော်လေး တွန့်လိမ်နေသဖြင့် သူ၏ မူလ ချောမောသော မျက်နှာမှာပင် ကြောက်စရာ ကောင်းလာတော့သည်။
ဟက်... မင်းရဲ့ အတွေးက ဒါပဲလား တကယ်ကိုရယ်စရာကောင်းလိုက်တာ မင်းပြောတဲ့ အရာတွေကို ငါတစ်ခါမှ ဂရုမစိုက်ခဲ့ဖူးဘူး။ ငါတစ်ခုတည်း ဂရုစိုက်ခဲ့တာက လင်ယုရှုရဲ့ အသက်ပဲ
ဒီနေ့ ငါမင်းကို သတ်ဖို့လာရတာက အကြောင်းရင်း နှစ်ခုရှိတယ်။ ပထမက ငါ့ကို မတရား စွပ်စွဲခဲ့တာအတွက်။ ဒုတိယက လင်ယုရှုကို သတ်ဖို့ ကြံစည်ခဲ့တာအတွက်ပဲ။
ယဲ့ဖန်... ဒီနေ့ ကောင်းကင်နတ်မင်းကြီးဆင်းလာရင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို အပိုင်းပိုင်း မပြတ်မချင်း အနားယူမှာမဟုတ်ဘူး။
ရှောင်ချီက အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါမှာ ရုတ်တရက် ခက်ထန်ရူးသွပ်လာတော့သည် သူ၏နီရဲသော မျက်လုံးအစုံမှ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများ ပွင့်ထွက်လာသည်။
"ဟားဟားဟား... အခု ငါ့မှာ အသက်တစ်ရှူစာပဲ ကျန်တော့တယ်။ မင်းလက်ထဲမှာ သေရတာကလည်း မဆိုးပါဘူး"
ယဲ့ဖန်က ရုတ်တရက် အားပါးတရ ရယ်မောလိုက်သည်။ သူသည် ထမ်းစင်ပေါ်တွင် အေးအေးဆေးဆေး ပြန်လှဲလိုက်ပြီး သူ၏လေသံမှာ အားလုံးကို စွန့်လွှတ်လိုက်သည့်သဖွယ် ဖြစ်နေသည်။
ယဲ့ဖန်၏ဘေးတွင် ရပ်နေသော ဝိညာဉ်ဓားဂိုဏ်းတပည့် ရာပေါင်းများစွာမှာ သူတို့ကြားလိုက်ရသည့် စကားများကြောင့် အံ့ဩတုန်လှုပ်နေကြသည်။ သူတို့ အားကျခဲ့ရတဲ့ သူတော်စင်ယဲ့ဖန်က တကယ်ပဲ ဒီလောက်အထိ ယုတ်မာတဲ့ လူတစ်ယောက်လား မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး။ တစ်ခုခုတော့ မှားနေမှာပါ ဤလူများသည် သူတို့၏စိတ်ထဲတွင် ရှိနေသော ယဲ့ဖန်၏ မြင့်မြတ်သော ပုံရိပ်ကို မပျက်စီးစေချင်သဖြင့် ထိုအတွေးများကို အတင်းအကျပ် ငြင်းပယ်နေကြသည်လေ။
"လင်ရှောင်ဓားကိုးချက် သတ္တမမြောက် တိုက်ကွက် ဓားတစ်သောင်း မူလသို့ပြန်ခြင်း" ရှောင်ချီက ယဲ့ဖန်၏ စကားကို ဂရုမစိုက်ဘဲ အေးစက်စွာ ပြောလိုက်သည်။
သူ၏ ဓားရှည်မှာ သူ၏လက်ထဲတွင် ကခုန်နေသည်။ နောက်တစ်စက္ကန့်တွင် ပျံသန်းနေသော ဓားပေါင်း တစ်သောင်းမှာ ရှောင်ချီ၏ ခေါင်းပေါ်တွင် ဝဲပျံနေတော့သည်။