အခန်း (၁၂၀) ရှောင်ချီ စစ်မြေပြင်သို့ ရောက်ရှိလာခြင်း
"မိုးရွာလေ ရွာချင်လေ" ဆိုသကဲ့သို့ပင် ရှောင်ချီသည် မြို့ထဲတွင် မိစ္ဆာများ ပေါ်လာသည်ကို သတိပြုမိလိုက်ရုံရှိသေး သူ၏ ရှေ့တည့်တည့်တွင်လည်း မိစ္ဆာအုပ်စုကြီး တစ်စု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဤအချိန်တွင် ေကျာက်စိမ်းကညာဂိုဏ်း၏ အကြီးအကဲချုပ် မှာ ရှေ့တန်းမှ ဖိအားများကို မခံနိုင်တော့ဘဲ ကျန်ရှိနေသော တပ်ဖွဲ့များနှင့်အတူ မြို့ထဲသို့ ဆုတ်ခွာလာခဲ့ရသည်။
"ဟူး... ဒီနေ့တော့ ငါတို့ ဒီမှာပဲ အသေခံရတော့မယ် ထင်တယ်။ ရှေ့မှာလည်း ရန်သူ၊ နောက်မှာလည်း ပိတ်ဆို့ထားတော့ ငါတို့ အသေခံတိုက်ဖို့ပဲ ရှိတော့တယ်!"
အကြီးအကဲချုပ်သည် မြို့ထဲတွင် လူသားများကို သတ်ဖြတ်နေသော မိစ္ဆာသားရဲများနှင့် မြို့ရိုးကို သိမ်းပိုက်တော့မည့် မိစ္ဆာစစ်သည်များကို ကြည့်ရင်း အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။
မဟုတ်ဘူး ငါတို့ မရှုံးသေးဘူး တိုက်ပွဲက အခုမှစတာပါ အကြီးအကဲချုပ်၊ ယုလင်လုံ နဲ့ ယိုဝေ မင်းတို့ သုံးယောက် ပင်မတပ်ကို ဦးဆောင်ပြီး မြို့ရိုးကိုဆက်ကာကွယ်ထားကြ
မြို့ထဲက အခြေအနေကိုတော့ ငါသွားရှင်းလိုက်မယ် စိတ်ချပါ ငါရှိနေသရွေ့ဒီမြို့ကို ဘေးကင်းအောင် ငါစောင့်ရှောက်နိုင်တယ်။
ရှောင်ချီက ယုံကြည်မှု ပျောက်ဆုံးနေသော ယုနုဂိုဏ်း တပည့်များကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ လက်ထဲမှ ဝိညာဉ်လေးသည် ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး သူ၏ ဦးခေါင်းပေါ်တွင် စေတီတော်ရိပ်တစ်ခု ပေါ်လာသည်။
ထို့နောက် ရွှေကြာပန်းတစ်ပွင့်သည် တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ကာ စေတီတော်လေး၏ အပေါ်တွင် လွင့်ပျံနေပြီး ရှောင်ချီအတွက် ဒုတိယမြောက် ကာကွယ်ရေးအလွှာကို ဖန်တီးပေးလိုက်သည်။
ရှောင်ချီ၏ ပတ်ပတ်လည်တွင် လျှပ်စီးများ ဝန်းရံလာပြီး မှောင်မိုက်နေသော ညကောင်းကင်ယံမှာ ခေတ္တမျှ လင်းထိန်သွားသည်။
မည်သူမျှ တုံ့ပြန်ချိန်မရခင်မှာပင် ရှောင်ချီသည် မြို့ထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားတော့သည်။
ယခုအချိန်တွင် မိစ္ဆာစစ်သည် သောင်းနှင့်ချီ၍ မြို့ထဲသို့ ကျူးကျော်ဝင်ရောက်နေပြီး မြို့စောင့်တပ်များနှင့် တိုက်ခိုက်နေကြသည်။
ဤမြို့စောင့်တပ်သားများမှာ မူလက မြို့ရိုးပေါ်တွင် တိုက်ပွဲဝင်ရင်း အင်အားကုန်ခမ်းကာ အနားယူရန် မြို့ထဲသို့ ဆုတ်ခွာလာကြသည့် ဒဏ်ရာရစစ်သည်များနှင့် အရန်တပ်များသာ ဖြစ်ကြသည်။ မိစ္ဆာများ၏ တိုက်ခိုက်မှုအောက်တွင် သူတို့မှာ တဖြည်းဖြည်း နောက်ဆုတ်နေရသည်။
ဘုန်း... သူတို့အားလုံး မျှော်လင့်ချက် ကုန်ဆုံးနေချိန်မှာပင် ကောင်းကင်ယံ၌ လျှပ်စီးများ မှပေါ်လာသည် လျှပ်စီးနဂါးတစ်ကောင် မြေပြင်ပေါ်သို့ ရိုက်ခတ်သွားသည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မိစ္ဆာ ရာပေါင်းများစွာမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားကြသည်။
ဂျိန်း ဂျိန်း ရှောင်ချီ သွားလေရာရာ၌ မိုးကြိုးတိမ်တိုက်များ လွင့်မျောနေပြီး ဖုန်မှုန့်များ ထပွက်နေသည်။ သောင်းနှင့်ချီသော မိစ္ဆာများထဲတွင် သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မည်သူမျှ မတောင့်ခံနိုင်ကြပေ။
"စစ်ကူတွေ ရောက်လာပြီ ညီအစ်ကိုတို့ စစ်ကူတွေ ရောက်လာပြီဟ" အစွမ်းကုန် တိုက်ပွဲဝင်နေကြသော လူသားစစ်သည်များသည် ဤမြင်ကွင်းကို မြင်သောအခါ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမိကြသည်။
ရှောင်ချီ တစ်ယောက်တည်းကပင် စစ်တပ်ကြီးတစ်ခုနှင့် ညီမျှနေသည် သူသည် တကယ့်ကို စစ်ကူဟု ခေါ်ဆိုရန် ထိုက်တန်သူ ဖြစ်သည်။
ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့် အစောပိုင်းရှိ မိစ္ဆာဗိုလ်မှူးငယ် တစ်ဦးသည် ရှောင်ချီကို နောက်ကွယ်မှနေ၍ ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားသော်လည်း ရှောင်ချီ၏ ဦးခေါင်းပေါ်ရှိ ကြာစေ့၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။
ထိုမိစ္ဆာဗိုလ်မှူးငယ်သည် ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာသလင်းကျောက် တစ်ခု ထွက်ပေါ်လာကာ ရွှေကြာပန်းထဲရှိကြာစေ့၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ဤကြာစေ့မှာ အသိဉာဏ် ရှိပုံရပြီး အားလုံးကို ၎င်းကိုယ်တိုင်အတွက်သာ မသိမ်းပိုက်ပေ။ မိစ္ဆာသလင်းကျောက်ထဲမှ မိစ္ဆာအငွေ့အသက်များကို ဖယ်ရှားပြီးနောက် ဝိညာဉ်စွမ်းအင် ၁၀ ရာခိုင်နှုန်းကို အောက်ရှိ စေတီတော်ရိပ်သို့ ပေးကာ ၃၀ ရာခိုင်နှုန်းကို ရှောင်ချီအား ပေးသည် ကျန်ရှိသော ၆၀ ရာခိုင်နှုန်းကိုမူ ရွှေကြာပန်းနှင့် ကြာစေ့ကိုယ်တိုင်အတွက် အသုံးပြုလိုက်သည်။
ရွှေကြာပန်းနှင့် ကြာစေ့တို့သည် ဤမိစ္ဆာသလင်းကျောက်များ၏ အကျိုးကျေးဇူးကို သိရှိသွားပုံရသည်။ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးနောက် စစ်မြေပြင်တစ်ခွင်ရှိ မိစ္ဆာသလင်းကျောက်များကို လောဘတကြီး စတင်စုပ်ယူတော့သည်။
နောက်ဆုံးတွင် မိစ္ဆာစစ်သည်များ သေဆုံးမှု နှေးကွေးနေသည်ဟု ထင်ရသဖြင့် ၎င်းကိုယ်တိုင်ပင် ပါဝင်တိုက်ခိုက်လာတော့သည်။ ရွှေရောင်ကြာပန်းမှ ဝိညာဉ်အလင်းတန်းများ ထုတ်လွှတ်ကာ ဝိညာဉ်ပြောင်းလဲခြင်းနှင့် ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်ရှိ မိစ္ဆာပညာရှင်များကို ပစ်ချတော့သည်။
အဝေးမှကြည့်လျှင် ရှောင်ချီမှာ ရွှေ့လျားနေသော စက်သေနတ်ကြီး တစ်ခုနှင့် တူနေသည်။ သူ ဖြတ်သန်းသွားလေရာရာ၌ မိုးကြိုးများ ပေါက်ကွဲကာ ရွှေရောင်အလင်းများ လွှမ်းခြုံနေသည်။ သူ၏ လက်ထဲမှ လွတ်မြောက်နိုင်သော မိစ္ဆာဟူ၍ မရှိသလောက်ပင်။
ခဏအတွင်းမှာပင် မိစ္ဆာနှင့် မိစ္ဆာသားရဲ ထောင်ပေါင်းများစွာမှာ ရှောင်ချီ၏ လက်ထဲတွင် အသေဆိုးနှင့် သေဆုံးသွားကြသည်။
လူသားကောင်လေး ငါ့မျိုးနွယ်တွေကို သတ်ရဲတယ်ဆိုတော့ မင်း သတ္တိကောင်းလှချည်လား မင်းရဲ့အသက်ကို ပေးလိုက်စမ်း။
စူးရှသော အော်ဟစ်သံနှင့်အတူ ဧရာမ ပုဆိန်ကြီး တစ်ခုသည် ရှောင်ချီ၏ ဦးခေါင်းပေါ်သို့ ခုတ်ချလိုက်သည်။
ရွှေကြာပန်းသည် ချက်ချင်းပင် အလိုအလျောက် ကာကွယ်ရေးစနစ်ဖြင့် ရှောင်ချီ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်အလင်းလွှာများ ဖန်တီးကာ ပုဆိန်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ဘုန်း... ဤတစ်ကြိမ်တွင်မူ ရွှေကြာပန်း၏ ဂုဏ်ယူရသော ကာကွယ်ရေးစွမ်းအားသည် ပုဆိန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ ရွှေရောင်အလင်းလွှာများ ပျက်စီးသွားပြီး ၎င်း၏ မူလစွမ်းအင်ကိုပင် ထိခိုက်လုနီးပါး ဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် အောက်ရှိ စေတီတော်ရိပ်က အချိန်မီ လှုပ်ရှားလာပြီး ကြောက်မက်ဖွယ် ကာကွယ်ရေးအားကို ထုတ်လွှတ်လိုက်သည်။
စေတီတော်ရိပ်ကလေးမှာ ကွဲအက်လုနီးပါး ဖြစ်သွားချိန်မှသာ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှေကြာပန်းနှင့် စေတီတော်ရိပ်ကလေးတို့သည် ဝိညာဉ်စွမ်းအားများကို အလျင်အမြန် စုစည်းကာ ခဏချင်းမှာပင် အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ရှောင်ချီသည် သူ၏ဦးခေါင်းပေါ်ရှိ ရွှေကြာပန်းမှ ပြင်းထန်သော ဒေါသအငွေ့အသက်များ ထွက်ပေါ်နေသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
ရွှေကြာပန်းသည် ယခုကဲ့သို့ အထိခံလိုက်ရခြင်းအပေါ် အလွန်ပင် မကျေမနပ် ဖြစ်နေပုံရသည်။
ရှောင်ချီသည် မျက်မှောင်ကြုတ်လိုက်ကာ စောစောက တိုက်ခိုက်ခဲ့သူကို ကြည့်လိုက်သည် ၎င်းမှာ ဆယ်မီတာခန့် မြင့်မားသော လူသားသဏ္ဌာန်ရှိသော မိစ္ဆာကြီးဖြစ်ပြီး စိမ်းပုပ်ရောင် မျက်နှာနှင့် ဦးခေါင်းပေါ်တွင် ဦးချိုနှစ်ခု ပါရှိသည်။
၎င်း၏ ဟက်ဟက်ပက်ပက် ရှိလှသော သွေးရောင်လွှမ်းနေသည့် ပါးစပ်ကြီးကို ကြည့်ရသည်မှာ ရှောင်ချီကို တစ်လုပ်တည်းဖြင့် မျိုချနိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဤမိစ္ဆာ၏ ကျင့်စဉ်အဆင့်ကို အကဲခတ်ကြည့်ရင်း ရှောင်ချီ၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားသည်။
ဤကောင်မှာ စစ်မြေပြင်ရှိ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိသော မိစ္ဆာ အနည်းငယ်ထဲမှ တစ်ကောင်ဖြစ်သည်။ တစ်စစ်မြေပြင်လုံးအတွက် နျူကလီးယားလက်နက်နှင့် ညီမျှသော အစွမ်းရှိသူဟု ဆိုနိုင်သည်။
ဤကောင်၏ အစွမ်းမှာ မိစ္ဆာဗိုလ်ချုပ်လောက် မကြောက်စရာကောင်းသော်လည်း လူသားများ၏ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ဦးနှင့် အလွန်ပင် နီးစပ်လှသည်။
မိစ္ဆာမျိုးနွယ်များ၏ အစွမ်းမှာ သဘာဝအရပင် လူသားမျိုးနွယ်များထက် ပို၍ ကြီးမားကြသည်။ သူတို့၏ အခြေခံနှင့် အမွေအနှစ်မှာ လူသားများထက် သိသိသာသာ ပို၍ခိုင်မာလှသည်။
သာမန်အခြေအနေတွင် ဤကဲ့သို့သော မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ရန်အတွက် လူသားများဘက်မှ အဆင့်တူ ပညာရှင် အနည်းဆုံး သုံးဦးခန့် ထုတ်သုံးမှသာ အခွင့်အရေး ရှိပေလိမ့်မည်။
ဟွန့်... မင်းတို့ မိစ္ဆာမျိုးနွယ်တွေက ငါတို့ လူသားတွေကို သတ်ခွင့်ရှိပြီး ငါက မင်းတို့ မျိုးနွယ်တွေကို သတ်တော့ ဘာလို့အဲ့ဒီလောက် ဒေါသထွက်နေတာလဲ။
"ဒါဆိုရင် ငါကကော ငါ့ရဲ့ လူသားမျိုးနွယ်တွေအတွက် မင်းဆီကနေ အသက်ပြန်တောင်းသင့်တာပေါ့" ရှောင်ချီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဓားရှည်ကို မိစ္ဆာကြီးထံ ချိန်ရွယ်ကာ ဒေါသတကြီး မေးလိုက်သည်။
အစာအဆင့်ပဲရှိတဲ့ သတ္တဝါက ငါတို့ မြင့်မြတ်တဲ့ မိစ္ဆာမျိုးနွယ်တွေနဲ့ နှိုင်းယှဉ်ရဲတယ်ပေါ့ တကယ့်ကို အသိဉာဏ် မရှိတာပဲ။
ဒီနေ့တော့ မင်းတို့လို ပုရွက်ဆိတ်တွေနဲ့ ငါတို့လို မြင့်မြတ်တဲ့ မိစ္ဆာတွေကြားက ကွာခြားချက်ကို ငါကိုယ်တိုင် ပြပေးမယ်။
သို့သော် ရှောင်ချီ၏ စကားကို ကြားသောအခါ ထိုမိစ္ဆာပညာရှင်မှာ ရယ်စရာဟုသာ ထင်နေပုံရသည်။
၎င်း၏ မျက်လုံးထဲတွင် လူသားမျိုးနွယ်မှာ သူတို့ စားသုံးရန်အတွက် မွေးမြူထားသော နွား၊ ဆိတ်များကဲ့သို့သာ ဖြစ်သည်။ သို့သော် ဤသတ္တဝါများက သူတို့ကို ပြန်လည် တိုက်ခိုက်ချင်နေကြသည်။
ဤသည်မှာ လှောင်အိမ်ထဲမှ နွား၊ ဆိတ်များက သူတို့၏ ပိုင်ရှင်ကို သတ်ရန် လက်နက်စွဲကိုင်လာခြင်းနှင့် တူနေသဖြင့် မိစ္ဆာများအားလုံးကို အလွန်ပင် ဒေါသထွက်စေခြင်း ဖြစ်သည်။
ထိုကြောင့်ပင် သူတို့သည် လူသားများကို သူတို့၏ အခြေအနေမှန်ကို သိရှိစေရန်နှင့် နွား၊ ဆိတ်များအဖြစ် ပြန်လည်နေထိုင်စေရန် မြို့များကို အဆက်မပြတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။
"ဟွန့်... စကားတွေ အပိုပြောမနေနဲ့တော့။ ဒီနေ့တော့ ငါ့ရဲ့ကျင့်စဉ်လမ်းကို သက်သေပြဖို့အတွက် မင်းလို မိစ္ဆာအိုကြီးကို ငါကိုယ်တိုင် သတ်ပြမယ်" ရှောင်ချီက ထပ်မံ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ပေါ်တွင် လျှပ်စီးများ ဝင်းလက်လာတော့သည်။
"လင်ရှောင် ဓားကိုးချက်ရဲ့ သတ္တမမြောက် နည်းဗျူဟာ - တစ်သောင်းသော ဓားများ မူလသို့ ပြန်လည်ရောက်ရှိခြင်း" ရှောင်ချီက သူ၏ ဓားရှည်ကို ကောင်းကင်ယံသို့ မြှောက်တင်လိုက်သည်။
ဓားရှည်သည် ချက်ချင်းပင် တစ်လက်မှ နှစ်လက် နှစ်လက်မှလေးလက် ထိုမှတစ်ဆင့် ဓားပေါင်း တစ်သောင်းအဖြစ်သို့ ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော ဓားရိပ်များသည် လေထဲတွင် ဝဲပျံနေပြီး ယခင်နှင့်မတူသည်မှာ ဤဓားရိပ်များပေါ်တွင် လျှပ်စီးပွင့်များ ပါဝင်နေခြင်းပင်ဖြစ်သည်။
ရှောင်ချီသည် သူ၏ယခုဘဝမှ ကျင့်စဉ်ရလဒ်များကို သူ၏လင်ရှောင် ဓားကိုးချက်ထဲသို့ ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။
ယခင်နှင့် နှိုင်းယှဉ်လျှင် ယခု နည်းဗျူဟာမှာ ပို၍ ပျော့ပျောင်းပြီး အစွမ်းမှာလည်း အဆပေါင်းများစွာ ပို၍ ကြီးမားလှသည်။
"ဟွန့် ပိုးစုန်းကြူးရဲ့ အလင်းက လမင်းကြီးနဲ့ ယှဉ်ချင်နေတာပဲ" ဤမိစ္ဆာကြီး၏ အသံမှာ ကျယ်လောင်ရုံသာမက နားထဲတွင် မိုးကြိုးပေါက်ကွဲသကဲ့သို့ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ရှောင်ချီက ဂရုမစိုက်ဘဲ ကောင်းကင်တစ်ခုလုံးရှိ ဓားအလင်းတန်းများကို မိစ္ဆာကြီး၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။
မိစ္ဆာကြီး၏ ခန္ဓာကိုယ်မှ မည်းမှောင်နေသော အငွေ့အသက် အမြောက်အမြား ထွက်ပေါ်လာပြီး ပျံသန်းနေသော ဓားပေါင်း ထောင်ချီကို ဝါးမြိုရန် ကြိုးစားလိုက်တော့သည်။