အခန်း (၁၁၆) တိုက်ပွဲကြီးစတင်တော့မည်
ဘုန်း ဘုန်း ဘုန်း နွားနှင့် ကျားနှစ်ကောင်ပေါင်းထားသည့် သဏ္ဌာန်ရှိသော ကြောက်မက်ဖွယ် ဧရာမသားရဲကြီးတစ်ကောင်သည် မည်းမှောင်နေသော မိုးကြိုးတိမ်တိုက်များကို နင်းဖြတ်ကာ မိစ္ဆာစစ်တပ်၏ ရှေ့ဆုံးသို့ ရောက်ရှိလာသည်။
ထိုသားရဲကြီး၏ ကျောပေါ်တွင် စိမ်းပုပ်ရောင်မျက်နှာနှင့် အစွယ်များ ထွက်နေသော မိစ္ဆာဗိုလ်ချုပ်ကြီး တစ်ဦးထိုင်နေသည်။
သူ၏ကိုယ်လုံးမှာ သာမန်မိစ္ဆာများထက် ပို၍ ကြီးမားပြီး ကြွက်သားများမှာလည်း ထိုးထွက်နေသည်။ သူ၏လက်ထဲတွင် မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပြီး အနံနှစ်မီတာ သုံးမီတာခန့်ရှိသော လှံရှည်ကြီးကို ကိုင်ဆောင်ထားသည်။
သူ၏ ဟိန်းဟောက်သံတစ်ချက်မှာ မိုင်ပေါင်းတစ်ထောင်အတွင်း တုန်ခါသွားစေနိုင်သည် ရှောင်ချီပင်လျှင် ခံတပ်ပေါ်မှနေ၍ မြို့ရိုးကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
အထူးသဖြင့် သူ၏ ဝိညာဉ်အာရုံဖြင့် တစ်ဖက် မိစ္ဆာစစ်တပ်ကို အကဲခတ်ကြည့်လိုက်ရာ အရေအတွက်မှာ ၁၂၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။
ထို့အပြင် ဆက်တိုက်လည်း စုဝေးနေကြဆဲဖြစ်ရာ ယနေ့တိုက်ပွဲမှာ အသေအလဲ တိုက်ရမည့် တိုက်ပွဲဖြစ်လာနိုင်သည်။
တစ်ဖက်တွင်လည်း မြို့ရိုးပေါ်ရှိ လူသားမျိုးနွယ် များမှာ အလျင်အမြန် စုဝေးနေကြသည်။ ခေတ္တအတွင်းမှာပင် လူသားပေါင်း ၂၀၀,၀၀၀ နီးပါး မြို့ရိုးပေါ်သို့ ရောက်ရှိလာကြသည်။
၎င်းတို့အနက် မဟာဝေနိုင်ငံ တစ်ခုတည်းမှ စေလွှတ်လိုက်သော စစ်သည်အရေအတွက်မှာတင် ၁၂၀,၀၀၀ ကျော်နေပြီဖြစ်သည်။
ဤကဲ့သို့သော စစ်မြေပြင်တွင် အနိမ့်ဆုံး အစွမ်းမှာ အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ရမည် မဟုတ်ပါက စစ်မြေပြင်ထဲသို့ တိုးဝင်သွားလျှင် အမြောက်စာအဆင့်တောင် အဆင့်မသတ်မှတ်နိုင်ဘဲ အလကား သေဆုံးသွားပေလိမ့်မည်။
အချိန်များမှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားပြီး စစ်မြေပြင်၏ အေးစက်လှသော အငွေ့အသက်မှာ ပို၍ ပြင်းထန်လာသည်။
တောက်ပနေသော နေမင်းမှာ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားပြီး ညချမ်းအချိန် ရောက်လာသည်နှင့် မိစ္ဆာစစ်တပ်ကြီးမှာ စတင်လှုပ်ရှားလာတော့သည်။
ငါ့ရဲ့သူရဲကောင်းတို့ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ပြရမယ့် အချိန်ရောက်ပြီ ငါ့နောက်ကို လိုက်ခဲ့ကြပြီး ဟိုမုန်းစရာကောင်းတဲ့ မြို့ရိုးကြီးကို ဖြိုချပစ်လိုက်စမ်း ငါတို့အတွက် အရသာရှိတဲ့ သွေးတွေနဲ့ မြေသြဇာကောင်းတဲ့ မြေတွေက စောင့်ကြိုနေတယ်။
ငါတို့ ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထူထောင်ကြမယ် ဟို ခြေနှစ်ချောင်းနဲ့ သတ္တဝါတွေကို တိရစ္ဆာန်တွေလို လှောင်အိမ်ထဲထည့်ပြီး ငါတို့ မျိုးနွယ်စုအတွက် မွေးမြူကြမယ်။
မိစ္ဆာဗိုလ်ချုပ်က သူ၏ လက်ထဲမှ လှံရှည်ကြီးကို အနည်းငယ် မြှောက်လိုက်ရာ သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသည်။
"သတ် သတ် သတ်..." ကောင်းကင်တုန်ဟည်းမတတ် တိုက်ပွဲဝင် အော်ဟစ်သံများ မြို့အောက်ဘက်မှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မိစ္ဆာစစ်သည်များမှာ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် မြို့ရိုးကို စိုက်ကြည့်နေကြသည်။
"အခုဆို ၁၅၀,၀၀၀ တောင်ရှိနေပြီ အခြေအနေက နည်းနည်း ဆိုးနေတယ်။ နယ်စပ်မှာရှိတဲ့ ငါတို့ လူသားမျိုးနွယ်ရဲ့ အမြဲတမ်းစစ်တပ်က ၃ သန်းလောက်ပဲရှိတာ အဲ့ဒါက ထောက်ပံ့ရေးနဲ့ နယ်မြေကာကွယ်ရေး အားလုံး အပါအဝင်ပဲ"
တိုက်ပွဲထဲကို တကယ် ထုတ်သုံးနိုင်တာက ၂၃၀,၀၀၀ ဝန်းကျင်ပဲရှိတယ်။ အခြေအနေကို ကြည့်ရတာ မိစ္ဆာမျိုးနွယ်တွေ ငါတို့ရဲ့ ကာကွယ်ရေးကို ဖောက်ထွက်သွားနိုင်တဲ့ အလားအလာက တကယ်ကို မနည်းဘူး။
ေကျာက်စိမ်းကညာဂိုဏ်း၏ အကြီးအကဲချုပ်သည် မြို့အောက်ရှိ ကြောက်မက်ဖွယ် မိစ္ဆာဗိုလ်ချုပ်ကို စိုက်ကြည့်ရင်း စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီ မိစ္ဆာဗိုလ်ချုပ်ရဲ့ ကျင့်စဉ်အဆင့်က ဘာလဲ" ရှောင်ချီက အကြီးအကဲချုပ်၏ ဘေးသို့ လျှောက်သွားပြီး မေးလိုက်သည်။
အကြီးအကဲချုပ်မှာ သူမရှေ့တွင် ရုတ်တရက် ပေါ်လာသော ရှောင်ချီကို ကြည့်ကာ ခဏတာ ကြောင်သွားသည်။ သို့သော် သူမ ချက်ချင်း သတိပြန်ဝင်လာသည် ဤသည်မှာ ရှောင်ချီနှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည် ဂိုဏ်းထဲက ဘိုးဘွားအဆင့်ရှိသူ တစ်ဦး စစ်မြေပြင်ကို ရောက်လာမည်ဟု သူမ အရင်က ကြားထားပြီးသား ဖြစ်သည်။
မူလက သူမသည် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ အကြီးအကဲတစ်ဦးဟု ထင်ထားသော်လည်း သေသေချာချာ စုံစမ်းကြည့်လိုက်သည့်အခါ ဂိုဏ်းထဲက "မိစ္ဆာအိုကြီး" က တပည့်သစ် တစ်ယောက် လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ေကျာက်စိမ်းကညာဂိုဏ်းရဲ့ အကြီးအကဲချုပ်က ဦးလေးတော်ကို နှုတ်ခွန်းဆက်ပါတယ်။ ဦးလေးတော်ရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကျွန်မရဲ့အကဲခတ်ချက်အရ အဲ့ဒီ မိစ္ဆာဗိုလ်ချုပ်ဟာ ဝိညာဥ်ခန္ဓာပေါင်းစည်းခြက်းအဆင့်ကို တစ်ဝက်တစ်ပျက် ရောက်နေတဲ့ ပညာရှင်တစ်ဦး ဖြစ်ရပါမယ်။
ဒါပေမဲ့ သူ့ဆီက ထွက်နေတဲ့ အငွေ့အသက်က အရမ်းကို ထူထပ်လွန်းတယ် သူက မိစ္ဆာမျိုးနွယ်ထဲက ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ကျင့်စဉ်မှာ အထွတ်အထိပ်ကိုရောက်နေတဲ့သူ ဖြစ်ရမယ်။
ကျွန်မရဲ့ ခန့်မှန်းချက်အရ သူ့ရဲ့ အစွမ်းဟာ သာမန် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက် မနိမ့်ပါဘူး။
အကြီးအကဲချုပ်က ရှောင်ချီကို ရိုသေစွာ ဦးညွှတ်ကာ ဖြည်းဖြည်းချင်း ရှင်းပြသည်။
အကြီးအကဲချုပ် အားနာစရာကြီးဗျာ ခင်ဗျားက အခုကျောက်စိမ်းကညာဂိုဏ်းရဲ့ စစ်ဦးစီးချုပ်ပဲ ကျွန်တော့်လို လူငယ်တစ်ယောက်ကို ဘာလို့ ဦးညွှတ်နေရတာလဲ
ရှောင်ချီက မူလက ကျွန်မလိုဂျူနီယာ ဟု ပြောချင်သော်လည်း သူက ဂျူနီယာ မဟုတ်မှန်း သတိရသွားသည်။ ေကျာက်စိမ်းဂိုဏ်းထဲတွင် သူ၏အဆင့်အတန်းမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေသဖြင့် စကားလုံးကို ပြောင်းသုံးလိုက်ရခြင်း ဖြစ်သည်။
"စည်းကမ်းဆိုတာ ရှိရမှာပေါ့ ဦးလေးတော် ခဏနေရင် စစ်မြေပြင်ထဲ ဆင်းတဲ့အခါ သတိထားပါနော် မိစ္ဆာမျိုးနွယ်ရဲ့ ဒီလို ထိပ်တန်း ပါရမီရှင်တွေနဲ့ မတိုးမိပါစေနဲ့"
အကြီးအကဲချုပ်က ရှောင်ချီကို စိတ်ရင်းဖြင့် သတိပေးလိုက်သည်။ ထို့နောက် ရှောင်ချီ၏ နောက်ကွယ်ရှိ သာမန်ကာလျှံကာ ပုံစံရှိသော လင်ယုရှုကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ရှောင်ချီက သတိလက်လွတ်ဖြင့် ရှေ့သို့ အနည်းငယ် တိုးလိုက်ကာ အကြီးအကဲချုပ်၏အကြည့်ကို ကွယ်လိုက်သည်။
အကြီးအကဲချုပ်က ဘာမှ ထပ်မပြောဘဲ အကြည့်ကို လွှဲလိုက်သည်။
"ကျွန်မ အမြင်အရဆိုရင်တော့ မိစ္ဆာဗိုလ်ချုပ်လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်နေတဲ့ အဲ့ဒီလူဟာ ဒီစစ်ပွဲရဲ့ အကြီးမားဆုံး အပြောင်းအလဲပဲ"
သူ့ရဲ့အစွမ်းရော ပါရမီရောက အထင်သေးလို့ မရဘူး ကျွန်မတို့လို လူအိုကြီးတွေ သူ့ကို ယှဉ်နိုင်မှာ မဟုတ်မှာ စိုးရတယ်။ သူ့ကို ရင်ဆိုင်ဖို့ အနည်းဆုံး ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင် တစ်ယောက်တော့ လိုလိမ့်မယ်။
"ဒါပေမဲ့ ငါတို့ဘက်က ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ပညာရှင် တစ်ယောက်ကို ထုတ်သုံးလိုက်တာနဲ့ မိစ္ဆာတွေဘက်ကလည်း စစ်ပွဲကြီးကို အရှိန်မြှင့်ဖို့ အကြောင်းပြချက် ရသွားလိမ့်မယ်။ ဒါက သူတို့ ငါတို့ကို ထောင်ချောက်ဆင်ထားတာပဲ ငါတို့ လူသားမျိုးနွယ်ကို အကျပ်ကိုင်နေတာ"
အကြီးအကဲချုပ်က မိစ္ဆာစစ်မြေပြင်ဆီကို စိုက်ကြည့်ရင်း စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
ဘုန်း ဘုန်း ဘုန်း... ထိုအချိန်မှာပင် အောက်ဘက်ရှိ မိစ္ဆာစစ်တပ်ကြီး စတင် လှုပ်ရှားလာတော့သည်။
ဧရာမ သားရဲကြီးများက အရင်စထွက်သည်။ မီတာ တစ်ထောင်နီးပါး မြင့်မားပြီး ရှေးဟောင်း ဆင်ကြီးများနှင့် တူသော ထူးဆန်းသည့် သားရဲကြီးများသည် လူသားမဟာမိတ်တပ်၏ တိုက်ခိုက်မှု အတိုင်းအတာအတွင်းသို့ ဖုန်မှုန့်များ ထပွက်အောင် ပြေးဝင်လာကြသည်။
"ပစ်" ကျောက်စိမ်းကညာဂိုဏ်း၏ အကြီးအကဲချုပ်က အမိန့်ပေးလိုက်ရာ တပည့်ပေါင်း ထောင်ချီက ဓားများ မြားများကိုပြိုင်တူ ပစ်ခတ်လိုက်ကြသည်။ ဝိညာဉ်စွမ်းအားများ ထည့်ထားသော မြားများမှာ စစ်မြေပြင်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မြို့ရိုးကြီး၏ အခြားသော စစ်မြေပြင်များတွင်လည်း တိုက်ခိုက်မှုများ စတင်လိုက်ကြပြီ ဖြစ်သည်။
မြားမိုးများမှာ ကောင်းကင်တစ်ခုလုံး ပိတ်သွားမတတ် ရွာချလိုက်ပြီး စစ်မြေပြင်ထဲသို့ ရေတံခွန်ကဲ့သို့ ကျဆင်းသွားတော့သည်။
စွပ် စွပ် စွပ်... မြားများမှာ ဧရာမ သားရဲကြီးများ၏ အသားထဲသို့ စိုက်ဝင်သွားပြီး သားရဲကြီးများမှာ တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
သို့သော် နောက်က လိုက်လာသော သားရဲကြီးများမှာ လဲကျသွားသော သူတို့၏ အပေါင်းအသင်းများကို ဂရုမစိုက်ဘဲ အလောင်းများကို နင်းဖြတ်ကာ မြို့ရိုးကြီးဆီသို့ ဆက်လက် အတင်းတိုးဝင်လာကြသည်။
မြို့ရိုးပေါ်ရှိ ကျင့်ကြံသူများ ကိုင်ဆောင်ထားသော လေးနှင့်မြားများမှာ သာမန်မဟုတ်ဘဲ တကယ့် မှော်လက်နက်များပင် ဖြစ်သည်။
မှော်လက်နက်များ၏ အဆင့်ကို (၅) ဆင့် ခွဲခြားထားသည်- လူသားအဆင့်၊ ဝိညာဉ်အဆင့် ၊ မြေကမ္ဘာအဆင့် ၊ ကောင်းကင်အဆင့်နှင့် နတ်ဘုရားအဆင့်တို့ ဖြစ်ကြသည်။
ယဲ့ဖန်ကိုင်ဆောင်ထားသော ဟင်းလင်းပြင်ဓားမြှောင်နှင့် ဝိညာဉ်စုဆောင်းသော ဘူးသီးခြောက်တို့မှာမူ ဤအဆင့်အတန်းများထဲတွင် မပါဝင်ပေ အကြောင်းမှာ ၎င်းတို့မှာ မွေးရာပါ ဝိညာဉ်စွမ်းအားများ ပါဝင်နေသောကြောင့် သာမန်လက်နက်များထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သောကြောင့်ဖြစ်သည်။
ဤအဆင့် ၅ ဆင့်ရှိသော မှော်လက်နက်များမှာ အများအားဖြင့် လူသားများက သွန်းလုပ်ထားခြင်းဖြစ်ပြီး မည်သည့် မွေးရာပါ အငွေ့အသက်မှ မပါဝင်သောကြောင့် ဖန်တီးထားသော မှော်လက်နက်များဟု ခေါ်ဆိုကြသည်။
ဒါပေမဲ့လည်း ဒီလက်နက်တွေကို အထင်သေးလို့ မရပါဘူး ကောင်းကင်အဆင့် လက်နက်တစ်ခုဟာ မွေးရာပါ ဝိညာဉ်စွမ်းအား အနည်းငယ်ပါတဲ့ လက်နက်တွေကို ယှဉ်နိုင်စွမ်း ရှိပါတယ်။
အကယ်၍ နတ်ဘုရားအဆင့်ထိ ရောက်သွားမယ်ဆိုရင်တော့ မွေးရာပါအငွေ့အသက် မပါရင်တောင် တခြား မွေးရာပါ လက်နက်အများစုကို အပြတ်အသတ် နှိမ်နင်းနိုင်ပါတယ်။ ရဲ့ဖန်ရဲ့ လက်ထဲက ပစ္စည်းတွေနဲ့တောင် ယှဉ်နိုင်စွမ်း ရှိသွားပါပြီ။
အချို့သော နတ်ဘုရားအဆင့် မှော်လက်နက်တွေဆိုရင် ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းစောင့်လက်နက်ဖြစ်ခဲ့ဖူးတဲ့ ဟောက်ထျန်း စေတီတော်နဲ့တောင် ပခုံးချင်းယှဉ်နိုင်ပါတယ်။
မှန်ပါသည် ရှောင်ချီ၏ လက်ထဲတွင်ရှိသော ရွှေကြာပန်းမှာမူ နတ်ဘုရားအဆင့် လက်နက်များပင် မယှဉ်နိုင်သော အခြားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လက်ရှိတွင် မြို့ရိုးပေါ်ရှိ ကျင့်ကြံသူ အများစု ကိုင်ဆောင်ထားသည်မှာ လူသားအဆင့် လက်နက်များသာဖြစ်ပြီး အချို့မှာမူ ဝိညာဉ်အဆင့်ဖြစ်သည်။
ကျင့်စဉ်အဆင့် မြင့်မားသူများသာ မြေကမ္ဘာအဆင့် သို့မဟုတ် ကောင်းကင်အဆင့် လေးများကို ကိုင်ဆောင်ခွင့် ရှိကြသည်။
ဥပမာအားဖြင့် ေကျာက်စိမ်းကညာဂိုဏ်းတွင် တပည့်ပေါင်း ထောင်ချီ ရှိသော်လည်း မြို့ရိုးပေါ်တွင် မြေကမ္ဘာအဆင့် လေး (၉) လက်သာရှိပြီး ၎င်းတို့ကို ဝိညာဉ်ပြောင်းလဲခြင်းနှင့် ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်ရှိသူများကသာ ကိုင်ဆောင်ထားကြသည်။
ကောင်းကင်အဆင့် လေးမှာမူ (၁) လက်သာ ရှိပြီး ၎င်းကို အကြီးအကဲချုပ်က ကိုင်ဆောင်ထားခြင်း ဖြစ်သည်။