အခန်း (၁၃) တံတိုင်းပြိုလဲတဲ့အခါ အားလုံးက ဝိုင်းတွန်းကြတယ်
နောက်ရက်အနည်းငယ်အတွင်း ဝိညာဉ်ဓားဂိုဏ်းတစ်ခုလုံးမှာ ပွက်လောရိုက်နေတော့သည်။ ဝိညာဉ်ဓားဂိုဏ်း၏ အတွင်းအပြင် လက်မမကျန် နေရာအနှံ့ကို အကုန်လှန်လှောရှာဖွေခဲ့ကြသည်။
အတိတ်ဘဝတုန်းကတော့ ရှောင်ချီလိုမျိုး အပြစ်ပုံချခံရမည့် ဓားစာခံတစ်ယောက် ရှိနေခဲ့သဖြင့် ဤကိစ္စကို နောက်ဆုံးတွင် အေးအေးဆေးဆေး ဖုံးဖိပြီး ဖြေရှင်းနိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အပြစ်ခံယူမည့်သူမရှိသဖြင့် ဂိုဏ်းတစ်ခုလုံးက ဤဝန်ထုတ်ဝန်ပိုးကို အတူတကွ ထမ်းဆောင်နေကြရသည်။ တစ်ဖက်တွင်လည်း ယဲ့ဖန်အတွက် အခြေအနေများမှာ အေးချမ်းမနေခဲ့ပေ။
လင်းကျောင်လန်က ယဲ့ဖန်ကို ဝိညာဉ်ဓားဂိုဏ်းသို့ ခေါ်ဆောင်လာကတည်းက ဂိုဏ်းချုပ်သည် ယဲ့ဖန်အတွက် နေထိုင်စရာ နေရာတစ်ခု စီစဉ်ပေးထားခဲ့သည်။
သူ၏သမီးကိုယ်တိုင်က ဤကောင်လေးကို သဘောကျနေသဖြင့် သူလည်း ဘာမှမတတ်နိုင်ပေ။ ဤကလေးမှာ တကယ်ပဲ ပြုစုပျိုးထောင်သင့်သည့် ပါရမီရှင်တစ်ဦး ဟုတ်မဟုတ်နှင့် သူ၏သမီးနှင့် လက်ထပ်ရန် ထိုက်တန်မှု ရှိမရှိကိုသာ သူ စောင့်ကြည့်နေခဲ့သည်။
အကယ်၍ သူသာ တကယ်ထိုက်တန်ကြောင်း သက်သေပြနိုင်လျှင် ရှောင်ချီကို နတ်ဘုရားသားတော်ရာထူးကနေ ဖယ်ရှားပစ်ဖို့ဆိုတာ ဘာမှမဟုတ်ပေ။
ဤကလေးကိုနတ်ဘုရားသားတော်အဖြစ် ခန့်အပ်လိုက်ရုံသာရှိသည်။ ဂိုဏ်းချုပ်ဖြစ်သူ သူ၏ စကားတစ်ခွန်းဖြင့်ပင် အားလုံး ပြီးစီးနိုင်သည် မဟုတ်ပါလား။
မူလဝိညာဉ်အနှစ်သာရဆိုသည်မှာ ထူးဆန်းသော အရာဖြစ်သည်။ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပါက ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလှသည်။
ဂိုဏ်းအကြီးအကဲများက မှော်လက်နက်များကို အသုံးပြုလျှင်တောင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် အတိတ်ဘဝတုန်းက ယဲ့ဖန်မှာ ဖမ်းမိခြင်းမရှိဘဲ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
တောင်အောက်ရှိ ရုန်းရင်းဆန်ခတ်မှုများနှင့် နှိုင်းယှဉ်ပါက ရှောင်ချီ ရှိနေသော တောင်နောက်ဘက်ခြမ်းမှာတော့ ထူးထူးခြားခြား ငြိမ်သက်နေခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေးတပည့်အချို့ လာရောက်စစ်ဆေးခဲ့သော်လည်း ဘာမှရှာမတွေ့ခဲ့ကြပေ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဂိုဏ်းချုပ်မှာ ပို၍ပင် စိုးရိမ်ပူပန်လာခဲ့သည်။ မူလဝိညာဉ်အနှစ်သာရမှာ သဘာဝအတိုင်း ရုပ်ဒြပ်မရှိသဖြင့် ရှာဖွေရန် မဖြစ်နိုင်ပေ။
သူ၏ လက်ရှိလုပ်ရပ်များမှာ ဘိုးဘေးကြီးများရှေ့တွင် အလုပ်လုပ်ပြနေသည့် ဟန်ဆောင်မှုသက်သက်သာ ဖြစ်သည်။
ပြင်ပလောကတွင်မူ ဝိညာဉ်ဓားဂိုဏ်း၏ အဖိုးတန်ရတနာ ဟောက်ထျန်းစေတီမှာ မူလဝိညာဉ်အနှစ်သာရ ဆုံးရှုံးသွားခဲ့ပြီး ကျင့်ကြံခြင်းလောက၏ မှော်ရတနာအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး (၁၀) ခုစာရင်းမှ ပြုတ်ကျသွားပြီဖြစ်ကြောင်း သတင်းများ စတင်ပျံ့နှံ့နေပြီ ဖြစ်သည်။
မကြာသေးမီက အခြားဂိုဏ်းများသည် ဤသတင်းမှာ အမှန်တရား ဟုတ်မဟုတ် သိရှိနိုင်ရန် ဝိညာဉ်ဓားဂိုဏ်း၏ အကန့်အသတ်ကို အဆက်မပြတ် စမ်းသပ်နေကြသည်။
အတိတ်တုန်းက ဝိညာဉ်ဓားဂိုဏ်းမှ တပည့်များ တောင်အောက်ဆင်းသည့်အခါ ဂိုဏ်းအသီးသီးက အလေးအနက် ထားကြရသည်။ အခြားဂိုဏ်းများက သူတို့၏ တပည့်ငယ်များကို ဝိညာဉ်ဓားဂိုဏ်းမှ တပည့်များနှင့် မပတ်သက်မိစေရန် အထူးတလည်ပင် မှာကြားထားလေ့ရှိကြသည်။
သို့သော် ဤဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် ဝိညာဉ်ဓားဂိုဏ်း၏ ဂုဏ်သတင်းမှာ ထိုးဆင်းသွားခဲ့သည်။ တပည့်များတာဝန်ဖြင့် အပြင်ထွက်သည့်အခါ တဖြည်းဖြည်း အထင်သေးခံလာကြရသည်။
အမျိုးမျိုးသော စမ်းသပ်မှုများမှတစ်ဆင့် အခြားဂိုဏ်းများသည် ဝိညာဉ်ဓားဂိုဏ်းမှ တပည့်များမှာ တကယ်တမ်းတွင် ထင်သလောက် အင်အားမကြီးကြောင်း သိသွားကြသည်။ သူတို့ ယခင်က ကြောက်ရွံ့ခဲ့ခြင်းမှာ ဝိညာဉ်ဓားဂိုဏ်း၏ နာမည်ကြီးမှုကိုသာ အခြေခံခဲ့ခြင်း ဖြစ်သည်။
ဤအခြေအနေမှာ တစ်လခန့် ကြာမြင့်ခဲ့သည်။ ဂိုဏ်းချုပ် ဝူတောက်ကျီ နှင့် အကြီးအကဲအချို့မှာ နောက်ဆုံးတွင် မူလဝိညာဉ်အနှစ်သာရကို ရှာဖွေခြင်းကို လက်လျှော့လိုက်ကြရတော့သည်။
သူတို့သည် ဂိုဏ်း၏ အဖိုးတန်မှော်ရတနာ ပျက်စီးသွားမှုအတွက် တာဝန်ကို သူတို့ကိုယ်တိုင် ယူလိုက်ကြသည်။
ဂိုဏ်းချုပ်ကိုယ်တိုင် သူ၏ဝတ်စုံကို ချွတ်ကာ ပြစ်ဒဏ်ပေးဆောင်ရှိ ခုံတန်းပေါ်တွင် လှဲလျောင်းလျက် လျှပ်စီးကြိမ်(၁၀) ချက် ရိုက်နှက်မှုကို ခံယူခဲ့ရသည်။
သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိပါသေးသည်။ ထိုအချိန်မှစ၍ ဝိညာဉ်ဓားဂိုဏ်းမှာ ကြီးမားသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်လာရတော့သည်။
ဂိုဏ်းမှ တပည့်များ တာဝန်ဖြင့် အပြင်ထွက်တိုင်း အသေအပျောက် အများအပြား ရှိလာခဲ့သည် တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင်တော့ ထိန်းကျောင်းနိုင်သော်လည်း ခဏခဏ ဖြစ်လာသောအခါ ဂိုဏ်း၏အင်အားမှာ စတင်ဆုတ်ယုတ်လာတော့သည်။
ဒါကို တားဆီးရန်အတွက် ဂိုဏ်းက အကြီးအကဲအချို့ကို တပည့်များအား လျှို့ဝှက်ကာကွယ်ပေးရန် စေလွှတ်ခဲ့ရသည်။
မကြာသေးမီကပင် အကြီးအကဲတစ်ဦး ကျဆုံးသွားသည့်သတင်း ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့ရာ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
ဒါတွေအားလုံးက တောင်နောက်ဘက်မှာ အေးအေးဆေးဆေး ကျင့်ကြံနေသော ရှောင်ချီနှင့် ဘာမှမဆိုင်ပေ။
စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် သူ၏ ကျင့်ကြံခြင်းအရှိန်မှာလည်း အံ့သြစရာကောင်းလောက်အောင် မြန်ဆန်နေခဲ့သည်။
သူ ပြန်လည်မွေးဖွားလာပြီး (၂) လသာ ကြာသေးသော်လည်း သူ၏ ကျင့်ကြံဆင့်မှာ နတ်သန္ဓေအဆင့်၏ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒါပေမဲ့ ဘာကြောင့်လဲမသိဘူး၊ သူ၏ ကျင့်ကြံခြင်းက အတားအဆီးတစ်ခုနဲ့ တွေ့နေသလို သူခံစားရတယ်။ နတ်သန္ဓေ အလယ်အလတ်အဆင့်ကို တက်လှမ်းဖို့အတွက် သူ အတွေ့အကြုံသစ်တွေ လိုအပ်နေသေးတယ်။
"တပည့်... မင်းရဲ့ဆရာက မင်းကို လာတွေ့တယ်" ရှောင်ချီ ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး ကျောက်နံရံကိုမှီကာ အဝေးက ရှုခင်းတွေကို ကြည့်ဖို့ ပြင်ဆင်နေစဉ်မှာပင် နူးညံ့ချိုသာသော အမျိုးသမီးအသံတစ်ခု ကမ်းပါးထိပ်ပေါ်ကနေ လွင့်ပျံ့လာသည်။
နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး အနှိုင်းမဲ့ အလှတရားကို ပိုင်ဆိုင်ထားသော ပုံရိပ်တစ်ခုမှာ ရှောင်ချီ၏ ဘေးတွင် ပေါ်လာသည်။
ဒါက ကျွန်တော့်ရဲ့အစွမ်းထက်လှတဲ့ ဆရာကြီးပါလား ဘာကိစ္စရှိလို့လဲ ကျွန်တော့်ရဲ့ ဆရာသခင်မလေးက သူမရဲ့ နိမ့်ကျတဲ့ တပည့်ဆီမှာ ဘာကိစ္စများရှိလို့လဲ ရှောင်ချီက မျက်လုံးကို အနည်းငယ်ဖွင့်ကာ အလှနတ်သမီးကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးပြန်ပိတ်လျက် အေးအေးလူလူပင် မေးလိုက်သည်။
ဒါက မင်းရဲ့ဆရာကို ဆက်ဆံတဲ့ ပုံစံလား မတ်တတ်ရပ်ပြီး ငါနဲ့ သေသေချာချာ စကားပြောစမ်း (၂) လတာ ကုန်လွန်သွားခဲ့သော်လည်း နတ်မိမယ် လင်းယွင်သည် ရှောင်ချီ၏အရေးမစိုက်သော အမူအရာနှင့် ပျင်းရိပျော့ခွေနေသော ပုံစံကို မြင်တိုင်း ဒေါသထွက်နေဆဲပင် ဖြစ်သည်။
တပည့်က လွန်ခဲ့တဲ့ ရက်ပိုင်းမှာ အလွန်အမင်း ကြိုးစားပြီး ကျင့်ကြံနေခဲ့တာပါ။ ဘာကြောင့်လဲမသိဘူး ခါးကရုတ်တရက် နာသွားလို့ အခု ထိုင်လို့တောင် မရတော့ပါဘူး။ ဆရာပဲ ခွင့်လွှတ်ပေးပါဦး။
ရှောင်ချီက သက်သောင့်သက်သာရှိသော အမူအရာဖြင့် ပြုံးစိစိ ပြောလိုက်သည်။
သူ၏ အရေးမစိုက်သော အမူအရာကို မြင်သောအခါ နတ်မိမယ် လင်းယွင်မှာ နောက်တစ်ကြိမ် ဒေါသအိုး ပေါက်ကွဲသွားပြန်သည်။
သို့သော် သူမ ဆက်ပြောမည့် စကားများကို ထောက်ထားပြီး ဤဒေါသကို အနိုင်နိုင် ထိန်းထားလိုက်ရသည်။
တပည့်... ဒီတောင်ပေါ်မှာပဲ နေ့တိုင်းနေနေရတာ မပျင်းဘူးလား ဆရာက မင်းကို တောင်အောက်ဆင်းပြီး လမ်းလျှောက်ဖို့ ခွင့်ပြုလိုက်မယ် နတ်မိမယ် လင်းယွင်က တတ်နိုင်သမျှ နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။
"မသွားဘူး" ရှောင်ချီက ခေါင်းကို ခါယမ်းကာ တိုက်ရိုက်ပင် ငြင်းဆိုလိုက်သည်။
"ငါ မင်းကို ပြီးခဲ့တဲ့ ရက်တွေမှာ ကောင်းကောင်းမွန်မွန် ပြောနေခဲ့တာနော်။ ငါ့မှာ ဒေါသမရှိဘူးလို့ မင်းထင်နေတာလား
ငါ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ် တစ်ခုက တောင်အောက်ဆင်းပြီး အတွေ့အကြုံယူရင်း ဂိုဏ်းရဲ့တာဝန်တစ်ခုကို ထမ်းဆောင်ရမယ် ဒါမှမဟုတ်ရင် ပြစ်ဒဏ်ပေးဆောင်ကို သွားပြီး လျှပ်စီးကြိမ် (၃၀) အရိုက်ခံရမယ်။ မင်းဘာသာမင်း ရွေးချယ်လိုက်တော့ နတ်မိမယ် လင်းယွင်က အေးစက်သော လေသံဖြင့် ပြောလိုက်သည် သူမ စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးနေပြီမှာ ထင်ရှားသည်။
တောင်အောက်ဆင်းပါ့မယ် ဒါပေမဲ့ ဆရာ မြင်တဲ့အတိုင်းပါပဲတပည့်ရဲ့ ခါးက အရမ်းနာနေပြီး ကျင့်ကြံခြင်းကလည်း လွဲချော်နေပါတယ်။ ဆရာက တပည့်ကို ဝိညာဉ်ကျောက်တုံးတစ်သောင်းလောက်နဲ့ အနှစ်သာရဖြည့်ဆေးနှစ်လုံးလောက် ထောက်ပံ့ပေးရင် မကောင်းဘူးလား တပည့်ရဲ့ ဒဏ်ရာတွေ သက်သာသွားပြီး ဝိညာဉ်စွမ်းအားတွေ ပြန်ပြည့်လာရင် ဂိုဏ်းအတွက် ပိုပြီး ကောင်းကောင်း အလုပ်ကျွေးပြုနိုင်မှာပေါ့။
ဤအမျိုးသမီး အတည်ပြောနေမှန်း သိလိုက်သောအခါ ရှောင်ချီက အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း လုပ်လိုက်သော်လည်း ဤအခွင့်အရေးကို သုံးကာ သူမကိုဓားစာခံလုပ်ပြီး ပစ္စည်းနှိုက်ရန် ကြိုးစားလိုက်သေးသည်။
ဤအမျိုးသမီးက ဘယ်လိုလူမျိုးလဲဆိုတာ ရှောင်ချီ ကောင်းကောင်း သိပြီးသား ဖြစ်သည်။ သူမအပေါ် ဘယ်လောက်ပဲ ကောင်းကောင်း ဆက်ဆံခဲ့ပါစေ အပိုပါပဲ။ သူမကို အသုံးချခံ ကိရိယာတစ်ခုလို ဆက်ဆံတာကမှ ပိုပြီး လက်တွေ့ကျပေလိမ့်မည်။
ငါ့မှာ အဲဒီလောက် အများကြီးမရှိဘူး ဝိညာဉ်ကျောက်တုံး ၃၀၀ နဲ့ အနှစ်သာရဖြည့်ဆေး တစ်လုံးပဲ ပေးနိုင်မယ်။ ယူရင်ယူ မယူရင်တော့ ပြစ်ဒဏ်ပေးဆောင်ကို သွားပြီး အပြစ်ခံယူလိုက်တော့ နတ်မိမယ် လင်းယွင်က ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"သဘောတူတယ်" ရှောင်ချီက ခေါင်းညိတ်ကာ ထိုဈေးနှုန်းကို ချက်ချင်း လက်ခံလိုက်သည်။
သူက ရွှေရောင်ပြရင်း ပြောလိုက်ခြင်းသာ ဖြစ်သည် ဝိညာဉ်ကျောက်တုံးအချို့ရတာက လက်ဆောင်ရသလိုပါပဲ။ ဘာမှမရခဲ့ရင်တောင် သူတောင်အောက်ကို နောက်ဆုံးတော့ ဆင်းရမှာပဲ မဟုတ်လား။
ဤအမျိုးသမီးက ဤမျှအထိ ရက်ရောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နောက်ပိုင်းတွင် သူမကို ထပ်ခါထပ်ခါ အမြတ်ထုတ်ရဦးမည်ဟု သူတွေးလိုက်မိသည်။
နတ်မိမယ်လင်းယွင်သည် မလိုလားသော်လည်း သူမ၏ ခါးရှိ သိုလှောင်အိတ် အတွင်းမှ ဝိညာဉ်ကျောက်တုံး ၃၀၀ နှင့် ဆေးပုလင်း အသေးလေးတစ်လုံးကို ထုတ်ပေးလိုက်သည်။
မြေကြီးပေါ်ရှိ တလက်လက်တောက်ပနေသော ဝိညာဉ်ကျောက်တုံးများနှင့် ဆေးပုလင်းကို ကြည့်ပြီး ရှောင်ချီမှာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
အခု ဂိုဏ်းရဲ့အဖိုးတန်ရတနာ ဟောက်ထျန်းစေတီ ပျက်စီးသွားပြီဆိုတော့ ဝေနိုင်ငံတော်ကြီးရဲ့ ဂိုဏ်းကြီးတွေနဲ့ အပြင်ဘက်က အင်အားစုအချို့က ငါတို့ရဲ့ကံဆိုးမှုကို အခွင့်ကောင်းယူပြီး ဝိညာဉ်ဓားဂိုဏ်း ပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေကို လုယူဖို့ ကြံစည်နေကြတယ်။
ငါတို့ဂိုဏ်းမှာ စုစုပေါင်း ဝိညာဉ်ကျောက်တုံး မိုင်းတွင်း သုံးခု ရှိတယ်။ မကြာသေးမီက အဲဒီသုံးခုလုံး တိုက်ခိုက်ခံခဲ့ရတယ်
မိုင်းတွင်းတွေကို စောင့်ကြပ်နေတဲ့ အကြီးအကဲတွေနဲ့ တပည့်တွေ အများကြီး သေကျေဒဏ်ရာရကုန်ကြပြီ ဒီအတောအတွင်း ဂိုဏ်းက မိုင်းတွင်းတွေဆီကို စစ်ကူတွေ အဆက်မပြတ် ပို့နေပေမဲ့ စစ်ကူသွားတဲ့ အရှိန်က တပည့်တွေကျဆုံးနေတဲ့ အရှိန်ကို မမီတော့ဘူး။
ဒီလိုသာ ဆက်သွားရင် ငါတို့ ဝိညာဉ်ဓားဂိုဏ်းဟာ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဒါကြောင့် ဂိုဏ်းချုပ်က အပြင်ထွက်နေတဲ့ တပည့်တွေနဲ့ ကျင့်ကြံနေတဲ့ တပည့်အားလုံးကို ပြန်ခေါ်ထားတယ်။
သူကတပည့်အများစုကိုအဲဒီဂိုဏ်းတွေနဲ့အဆုံးအဖြတ်တိုက်ပွဲဝင်ဖို့စေလွှတ်တော့မှာဖြစ်တယ်။