အခန်း (၁၂၄) နောက်ကွယ်မှ ကြိုးကိုင်သူ
ဂျူနီယာညီမလေး၏ တဖြည်းဖြည်း အေးစက်လာသော ခန္ဓာကိုယ်နှင့် ပျောက်ကွယ်သွားသော ထွက်သက် ဝိညာဉ်စွမ်းအားတို့ကို ခံစားမိရင်း ရှောင်ချီ၏ ရင်ထဲတွင် ပြင်းထန်သော စိတ်ခံစားချက်တစ်ခု ရုတ်တရက် ရိုက်ခတ်လာသည်။
"ဘာလို့ ဒီလို ဖြစ်သွားရတာလဲ ဘာလို့ ဒီအခြေအနေအထိ ရောက်သွားရတာလဲ" ရှောင်ချီက တတွတ်တွတ် ရေရွတ်နေမိသည်။
သူမ၏ နောက်ဆုံးထွက်သက် အချိန်တွင် လင်ယုရှုသည် သူမ၏ကျန်ရှိသမျှ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ရှောင်ချီကို ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။
မဟုတ်ပါက ထိုဓားရှည်သည် လင်ယုရှု၏ ရင်ဘတ်ကို ဖောက်ထွက်ပြီး ရှောင်ချီ၏ နှလုံးသားကိုပါ တစ်ပါတည်း ထိုးစိုက်သွားမည် ဖြစ်သည်။
ရှောင်ချီသည် လင်ယုရှုကို ပွေ့ချီချင်သော်လည်း ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်၌ အင်အား လုံးဝ မရှိတော့ဘဲ ဒန်တျန်မှာလည်း လုံးဝ ဟာလာဟင်းလင်း ဖြစ်နေတော့သည်။
"အစ်ကို ဟေးဟူ သူ့ကို ကျွန်တော့်အတွက် ချန်ထားပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား ဘာလို့ သတ်ပစ်လိုက်တာလဲ" ရွံစရာကောင်းသော အမူအရာရှိသည့် လူငယ်က နှလုံးသားကို ဓားဖောက်ပြီး သေဆုံးသွားသော လင်ယုရှုကို ကြည့်ကာ အနည်းငယ် နှမြောတသစွာ ပြောလိုက်သည်။
"ဟွန့် ကျင့်ကြံသူတွေဆိုတာ အသက်ဇွဲ အရမ်းကောင်းကြတာ။ သေချာပေါက် အပြတ်သတ်ရမယ် မဟုတ်ရင် ဒဏ်ရာရတာ ဒါမှမဟုတ် သေတာက ငါတို့ ဖြစ်သွားနိုင်တယ်" ဟေးဟူက သူ၏ လက်နက်ပေါ်မှ သွေးများကို သုတ်ရင်း အေးစက်စွာ ပြောလိုက်သည်။
"တော်ပြီ အချိန်ဖြုန်းမနေနဲ့တော့ နောက်ဆက်တွဲ ပြဿနာတွေ မတက်အောင် ဒီကောင်လေးကို မြန်မြန်သတ်လိုက်ကြရအောင်" ယခုအချိန်တွင် ဟေးဟူ၏ အာရုံအားလုံးမှာ ရှောင်ချီအပေါ်သို့ ရောက်နေသည်။ လင်ယုရှုတွင် အသက်ရှူသံ မရှိတော့သည်ကို တွေ့ရသောအခါ သူတို့အားလုံးသည် ရှောင်ချီကို သတိကြီးစွာဖြင့် ဝိုင်းလိုက်ကြသည်။
...
"ဟီးဟီး... စစ်မြေပြင်မှာ မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင်တယ်ဆိုတာ လူမိုက်မှလုပ်မယ့် အလုပ်ပဲ ဒီကိုမလာခင်က ဒီလို အန္တရာယ်ရှိတဲ့ကောင်ကို ဘယ်လို ရှင်းရမလဲလို့ တွေးနေတာ။ ဘာမှ အားထုတ်စရာ မလိုဘဲ အခွင့်အရေးက လက်ထဲရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။
မြို့နှင့် နှစ်မိုင်ကျော် အကွာတွင် ယဲ့ဖန်သည် သူ၏ ယုံကြည်ရသော နောက်လိုက်အချို့နှင့်အတူ မြို့ဘက်သို့ လှမ်းကြည့်နေသည်။
သူတို့မှာ အစွမ်းထက်ကြပြီး သူတို့၏ ဝိညာဉ်အာရုံမှာ မိုင်ပေါင်းများစွာကို လွှမ်းခြုံနိုင်သဖြင့် စစ်မြေပြင်မှ အခြေအနေကို အလွယ်တကူ စစ်ဆေးနိုင်ကြခြင်းဖြစ်သည်။
"အစ်ကိုယဲ့ ဒီလိုဆိုရင် ကျွန်တော်က လူပုံအလယ်မှာ ပေါ်လာလို့ မရတော့ဘူးလား" စိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အလွန်ချောမောသည့် လူငယ်တစ်ဦးက ယဲ့ဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
အစ်ကိုကျိရှုး မင်း ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံနေလိုက်ပါ အချိန်တန်တဲ့အခါကျရင် အဲ့ဒီနေ့က မိုးကြိုးဘေးဒုက္ခကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမဲ့ မသေခဲ့ဘူးလို့ ပြောလို့ရတယ်။ မြေအောက်မှာ မြုပ်နေလို့ မတွေ့ခဲ့ကြတာလို့ အကြောင်းပြလိုက်ပေါ့။
ရဲ့ဖန်က သူ၏ ဘေးရှိ လူငယ်ကို ခပ်ပေါ့ပေါ့ ကြည့်လိုက်ပြီး သူ၏ ပုခုံးကို ပုတ်ကာ အသာအယာ ပြုံးလိုက်သည်။
"အစ်ကိုရဲ့ကျွန်တော်က အစ်ကို့ကို ကူညီဖို့အတွက် ကျွန်တော့်ရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကိုပါ ရင်းထားရတာနော် ဒီကျေးဇူးကိုတော့ မမေ့ပါနဲ့" ချောင်ကျိရှုးက ခေါင်းညိတ်လိုက်ပြီး သူ၏ အမူအရာမှာ ခန့်မှန်းရ ခက်ခဲလာသည်။
"စိတ်မပူပါနဲ့ အစ်ကိုကျိရှုးရယ် အခုကစပြီး မင်းက ငါ့ရဲ့ ညီအရင်းပဲ။ ဘာပဲဖြစ်ဖြစ် ငါ ရဲ့ဖန်က အစွမ်းကုန် ကူညီပေးမှာပါ"
ရဲ့ဖန်က အားရပါးရ ရယ်မောလိုက်ပြီး သဘောထားကြီးစွာ ပြောလိုက်သည်။
ထိုလူစု ရယ်မောပြီးနောက် သူတို့၏ ဝိညာဉ်အာရုံကို ရှောင်ချီ ရှိရာ အရပ်သို့ ထပ်မံ ဖြန့်ကြက်လိုက်ကြပြန်သည်။
ရွှမ်း.. ဓားရှည်တစ်လက်က ရှောင်ချီ၏ နဖူးတည့်တည့်သို့ ထိုးစိုက်တော့မည့် အချိန်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုက ထိုတိုက်ခိုက်မှုကို ရုတ်တရက် တားဆီးလိုက်သည်။
"နင်တို့တွေ လွန်လှချည်လား ငါတို့ရဲ့ ဘိုးဘွားဆရာက လူသားမျိုးနွယ်တွေအတွက် စစ်မြေပြင်မှာ မိစ္ဆာပေါင်း ထောင်ချီကို သတ်ပြီး အင်အားကုန်ခမ်းနေတာ အဲ့ဒါကို နင်တို့က ကိုယ့်လူအချင်းချင်း နောက်ကျောကို ဓားနဲ့ ထိုးရက်တယ်ပေါ့"
နင်တို့မှာ အသိစိတ်ကော ရှိရဲ့လား ငါတို့ ကျောက်စိမ်းကညာဂိုဏ်းက အသေခံ တိုက်ခိုက်နေချိန်မှာ နင်တို့က မြို့ထဲမှာ အချင်းချင်း သတ်ဖြတ်နေကြတာလား။
အသံနှစ်ခု တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ရှောင်ချီ၏ ရှေ့တွင် လူရိပ်နှစ်ခု ပေါ်လာသည်ယ
ယုလင်လုံ နှင့် ယိုဝေတို့သည် ဟေးဟူနှင့် အခြားသူများကို ဒေါသတကြီး ကြည့်နေကြပြီး ထိုလူများကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေသည့်ပုံပင်။
စကားပြောပြီးနောက် ယုလင်လုံသည် သတိမပြုမိသော အလောင်းရှိရာသို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။
"ယုရှု... နိုးပါဦး ယုရှုရဲ့" ယုလင်လုံသည် လင်ယုရှုကို နိုးရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို အသည်းအသန် လှုပ်ခါနေမိသည်။
သို့သော် ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တောင့်တင်းလာပြီး အသက်ဓာတ် လုံးဝ ကင်းမဲ့နေပြီ ဖြစ်သဖြင့် ယုလင်လုံအား မည်သည့် တုံ့ပြန်မှုမျှ မပေးနိုင်တော့ပေ။
"နင်ကတော့ တကယ့်အသုံးမကျတဲ့ကောင်ပဲ ယုရှုကို ကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား အခုတော့ သူ သေပြီနင့်ရှေ့မှာတင် သူ သေသွားတာ နင်က တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ"
ယုလုံလုံက ရှောင်ချီ၏ ကော်လာကို ဆွဲကိုင်ကာ လှုပ်ခါရင်း ဒေါသတကြီး ဟောက်လိုက်သည်။
ရှောင်ချီမှာမူ သူ၏ဝိညာဉ်ပျောက်ဆုံးသွားသကဲ့သို့ပင် တစ်ခွန်းမှ ပြန်မပြောဘဲ ခဏချင်းမှာပင် အသက်ကြီးသွားသည့် ပုံစံမျိုး ဖြစ်နေသည်။
"ကျောက်စိမ်းကညာဂိုဏ်းက မိန်းကလေးတွေလား နင်တို့ သူများကိစ္စထဲ ဝင်မပါတာ အကောင်းဆုံးပဲ ဒီကောင်က ငါတို့ သားရဲယဉ်ပါးစေခြင်းဂိုဏ်းရဲ့ သူတော်စင် ချောင်ကျိရှုးကို သတ်ခဲ့တာ ငါတို့ သူ့အတွက် လက်စားချေရမယ်" ဟေးဟူက ယုလင်လုံနှင့် နဥ်ယိုဝေတို့ကို လက်ညှိုးထိုးကာ ရန်လိုသော အမူအရာဖြင့် ပြောလိုက်သည်။
ဝေနိုင်ငံတော်ကြီးက စစ်မြေပြင်မှာ အချင်းချင်း သတ်ဖြတ်ခြင်း မပြုရဘူးလို့ ပြင်းပြင်းထန်ထန် အမိန့်ထုတ်ထားတာ ကြာပြီ နင်တို့က ဝေနိုင်ငံတော်တစ်ခုလုံးကို ဆန့်ကျင်ချင်တာလား။
ယိုဝေက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏နောက်ကွယ်တွင် စိတ်မနှံ့တော့သလို ဖြစ်နေသော ယုလင်လုံနှင့် ရှေ့မှ ဇွဲမလျှော့သော ဟေးဟူတို့ကို ကြည့်ရင်း တည်ငြိမ်စွာဖြင့် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
မိန်းကလေး မင်း အခြေအနေကို သေချာ မသိသေးဘူး ထင်တယ်။ ဒီကောင်က ငါတို့ သူတော်စင်ကို အရင် သတ်ခဲ့တာ ငါတို့က လက်စားပြန်ချေတာပဲ။
အကယ်၍ ဝေနိုင်ငံတော်ရဲ့ သံမဏိဥပဒေတွေကို တစ်ယောက်ယောက်က ချိုးဖောက်ခဲ့တယ်ဆိုရင် အဲ့ဒါဒီကောင် အရင် ချိုးဖောက်ခဲ့တာပဲ ငါတို့ သူ့ကို သတ်တာက ဆင်ခြင်တုံတရားနဲ့ကော ဥပဒေနဲ့ပါ ညီညွတ်တယ်။
ဟေးဟူက နင်းယိုဝေကို ကြည့်ကာ ခပ်အေးအေး လေသံဖြင့် အကြောင်းပြချက် ပေးလိုက်သည်။
ဤဟေးဟူမှာ လူကြမ်းသက်သက် မဟုတ်ပုံရပေ သူသည် ဤအကြောင်းပြချက်ကို ကြိုတင် ပြင်ဆင်ထားပုံရသည်။
ဒါကမိုးကြိုးဘေးဒုက္ခဆိုတာ မတော်တဆ ဖြစ်တာပဲ ရှောင်ချီက တမင် လုပ်ခဲ့တာ မဟုတ်ဘူး။
ယိုဝေသည် ခဏမျှ စဉ်းစားလိုက်သော်လည်း ဟေးဟူကို မည်သို့ ပြန်လည် ချေပရမည်ကို မသိတော့ပေ။
တမင်မဟုတ်ဘူးဆိုတိုင်း လူသတ်လို့ ရသလား သူ့ရဲ့တမင်မဟုတ်ဘူး ဆိုတဲ့ အမှားကြောင့် ငါတို့ လူသားမျိုးနွယ်တွေ ဘယ်နှစ်ယောက် သေခဲ့ရလဲ။
ဒီနေ့ ငါက ငါတို့ သူတော်စင်အတွက်တင် မဟုတ်ဘူး မတော်တဆ အသေဆိုးနဲ့ သေသွားရတဲ့ လူသားစစ်သည်တွေအတွက်ပါ လက်စားချေမှာ။
ဟေးဟူက အလွန်ပင် တရားမျှတသည့်ပုံစံဖြင့် ဒေါသတကြီး ပြောလိုက်သည်။
တစ်ယောက်ယောက် သေမှရပ်မည့်ပုံပင်
တော်ပြီ သူတို့နဲ့ စကားအပိုပြောမနေနဲ့တော့ မြို့ကို ဆက်မစောင့်နိုင်တော့ဘူးဆိုရင် အရင် ဆုတ်ခွာကြစမ်း။ လူသားစစ်ကူတွေ ဒီလောက်ကြာတဲ့အထိ ရောက်မလာတာ တစ်ခုခုကြောင့် တားဆီးခံထားရလို့ ဖြစ်ရမယ်။
ဒီလို လူယုတ်မာတွေနဲ့ အကြောင်းပြချက် ပြောနေလို့ ဘာထူးမှာလဲ ကိုယ့်အင်အားကိုပဲ ထိန်းသိမ်းထားတာ ပိုကောင်းတယ်။
ယုလင်လုံ၏ လက်ဝှေ့ယမ်းမှုနှင့်အတူ သူမ၏ ဘေးတွင် သေးငယ်လှပသော ဝိညာဉ်လှေတစ်စင်း ပေါ်လာသည်။
လင်ယုရှု၏ ရုပ်အလောင်းနှင့် သေလုမြောပါး ဖြစ်နေသော ရှောင်ချီတို့ကို လှေပေါ်သို့ တင်ပြီးနောက် သူမသည် နဥ်ယိုဝေကို ပြောလိုက်သည်။
သူတို့ မြို့ထဲသို့ ပြန်လည် ဆုတ်ခွာလာရခြင်းမှာ ရှောင်ချီ၏ အခြေအနေကို စစ်ဆေးရန် ဖြစ်သည်။ မြို့ရိုးပေါ်ရှိ အခြား ယုနုဂိုဏ်းဝင်များမှာလည်း ဆုတ်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် သူတို့ ဤနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့ပေ။
မည်သူမျှ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မပြောနိုင်ကြပေ။ ဟေးဟူတို့က လက်စားချေချင်သော်လည်း ရှောင်ချီ၏ ရင်ထဲမှ နာကျည်းမှုမှာ သူတို့ထက် အဆပေါင်း ရာချီ၍ ကြီးမားနေပေလိမ့်မည်။
သို့သော် ရှောင်ချီမှာ ယခုအချိန်တွင် လူစဉ်မမီသော ဒုက္ခိတ တစ်ယောက်ကဲ့သို့ အလွန်ပင် အားနည်းနေသည် သူသည် ဟေးဟူနှင့် အခြားသူများကို မည်သည့် တိုက်ခိုက်မှုမျှ မပြုလုပ်နိုင်သည်မှာ ထင်ရှားလှသည်။
"ပြေးချင်တာလား အားလုံး ဒီမှာပဲ နေခဲ့ကြစမ်း" သူတို့ ထွက်သွားချင်သည်ကို မြင်သောအခါ ဟေးဟူသည် ချက်ချင်းပင် လမ်းပိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေလုံသော ပိုက်ကွန်ကြီးတစ်ခုအသွင်ဖြင့် ဝိညာဉ်လှေကို လွှမ်းခြုံရန် ကြိုးစားလိုက်သည်။
ဤအချိန်တွင် ယုလင်လုံနှင့် နင်းယိုဝေတို့မှာလည်း ဝိညာဉ်လှေပေါ်သို့ တက်လိုက်ကြပြီ ဖြစ်သည်။
ပိုက်ကွန်ကြီး ကျရောက်ခါနီးမှာပင် ဝိညာဉ်လှေသည် လူတိုင်း၏ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"တောက် သူတို့နောက်ကို လိုက်ကြ" ဟေးဟူမှာ ရှောင်ချီကို လွှတ်ပေးရန် လုံးဝ ဆန္ဒမရှိပေ။
သူသည် ခြေဖျားလေးဖြင့် အသာအယာ ကန်ထုတ်လိုက်ရာ သူ၏ ခြေထောက်အောက်တွင် ဝိညာဉ်ဓားတစ်လက် ပေါ်လာသည်။
ထို့နောက် သူသည် ရှောင်ချီနှင့် ယုလင်လုံတို့ သွားရာ လမ်းကြောင်းအတိုင်း ဝိညာဉ်ဓားဖြင့် အရှိန်အဟုန်ဖြင့် လိုက်လံ ဖမ်းဆီးတော့သည်။