အခန်း (၁၁၇) လင်ယွင်နတ်မိမယ်နှင့် လင်းကျောက်လန်တို့၏ ပဋိပက္ခ
ရှောင်ချီ၏ နောက်ကွယ်တွင် ထူးဆန်းသော စေတီတော်ရိပ်တစ်ခု လင်းလက်လာပြီးနောက် လျင်မြန်စွာ ပုံစံပြောင်းလဲသွားကာ လေးရှည်ကြီးတစ်ခုအဖြစ်သို့ ကူးပြောင်းသွားသည်။
ဤစေတီတော်ရိပ်ကလေးမှာ ရှောင်ချီက ယဲ့ဖန်ထံမှ လုယူခဲ့သည့် ကံထူးမှုဖြစ်သော ဟောက်ထျန်းစေတီတော်၏ မွေးရာပါ ဝိညာဉ်အဆီအနှစ်ပင်ဖြစ်သည် ၎င်းကို ရှောင်ချီက သန့်စင်ပြီးသည်မှာ ကြာပြီဖြစ်သည်။
ပုံမှန်တိုက်ပွဲများတွင် ၎င်းကို ကာကွယ်ရေးအတွက် စေတီတော်အငယ်စားလေးအဖြစ် ထုတ်သုံးနိုင်သည်။
တိုက်ခိုက်လိုသည့်အခါတွင်မူ ရှောင်ချီ အသုံးပြုလိုသည့် မည်သည့်လက်နက်ပုံစံမျိုးမဆို ပြောင်းလဲအသုံးပြုနိုင်သည်။
သို့သော် ဤမွေးရာပါ ဝိညာဉ်အဆီအနှစ်တွင် အားနည်းချက်တစ်ခုရှိသည် ၎င်းကို တိုက်ခိုက်ရေးလက်နက်အဖြစ် ပြောင်းလဲလိုက်သည့်အခါ ၎င်း၏ စွမ်းဆောင်ရည်မှာ သိသိသာသာ ကျဆင်းသွားတတ်ခြင်းပင်။
ပုံမှန်အားဖြင့် ဤအဆီအနှစ်မှာ စွမ်းအင်တစ်မျှင်တည်းသာ ဖြစ်သော်လည်း ၎င်း၏အစွမ်းမှာ အနိမ့်တန်းစား နတ်ဘုရားအဆင့်မှော်လက်နက်များကိုပင် ယှဉ်နိုင်စွမ်းရှိသည်။
ဒါပေမဲ့ တိုက်ခိုက်ရေးလက်နက်အဖြစ် ပြောင်းလဲလိုက်ရင်တော့ ဒီစေတီတော်လေးရဲ့ အစွမ်းဟာ ကောင်းကင်အဆင့်ထိ ကျဆင်းသွားတတ်ပါတယ်။
ရှောင်ချီက မွေးရာပါ ဝိညာဉ်အဆီအနှစ်ကနေ ပြောင်းလဲထားတဲ့ လေးရှည်ကြီးကို ထုတ်လိုက်တဲ့အခါ ဘေးမှာရှိနေတဲ့ အကြီးအကဲချုပ်တောင်မှ အံ့သြသွားတော့တယ်။
ဦးလေးတော်က တကယ်ကို ကံထူးရှင်ပဲ ခန္ဓာကိုယ်ထဲမှာ မွေးရာပါဝိညာဉ်အဆီအနှစ်တောင်ရှိနေတာဆိုတော့ သာမန်လူတွေနဲ့ တကယ်ကို မနှိုင်းယှဉ်နိုင်ပါဘူးဟု အကြီးအကဲချုပ်က ဘေးနားကနေ သင့်တော်သလို မြှောက်ပင့်ပြောဆိုလိုက်သည်။
ရှောင်ချီကတော့ ဘာမှပြန်မပြောဘဲ ရယ်ရုံသာ ရယ်လိုက်ပါတော့သည်။
လေးအမျိုးအစား မှော်လက်နက်တွေက တခြားလက်နက်တွေနဲ့ မတူဘူး လေးရှိရုံနဲ့ မပြီးဘူး မြားတွေလည်း လိုအပ်ပါတယ်။
ဒါပေမဲ့ ပုံမှန်အားဖြင့် မြားတွေက ကုန်ဆုံးသွားတတ်တဲ့ အရာတွေပါ။ အကယ်၍ မြားတွေကို အရမ်းကောင်းအောင် လုပ်ထားမယ် ဒါမှမဟုတ် အဆင့်မြင့်လွန်းရင်လည်း ဖြုန်းတီးရာ ရောက်ပါတယ်။ အရမ်းညံ့ရင်လည်း မှော်လက်နက်ရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်ပါဘူး။
ဒါကြောင့် ကျင့်ကြံသူ အများစုက ဝိညာဉ်စွမ်းအားကိုပဲ မြားအဖြစ် ပြောင်းလဲပစ်တတ်ကြပါတယ်။ ဒါဆိုရင် ကုန်ကျစရိတ် သက်သာပေမဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ လျော့နည်းသွားတတ်ပါတယ်။
ဒါကြောင့် လေးအမျိုးအစား မှော်လက်နက်ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်ချင်ရင်တော့ အဆင့်တူတဲ့ မြားတွေကို သွန်းလုပ်ရမှာပါ။
ဒီမြို့ရိုးပေါ်မှာတော့ လူသားအဆင့် နဲ့ ဝိညာဉ်အဆင့်မြားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ မြေကမ္ဘာအဆင့် နဲ့ အထက် မြားတွေကတော့ ရှားပါးလှပါတယ် ဘယ်သူမှ ဒါမျိုးတွေကို မလုပ်ကြပါဘူး ဖြုန်းတီးရာ ရောက်လွန်းလို့ပါပဲ။
ဒါကြောင့် အကြီးအကဲချုပ်နဲ့ ရှောင်ချီတို့လို ထိပ်တန်း လေးကိုင်ဆောင်ထားသူတွေတောင်မှ ဝိညာဉ်အဆင့်မြားတွေကိုပဲ သုံးနိုင်ကြပါတယ်။
မိစ္ဆာသားရဲတွေ နီးကပ်လာတာကို မြင်တဲ့အခါ ရှောင်ချီလည်း အများကြီး မစဉ်းစားတော့ဘဲ ဝိညာဉ်ဓားဂိုဏ်းရဲ့ ထောက်ပံ့ရေးဌာနကနေ ဝိညာဉ်အဆင့် မြားဆယ်စင်းကို ယူလိုက်ပါတယ်။
မြားတွေကို ဝိညာဉ်စွမ်းအားတွေ ထည့်သွင်းပြီးတဲ့နောက် ရှောင်ချီဟာ အောက်ဘက်က စစ်မြေပြင်ဆီကို အရမ်းကာရော စတင်ပစ်ခတ်ပါတော့တယ်။
ဒါပေမဲ့ ရှောင်ချီက ဒီလို မှော်လက်နက်မျိုးကို ပထမဆုံးအကြိမ် သုံးဖူးတာဖြစ်လို့ ချိန်ဆနိုင်စွမ်း လုံးဝမရှိပါဘူး သူ ဘာကိုမှထိအောင် မပစ်နိုင်ပါဘူး။
ဒါပေမဲ့ သူ့ရဲ့ဝိညာဉ်စွမ်းအားက အရမ်းသန့်စင်ပြီး လေးရဲ့ အဆင့်ကလည်း မြင့်လွန်းတာကြောင့် သာမန်ဝိညာဉ်အဆင့် မြားတွေကို သုံးနေပေမဲ့ ထွက်ပေါ်လာတဲ့ အစွမ်းကတော့ သာမန်ကျင့်ကြံသူတွေ မလုပ်နိုင်တဲ့ အဆင့်မှာ ရှိနေပါတယ်။
ဘုန်း ဘုန်း ဘုန်း... ရှောင်ချီဟာ မြားဆယ်စင်းကျော်ကို ဆက်တိုက် ပစ်လိုက်ပေမဲ့ တစ်စင်းမှ မိစ္ဆာတွေကို မထိဘဲ မြေကြီးပေါ်ကိုပဲ ကျသွားပါတယ်။
ဒါပေမဲ့ ဒီမြားတွေက အမြောက်ဆံတွေလိုပါပဲ မြေကြီးပေါ် ကျသွားတဲ့အခါ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး ဘေးနားက ဧရာမ သားရဲကြီးတွေကို အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားစေပါတယ်။
"ဘုရားရေ ဒါဘယ်သူ့လက်အောက်က လူလဲ တကယ်ကို ရဲရင့်လွန်းတာပဲ" ေကျာက်စိမ်းဂိုဏ်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သားရဲထိန်းဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးက အံ့သြတကြီး အော်ဟစ်လိုက်ပါတယ်။
"ဟိုဘက်က အမျိုးသမီးတွေ လုပ်တာ ထင်တယ်လေ ငါ ပြောသားပဲ အဲ့ဒီ မိန်းမတွေကို သွားမစနဲ့လို့ သူတို့အားလုံးက အရူးမတွေချည်းပဲ" နောက်ထပ် အကြီးအကဲ တစ်ယောက်က ကျောက်စိမ်းကညာဂိုဏ်းဘက်ကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်ပါတယ်။
မဟုတ်ဘူး အဲ့ဒါ အမျိုးသားကျင့်ကြံသူ တစ်ယောက်ပဲ ေကျာက်စိမ်းကညာဂိုဏ်းရဲ့ နယ်မြေမှာ ဘာလို့ အမျိုးသား ကျင့်ကြံသူ ရှိနေရတာလဲ။
နောက်ထပ် ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်ရှိပညာရှင် တစ်ဦးကကျောက်စိမ်းကညာဂိုဏ်းဘက်ကို လက်ညှိုးထိုးပြရင်း မယုံနိုင်သလို အော်ပြောလိုက်ပါတယ်။
စစ်မြေပြင်က အရမ်းကျယ်ပြောလှတာကြောင့် ရှောင်ချီ ဖြစ်ပေါ်စေတဲ့ ဆူညံမှုဟာ လူတစ်စုရဲ့ အာရုံကိုသာ ဆွဲဆောင်နိုင်ခဲ့တာပါ။
...
အခြားတစ်ဖက်မှာတော့ မြို့ရိုးပေါ်ရှိ ဝိညာဉ်ဓားဂိုဏ်းရဲ့အခြေစိုက်စခန်း။
မြို့ရိုးရဲ့ရှေ့ဆုံးမှာ လူနှစ်ယောက် ရပ်နေကြသည် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ပါ အမျိုးသားကတော့ ဝတ်စုံဖြူနဲ့ ကြည့်ကောင်းလှပြီး သူ့ရဲ့ ဆံပင်အရှည်ကြီးကို ပိုးကြိုးဖြူလေးနဲ့ စည်းထားပါတယ်။
အမျိုးသမီးကတော့ ဆံပင်ဖြူတွေ ရှိနေပေမဲ့ သူမရဲ့ မျက်နှာကတော့ အသက်အရွယ်ကြီးရင့်တဲ့ လက္ခဏာ မရှိဘဲ ၁၇ နှစ်၊ ၁၈ နှစ်အရွယ် မိန်းကလေးလေးလို နုနယ်လှပနေပါတယ်။
ဒီအချိန်မှာ သူတို့နှစ်ယောက်ဟာ ဝိညာဉ်ဓားဂိုဏ်းရဲ့ တပည့်တွေကို ဦးဆောင်ပြီး အောက်ဘက်က မိစ္ဆာမျိုးနွယ်တွေကို ဆက်တိုက် ပစ်ခတ်နေကြပါတယ်။
ဝိညာဉ်စွမ်းအားတွေ ထည့်ထားတဲ့ မြားတွေဟာ မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ်ပေါ်ကို မိုးရွာသလို ကျဆင်းနေပါတယ်။
ဒီလူနှစ်ယောက်ကတော့ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် ယဲ့ဖန်အကြီးအကဲချုပ်အသစ် လင်ယွင်နတ်မိမယ်တို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့နောက်က တပည့်တွေရဲ့ တိုက်ခိုက်မှုတွေကတော့ စနစ်မကျသလို အားလည်းနည်းလှပါတယ်။
ဝိညာဉ်ဓားဂိုဏ်းဟာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှာ အမြဲတမ်းနောက်ဆုံးက လိုက်နေရတဲ့ ဂိုဏ်းဖြစ်တာကြောင့် သူ့ရဲ့ အင်အားဟာ တခြားဂိုဏ်းကြီးတွေနဲ့ ယှဉ်ရင် အများကြီး ကွာခြားလှပါတယ်။
ပုံမှန်အချိန်မှာတော့ ဒါကိုမသိသာပေမဲ့ တကယ့် စစ်ပွဲကြီးနဲ့ တွေ့တဲ့အခါမှာတော့ သူတို့ရဲ့ အစစ်အမှန် အရည်အချင်းက ပေါ်လာတော့တာပါပဲ။
အခုဆိုရင် မိစ္ဆာစစ်တပ်အများအပြားဟာ မြို့အနီးကို ရောက်နေပါပြီ ဒီနယ်မြေမှာ မိစ္ဆာတွေရဲ့ တိုက်စစ်ဟာ ေကျာက်စိမ်းကညာဂိုဏ်း နယ်မြေထက် အများကြီး ပိုပြီး မြန်ဆန်နေပါတယ်။
"မိစ္ဆာစစ်တပ်က မြို့နားကို ရောက်နေပြီ ငါတို့ အသေခံတပ်ရင်းတစ်ရင်းကို လွှတ်မှ ဖြစ်မယ် မဟုတ်ရင် သူတို့ထပ်နီးလာရင် မြို့ရိုးက အန္တရာယ်ရှိသွားလိမ့်မယ်" လင်ယွင်နတ်မိမယ်က မျက်မှောင်ကြုတ်ရင်း ယဲ့ဖန်ကို ကြည့်ကာ ပြောလိုက်ပါတယ်။
"ကျွန်မတို့ရဲ့ဖန်လောင်က ဒီစစ်ဆင်ရေးရဲ့ စစ်ဦးစီးချုပ်လေ သူက အသေခံတပ်ရင်းကို ဦးဆောင်ပြီး တိုက်ပွဲဝင်လို့ ဘယ်ဖြစ်ပါ့မလဲ ဒီခက်ခဲတဲ့ တာဝန်ကို အကြီးအကဲချုပ်ပဲ တာဝန်ယူသင့်တာပေါ့"
ဒါပေမဲ့ ယဲ့ဖန် ဘာမှမပြောရသေးခင်မှာပဲ သူ့နောက်ကနေ ပုံရိပ်တစ်ခု ပြေးထွက်လာပါတယ်။ လင်းကျောက်လန်က လင်ယွင်ကို ရွံရှာသလို ကြည့်ပြီး အေးစက်စက် လေသံနဲ့ ပြောလိုက်တာပါ။
ဒီတစ်ခါ လင်းကျောက်လန်ဟာ ယဲ့ဖန်နောက်ကို ဘယ်လိုပဲဖြစ်ဖြစ် လိုက်လာမယ်လို့ ဇွတ်အတင်း ပြောခဲ့တာပါ။ ယဲ့ဖန်လည်း သူမကို မနိုင်တာနဲ့ ခေါ်လာခဲ့ရတာပါ။
ဒါပေမဲ့ ယဲ့ဖန် အံ့သြသွားတာက သူမကို ခေါ်လာတာက သူ့အတွက် အကျိုးရှိနေတာပါပဲ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူကိုယ်တိုင် ပြောဖို့ ရှက်နေတဲ့ အရာအချို့ ရှိပါတယ်။
ဒါပေမဲ့ သူ့ဘေးမှာ ဒီလို နှုတ်သီးကောင်းလျှာပါးတဲ့ မိန်းမတစ်ယောက် ရှိနေတာကြောင့် သူမက သူ့ကိုယ်စား ပြောပေးနိုင်နေတာပါ။
အခု လင်းကျောက်လန် ပြောလိုက်တဲ့ စကားက ယဲ့ဖန် စဉ်းစားနေတဲ့ အရာနဲ့ အတော်လေး ဆင်တူပါတယ်။
ယဲ့ဖန်အနေနဲ့ငါက ဂိုဏ်းချုပ်လေ ငါအသေခံတပ်ရင်းမှာ မတိုက်ချင်ဘူးလို့ ပြောပြီး မိန်းမတစ်ယောက်ဖြစ်တဲ့ လင်ယွင်နတ်မိမယ်ကို ရှေ့ကနေ တိုက်ခိုင်းဖို့က သိက္ခာကျစရာ မဟုတ်လား။
ဒီနေရာမှာ လင်းကျောက်လန်ရဲ့ အခန်းကဏ္ဍက အရေးပါလာတာပါ။ သူမရဲ့ စကားဟာ ယဲ့ဖန်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းပေးသလို သူ့ကို အန္တရာယ်ကနေလည်း ကင်းဝေးစေပါတယ်တကယ်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။
ဟွန့် ဒါက ဘာကိုဆိုလိုတာလဲ နင်ကငါ့ကို ရှေ့ကနေ တိုက်ခိုင်းချင်တာလား မမေ့နဲ့ဦး ငါက ဒီတစ်ခါဝိညာဉ်ဓားဂိုဏ်းက စေလွှတ်လိုက်တဲ့ အစွမ်းအထက်ဆုံးလူပဲ ငါ့မှာ ဂိုဏ်းချုပ်ထက်မြင့်တဲ့ အာဏာရှိတယ်။
ယဲ့ဖန် နင်အခုဂိုဏ်းချုပ် ဖြစ်နေပေမဲ့ နင်က အစမ်းခန့် ကာလမှာပဲ ရှိသေးတာ။
နင်ရဲ့ မကြာသေးခင်က စွမ်းဆောင်ရည်တွေက သိပ်မကောင်းဘူး။ အကယ်၍ နင် ဒီတစ်ခါ ရဲရဲဝံ့ဝံ့ မပြနိုင်ရင် ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ငါ နင့်ကိုတိုင်တန်းပစ်မယ်ဆိုတာ သတိထားဦး။
လင်ယွင်နတ်မိမယ်ကလည်း အလျှော့မပေးပါဘူး ဒီနယ်စပ်စစ်ပွဲမှာ အသေခံတပ်ရင်းက အန္တရာယ်အရှိဆုံးပါ။ ပထမဆုံးအသုတ် တိုက်ခိုက်မှုမှာ အသက်ရှင်ဖို့ အခွင့်အရေးက အရမ်းကို နည်းပါးလှပါတယ်။
ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းတစ်ပိုင်းရောက်နေတဲ့ ပညာရှင် တစ်ယောက်တောင်မှ အသက်ရှင်ဖို့ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။
ဘာလဲ အကြီးအကဲချုပ်က သေမှာကြောက်နေတာလား သေမှာကြောက်ရင် လူသားမိစ္ဆာ စစ်မြေပြင်ကို မလာနဲ့လေ ဘယ်ဂိုဏ်းက ဂိုဏ်းချုပ်ကများ အသေခံတပ်ရင်းကို ကိုယ်တိုင် ဦးဆောင်ပြီး တိုက်တာ တွေ့ဖူးလို့လဲ။
လင်းကျောက်လန်က လင်ယွင်ကို စိုက်ကြည့်ရင်း အလွယ်တကူ လွှတ်ပေးမယ့်ပုံ မပေါ်ပါဘူး။