အခန်း (၁၂) မင်းရဲ့အပြစ်ကို ဝန်ခံသလား
"ရှောင်ချီ မင်း အပြစ်ရှိတယ်လို့ဝန်ခံသလား" ရှောင်ချီ၏ ကျင့်ကြံရေးဂူအတွင်း၌ ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်လျက် ရှောင်ချီကို ငုံ့ကြည့်ကာ ပြတ်သားသောလေသံဖြင့် မေးလိုက်သည်။
တပည့် အပြစ်ရှိကြောင်း ဝန်ခံပါတယ်။ ဂိုဏ်းခန်းမဆောင်ကြီးထဲမှာ ညီမလေး လင်းကျောင်လန်ကို ဒဏ်ရာရအောင် မလုပ်ခဲ့သင့်သလို အဓိကတောင်ထိပ်ပေါ်မှာလည်း ဆရာ့ကို မပုန်ကန်ခဲ့သင့်ပါဘူး။
ရှောင်ချီသည် လက်အုပ်ချီကာ တည်ငြိမ်စွာ ပြောလိုက်သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် ဒူးမထောက်ခဲ့ပေ၊ သို့သော် နတ်မိမယ် လင်းယွင်ကတော့ ထပ်ပြီး အတင်းအကျပ် မလုပ်တော့ပေ။
ပြီးခဲ့သည့်တစ်ခေါက်က ဒူးထောက်သည့်ကိစ္စကြောင့် ရှောင်ချီသည် သူမ၏မျက်နှာကို အကြီးအကျယ် ပျက်စီးစေခဲ့သည်။
အကယ်၍ သူမက ထပ်ပြီး ဇွတ်လုပ်နေဦးမည်ဆိုပါက နောက်တစ်ကြိမ် အရှက်ကွဲရုံသာ ရှိပေလိမ့်မည်။
ငါပြောနေတာ အဲဒါမဟုတ်ဘူး။ ဂိုဏ်းရဲ့ အဖိုးတန်ရတနာ ဟောက်ထျန်းစေတီပျောက်ဆုံးနေတာကို မင်းရဲ့ကျင့်ကြံရေးဂူထဲမှာ လာတွေ့တယ်။ ဒါက မင်းခိုးထားတာ မဟုတ်ဘူးလား ဂိုဏ်းချုပ် ဝူတောက်ကျီ၏ အသံမှာ ပို၍ပင် ပြင်းထန်လာပြီး ရှောင်ချီကို ထပ်မံ စစ်မေးလိုက်သည်။
"ဂိုဏ်းချုပ်... ဘာတွေ ပြောနေတာလဲခင်ဗျာ ဘယ်ရတနာလဲ ဘယ်စေတီလဲ"
ပြီးခဲ့တဲ့ ရက်အနည်းငယ်လုံးလုံး တပည့်က တောင်နောက်ဘက်က နောင်တတောင်ကမ်းပါးမှာပဲရှိနေပြီး နံရံကိုကြည့်ကာ ကိုယ့်အမှားကိုယ် ပြန်ဆင်ခြင်နေခဲ့တာပါ။ အခုဆို တစ်လနီးပါး ရှိတော့မယ်။
အစကနေအဆုံးထိ ကျွန်တော် ဒီကျင့်ကြံရေးဂူကို တစ်ခါမှပြန်မလာခဲ့ပါဘူး။ အဲဒီတော့ မှော်ရတနာကို ခိုးယူတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
ကျွန်တော်က တောင်နောက်ဘက်မှာပဲ ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့တာပါ ကျင့်ကြံဆင့်တောင် တိုးတက်လာပါသေးတယ်။
အကယ်၍ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ကျွန်တော့်ကို မယုံဘူးဆိုရင် တောင်နောက်ဘက်က ဝိညာဉ်အစီအရင်ကို စစ်ဆေးကြည့်လို့ ရပါတယ်။ အဲဒီမှာ ကျွန်တော့်ရဲ့ ပုံရိပ်တွေ ရှိနေမှာပါ။ အကယ်၍ ကျွန်တော်သာ ခိုးထွက်ခဲ့မယ်ဆိုရင် အဲဒီအစီအရင်မှာ မှတ်တမ်းကျန်နေမှာ အသေအချာပါပဲ။
ဒီဟောက်ထျန်းစေတီက ကျွန်တော့်ဂူထဲမှာ ဘာလို့ပေါ်နေရတာလဲဆိုရင်တော့ ဒါဟာ တစ်ယောက်ယောက်က ကျွန်တော့်ကို အကွက်ဆင်ပြီး အပြစ်ပုံချတာပဲ ဖြစ်ရမယ်။
ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ဒီလောက်ရိုးရှင်းတဲ့ အကွက်ကိုတောင် မမြင်နိုင်ကြဘူးလား။
ရှောင်ချီ၏ အသံမှာ မတရားစွပ်စွဲခံရသဖြင့် ဝမ်းနည်းနေပုံပေါက်အောင် သူ အတတ်နိုင်ဆုံး ကြိုးစားခုခံပြောဆိုလိုက်သည်။ သူပြောသမျှ စကားတိုင်းမှာ အမှန်တရားများဖြစ်နေသဖြင့် ရှိနေသော လူကြီးသူမများမှာ ပြန်လည်ချေပရန် နည်းလမ်းမရှိသလောက်ပင်
ဟင်း... အဲဒီစကားတွေကို ရပ်လိုက်စမ်း ဟောက်ထျန်းစေတီက မင်းရဲ့ဂူထဲမှာ ရှိနေတယ်ဆိုမှတော့ မင်းနဲ့ မပတ်သက်ဘဲ မနေဘူး။
မင်း နည်းလမ်းတစ်ခုခု သုံးပြီး တောင်နောက်ဘက်ကနေ ခဏခိုးထွက်ခဲ့သလားဆိုတာ ဘယ်သူသိမှာလဲ ဝူတောက်ကျီက နှာခေါင်းရှုံ့ကာ ရှောင်ချီကို လွှတ်မပေးလိုဘဲ ပြောလိုက်သည်။
ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်သည်ကို မည်သူမျှ မလိုလားပေ။ သို့သော် ဖြစ်လာပြီဆိုလျှင်တော့ တစ်စုံတစ်ယောက်က တာဝန်ယူရပေလိမ့်မည်။ ဂိုဏ်း၏နတ်ဘုရားသားတော်ဖြစ်သလို ယခုကဲ့သို့ ကျင့်ကြံခြင်းပါရမီ မြင့်မားနေသော ရှောင်ချီသည် အပြစ်ပုံချခံရရန် အသင့်တော်ဆုံးသော "ဓားစာခံ" ပဲ မဟုတ်ပါလား။
ရှောင်ချီကသာစေတီကို သူခိုးခဲ့ပါသည်ဟု ဝန်ခံလိုက်ပါက ဂိုဏ်းချုပ်အနေဖြင့် သူ၏တာဝန်ပျက်ကွက်မှုကို ဖုံးကွယ်နိုင်ပေလိမ့်မည်။ လူတိုင်း၏ အာရုံစိုက်မှုမှာ ရှောင်ချီဆီသို့ ရောက်သွားမည် ဖြစ်သည်။
ထို့ကြောင့်ပင် ဝူတောက်ကျီသည် ဤအညစ်အကြေးများကို ရှောင်ချီအပေါ် ပက်ရန် အသည်းအသန် ကြိုးစားနေခြင်း ဖြစ်သည်။
ဟောက်ထျန်းစေတီကို ကျွန်တော့်ဂူထဲမှာ လာထားပြီး ဘယ်သူက ကျွန်တော့်ကို အကွက်ဆင်ချင်နေတာလဲဆိုတာ ကျွန်တော် မသိပါဘူး ဒါပေမဲ့ ဒီကိစ္စက အလွန်ကြီးလေးပြီး လူအများကြီးနဲ့ ပတ်သက်နေတယ်။ အကယ်၍ ဘယ်သူမှ တာဝန်မယူနိုင်ဘူးဆိုရင် ကျွန်တော်တစ်ယောက်တည်း တာဝန်ယူဖို့ အသင့်ပါပဲ။
ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးခံရပါစေ.ဂိုဏ်းကနေ နှင်ထုတ်ခံရပါစေ ကျွန်တော် နောင်တရမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဒီဂိုဏ်းရဲ့နတ်ဘုရားသားတော်ဖြစ်တဲ့အတွက် ဒါဟာ ကျွန်တော် ထမ်းဆောင်ရမယ့် တာဝန်ပဲ မဟုတ်လား"
ဤတစ်ကြိမ်တွင် ရှောင်ချီသည် ဒူးတစ်ဖက် ထောက်လိုက်သည် သို့သော် သူသည် ဂိုဏ်းချုပ်ဘက်သို့ ဦးတည်ခြင်းမဟုတ်ဘဲ ဘိုးဘေးကြီးသုံးဦးဘက်သို့ ဦးတည်ကာ ဒူးထောက်လိုက်ခြင်း ဖြစ်သည်။
သူ၏ အတိတ်ဘဝတုန်းက ဤအဖိုးကြီးသုံးယောက်နှင့် သူ အဆက်အသွယ် အများကြီး မရှိခဲ့ပေ။ ယဲ့ဖန်တန်ခိုးကြီးလာချိန်တွင် သူတို့က ယဲ့ဖန်ကို အကြီးအကျယ် ထောက်ပံ့ပေးခဲ့ကြသည်။
ယဲ့ဖန်က ပြဿနာတွေ အဖန်ဖန် ဖန်တီးခဲ့ပြီးနောက်မှာလည်း ဤဘိုးဘေးကြီး သုံးဦးကပင် ဂိုဏ်း၏ ကျွမ်းကျင်သူများကို ဦးဆောင်ကာ ပြင်ပအင်အားစုများကို ခုခံခဲ့ကြခြင်း ဖြစ်သည် နောက်ဆုံးတွင်တော့ သူတို့သည် ဝိညာဉ်ဓားဂိုဏ်းနှင့်အတူ ပျက်စီးသွားခဲ့ကြသည်။
ရှောင်ချီသည် ဤအဖိုးကြီး သုံးယောက်ကို သိပ်မကြိုက်သော်လည်း မုန်းတီးခြင်းတော့ မရှိပေ။ ဘာပဲဖြစ်ဖြစ် သူတို့သည် အစကနေ အဆုံးထိ ဂိုဏ်း၏ ကောင်းကျိုးကိုသာ ရှေးရှုခဲ့ကြသူများ မဟုတ်ပါလား။
ရှောင်ချီ ဒူးထောက်လိုက်ခြင်းမှာ ပထမအချက်အနေဖြင့် သူ၏ရပ်တည်ချက်ကို ပြသရန်ဖြစ်ပြီး ဒုတိယအချက်မှာ ဂိုဏ်းချုပ် ဝူတောက်ကျီကို ဒေါသထွက်စေရန် ဖြစ်သည်။
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိပေ။ ကိစ္စတစ်ခုခု ဖြစ်လာသည်နှင့် တပည့်တစ်ဦးအပေါ် အပြစ်ပုံချရန်သာ ကြိုးစားနေသည်။ အထောက်အထား မခိုင်လုံဘဲနှင့်တောင် သူ့ကို အကွက်ဆင်ရန် ဇွတ်လုပ်နေခြင်း ဖြစ်သည်။
မင်း ဘာကို ဆိုလိုတာလဲ မင်းရဲ့ တာဝန်ဆိုတာက ဘာလဲ မင်းတစ်ယောက်တည်း တာဝန်ယူမယ်ဆိုတာကကော ငါက မင်းကို တမင် အကွက်ဆင်နေတယ်လို့ ပြောချင်တာလား။
ရှောင်ချီ၏ စကားများကိုကြားပြီး သူ၏ သဘောထားကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်၏ မျက်နှာပျက်သွားသည်။ ရှိနေသော လူတိုင်းမှာ နှစ်ပေါင်း ထောင်ချီ အသက်ရှင်လာသည့် မြေခွေးအိုကြီးများ ဖြစ်ကြသဖြင့် ရှောင်ချီ၏ စကားထဲတွင် ပါဝင်နေသော ဆိုလိုရင်းကို မည်သူက နားမလည်ဘဲ နေမည်နည်း။
တော်ကြတော့ အထောက်အထား မခိုင်လုံဘဲနဲ့ ဂိုဏ်းရဲ့နတ်ဘုရားသားတော်ကို စွပ်စွဲမနေနဲ့။ ရှောင်ချီမှာခိုင်လုံတဲ့ အထောက်အထား ရှိပြီးသားပဲ ဟောက်ထျန်းစေတီကို သူခိုးယူခဲ့တာ မဟုတ်ဘူးဆိုတာ သက်သေပြနေတယ်။
အခုက တာဝန်လွှဲချနေရမယ့် အချိန်မဟုတ်ဘူး။ အကြီးအကဲတွေ အားလုံး ပူးပေါင်းပြီး ဟောက်ထျန်းစေတီရဲ့ မူလဝိညာဉ်အနှစ်သာရကို ပြန်ရှာဖို့ပဲ ကြိုးစားကြ။
ဒါက ဂိုဏ်းရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးတဲ့ အချိန်ပဲ။ မင်းတို့ရဲ့ သိမ်ဖျင်းတဲ့ အကြံအစည်တွေကို ခဏဘေးဖယ်ထားကြ မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။
ဘိုးဘေးကြီးများထဲမှ ခေါင်းဆောင်ဖြစ်သူက သူတို့နှစ်ဦး ငြင်းခုံနေသည်ကို ရပ်တန့်ရန်နှင့် ဆူညံနေသော ကျင့်ကြံရေးဂူကို တိတ်ဆိတ်သွားစေရန် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သူသည် လက်ချောင်းဖြင့် ခပ်ဖွဖွလေး တောက်လိုက်ရာ သူ၏ရှေ့တွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် သက်ပြင်းချကာ ခေါင်းခါလျက် ကျင့်ကြံရေးဂူအတွင်းမှ ထွက်ခွာသွားတော့သည်။
သူတို့၏ စီနီယာအစ်ကို ထွက်သွားသည်ကို မြင်သောအခါ ကျန်ရှိသော ဘိုးဘေးကြီး နှစ်ဦးမှာလည်း နောက်မှ လိုက်သွားကြသည်
ဝူတောက်ကျီသည် ရှောင်ချီကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် အကြီးအကဲအုပ်စုနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
တခြားကိစ္စမရှိတော့ဘူးဆိုရင် ဆရာတပည့် တောင်နောက်ဘက်ကို ပြန်ပြီး အမှားကို ဆင်ခြင်ပါရစေဦး ရှောင်ချီသည် ထွက်ခွာသွားသော လူအုပ်ကြီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်ကာ သူ့နောက်က နတ်မိမယ် လင်းယွင်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ဂိုဏ်းမှာ ပြဿနာတွေဖြစ်နေတာ တပည့်တိုင်းမှာ တာဝန်ရှိတယ်။ အခုလောလောဆယ် တောင်နောက်ဘက်ကို ပြန်မသွားနဲ့ဦး ငါနဲ့အတူ ဟောက်ထျန်းစေတီ ကိစ္စကို လိုက်ပြီး စုံစမ်းစစ်ဆေးရမယ် နတ်မိမယ် လင်းယွင်က လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ ယခုအခါ သူမ၏ ဒေါသများ ပြေလျော့သွားပြီး နူးညံ့သိမ်မွေ့သော ပုံစံသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။
တပည့်ကတော့ တောင်နောက်ဘက်မှာပဲ ပိုပြီး နေလို့ကောင်းပါတယ်။ ဒီမှာက ပျင်းစရာကောင်းရုံတင်မကဘဲ ရှုပ်ထွေးတဲ့ ကိစ္စတွေလည်း အရမ်းများတယ်။ ဒါက ကျင့်ကြံခြင်းအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်ရှောင်ချီက မတ်မတ်ရပ်ကာ ဘာခံစားချက်မျှ မပါသော လေသံဖြင့် ပြောလိုက်သည်။
တပည့်ဖြစ်သူအပေါ် ဒေါသပြေစပြုနေသော နတ်မိမယ် လင်းယွင်သည် ရှောင်ချီ၏ စကားကို ကြားသောအခါ ဒေါသတဖန် ပြန်ထွက်လာပြန်သည်။
မင်းလို ပုန်ကန်တတ်တဲ့တပည့် တကယ့်ကို အဆိုးအကောင်း နားမလည်တဲ့သူပဲ။ ငါက မင်းရဲ့ (၃) နှစ် အပြစ်ဒဏ်ကို လျှော့ပေးချင်နေတာကို မင်းမသိဘူးလား။
ဘာလဲ ငါရယ်၊ မင်းရဲ့ စီနီယာမမတွေ၊ ညီမလေးတွေနဲ့ အတူရှိနေရတာက တောင်နောက်ဘက်မှာ နေရတာလောက် မပျော်ရဘူးလို့ ပြောချင်တာလား။
နတ်မိမယ် လင်းယွင်၏ ပါးပြင်များမှာ သွေးတိုးလာသဖြင့် အနည်းငယ် နီမြန်းနေသည် သူမသည် ရှောင်ချီကို စိုက်ကြည့်ကာ ပြင်းထန်စွာ မေးခွန်းထုတ်လိုက်သည်။
ဆရာက တကယ့်ကိုပညာရှိပြီး အရာရာကို သိမြင်နိုင်စွမ်းရှိတာပဲ ဆရာပြောတာ မှန်ပါတယ်။ ဒီတောင်ပေါ်မှာ နေရတာက တကယ့်ကို ရွံစရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ ညီမလေးကို မြင်ရမှပဲ ကျွန်တော့်ရဲ့ စိတ်နဲ့ ခန္ဓာက အေးချမ်းရတာပါ။ ကျန်တဲ့သူတွေကို မြင်ရတာကတော့ ကျွန်တော့်ရဲ့ သွေးတွေကို ပွက်ပွက်ဆူစေပြီး အန်ချင်စိတ်တွေပဲ ပေါက်စေပါတယ်။
ရှောင်ချီက သွယ်ဝိုက်သလိုလိုနှင့် တိုက်ရိုက်ပင် ရင့်ရင့်သီးသီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မင်းက ငါတို့ကိုမြင်ရင် အန်ချင်တယ်ပေါ့ ဟုတ်ပြီ... ဟုတ်ပြီ မင်း တောင်နောက်ဘက်ကို အဲဒီလောက်တောင် ကြိုက်နေတယ်ဆိုရင်လည်း တစ်ဘဝလုံး အဲဒီမှာပဲ နေလိုက်တော့။
နတ်မိမယ် လင်းယွင်သည် ရှောင်ချီကို သွားကြိတ်ကာ ကြည့်လိုက်ပြီး လက်ဝါးကို ဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်စွမ်းအား လေပြင်းတစ်ခုက ရှောင်ချီကို ပတ်ပတ်လည် ဝန်းရံသွားပြီး တောင်နောက်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် သယ်ဆောင်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ချီသည် သူ၏ နူးညံ့ပျော့ပျောင်းသော သစ်ရွက်ခုတင်ကြီးပေါ်သို့ ပြန်ရောက်သွားတော့သည်။
ရှောင်ချီကတော့တောင်နောက်ဘက်မှာဇိမ်နဲ့ပြန်အိပ်နေပြီဒါပေမဲ့ဂိုဏ်းတစ်ခုလုံးကတော့စေတီကိစ္စနဲ့ပွက်လောရိုက်နေကြပြီ။