အခန်း (၁၃၃) သားရဲယဉ်ပါးစေခြင်းဂိုဏ်းကိုတိုက်ခိုက်ခြင်း
ဓားရှည်ကို သန့်စင်ပြီးနောက် ရှောင်ချီသည် ၎င်းကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူသည် ဂိုဏ်း၏ထွက်ပေါက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ကျင့်စဉ်တရား၏ နက်နဲသော အရှိန်အဝါများက သူ့ပတ်ပတ်လည်တွင် ဝဲလည်နေသကဲ့သို့ပင်။
ကျောက်စိမ်းကညာဂိုဏ်းမှ တပည့်များသည် ရှောင်ချီ၏ လှုပ်ရှားမှုတိုင်းကို အနီးအနားမှ မပြတ် စောင့်ကြည့်နေကြသည်။
"သူက စစ်နတ်ဘုရား ရှောင်ချီလား အဲ့ဒီလိုမြင့်မြတ်တဲ့ အရှိန်အဝါက ငါ့ကိုတော့ ဆွဲဆောင်လွန်းလို့ သေတော့မှာပဲ"
"ငါပြောပြမယ် အရင်တုန်းက ငါ သူနဲ့ပြိုင်ပွဲစင်မြင့်ပေါ်မှာ တကယ်တိုက်ခဲ့ဖူးတာ"
"ဟေ့... အဲ့ဒါကို ကြွားနေစရာ မလိုပါဘူးနော် အဲ့ဒီတုန်းက ငါတို့တွေပဲ အပြတ်အသတ် အရိုက်ခံခဲ့ရတာ မဟုတ်လား"
"ဘာတွေပြောနေတာလဲ စစ်နတ်ဘုရားရဲ့ အရိုက်ကို ခံရတာကလည်း ဂုဏ်ယူစရာ တစ်မျိုးပဲလေ ဟုတ်တယ်မလား"
"အဲ့ဒီနေ့ရက်တွေကို တကယ်လွမ်းတယ် စစ်နတ်ဘုရားက ငါ့ကိုနောက်တစ်ခါလောက် ထပ်ပြီး ရိုက်ပေးစေချင်လိုက်တာ"
ပတ်ဝန်းကျင်ရှိ တပည့်မလေးများသည် ရှောင်ချီဖြတ်သွားသည်ကို ကြည့်ကာ မျက်လုံးများ အရောင်တောက်လျက် တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
သို့သော် နောက်ဆုံး တပည့်မလေးက ထိုစကားကိုပြောလိုက်သောအခါ ဘေးပတ်ပတ်လည်ရှိ တပည့်မလေးအားလုံးက သူမကိုအထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်
ဤမိန်းကလေးမှာ တစ်ခုခု မှားနေပြီ ဖြစ်ရမည် အရိုက်ခံရခြင်းကို စွဲလမ်းနေသူမျိုး သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
"မင်းသားကြီး... လှေပေါ် တက်ပါတော့" ရှောင်ချီ ကျောက်စိမ်းကညာဂိုဏ်း၏ တောင်တံခါးသို့ ရောက်သောအခါ ကိုယ်ရံတော်ဒါဇင်ပေါင်းများစွာက ဒူးတစ်ဖက်ထောက်ကာ ညီညာစွာ အော်ဟစ်နှုတ်ဆက်ကြသည်။
ရှောင်ချီက ခေါင်းတစ်ချက် ငြိတ်ပြလိုက်ပြီး ပျံသန်းသည့်လှေပေါ်သို့ ခန့်ညားစွာ တက်လိုက်သည်။
"ခဏနေဦး ငါလည်း လိုက်မယ်" ကိုယ်ရံတော်များ လှေပေါ်တက်နေစဉ်နှင့် ရှောင်ချီ ထွက်ခွာတော့မည့် အချိန်မှာပင် ကျော့ရှင်းသော ပုံရိပ်တစ်ခုက ဓားပျံကို စီးကာ လှေပေါ်သို့ ဆင်းသက်လာသည်။
"မဟုတ်တာ ငါဘာသွားလုပ်မလဲဆိုတာ မင်းသိသားနဲ့ မင်းက ဂိုဏ်းရဲ့သူတော်စင်မလေ မင်းရဲ့ အဆင့်အတန်းက အလွန်ထူးခြားတယ်။ မင်းရဲ့ လှုပ်ရှားမှုတိုင်းက ကျောက်စိမ်းကညာဂိုဏ်းကို ကိုယ်စားပြုနေတာ"
မိမိဘာသာ လိုက်ပါမည်ဟု ဆိုလာသော ယွီလင်လုံကို ကြည့်ကာ ရှောင်ချီက စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ် မင်းက ဂုဏ်သိက္ခာရှိတဲ့ သူတော်စင်မပဲ ဘာလို့တစ်နေ့ကုန် လျှောက်သွားပြီး ကလေးကလားတွေ လုပ်နေတာလဲ အစ်ကိုရှောင်ချီ... ကျွန်မမှာတော့ ဘာထူးခြားတဲ့ အဆင့်အတန်းမှ မရှိဘူး ကျွန်မလိုက်ခဲ့လို့ ရတယ်မလား"
ယွီလင်လုံ ပြန်ပြောရန် ပြင်နေစဉ်မှာပင် ရှောင်ချီ၏ ဘေးတွင် နောက်ထပ် လှပသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ယုဝေမှာ မည်သည့်နေရာမှ ရောက်လာသည်မသိဘဲ ရုတ်တရက် ပေါ်လာခြင်းပင်။
"တော်ကြပါတော့ နှစ်ယောက်လုံး ဂိုဏ်းထဲမှာပဲ လိမ္မာပါးနပ်စွာ နေခဲ့ကြစမ်းပါ" ရှောင်ချီ ခေါင်းကို မချိတင်ကဲ ခါယမ်းလိုက်သည်။ သူသည် ဤအမျိုးသမီးနှစ်ဦးအပေါ် ကျေးဇူးတရား အနည်းငယ် ရှိနေသေးသည် မဟုတ်ပါလား။
အကယ်၍ အရင်တုန်းက သူတို့နှစ်ယောက်သာ သူ့ကိုခေါပြီး နယ်စပ်ကို ထွက်မပြေးခဲ့ရင် သူ့ရဲ့ အသက်လေးဟာ အဲ့ဒီမှာတင် ပျောက်ကွယ်သွားလောက်ပြီလေ။ အဲ့ဒီဖြစ်ရပ်ကြောင့်ပဲ သူတို့ သုံးယောက်ကြားက ဆက်ဆံရေးဟာ အတော်လေး ကောင်းမွန်လာခဲ့တာပါ။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာလည်း ဒီအမျိုးသမီးနှစ်ယောက်ဟာ နာမည်ကောင်းရဖို့အတွက် နယ်စပ်ကို ခဏခဏလာတတ်ကြပါတယ်။ ရှောင်ချီက သူတို့ရဲ့ကိုယ်ရံတော်အဖြစ် တာဝန်ယူပေးခဲ့တာပေါ့။ နယ်စပ်မှာဆိုရင် သူတို့က မိစ္ဆာမျိုးနွယ်တွေရဲ့ အသိုက်အမြုံထဲကိုတောင် လမ်းလျှောက်သွားချင်တယ်ဆိုရင်တောင် မဖြစ်နိုင်တာ မဟုတ်ပါဘူး။
"ဒီလိုလုပ်လေ ငါတို့ မင်းနဲ့ လိုက်ခဲ့မယ် ဒါပေမဲ့ ဂိုဏ်းကို ဖျက်ဆီးမယ့် တိုက်ပွဲမှာတော့ ငါတို့ ပါဝင်မှာ မဟုတ်ဘူး"
"အကယ်၍ မင်းကို သူများတွေက သတ်လိုက်လို့ သေသွားခဲ့ရင် ငါတို့နှစ်ယောက်က မင်းရဲ့ အလောင်းကို ကောက်ပေးလို့ ရတာပေါ့။ အကယ်၍ မင်းက ကံကောင်းလို့ မသေဘဲ ထွက်ပြေးလာနိုင်ရင်လည်း အရင်တုန်းကလိုပဲ ငါတို့နှစ်ယောက်က မင်းကို ကျောက်စိမ်းကညာဂိုဏ်းဆီ ပြန်ခေါ်သွားပေးမယ်လေ"
ရှောင်ချီက မည်သို့မျှခွင့်မပြုသဖြင့် ယွီလင်လုံက သူမ၏နည်းဗျူဟာကို ပြောင်းလဲလိုက်ပြီး ဤတိုက်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
"ကောင်းပြီလေ ဒါဆိုရင် အချိန်ကျရင် ဝေးဝေးကနေပဲ ကြည့်နေကြ သွေးတွေစင်မခံစေနဲ့ဦး" ရှောင်ချီသည် ယွီလင်လုံနှင့် နင်ယူဝေတို့ကို မတတ်သာသလို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူတို့၏ တောင်းဆိုမှုကို သဘောတူလိုက်ရတော့သည်။
ရှောင်ချီက သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို ဖျက်ဆီးရန် ပျံသန်းသည့်လှေကို မောင်းနှင်နေစဉ် အခြားသော နေရာတစ်ခုတွင်မူ ယဲ့ဖန်သည် အသည်းအသန် ထွက်ပြေးနေရသည်။
အစွမ်းထက်သော ပညာရှင် အုပ်စုကြီးတစ်ခုမှာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေပြီး သူ့ကို ဝိုင်းရံပိတ်ဆို့ရန် အစဉ်တစိုက် ကြိုးစားနေကြသည်။
"ဆရာ... သူတို့ကို မျက်ခြေဖြတ်လို့ရမယ့် နည်းလမ်း မရှိဘူးလား" ယဲ့ဖန်က သူ၏ လက်ထဲမှ လက်စွပ်ကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"သူတို့က မင်းအပေါ်မှာ အမှတ်အသားလုပ်ထားခဲ့ပြီသား။ မင်း ကမ္ဘာကုန်အောင် ပြေးရင်တောင် သူတို့က မင်းနောက်ကို လိုက်လာမှာပဲ"
"ငါ မင်းကို ဒီအမှတ်အသားကိုဖယ်ရှားပေးဖို့ ကူညီပေးနိုင်ပါတယ် ဒါပေမဲ့ အနည်းဆုံး သုံးရက်တော့ ကြာလိမ့်မယ် ဒါပေမဲ့ အခုအခြေအနေအရဆိုရင် သုံးရက်ကြာပြီးတဲ့နောက်မှာ မင်းက ကျင့်ကြံခြင်းလောကအတွက် မြေသြဇာ ဖြစ်သွားလောက်ပြီ"
လက်စွပ်ထဲမှ အဖြူရောင် ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ယဲ့ဖန်ကို ကြည့်ကာ မတတ်သာသလို ပြောလိုက်သည်။
"ဆရာ... အခုက နောက်နေရမယ့် အချိန် မဟုတ်ဘူး။ နည်းလမ်းတစ်ခုခု မစဉ်းစားနိုင်ဘူးလား"
ယဲ့ဖန်သည် သူ၏ဓားပျံကို မောင်းနှင်နေရင်း နောက်မှ လိုက်လာသည့် လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
"လောလောဆယ်တော့ နည်းလမ်းတစ်ခုပဲရှိတယ် အဲ့ဒါကတော့ ဝိညာဉ်ဓားဂိုဏ်းဆီကို အမြန်ဆုံး ထွက်ပြေးဖို့ပဲ ဝိညာဉ်ဓားဂိုဏ်းရဲ့ အင်အားက ဒီလို ပြင်ပပညာရှင်တွေကို ခုခံဖို့ မလုံလောက်ပေမဲ့"
"သုံးရက်လောက် တောင့်ခံဖို့ဆိုတာ ပြဿနာမရှိလောက်ပါဘူး သုံးရက်ပြည့်သွားတာနဲ့ ငါမင်းရဲ့ ကိုယ်ပေါ်က အမှတ်အသားကို ဖယ်ရှားပေးနိုင်ပြီ။ အဲ့ဒီကျရင် မင်းကမ္ဘာအဆုံးမှာ ပုန်းနေရင်တောင် ဘယ်သူမှရှာတွေ့မှာ မဟုတ်တော့ဘူး။"
ဝတ်ရုံဖြူဝတ် အမျိုးသမီး သည် ယဲ့ဖန် ဤသို့မေးမည်ကို ကြိုသိနေပုံရသဖြင့် တိုက်ရိုက်ပင် ဖြေကြားလိုက်သည်။
"မဖြစ်ဘူး ဝိညာဉ်ဓားဂိုဏ်းက ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့တယ် သူတို့ကို ဒီလို အန္တရာယ်ထဲကို ဆွဲမသွင်းနိုင်ဘူး" ယဲ့ဖန်က ပြတ်ပြတ်သားသား ခေါင်းခါကာ ငြင်းဆိုလိုက်သည်။
"အို... ငါတို့ရဲ့ပါရမီရှင်ကြီး ယဲ့ဖန်က တကယ့်ကို သစ္စာရှိပြီး တရားမျှတပါလား ဒါကမင်းရဲ့ စရိုက်အစစ်ပဲလား"
"ဘာပဲဖြစ်ဖြစ် ငါကတော့ အကြံပေးပြီးပြီ ဘယ်လို ရွေးချယ်မလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်။ အကယ်၍ မင်းသေသွားခဲ့ရင် ဒီလက်စွပ်ကို ကံပါတဲ့သူတစ်ယောက်ဆီ ရောက်အောင် ပို့ပေးလိုက်ပါ ငါတပည့်အသစ် တစ်ယောက် ထပ်ရှာရမှာပေါ့"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည် သူမသည် ယဲ့ဖန်၏ အဖြေကြောင့် အနည်းငယ် အံ့အားသင့်သွားပုံရသည်။
"အကယ်၍ ကျွန်တော် ဝိညာဉ်ဓားဂိုဏ်းကို ပြန်သွားရင် ဂိုဏ်းကလူတွေ ဘာဖြစ်သွားမလဲ"
ယဲ့ဖန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဝတ်ရုံဖြူဝတ် အမျိုးသမီးကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။
"နှစ်ဖက် အင်အားကွာခြားချက်အရ ဝိညာဉ်ဓားဂိုဏ်းဟာ မင်းအတွက် ဒိုင်းလွှားတစ်ခု ဖြစ်သွားပြီး ပျက်စီးသွားလိမ့်မယ်"
"ဘယ်လို ရွေးချယ်မလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက ယဲ့ဖန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ လက်စွပ်ထဲသို့ ပြန်ဝင်သွားသည်။
ယဲ့ဖန်သည် အထပ်ထပ် အခါခါ တွေဝေနေခဲ့သော်လည်း နောက်ဆုံးတွင် ဦးတည်ချက်ကို ပြောင်းလဲကာ ဝိညာဉ်ဓားဂိုဏ်းဆီသို့ ပြန်လည် ပျံသန်းသွားခဲ့တော့သည်။
"ရှောင်ချီ တောင်ပေါ်ကို လာလည်တယ်" သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ တောင်တံခါးတွင် ကျယ်လောင်သော အသံတစ်ခုက မိုင်ပေါင်းများစွာအထိ ဟိန်းထွက်သွားသည်။
ရွှေရောင်အလင်းတန်းတစ်ခု လျှပ်ခနဲ ပေါ်လာပြီး ခန့်ညားလှသော ပျံသန်းသည့်လှေမှာ သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ တောင်တံခါးနှင့် မီတာ တစ်ရာခန့်အကွာတွင် ဆိုက်ရပ်လိုက်သည်။
ရှောင်ချီသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ တောင်တံခါးအထက်တွင် ချက်ချင်း ပေါ်လာသည်။
"ဘယ်လို အဆင့်မရှိတဲ့လူက ငါတို့ သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို ကျူးကျော်ဝင်ရောက်ရဲတာလဲ" တောင်တံခါးကို စောင့်ကြပ်နေသည့် တပည့် ဒါဇင်ပေါင်းများစွာက အထက်ရှိ ရှောင်ချီကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ရှူး... ရှူး... ရှူး..." သို့သော် သူတို့ကို ပြန်လည် ထူးလိုက်သည်မှာ ထက်မြက်လှသော ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ တောင်တံခါးစောင့် တပည့် ဒါဇင်ပေါင်းများစွာ၏ ရင်ဘတ်များမှာ ဓားအလင်းတန်းများဖြင့် အဖောက်ခံလိုက်ရပြီး သွေးများ မြေပြင်ပေါ်တွင် အိုင်ထွန်းသွားတော့သည်။
သို့သော် ရှောင်ချီက ဘာမှမဖြစ်သကဲ့သို့ တောင်တံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
"မင်းတို့ ဒီမှာပဲနေပြီး အဲ့ဒီနှစ်ယောက်ကို ကာကွယ်ပေးထား သားရဲယဉ်ပါးစေခြင်းဂိုဏ်းကလူတွေ မင်းတို့ကို ပစ်မှတ်မထားနိုင်အောင် ပျံသန်းလှေကို ဝေးဝေးကို မောင်းသွားလိုက်"
ရှောင်ချီ ထွက်ခွာသွားသည်နှင့် သူ၏အသံမှာ လှေအတွင်းတွင် ဟိန်းထွက်သွားသည် ဤစကားမှာ သူ၏ ကိုယ်ရံတော်များအတွက် ဖြစ်သည်မှာ ရှင်းလင်းလှသည်။
မူလက ဤကိုယ်ရံတော်များသည် ရှောင်ချီကို ကာကွယ်ရန် တာဝန်ရှိသော်လည်း အမှန်တကယ် အခြေအနေမှာမူ ရှောင်ချီကသာ သူတို့ကို ပြန်လည် ကာကွယ်ပေးနေရခြင်းပင်။
ကိုယ်ရံတော်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ရှောင်ချီ၏ အမိန့်ကို နာခံကာ ပျံသန်းသည့်လှေကို ထိုနေရာမှ ဝေးရာသို့ မောင်းနှင်သွားကြသည်။
"လူငယ်လေး... ခွင့်လွှတ်နိုင်တဲ့ အရာဆိုရင် ခွင့်လွှတ်ပေးသင့်ပါတယ် ငါတို့ဂိုဏ်းမှာ ဟေးဟူလို့ ခေါ်တဲ့ အဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက်က မင်းကို တကယ်ပဲ စော်ကားခဲ့ဖူးပါတယ်"
"ငါတို့ သူ့ကိုဂိုဏ်းကနေ ထုတ်ပစ်လိုက်ပြီ ဒါကမင်းအတွက် ရှင်းပြချက်တစ်ခုလို့ ယူဆနိုင်ပါတယ်။ ငါတို့ကို အမြစ်ပြတ်အောင် လုပ်ဖို့မလိုအပ်ပါဘူး လူငယ်လေး"
"အကယ်၍ မင်းအခု ထွက်သွားမယ်ဆိုရင် ငါတို့တောင်တံခါးက အသက်ပေါင်း ဒါဇင်များစွာအတွက် မင်းကို အပြစ်ယူမှာ မဟုတ်ဘူး"
ရှောင်ချီ တောင်အလယ်သို့ ရောက်သောအခါ ဝတ်ရုံရှည် ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက သူ၏ လမ်းကို ပိတ်ဆို့လိုက်သည်လေ။