အခန်း (၁၁၈) -နယ်စပ်မြို့ရိုးကြီး ပြိုလဲလုနီးပါး ဖြစ်နေခြင်း
ဖြန်း... လင်ယွင်က သူမကို အေးစက်စက် တစ်ချက်သာ ကြည့်လိုက်ပြီး ပြင်းထန်သော ပါးရိုက်ချက်တစ်ခု ကျွေးလိုက်သည်။
"ငါက ဂိုဏ်းချုပ်နဲ့ စကားပြောနေတာ နင်က ဘယ်တုန်းကများ ကြားဖြတ်ပြောရဲတဲ့ အဆင့် ရောက်သွားတာလဲ နောက်တစ်ခါထပ်ပြီး နှုတ်သီးကောင်းလျှာပါး လုပ်ဦးမယ်ဆိုရင် နင့်လျှာကို ငါကိုယ်တိုင်ဖြတ်ပစ်မယ်"
လင်ယွန်း၏ ခန္ဓာကိုယ်မှ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင်တစ်ဦး၏ ဖိအားများ ထွက်ပေါ်လာသည်။
သူမပြောသည်မှာလည်း မမှားပေ ဤနေရာတွင် လင်ယွင်မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။ ယဲ့ဖန်တစ်ယောက် သူ၏စွမ်းအားအားလုံးကို ထုတ်သုံးလျှင်ပင် သူမကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မည်။
လင်းကျောက်လန်၏ ထပ်တလဲလဲ ရန်စမှုများမှာ သေတွင်းထဲ ခုန်ဆင်းနေသည်နှင့် မခြားပေ သူမက လင်ယွင်ကို ဟိုအရင်က အနိုင်ကျင့်ခံဒုတိယတပည့်မလေးဟု ထင်နေသလား။
"မင်း ဘာလုပ်တာလဲ ငါ့မိန်းမကို ငါ့ရှေ့မှာတင် လာရိုက်တယ်ဆိုတော့ မင်း နည်းနည်းတော့ လွန်မလာဘူးလား" မြေကြီးက ရုပ်တုတောင်မှ အပူပေးရင် အငွေ့ထွက်သေးတာပဲ၊ ယဲ့ဖန်က ရုပ်တုမဟုတ်ဘူး;သူ့ရဲ့ ဒေါသကလည်း အမြဲတမ်း ပြင်းထန်တယ်။
လင်ယွန်းက သူ့ရှေ့မှာတင် လင်းကျောက်လန်ကို ပါးရိုက်လိုက်တာဟာ လူပုံအလယ်မှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပါပဲ။
"ဟွန့်... ကိုယ့်မိန်းမကို ကိုယ်ထိန်းထားပါ နောက်တစ်ခါဆိုရင်တော့ ပါးရိုက်ရုံနဲ့တင် ပြီးမှာ မဟုတ်ဘူး" လင်ယွင်က ယဲ့ဖန်ကို မျက်စောင်းတစ်ချက်ထိုးပြီး အောက်ဘက်က မိစ္ဆာသားရဲတွေကို ဆက်တိုက် ပစ်ခတ်နေပါတော့တယ်။
သူမ ကိုင်ထားတာကလည်း ကောင်းကင်အဆင့်ဝိညာဉ်လေး တစ်လက်ပါပဲ ဒါပေမဲ့ သူမတောင်မှ အခု မိစ္ဆာတွေကို တားဆီးဖို့ ခက်ခဲနေပါပြီ။
"ငါပဲ သွားပါ့မယ်" ဝူချန်းတောင်ရဲ့ တောင်သခင်ဟာ ဒီလူနှစ်ယောက်က တစ်ယောက်မှ ရှေ့မထွက်ချင်တာကို မြင်တဲ့အခါ အချိန်ထပ်ဆွဲနေရင် မြို့ကျသွားတော့မယ်ဆိုတာ သိလိုက်ပါတယ်။
အဲ့ဒီကျရင် ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာလည်း ပျက်စီးသွားမှာဖြစ်လို့ အခုတောင်သခင်တစ်ယောက်အနေနဲ့ သူပဲ ရှေ့ထွက်ရပါတော့မယ်။
ဒီဝူချန်းတောင်သခင်က ဝိညာဉ်ဓားဂိုဏ်းရဲ့ ဝါရင့်ပညာရှင် တစ်ဦးပါပဲ သူ့နာမည်က လင်းဖုန်းပါ။ ဟိုးအရင်က ရှောင်ချီတစ်ယောက် ဂိုဏ်းထဲမှာ မိစ္ဆာဝင်တုန်းက သူတောင်မှ ရှောင်ချီကို ကယ်ချင်ခဲ့တာပါ။
အခု ဆယ်စုနှစ်တစ်ခုကျော် ကြာသွားတဲ့အခါ သူ့ရဲ့ ကျင့်စဉ်က ဝိညာဉ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းကနေ အထွတ်အထိပ်ကိုပဲ ရောက်လာပါသေးတယ်။
ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ရောက်ဖို့ကတော့ အလှမ်းဝေးနေပါသေးတယ် ဒါက ပါရမီရဲ့ အကန့်အသတ်ပါပဲ သူဟာ တစ်သက်လုံး အဲ့ဒီအဆင့်ကို ရောက်နိုင်မှာ မဟုတ်တော့ပါဘူး။
"လင်းတောင်သခင်သွားတာက အသင့်တော်ဆုံးပါပဲ ဂိုဏ်းချုပ်အနေနဲ့ ကျွန်တော်က အခြေအနေတစ်ခုလုံးကို ကြီးကြပ်ရမယ်။ အကြီးအကဲချုပ်ကတော့ အစွမ်းအထက်ဆုံးမို့ မြို့ကို စောင့်ဖို့ကျန်ခဲ့ရမယ်" အပြစ်တင်ခံမယ့်သူ ပေါ်လာတာကို မြင်တဲ့အခါ ယဲ့ဖန်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ် လင်းဖုန်းရဲ့ ပုခုံးကို ပုတ်ပြီး ကျေနပ်သလို ပြောလိုက်ပါတယ်။
လင်းဖုန်းကတော့ အားကိုးရာမဲ့သလို ခေါင်းခါလိုက်မိပါတယ်။ သူက ဝိညာဉ်ဓားဂိုဏ်းရဲ့ အနှစ်သာရကို မြင်နေရတာ ကြာပါပြီ ဒီလူတွေက ကိုယ့်အတ္တကိုယ်ပဲကြည့်တဲ့ အမှိုက်တွေပါပဲ။
ယွီရှောင်ကျီနဲ့ ဂိုဏ်းချုပ် ဝူသောက်ကျီကနေ အခု ယဲ့ဖန်နဲ့ လင်ယွင်အထိ အားလုံးက အတူတူပါပဲ။
သူသာ ငယ်ငယ်တုန်းက ဆရာ့ရဲ့ ကျေးဇူးကို မခံခဲ့ရဘူးဆိုရင် သူဒီဂိုဏ်းကနေ ထွက်သွားတာ ကြာလှပါပြီ။
အခု သူ အသက်ကြီးပြီဆိုတော့ အဆိုးဆုံးကတော့ သူ့ရဲ့ အသက်ကို ဂိုဏ်းအတွက်ပဲ ပြန်ပေးလိုက်ရမှာပေါ့။
ဘုန်း ဒါပေမဲ့ လင်းဖုန်းအတွက် အချိန်သိပ်မရှိတော့ပါဘူး မြို့အောက်က မိစ္ဆာသားရဲတွေက မြို့ကို စတင် တိုက်ခိုက်နေပါပြီ။
"သတ်" လင်းဖုန်းရဲ့ အမိန့်ပေးသံနဲ့အတူ ဝိညာဉ်ဓားဂိုဏ်းက စစ်သည် ရာနဲ့ချီဟာ မြို့ရိုးပေါ်ကနေ ခုန်ဆင်းသွားကြပါတယ်။
ဗြိ... လင်းဖုန်းက ဓားကို မြှောက်ပြီး ခုတ်ချလိုက်ရာ ရှေ့ဆုံးက ဧရာမ သားရဲကြီး သုံးကောင်ဟာ ထက်ပိုင်း ပြတ်သွားပါတော့တယ်
တောင်သခင်ကိုယ်တိုင် ရှေ့ကနေ ဦးဆောင်တိုက်တဲ့အခါ တခြားကျင့်ကြံသူတွေလည်း အရင်ကလို မကြောက်တော့ဘဲ မိစ္ဆာသားရဲလှိုင်းကြီးထဲကို တိုးဝင်ပြီး သတ်ဖြတ်ကြပါတော့တယ်။
...
တစ်ချိန်တည်းမှာပဲ မြို့ရိုးရဲ့ တခြားနေရာတွေမှာလည်း အလားတူ ဖြစ်ရပ်တွေ ဖြစ်နေပါတယ်။
မိစ္ဆာသားရဲတွေက အရှိန်အလွန်မြန်တာကြောင့် နာရီဝက်မပြည့်ခင်မှာတင် မြို့ရိုးခြေရင်းကို ရောက်လာကြတာပါ။
ဂိုဏ်းတပည့် အများအပြားဟာ စစ်ပွဲရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ အသေခံတပ်ရင်းတွေကို စေလွှတ်ပြီး အောက်ဘက်က မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာမျိုးနွယ်တွေကို တိုက်ခိုက်ခိုင်းရပါတော့တယ်။
အခုမှပဲ ရှောင်ချီဟာ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ကြားက တိုက်ခိုက်ရေးစွမ်းရည် ကွာခြားချက်ကို အမှန်တကယ် နားလည်သွားတာပါ။
အောက်ဘက်က တိုက်ပွဲဟာ အသက်နဲ့ အသက် လဲနေရတာနဲ့ တူပါတယ် လူသားကျင့်ကြံသူတွေရဲ့ အသက်ကို သုံးပြီး မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေကို သတ်နေရတာပါ။ အဲ့ဒါတောင် တန်းတူလဲနိုင်တာ မဟုတ်ပါဘူး ပျမ်းမျှအားဖြင့် လူသား သုံးလေးယောက် သေမှ မိစ္ဆာသားရဲ ဒါမှမဟုတ် မိစ္ဆာတစ်ကောင်ကို သတ်နိုင်တာပါ။
ေကျာက်စိမ်းကညာဂိုဏ်းဘက်က အခြေအနေကတော့ အနည်းငယ် ပိုကောင်းပါတယ်။ ရှောင်ချီရဲ့ တိုက်ခိုက်မှုတွေက မန္တန်စွမ်းအားတွေ ပါနေသလိုပါပဲ သူပစ်လိုက်တဲ့ မြားတိုင်းက ဗုံးပေါက်ကွဲသလို ဖြစ်ပြီး ဧရာမ သားရဲကြီးတွေကို အပိုင်းပိုင်း ပြတ်သွားစေတာပါ။
ဒါပေမဲ့ ဒါကစစ်မြေပြင်လေ တစ်ယောက် တည်းရဲ့ အစွမ်းကတော့ အကန့်အသတ်ရှိပါတယ်။ ရှောင်ချီ စောင့်နေတဲ့ နေရာလေးကပဲ တခြားနေရာတွေထက် နည်းနည်း ပိုခံနိုင်ရည် ရှိနေတာပါ။
"သူတော်စင်မလေး ဦးလေးတော် မင်းတို့ နှစ်ယောက် မြို့ရိုးပေါ်မှာပဲ နေခဲ့ပါ။ ဒီအဘွားကြီးပဲ ရှေ့ကနေ သွားပါ့မယ်" အောက်ဘက်က စစ်မြေပြင်ကို ကြည့်ရင်း အကြီးအကဲချုပ်က ဝေခွဲမနေတော့ပါဘူး။
သူမရဲ့ ခါးက ဓားရှည်ကို ဆွဲထုတ်ပြီး အမျိုးသမီးတပည့်တွေ ပါတဲ့ အသေခံတပ်ရင်းကို ဦးဆောင်ကာ မြို့ရိုးအစွန်းဆီကို ပြေးထွက်သွားပါတော့တယ်။
ရှောင်ချီနဲ့ ယုလင်လုံတို့ တားချိန်တောင် မရလိုက်ဘဲ တပည့်အများအပြား အပြင်ကို ခုန်ဆင်းသွားတာကို မြင်လိုက်ရပါတယ်။
စစ်မြေပြင်က အခြေအနေက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြောင်းလဲသွားပါတယ်။ မြို့ရိုးရဲ့ နေရာအချို့ကို မိစ္ဆာတွေ ဖောက်ထွက်နိုင်သွားပြီဖြစ်လို့ မြို့ရိုးပေါ်မှာရော အောက်မှာရော ပျက်စီးပြုန်းတီးမှုတွေနဲ့ ပြည့်နှက်နေပါပြီ။
ရှောင်ချီဟာ မြို့ရိုးပေါ်ကနေ ခုန်ဆင်းသွားပြီး တစ်ယောက်ပြီးတစ်ယောက် လဲကျသွားတဲ့ အသေခံတပ်ရင်းက အမျိုးသမီးတပည့်လေးတွေကို ကြည့်ရင်း စိတ်ထဲမှာ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေပါတယ်။
...
ညရောက်တဲ့အခါ မိစ္ဆာမျိုးနွယ်တွေဟာ အကြီးစား တိုက်စစ်ကို တရားဝင် စတင်ပါတော့တယ်။
ရှောင်ချီ ခန့်မှန်းကြည့်လိုက်ရာ ေကျာက်စိမ်းကညာဂိုဏ်းက သေဆုံးသွားတဲ့ ကျင့်ကြံသူ အရေအတွက်ဟာ အယောက် ၂၀ ကျော်နေပါပြီ။
သူတို့တွေဟာ မူလက ပွင့်လန်းခါစ ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတွေပါ သာမန်အမျိုးသမီးတွေလိုပဲလင်သားကို ပြုစု သားသမီးကို ဆုံးမရင်း နေသွားရမယ့်သူတွေပါ။
ဒါပေမဲ့ အခုတော့ သူတို့ဟာ လူသားမျိုးနွယ်အတွက် သူတို့ရဲ့ အသက်တွေကို ရင်းနေကြရတယ်။
သေဆုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ အခြေအနေကလည်း ကြည့်မကောင်းလှပါဘူး။ ရုပ်အလောင်း အကောင်းပကတိ ကျန်တဲ့သူတောင် မရှိသလောက်ပါပဲ အချို့ဆိုရင် မိစ္ဆာသားရဲတွေရဲ့ ဝါးမြိုတာကိုတောင် ခံလိုက်ရပါတယ်။
ဘုန်း... ထိုအချိန်မှာပင် ဧရာမ သားရဲကြီးပေါ်မှာ ထိုင်နေတဲ့ မိစ္ဆာဗိုလ်ချုပ်က ရုတ်တရက် လှုပ်ရှားလာပါတယ်။
သူ့လက်ထဲက လှံရှည်ကြီးကို တိုက်ရိုက် ပစ်ပေါက်လိုက်ရာ မြို့ရိုးရဲ့ အပိုင်းတစ်ခုဟာ အပိုင်းပိုင်း အပြတ်ပြတ် ပြိုကျသွားပါတော့တယ်။
လူသားမျိုးနွယ်ရဲ့ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းတစ်ပိုင်းအဆင့်ပညာရှင် အချို့ဟာ မိစ္ဆာမျိုးနွယ်ရဲ့ ဝိညာဥ်ခန္ဓာတစ်ပိုင်းအဆင့်ပညာရှင်တွေနဲ့ လုံးထွေးနေကြပါတယ်။ သူတို့ မနိုင်ပေမဲ့ နှစ်ယောက်တစ်ယောက် သုံးယောက်တစ်ယောက်နဲ့ မနည်း ထိန်းထားနိုင်ကြတာပါ။
ဒါပေမဲ့ မိစ္ဆာဗိုလ်ချုပ် လှုပ်ရှားလိုက်တာနဲ့ လူသားတွေဘက်က အခြေအနေက ချက်ချင်း အားနည်းသွားပါတော့တယ်။
"ဗိုလ်ချုပ် ဆုတ်ကြရအောင် ကျွန်တော်တို့ ထပ်မတောင့်ခံနိုင်တော့ဘူး" မဟာဝေနိုင်ငံ စစ်တပ်ဘက်မှာတော့ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ စစ်သူကြီးတစ်ဦးကို လက်ထောက် ဆယ်ယောက်ကျော်က ဝိုင်းထားကြပါတယ်တ။
"ဒါက ငါတို့ လူသားမျိုးနွယ်ရဲ့ နောက်ဆုံး နယ်စပ်စည်းပဲ။ ငါတို့သာ ဆုတ်လိုက်ရင် မိစ္ဆာတွေက မြို့ထဲဝင်ပြီး သတ်ဖြတ်ကြလိမ့်မယ် မင်းတို့ရဲ့ မိဘတွေနဲ့ ကလေးတွေ သူတို့ရဲ့ အစာဖြစ်သွားတာကို ကြည့်ချင်လို့လား"
ရွှေရောင်ချပ်ဝတ် စစ်သူကြီးက လက်ထောက်တစ်ယောက်ကို ကန်ထုတ်လိုက်ပြီး ဒေါသတကြီး ဟောက်လိုက်ပါတယ်။
ဒါပေမဲ့ စစ်ကူတွေ ရောက်ဖို့က အနည်းဆုံး တစ်ရက်လိုသေးတယ်။ အခု အခြေအနေအရ တစ်ရက်လုံးလုံး တောင့်ခံထားနိုင်ဖို့က လုံးဝ မဖြစ်နိုင်ဘူး။
အကယ်၍ ငါတို့ ဆက်ပြီး တောင့်ခံနေမယ်ဆိုရင် ရလဒ်က တစ်ခုပဲရှိတယ် အားလုံး သေသွားကြမှာပဲ။
အခု အသေခံပြီး ကာကွယ်နေမယ့်အစား ငါတို့ရဲ့ အင်အားကို ထိန်းထားသင့်တယ်။ ငါတို့ အသက်ရှင်နေမှ နောင်ကျရင် မိစ္ဆာတွေကို ပိုပြီး သတ်နိုင်မှာပေါ့။
ကန်ထုတ်ခံလိုက်ရတဲ့ လက်ထောက်က ပြန်ထလာပြီး အကျယ်ကြီး အော်ပြောလိုက်ပါတယ်။
"မင်းပြောတဲ့ စကားကို မင်းကိုယ်တိုင်ကော ယုံရဲ့လား မိစ္ဆာတွေကို မြို့ထဲပေးဝင်လိုက်ရင် ငါတို့မှာ ပြန်တိုက်ဖို့ အခွင့်အရေး ရှိဦးမှာတဲ့လား အခုက လူသုံးယောက်သေမှ မိစ္ဆာတစ်ကောင်ကို သတ်နိုင်သေးတယ်။
သူတို့သာ မြို့ထဲဝင်သွားရင် လူခြောက်ယောက် သေရင်တောင် မိစ္ဆာတစ်ကောင်ကို သတ်နိုင်မှာ မဟုတ်တော့ဘူး ရွှေရောင်ချပ်ဝတ် စစ်သူကြီးက လက်ထောက်ကို စူးစိုက်ကြည့်ပြီး အေးစက်စက် အသံနဲ့ မေးလိုက်ပါတယ်။
"ဒါပေမဲ့ အခု အပြင်မှာ မိစ္ဆာဗိုလ်ချုပ် လော့နင်ရှိနေတယ်လေ ငါတို့ထဲမှာ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲပြီးတော့ ငါတို့ဘက်က ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင်ကို ထုတ်သုံးလိုက်ရင် မိစ္ဆာတွေဘက်က အကွက်ဆိုက်သွားလိမ့်မယ်။
သူတို့ရဲ့ပညာရှင်တွေ အားလုံး ဝိုင်းအုံလာရင် ငါတို့ ဘယ်လိုမှတားနိုင်မှာ မဟုတ်တော့ဘူး လက်ထောက်က စစ်သူကြီးကို နားဝင်အောင် ဆက်ပြီး ဖျောင်းဖျနေပါတယ်။