အခန်း (၁၂၇) ငှက်ကုန်လျှင် လေးကိုသိမ်း ယုန်သေလျှင် ခွေးကိုချက်
နတ်မိမယ်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ကျွန်တော်ရှောင်ချီ တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး နောင်တစ်ချိန်မှာ အခွင့်အရေး ရခဲ့ရင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ် မြေမှုန့်ဖြစ်သွားပါစေဦးတော့ ဒီကျေးဇူးကို မပျက်မကွက် ပြန်ဆပ်ပါ့မယ်။
ငါတို့ကျဲဂိုဏ်းရဲ့ မသေမျိုးတွေဟာ အရာခပ်သိမ်းအတွက် အသက်ဆက်ရှင်နိုင်မယ့် အခွင့်အရေးလေး တစ်ခုကို ရှာဖွေပေးဖို့ အမြဲတမ်း အလေးထားခဲ့ကြတယ်။
ဒါပေမဲ့ ရှင်သန်ခွင့်ဆိုတာ ရှာရခက်တယ် နောက်ဆုံးမှာတော့ သတ္တဝါတွေရဲ့ ကိုယ်တိုင် ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်နေတာပဲ။
မင်း ငါ့ကိုသီးသန့် ပြန်ဆပ်ဖို့ မလိုပါဘူး။ ဒီ ယွမ်ကျူးတိုက်ကြီးမှာ မိစ္ဆာမျိုးနွယ်တွေဟာ ကျူးကျော်သူတွေ ဖြစ်တယ်.ပြီးတော့ ငါ့ရဲ့ အစ်မဖြစ်သူက သူတို့ကို အရမ်းမုန်းတယ်။
အစ်မက ခဏခဏ ပြောလေ့ရှိတယ် မိစ္ဆာမျိုးနွယ်တွေဟာ သူမ ဖန်တီးထားတဲ့ စင်ကြယ်တဲ့ နယ်မြေကို ညစ်ညမ်းစေတယ်တဲ့ ဒါပေမဲ့ သူမကတော့ ဒီတိုက်ကြီးရဲ့ သဘာဝအတိုင်း လည်ပတ်နေတာကို ဝင်ရောက် စွက်ဖက်ဖို့ ဆန္ဒမရှိဘူး။
မင်းမှာ ကျေးဇူးသိတတ်စိတ် ရှိတယ်ဆိုရင် ဒီတိုက်ကြီးပေါ်ကနေ မိစ္ဆာမျိုးနွယ်တွေကို အပြီးတိုင် ဖျက်ဆီးပစ်ဖို့ ကူညီပေးပါ။
ပိရှောင်နတ်မိမယ်သည် ဒူးထောက်နေသော ရှောင်ချီကို ငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် ဝိညာဉ်ပုလဲလေးများကဲ့သို့ တောက်ပနေပြီး အသက်ဝင်နေသကဲ့သို့ပင်။
သို့သော် သူမ၏ စကားလုံးများမှာ ကြောက်စရာ ကောင်းလှသည် သူမအတွက်မူ မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်ခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူသော အရာတစ်ခုသာ ဖြစ်ပုံရသည်။
နတ်မိမယ်... ကျွန်တော် တစ်ခုလောက် မေးပါရစေ အကယ်၍ ကျွန်တော်က မိစ္ဆာမျိုးနွယ် တစ်ခုလုံးကို သုတ်သင်ပစ်လိုက်ရင် လူသားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်မယ့် နောက်ထပ် မျိုးနွယ်တစ်ခု ပေါ်လာဦးမှာလား။
ရှောင်ချီက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး သူ့ကို ငုံ့ကြည့်နေသော ပိရှောင်နတ်မိမယ်ကို ကြည့်ကာ မေးလိုက်သည်။
မင်းက ဘာကိုဆိုလိုတာလဲ လူသားမျိုးနွယ်ကို ထာဝစဉ် ဆန့်ကျင်နေမယ့် မျိုးနွယ်တစ်ခု ရှိနေဖို့ မင်းတကယ်ပဲ မျှော်လင့်နေတာလား။
မိစ္ဆာမျိုးနွယ်တွေက လူသားတွေကို အစာအဖြစ်ပဲ သဘောထားခဲ့ကြတာ သူတို့ရဲ့ လုပ်ရပ်တွေကလည်း အလွန်ပဲ ရက်စက်ကြမ်းကြုတ်လှတယ်။
လူသားမျိုးနွယ် တစ်ယောက်အနေနဲ့ ဒီမျိုးနွယ်ကို ထာဝရ ပျောက်ကွယ်သွားစေချင်တဲ့ ဆန္ဒ မရှိဘူးလား။
ပိရှောင်နတ်မိမယ်က ရှောင်ချီကို အံ့သြသလို ကြည့်လိုက်သည် သူ့ကို အကဲခတ်နေသကဲ့သို့ပင်။
နတ်မိမယ် ကျွန်တော့်စကားကို အရင် နားထောင်ပေးပါဦး။ ကျွန်တော် မှားနေတယ်ဆိုရင် လမ်းညွှန်ပေးဖို့ တောင်းပန်ပါတယ်။
ရှောင်ချီက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ၏ ဂျူနီယာညီမလေး၏ ဖန်သားခေါင်းကို တစ်ဖက်တွင် ချထားလိုက်သည်။
သူသည် ပိရှောင်နတ်မိမယ်ကို တည့်တည့်ကြည့်ကာ စကားကို အေးအေးဆေးဆေး ပြောလိုက်သည်၊ "ငှက်ကုန်လျှင် လေးကိုသိမ်း ယုန်သေလျှင် ခွေးကိုချက် ဆိုတဲ့ စကားပုံ ရှိပါတယ်"
လက်ရှိမှာ မိစ္ဆာမျိုးနွယ်တွေဟာ နယ်စပ်မှာ အမြဲတမ်း ချောင်းမြောင်း ခြိမ်းခြောက်နေကြတယ်။ ဒါကြောင့်ပဲ လူသားမျိုးနွယ်ရဲ့ မသေမျိုးဂိုဏ်း အသီးသီးနဲ့ နှစ်ပေါင်း သောင်းချီ သက်တမ်းရှိတဲ့ မသေမျိုးနိုင်ငံတော်တွေဟာ သွေးသစ်လောင်းတာတွေ ပါရမီထူးတဲ့ တပည့်တွေကို ပြုစုပျိုးထောင်တာတွေကို အားသွန်ခွန်စိုက် လုပ်နေကြတာပါ။
ဒါပေမဲ့ စဉ်းစားကြည့်ပါဦး တစ်နေ့မှာ ဒီတိုက်ကြီးပေါ်ကနေ မိစ္ဆာမျိုးနွယ်တွေ ပျောက်ကွယ်သွားပြီ ဆိုပါစို့ အဲ့ဒီအခါမှာ အောက်ခြေ ကျင့်ကြံသူတွေနဲ့ ကျင့်စဉ် မကျင့်ဖူးတဲ့ သာမန်လူသားတွေ ဘာနဲ့ ရင်ဆိုင်ရမလဲ။
ပတ်ဝန်းကျင်မှာ အင်အားကြီးတဲ့ ရန်သူတွေ မရှိတော့ဘူးဆိုရင် အဲ့ဒီ ဂိုဏ်းကြီးတွေက အကြီးအကဲတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် မိသားစုဝင်တွေ ဆွေမျိုးတွေကိုပဲ ပျိုးထောင်ကြတော့မှာပါ။
အဲ့ဒီဆွေမျိုးတွေမှာ ကျင့်ကြံဖို့ ပါရမီရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ဆီမှာ ရှိတဲ့ အရင်းအမြစ်တွေကို သုံးပြီး အစွမ်းထက်တဲ့ ပညာရှင်တွေ ဖြစ်လာအောင် လုပ်ပေးကြမှာပဲ။
တစ်ချိန်တည်းမှာပဲ ပါရမီ တကယ်ရှိတဲ့သူတွေနဲ့ အောက်ခြေ ကျင့်ကြံသူတွေဟာ လူအုပ်ကြီးထဲမှာ နစ်မြုပ်သွားပြီး ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး။
ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်ကျရင် ကျင့်ကြံခြင်းလောကက သူတို့ကို မလိုအပ်တော့လို့ပဲ ကျင့်ကြံခြင်းလောကက အဲ့ဒီအချိန်မှာ လိုအပ်တာက တည်ငြိမ်မှုနဲ့ ထာဝရ တည်တံ့မယ့် အမွေအနှစ်တွေပဲ ဖြစ်သွားလိမ့်မယ်။
အဲ့ဒီအခါမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးဟာ လှိုင်းကြက်ခွင် မရှိတဲ့ ရေအိုင်သေကြီးလို ဖြစ်သွားလိမ့်မယ်။ ကျင့်ကြံအားထုတ်ပြီး တိုက်ပွဲတွေကတစ်ဆင့် အာဏာနဲ့ အဆင့်အတန်းကို ရယူချင်တဲ့ အောက်ခြေကျင့်ကြံသူတွေအတွက် အခွင့်အရေး မရှိတော့ဘူး။
အဲ့ဒီနောက်မှာတော့ ဒီဂိုဏ်းကြီးတွေဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအားကိစ္စကို စဉ်းစားလာကြလိမ့်မယ်။
ကျင့်ကြံသူတွေ များလာလေလေ ဝိညာဉ်စွမ်းအား သုံးစွဲမှုက ပိုများလေလေပဲ။ အဲ့ဒီ အကြီးအကဲတွေက ကျင့်ကြံသူ အရေအတွက်ကို အကန့်အသတ်မရှိ တိုးပွားလာအောင် ခွင့်ပြုမှာ မဟုတ်ဘူး သူတို့ အချင်းချင်း ပူးပေါင်းပြီး ကျင့်ကြံသူ ဦးရေကို ထိန်းချုပ်ကြလိမ့်မယ်။
ပထမအချက်ကတော့ သူတို့နဲ့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေအတွက် အကျိုးအမြတ်တွေကို အာမခံနိုင်ဖို့ ဝိညာဉ်စွမ်းအားကို ချွေတာတာပါ။ ဒုတိယအချက်ကတော့ ကျင့်ကြံခြင်းလောကရဲ့ ဝိညာဉ်စွမ်းအားကို ထာဝရ တည်တံ့နေအောင်နဲ့ အမြဲတမ်း အလျှံပယ် ဖြစ်နေအောင် လုပ်ဆောင်တာပါ။
ဒါဟာ ရေရှည် ရှုထောင့်ကနေ ကြည့်ရင်တော့ မကောင်းဘူးလို့ ပြောလို့ မရပါဘူး။
ဒါပေမဲ့ အဲ့ဒီလို လုပ်ခြင်းအားဖြင့် ကျင့်ကြံခြင်းလောကက ကျင့်ကြံသူတွေဟာ သူတို့မှာ ရှိသင့်တဲ့ တိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးသွားလိမ့်မယ်။
အကယ်၍ မိစ္ဆာမျိုးနွယ်လို နောက်ထပ် မျိုးနွယ်တစ်ခုသာ ပေါ်လာခဲ့ရင် ကျင့်ကြံခြင်းလောကအတွက် ဒါဟာအကြီးမားဆုံး ထိုးနှက်ချက် ဖြစ်သွားလိမ့်မယ်။
အမြဲတမ်း အလိုရမ္မက်ကြီးနေတဲ့ မိသားစုကြီးတွေက ကလေးတွေက ပြင်းထန်ပြီး ထိပ်တန်း အဆင့်ရှိတဲ့ မိစ္ဆာမျိုးနွယ်တွေကို ဘယ်လိုများ ခုခံနိုင်ပါ့မလဲ။
ရှောင်ချီသည် ခပ်မတ်မတ် ရပ်လိုက်ပြီး ပိရှောင်နတ်မိမယ်ကို လက်အုပ်ချီကာ မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့အပေါ် သူ၏ အမြင်များကို အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
အမှန်စင်စစ် ရှောင်ချီသည် ဤကိစ္စကို အသုံးချပြီး ဟုန်းဟောင်တိုက်ကြီးပေါ်တွင် ရှိနေသော ပြဿနာများကို ပိရှောင်နတ်မိမယ်အား သတိပေးလိုခြင်းလည်း ဖြစ်သည်။
သူသည် ကျန်းချင်းရှန်း၏ မှတ်ဉာဏ်များမှတစ်ဆင့် ဒဏ္ဍာရီပုံပြင်များ၏ အသေးစိတ် အချက်အလက်များကို သိရှိခဲ့ရသည်။
ဥပမာအားဖြင့် ပန်ကူးက ကမ္ဘာကိုဖန်တီးခြင်း၊ နဂါးနှင့် ဖီးနစ်တို့၏ ဘေးဒုက္ခကြီး၊ စုန်းနှင့် မိစ္ဆာတို့၏ ဘေးဒုက္ခကြီး၊ နတ်ဘုရားများ ဘွဲ့နှင်းသဘင် ဘေးဒုက္ခ နှင့် အနောက်ဘက်သို့ ခရီးသွားခြင်း ဘေးဒုက္ခတို့ ဖြစ်သည်။
သူသည် ပိရှောင်နတ်မိမယ် နေထိုင်သော မဟာစကြာဝဠာကြီးမှာ ဟုန်းဟောင်ကမ္ဘာ အစစ်အမှန် ဟုတ်မဟုတ်ကိုတော့ သေချာ မသိသေးပေ။
သို့သော် သူ၏ အလိုလို သိစိတ်အရ ရှောင်ချီသည် ပိရှောင်နတ်မိမယ် နေထိုင်သော ကမ္ဘာမှာ ဟုန်းဟောင်ကမ္ဘာ မဟုတ်ခဲ့လျှင်ပင် တစ်နည်းနည်းဖြင့်တော့ ဆက်စပ်မှု ရှိနေလိမ့်မည်ဟု ခံစားနေရသည်။
ပန်ကူးကမ္ဘာကို ဖန်တီးပြီးနောက် သက်ရှိများစွာ ပေါ်ထွန်းလာခဲ့သည် ထိုအထဲတွင် နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်နှင့် ကိလင်မျိုးနွယ်တို့မှာ အထွတ်အမြတ် သုံးမျိုး ဖြစ်ခဲ့သည်။
ထိုအချိန်တွင် သူတော်စင်ဆိုသည်မှာ မရှိသေးဘဲ ကောင်းကင်ဘုံဥပဒေသမှာလည်း ပြည့်စုံခြင်း မရှိသေးပေ။
အကယ်၍ ထိုမျိုးနွယ် သုံးမျိုးသာ ပူးပေါင်းခဲ့မည်ဆိုလျှင် သူတို့သည် ဟုန်းဟောင်ကမ္ဘာ တစ်ခုလုံးကို သေချာပေါက် အုပ်စိုးနိုင်ခဲ့ပေလိမ့်မည်။
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီမျိုးနွယ် သုံးမျိုးကြားမှာ မကြုံစဖူး စစ်ပွဲကြီး ဖြစ်ပွားခဲ့ရတယ်။
နောက်ပိုင်းတွင် ဖီးနစ်မျိုးနွယ်နှင့် ချီလင်မျိုးနွယ်တို့ ပျောက်ကွယ်သွားခဲ့သည်။ နဂါးမျိုးနွယ်မှာ ဟုန်းဟောင်ကမ္ဘာတွင် နေရာတစ်ခု ရှိနေသေးသော်လည်း၊ သူတို့သည် အင်အားကြီးသူများ၏ အိမ်မွေးတိရစ္ဆာန်နှင့် အစာအဖြစ်သာ နိမ့်ကျသွားခဲ့ရသည်။
နဂါးနှင့် ဖီးနစ် ဘေးဒုက္ခကြီး ပြီးနောက် စုန်းနှင့် မိစ္ဆာ ဘေးဒုက္ခကြီး ပေါ်ပေါက်လာခဲ့သည်။
ထိုအချိန်တွင် ဟုန်းကျွင်းမှာ သူတော်စင်ဖြစ်နေပြီ ဖြစ်သော်လည်း ကောင်းကင်ဘုံဥပဒေသ၏ ထိန်းချုပ်မှုကို မခံရသေးပေ စုန်းမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့မှာ ကောင်းကင်သို့ ထိုးတက်နေသော ကံတရားကို ပိုင်ဆိုင်ထားကြပြီး သူတို့သည် ဟုန်းဟောင်ကမ္ဘာကို စိုးမိုးနိုင်ကာ ကောင်းကင်ဘုံဥပဒေသကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသေးသည်။
နောက်ဆုံးတွင် စုန်းမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့သည် အတူတကွ ပျက်စီးသွားခဲ့ကြသည် သူတို့သည် သမိုင်း၏ မြေမှုန့်များ ဖြစ်သွားခဲ့ရသည်။
နတ်ဘုရားများ ဘွဲ့နှင်းသဘင် ဘေးဒုက္ခ ရောက်ချိန်တွင် ကမ္ဘာကြီးမှာ တည်ငြိမ်နေပြီ ဖြစ်ပြီး ဟုန်းဟောင်ကမ္ဘာမှာလည်း မလှုပ်မယှက် တည်ရှိနေပြီ ဖြစ်သည်။
ဟုန်းကျွင်းသည် တရားဓမ္မ နှင့် တစ်သားတည်း ဖြစ်သွားပြီး မဟာတရားဓမ္မ သူတော်စင်ဖြစ်လာခဲ့သည် ဟုန်းကျွင်း၏ တပည့် ခြောက်ဦးမှာလည်း တစ်ဦးစီတိုင်းကို ခရမ်းရောင် အသက်ဓာတ်များ ပေးအပ်ခြင်း ခံရပြီး သူတော်စင်များ ဖြစ်လာခဲ့ကြသည်။
သို့သော် ကောင်းကင်ဘုံဥပဒေသသည် လောဘမသတ်နိုင်သေးဘဲ ကမ္ဘာပေါ်တွင် နတ်ဘုရားများ များလွန်းနေပြီး ဝိညာဉ်စွမ်းအား သုံးစွဲမှုမှာလည်း များလွန်းနေသည်ဟု ခံစားနေရသည်။
နောက်မှ ပေါ်လာသူများသည်လည်း ကောင်းကင်ဘုံဥပဒေသကို ခြိမ်းခြောက်နိုင်သည့် ဘုံအဆင့်များသို့ တက်လှမ်းသွားနိုင်ကြသေးသည်။ အစွမ်းထက်သော မျိုးနွယ်များမှာလည်း မိစ္ဆာ သို့မဟုတ် စုန်းမျိုးနွယ်သစ်များအဖြစ် ပြန်လည် ထွက်ပေါ်လာနိုင်ကြသေးသည်။
ထို့ကြောင့် တတိယမြောက် ဘေးဒုက္ခကြီးကို တရားဝင် စတင်လိုက်ခြင်း ဖြစ်သည်။ ဤဘေးဒုက္ခတွင် အင်အားကြီးသူများ၏ ခုနစ်ဆယ် ရာခိုင်နှုန်းကျော်မှာ အသက်ဆုံးရှုံးခဲ့ရပြီး သူတို့ အားလုံးကို နတ်ဘုရားဘွဲ့နှင်းသဘင် စာရင်းဟု ခေါ်သော စာရင်းထဲသို့ ထည့်သွင်းလိုက်သည်။
နတ်ဘုရား ဘွဲ့နှင်းသဘင် စာရင်း အမည်ကတော့ အလွန်ပင် နားဝင်ချိုလှသည် ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့ဒါက ကျင့်ကြံသူတွေအတွက် သင်္ချိုင်းဂူတစ်ခုပါပဲ။
ထိုစာရင်းထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ဘုံဥပဒေသ၏ ထိန်းချုပ်မှုကို ခံရပြီး ကောင်းကင်ဘုံဥပဒေသ၏ ကိုယ်ပွားကဲ့သို့ ဖြစ်သွားရသည်။ သူတို့၏ ကျင့်စဉ်မှာလည်း ထပ်မံ တိုးတက်ခြင်း မရှိတော့ဘဲ အသက်မပါသော အလောင်းများကဲ့သို့ ဖြစ်သွားရတော့သည်။
ဤဘေးဒုက္ခကြီး သုံးခု ပြီးနောက်တွင်မူ ဟုန်းဟောင်ကမ္ဘာ တစ်ခုလုံးတွင် ဆူပူသောင်းကျန်းမည့်သူများ မရှိတော့ပေ။
တစ်ခုတည်းသော ပြဿနာရှာသူ ဖြစ်သော ကျဲဂိုဏ်းမှ ထုံထျန်းသူတော်စင်ပင်လျှင် သူတော်စင်သတ်ဆေးပြားကို အတင်းအကျပ် မျိုချခိုင်းခြင်း ခံရပြီး ကျီရှောင်နန်းတော်တွင် အကျဉ်းချထားခြင်း ခံရသည်။
နတ်ဘုရား ဘွဲ့နှင်းသဘင် ဘေးဒုက္ခ ပြီးနောက်တွင်မူ လူသားမျိုးနွယ်မှာ လုံးဝ ဥဿုံ ထွန်းကားလာပြီး ကောင်းကင်နှင့် မြေကြီး၏ အဓိက ဇာတ်ဆောင်များ ဖြစ်လာခဲ့ကြသည်။
ဒါပေမဲ့ လူသားမျိုးနွယ်တွေဟာ အဓိက ဇာတ်ဆောင်တွေ ဖြစ်လာတာက သူတို့မှာ ကောင်းကင်သို့ ထိုးတက်နေတဲ့ ကံတရား ရှိလို့ မဟုတ်ဘဲ သူတို့ရဲ့ ကံကောင်းမှုတွေက တိမ်ဖျင်းလွန်းလို့ သူတို့ရဲ့ သက်တမ်းက အရမ်းတိုလွန်းလို့နဲ့ သူတို့ရဲ့ သဘာဝ ပါရမီက ညံ့လွန်းလို့ ဖြစ်နေတာကို ဘယ်သူ သိမှာလဲ။
ကောင်းကင်ဘုံဥပဒေသ မြှင့်တင်ပေးချင်တာက နဂါး ဒါမှမဟုတ် ဖီးနစ်လို ကြောက်စရာကောင်းတဲ့ ဟုန်းဟောင်မျိုးစိတ်တွေ မဟုတ်ပါဘူး ထိန်းချုပ်ရ လွယ်ကူပြီ ကောင်းကင်ဘုံဥပဒေသကို ခြိမ်းခြောက်မှု မပေးနိုင်တဲ့ လူသားမျိုးနွယ်လိုမျိုး နောက်မှ ပေါ်ပေါက်လာတဲ့မျိုးနွယ်ကိုသာ ဖြစ်ပါတယ်။
ကောင်းကင်ဘုံဥပဒေသဟာ ကြင်နာမှု မရှိဘူး အရာအားလုံးကို ကောက်ရိုးရုပ်တွေလိုပဲ သဘောထားတယ် သူတော်စင်ဟာ ကြင်နာမှု မရှိဘူး သတ္တဝါအားလုံးကို ကောက်ရိုးရုပ်တွေလိုပဲ သဘောထားတယ်လို့ ဆိုကြပါတယ်။
အမှန်စင်စစ် အစကနေ အဆုံးအထိ ကောင်းကင်ဘုံဥပဒေသဟာ အလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့တာပါ အဲ့ဒါကတော့ ဟုန်းဟောင်ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်လိုက်ဖို့ပါပဲ ပြီးတော့ အဲ့ဒါက အရမ်းကို အောင်မြင်ခဲ့ပါတယ်။
အနောက်ဘက်သို့ ခရီးသွားခြင်း ဘေးဒုက္ခ ပြီးနောက်တွင်မူ ကောင်းကင်နှင့် မြေကြီးကြားတွင် အင်အားကြီးသော ကျင့်ကြံသူများ မရှိတော့ပေ။
အရှေ့ဘက်ကို ဟောက်ထျန်းဧကရာဇ်က စီမံပြီး ကောင်းကင်ဘုံမှတစ်ဆင့် ကောင်းကင်ဘုံ၊ ငရဲပြည် နှင့် လူ့ပြည်တို့ကို အုပ်ချုပ်ခဲ့သည်။
အနောက်ဘက်ကိုတော့ ဂေါတမဗုဒ္ဓက စီမံပြီး ကျဲဂိုဏ်းမှ မသေမျိုးများ အားလုံးမှာလည်း အနောက်ဘက်ဂိုဏ်း၏ နောက်လိုက်များ ဖြစ်သွားခဲ့ကြသည်။
ထိုအချိန်မှစ၍ ကျင့်ကြံခြင်းလောကမှာ အလွန်ပင် တည်ငြိမ်သွားခဲ့ပြီး ကောင်းကင်ဘုံဥပဒေသကို ခြိမ်းခြောက်နိုင်သော ဖြစ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်မျိုး မရှိတော့ပေ။