အခန်း (၁၂၆) မသေမျိုးကျွန်း
"ဖူး" လူအားလုံး ထွက်သွားသည်ကို မြင်တော့မှ ရှောင်ချီသည် နောက်ဆုံးတွင် အားတင်းထားသမျှ လျော့ကျသွားပြီး သွေးတစ်လုတ် ထွေးထုတ်လိုက်ရသည်။
"ဘာလို့ သူတို့ကို သတ်ပြီး ယုရှုအတွက် လက်စားမချေခဲ့တာလဲ" ယုလင်လုံက ရှောင်ချီ့နံဘေးသို့ လျှောက်လာပြီး သူ့ကို တွဲကူလိုက်သည်။
အစ်မကြီးရာ ကျွန်တော် ခုနက ဟန်ရေးပြနေတာဆိုတာ မသိဘူးလား အဲ့ဒီတစ်ကွက်နဲ့တင် ကျွန်တော့်ရဲ့ အသက်ဓာတ်တွေ အကုန်ကုန်သွားပြီ ရှောင်ချီက ယုလင်လုံကို အားကိုးရာမဲ့စွာ ကြည့်ပြီး အားနည်းသောအသံဖြင့် ပြောလိုက်သည်။
ရှောင်ချီ၏ စကားကို ကြားသောအခါ ယုလင်လုံမှာလည်း သက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ပေ။ နောက်ဆုံးတွင် သူမသည် တစ်ဖက်မှ ဒဏ်ရာရထားသော နင်းယိုဝေကိုပါ တွဲကူလိုက်ရသည်။
ပျက်စီးသွားသော ဝိညာဉ်လှေငယ်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ယုလင်လုံသည် အခြားဝိညာဉ်လှေတစ်စင်းကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းကညာ ဂိုဏ်း၏ သူတော်စင်မ တစ်ဦးအနေဖြင့် သူမ၏ ကြွယ်ဝမှုမှာ လက်ရှိ မျိုးဆက်သစ်များထဲတွင် ထိပ်တန်းမှ ဖြစ်သည်မှာ သေချာလှသည်။
သူတို့သည် ဦးစွာ လင်ယုရှု၏ ရုပ်အလောင်းကို လှေပေါ်သို့ တင်ဆောင်ပြီးနောက် အားလုံး လှေပေါ်သို့ တက်လိုက်ကြသည်။
ရှောင်ချီမှာမူ သေလုမြောပါး အခြေအနေတွင်ပင် ရှိနေသေးသည်။ သူ၏ရှေ့တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသော ဂျူနီယာညီမလေးကို ကြည့်ရင်း သူ၏ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်လာသည်။
သူ၏ အရင်ဘဝတွင်လည်း ဂျူနီယာညီမလေးမှာ သူ့ကြောင့် သေဆုံးခဲ့ရသည် ယခုဘဝတွင်လည်း သူမသည် သူ့အတွက် အသက်အန္တရာယ်ရှိသော ဒဏ်ရာကို ဝင်ခံပေးခဲ့ပြန်ပြီ ဒါက တကယ်ပဲ ကံကြမ္မာလား ဒါကို ပြောင်းလဲဖို့ တကယ်ပဲ မဖြစ်နိုင်ဘူးလား။
အရမ်းလည်း ဝမ်းမနည်းပါနဲ့ အသက်နဲ့ သေခြင်းဆိုတာ ကံတရားအတိုင်းပါပဲ ဒါက ညီမလေးယုရှုရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါ။
ဘာစကားမှ မပြောဘဲ ငြိမ်သက်စွာ လဲလျောင်းနေသော ရှောင်ချီကို ကြည့်ရင်း ယုလင်လုံလည်း စိတ်မကောင်း ဖြစ်မိသည်။ သူမသည် သူ့ကို နှစ်သိမ့်ရန်အတွက် ပုခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။
"ဒါနဲ့ မင်းရဲ့ အဲ့ဒီဓားချက်က ယဲ့ဖန်ကို သတ်နိုင်မှာလား" ရှောင်ချီ တိတ်ဆိတ်နေသည်ကို မြင်သဖြင့် ယုလင်လုံက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အဲ့ဒီတိုက်ခိုက်မှုက သူ့ရဲ့ နှလုံးသွေးကြောတွေကို တိုက်ရိုက်ဖောက်ထွက်သွားတာ ကျွန်တော့် ညီမလေးရခဲ့တဲ့ ဒဏ်ရာထက်တောင် ပိုပြင်းထန်တယ်။ အကယ်၍ ကျွန်တော်သာ အဲ့ဒီဒဏ်ရာမျိုး ရခဲ့ရင် သေချာပေါက် သေမှာပဲ ဒါပေမဲ့ ယဲ့ဖန်ကတော့ မတူနိုင်ဘူး။
ရှောင်ချီ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး နောက်ဆုံးတွင် သူ စကားပြောလိုက်သည် သူပြောသည်မှာ အမှန်ပင် ထိုကဲ့သို့ ဒဏ်ရာမျိုးဖြင့်ဆိုလျှင် ဝိညာဥ်ခန္ဓာပေါင်းစပ်ခြင်း ပညာရှင်တစ်ဦးပင်လျှင် သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးရပေလိမ့်မည်။
သို့သော် ယဲ့ဖန်မှာ ခြွင်းချက်ဖြစ်သည် သူသည် ကံကြမ္မာသားတော်ဖြစ်ပြီး မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
သူတို့ စကားပြောနေကြရင်း ပတ်ဝန်းကျင်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ ရှောင်ချီ၏ စိတ်ဓာတ်ကျနေသော အမူအရာကို မြင်သဖြင့် ယုလင်လုံလည်း ဆက်ပြီး စကားမပြောတော့ပေ။
ဝိညာဉ်လှေငယ်သည် ယုနုဂိုဏ်း ရှိရာသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားသည် နယ်စပ်စစ်မြေပြင်တွင် ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သဖြင့် ဝေနိုင်ငံတော်ကြီးက သေချာပေါက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ပေလိမ့်မည်။
ဒါကတော့ သူတို့လို ကျင့်ကြံသူလေးတွေ ဝင်ရောက် စွက်ဖက်နိုင်တဲ့ အရာမဟုတ်ပါဘူး။
ကျောက်စိမ်းကညာဂိုဏ်းမှ အခြားတပည့်များမှာလည်း အမျိုးအစားစုံလင်လှသော ဝိညာဉ်လှေများဖြင့် ဂိုဏ်းသို့ ပြန်သွားကြပြီ ဖြစ်သည်။
သူတို့မှာ မိစ္ဆာမျိုးနွယ်ကို အသေခံတိုက်ဖို့ သတ္တိမရှိလို့ မဟုတ်ပါဘူး ဂိုဏ်းအများစုမှာ ဆုတ်ခွာကုန်ကြပြီ ဖြစ်သဖြင့် ကျန်ရှိနေသူများအပေါ် ကျရောက်မည့် ဖိအားမှာ အဆမတန် ကြီးမားလာမည် ဖြစ်သည်။ ဆုတ်ခွာရန် နောက်ကျလေလေ တစ်အုပ်စုလုံး အသတ်ခံရရန် လွယ်ကူလေလေ ဖြစ်သည်။
ကျောက်စိမ်းကညာဂိုဏ်းမှ လူများသည် မိုက်မဲစွာ သစ္စာရှိနေသူများ မဟုတ်ကြပေ။ အခြေအနေမှာ မျှော်လင့်ချက် မရှိတော့သည်ကို မြင်သောအခါ အလဟဿ အသက်စတေးရန် မလိုအပ်ကြောင်း သူတို့ နားလည်ကြသည်။
လမ်းတွင် ရှောင်ချီနှင့် ယုလင်လုံတို့သည် နယ်စပ်သို့ ဦးတည်နေသော စစ်ကူအမြောက်အမြားကို တွေ့ခဲ့ရသည်။
နယ်စပ်တွင် အမြဲတမ်းတပ်ဖွဲ့ဝင် ၃ သိန်းသာ ရှိသော်လည်း ပတ်ဝန်းကျင် မြို့များနှင့် နယ်စပ်အနီးရှိ တပ်စခန်းများတွင် စုစုပေါင်း အင်အား ၁၀ သန်းနီးပါး ရှိနေသည်။
ဤတပ်ဖွဲ့များသည် အရေးပေါ်အခြေအနေများအတွက် အသင့်ရှိနေကြပြီး အရေးကြီးသော အချိန်တွင် စုစည်းလှုပ်ရှားရန် ဖြစ်သည်။
သို့သော် ဤအရာအားလုံးမှာ ရှောင်ချီတို့နှင့် မသက်ဆိုင်တော့ပေ။
လက်ရှိတွင် နင်းယိုဝေနှင့် ယုလင်လုံတို့၏ တာဝန်မှာ လင်ယုရှု၏ ရုပ်အလောင်းနှင့် ဒဏ်ရာပြင်းထန်နေသော ရှောင်ချီကို ယုနုဂိုဏ်းသို့ အမြန်ဆုံး ခေါ်ဆောင်သွားရန်သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျောက်စိမ်းကညာဂိုဏ်းမှ အခြားတပည့်များသည် စစ်ကူများနှင့် ပူးပေါင်းပြီး နယ်စပ်သို့ ပြန်လည် ထိုးစစ်ဆင်ကြပေလိမ့်မည် သို့သော် မြို့များကို ပြန်လည် သိမ်းပိုက်ရန်မှာတော့ လွယ်ကူလှမည် မဟုတ်ပေ။
...
သုံးလအကြာတွင်...
နယ်စပ်သို့ မိစ္ဆာမျိုးနွယ်များ အလုံးအရင်းနှင့် ကျူးကျော်လာခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုစစ်ပွဲကြီးတွင် လူသားမျိုးနွယ်မှာ အထိအခိုက် အကျဆုံး များပြားခဲ့သည်။ နယ်စပ်စစ်သည်များနှင့် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူ ၁ သန်းနီးပါး သေဆုံးခဲ့ပြီး ဝိညာဥ်ခန္ဓာပေါင်းစပ်ခြင်းပညာရှင် သုံးဦးပင်လျှင် အသက်ဆုံးရှုံးခဲ့ရသည်။
သို့သော် နောက်ဆုံး ရလဒ်ကတော့ ကောင်းမွန်သည်ဟု ဆိုရမည် လူသားမျိုးနွယ်သည် နယ်စပ်မြို့များကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မိစ္ဆာမျိုးနွယ်များကို သုံးမိုင်အကွာသို့ မောင်းထုတ်နိုင်ခဲ့သည်။
ဤစစ်ပွဲကြီးတွင် အဓိက တိုက်ပွဲများအပြင် ကျင့်ကြံခြင်းလောကတွင် ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသော ကောလာဟလ သတင်းနှစ်ခု ရှိသည်။
တစ်ခုမှာ ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် နတ်ဘုံနန်း၏ နန်းတော်သခင် ဖြစ်သောယဲ့ဖန်သည် တိုက်ပွဲအတွင်း ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်ဟောင်း ရှောင်ချီ၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရခြင်းပင်။
ရှောင်ချီသည် ဓားတစ်ချက်တည်းဖြင့် ယဲ့ဖန်၏ နှလုံးသွေးကြောများကို ဖျက်ဆီးပစ်ခဲ့ပြီး သူ့ကို ငရဲမင်းနှင့် တွေ့ရန် လွှတ်လိုက်လုနီးပါး ဖြစ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်ဓားဂိုဏ်းမှ အကြီးအကဲ ကျီယွမ်သည်လည်း နယ်စပ်သို့ ရောက်ရှိနေသည်။ ထို့အပြင် သူမတွင် ဂိုဏ်း၏ အထွတ်အမြတ်ဆေးဖြစ်သော နှစ်တစ်ထောင် နှင်းကြာပန်း ရှိနေသဖြင့် ယဲ့ဖန်ကို အသက်ဆက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အခြား ကောလာဟလ သတင်းတစ်ခုမှာ ပို၍ပင် ဟိုးဟိုးကျော်သွားခဲ့သည် သားရဲယဉ်ပါးစေခြင်းဂိုဏ်း၏ သူတော်စင် ချောင်ကျိရှုး သည် ရှောင်ချီ၏ မိုးကြိုးဘေးဒုက္ခအတွင်း မတော်တဆ သေဆုံးသွားခဲ့ခြင်းပင်။
သားရဲယဉ်ပါးစေခြင်းဂိုဏ်းမှ တပည့်များသည် ရှောင်ချီကို အကြိမ်ကြိမ် ဝိုင်းရံသတ်ဖြတ်ရန် ကြိုးစားခဲ့ကြသော်လည်း ရှောင်ချီမှာ အကြိမ်တိုင်း လွတ်မြောက်သွားခဲ့သည်။
ယခုအခါ ရှောင်ချီသည် အသက်ရှင်နေရုံသာမက ဟင်းလင်းပြင်ပြန်လည်ခြင်းအဆင့်သို့ပါ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း တိကျသော သတင်းများ ထွက်ပေါ်နေသည် သူ၏ အစွမ်းမှာ ပိုမို တိုးတက်လာသည်ဟု ဆိုနိုင်သည်။
ရှောင်ချီသည် ဝိညာဉ်ပြောင်းလဲခြင်းထိပ်ဆုံးအဆင့်မှာတင် မိစ္ဆာမျိုးနွယ်မှ ဝိညာဥ်ခန္ဓာပေါင်းစပ်ခြင်းတစ်ပိုင်းအဆင့် ပညာရှင်များကို သတ်နိုင်ခဲ့ကြောင်း နယ်စပ်မြို့များမှ တစ်စုံတစ်ယောက်က အတည်ပြုခဲ့သည်။
ထွက်သက်တစ်ချက်သာ ကျန်တော့သော အခြေအနေတွင်ပင် သူသည် ဓားအရှိန်အဝါ တစ်ခုကို ထုတ်လွှတ်ပြီး ယဲ့ဖန်ကို သေလုနီးပါး ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
ဤအောင်မြင်မှုများမှာ တစ်ခုပြီးတစ်ခု ရှောင်ချီ၏ ထူးခြားသော သဘာဝကို ဖော်ပြနေပြီး ၎င်းမှာ သားရဲယဉ်ပါးစေခြင်းဂိုဏ်းကို အနည်းငယ် ကြောက်လန့်သွားစေခဲ့သည်။
လင်ယုရှု သေဆုံးမှုနှင့် ပတ်သက်၍ သတင်းများစွာ မထွက်ပေါ်ခဲ့ပေ အပြင်လောကအတွက်မူ လင်ယုရှုမှာ သာမန် ကျောက်စိမ်းကညာဂိုဏ်းတပည့်တစ်ဦးမျှသာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
သားရဲယဉ်ပါးစေခြင်းဂိုဏ်းသာလျှင် ရှောင်ချီကို သူတို့ မည်မျှအထိ စော်ကားမိသွားသည်ကို ကောင်းကောင်း သိကြသည်။
ယခုအခါ သားရဲယဉ်ပါးစေခြင်းဂိုဏ်းသည် ရှောင်ချီ၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အမြဲတမ်း စစ်အုပ်ချုပ်ရေး အခြေအနေတွင် ရှိနေတော့သည်။
...
မြောက်ပင်လယ်ရှိ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်တွင် သင်္ဘောကြီးတစ်စင်းမှာ ကမ်းခြေတွင် ကျောက်ချရပ်နားထားသည်။
သင်္ဘောပေါ်မှ လူများသည် ထိုကျွန်းကို ကြောက်လန့်တကြား ကြည့်နေကြပြီး မည်သူမျှ ကမ်းပေါ်သို့ မဆင်းရဲကြပေ။
ပိန်ပိန်ပါးပါး လူရိပ်တစ်ခုသည် ဖန်သားခေါင်းတစ်လုံးကို ထမ်းပြီး သင်္ဘောပေါ်မှ ဆင်းလာသည်။
"ညီလေး ငါတို့ မင်းနဲ့အတူ လိုက်ခဲ့ပေးရမလား" ချန်ရှင်းဟယ်က ရှောင်ချီ၏ ကျောပြင်ကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"အစ်ကိုချန်နဲ့ တခြားညီအစ်ကိုတွေ သင်္ဘောပေါ်မှာပဲ နေခဲ့ကြပါ ကျွန်တော် တစ်ယောက်တည်း သွားလိုက်ပါ့မယ်" ရှောင်ချီက ခေါင်းကို အသာအယာ လှည့်ပြီး ခပ်ပေါ့ပေါ့ ပြန်ပြောကာ ဖန်သားခေါင်းကို ထမ်းရင်း ကျွန်း၏ အတွင်းပိုင်းသို့ လမ်းလျှောက်သွားတော့သည်။
ချုံပုတ်တစ်ခု၏ နောက်ကွယ်သို့ ရောက်သွားပြီးနောက် ရှောင်ချီသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ဟင်းလင်းပြင်ထဲသို့ အော်ဟစ်လိုက်သည် ဂျူနီယာရှောင်ချီက စီနီယာ့ဆီကနေ ကျွန်တော့်ရဲ့ ဂျူနီယာညီမလေးကို ကယ်တင်ဖို့အတွက် ဆေးပေးသနားဖို့ တောင်းပန်အပ်ပါတယ်။
ရှောင်ချီသည် အေးစက်လှသော မြေပြင်ပေါ်တွင် နဖူးနှင့် တိုက်မိအောင် ဦးချလိုက်ပြီး အစွမ်းကုန် အော်ဟစ်လိုက်သည်။
"မင်းက အလောင်းတစ်လောင်းပဲ ယူလာတာ ဘယ်လိုဆေးမျိုးကို တောင်းနေတာလဲ" ရှောင်ချီ ပြန်ကြည့်လိုက်သောအခါ သူသည် ဖြူစင်တောက်ပသော ဟင်းလင်းပြင်ထဲသို့ ပြန်လည် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပိရှောင်နတ်မိမယ်သည် ရှောင်ချီ၏ ဦးခေါင်းအထက်တွင် ပေါ်လာသည်။
စီနီယာက အစွမ်းကြီးမားသူပါ သေသောသူကို ပြန်လည် ရှင်သန်အောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိမှာပါ။ ဂျူနီယာ ရှောင်ချီက စီနီယာ့ဆီကနေ ဆေးပေးသနားဖို့ တောင်းပန်ပါတယ်။
ရှောင်ချီသည် ပိရှောင်နတ်မိမယ်ကို နောက်တစ်ကြိမ် ထပ်မံ ဦးချလိုက်ပြန်သည်။
နောက်ထပ် မိုက်မဲတဲ့ ဝိညာဉ်တစ်ခုပါလား ငါ့မှာ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပြန်လည် မွေးမြူပေးနိုင်တဲ့ ဝိညာဉ်ကန်တစ်ခုတော့ ရှိပါတယ် ဒါပေမဲ့ သူမကို အပြည့်အဝ ပြန်လည် ရှင်သန်အောင် လုပ်နိုင်မလား ဆိုတာကတော့ ပြောရခက်ပါတယ်။
ကံကောင်းတာက မင်းရဲ့ ဖန်သားခေါင်းက သာမန်ပစ္စည်း မဟုတ်ဘူး အဲ့ဒါက ဒီမိန်းကလေးရဲ့ ဝိညာဉ်ကို မြဲမြံအောင် ဆုပ်ကိုင်ထားနိုင်တယ်။ မဟုတ်ရင်တော့ ဒီသုံးလအတွင်းမှာတင် သူမရဲ့ ဝိညာဉ်က ပျံလွင့်သွားပြီး ဝိညာဉ်ပြိုကွဲသွားလောက်ပြီ။
ပိရှောင်နတ်မိမယ်က အနည်းငယ် သက်ပြင်းချလိုက်ပြီး ရှောင်ချီ၏ တောင်းဆိုမှုကို ခွင့်ပြုလိုက်ပါတော့သည်။