အခန်း (၁၁၀) လွတ်လပ်ပေါ့ပါးသော ရှောင်ချီ
ရှောင်ချီပြန်နိုးလာသည့်အခါ သူသည် ကျောက်စိမ်ကညာဂိုဏ်းသို့ ပထမဆုံး ရောက်ရှိစဉ်က နေထိုင်ခဲ့သည့် အိမ်ရာလေးထဲတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူ့ဘေးတွင်တော့ သူ၏ဂျူနီယာညီမလေး လင်ယုရှုမှာ ကုတင်ဘေးတွင် မှီလျက် အိပ်ပျော်နေသည်။ သူ့ကို ပြုစုစောင့်ရှောက်ရင်းနှင့် ပင်ပန်းပြီး အိပ်ပျော်သွားခြင်း ဖြစ်ပုံရသည်။
ကျွီ... ရှောင်ချီသည် တစ်ဖက်သို့ လှည့်ကာ ကုတင်ပေါ်မှ ဆင်းရန် ကြိုးစားလိုက်သော်လည်း မတော်တဆ အသံထွက်သွားမိသည်။
ထိုအသံကို ကြားလိုက်ရသည့်အခါ လင်ယုရှုမှာ မျက်လုံးများကို ဝေဝေဝါးဝါးဖြင့် ဖွင့်ကြည့်လာသည်။
"စီနီယာအစ်ကိုကြီး... နိုးပြီလား" လင်ယုရှု၏ ညာဘက်ပါးပြင်မှာ တစ်ခုခုနှင့် ဖိအိပ်ထားသဖြင့် နီရဲနေပြီး ဝေဝေဝါးဝါး ဖြစ်နေသော သူမ၏ မျက်လုံးလေးများမှာ တကယ်ကို ချစ်ဖို့ကောင်းနေတော့သည်။
"အင်း... ငါ အိပ်ပျော်သွားတာ ဘယ်နှစ်ရက် ရှိပြီလဲ" ဂျူနီယာညီမလေး နိုးသွားပြီဖြစ်သဖြင့် ရှောင်ချီ၏ လှုပ်ရှားမှုများမှာ ယခင်ကလို သတိထားနေစရာ မလိုတော့ပေ။
သူသည် ကုတင်ပေါ်မှ တိုက်ရိုက်ဆင်းကာ အဝတ်တန်းဆီသို့ လျှောက်သွားပြီး အဝတ်အစားများကို စတင်လဲလှယ်လိုက်သည်။
"အစ်ကိုကြီး အိပ်ပျော်နေတာ သုံးရက်ရှိပြီ။ ကျွန်မနဲ့ စီနီယာအစ်မ ယုလင်လုံတို့က ဒုတိယမြောက်နေ့ နေ့လယ်မှာတင် ပြန်ရောက်တာ
ကျွန်မကတော့ အစောကြီး ပြန်လာချင်တာ ဒါပေမဲ့ စီနီယာအစ်မ ယုလင်လုံက ဝိညာဉ်ဓားဂိုဏ်းကပွဲကို ဆက်ကြည့်ချင်နေလို့ နည်းနည်း ကြန့်ကြာသွားတာ"
လင်ယုရှုသည် သွက်လက်ချက်ချာစွာဖြင့် သူမ၏ အစ်ကိုကြီးကို အဝတ်အစား လဲပေးရန် ကူညီလိုက်ပြီး အားနာသလို ပြောလိုက်သည်။
"အဲ့ဒီနောက်ပိုင်း ဝိညာဉ်ဓားဂိုဏ်းမှာ ဘာတွေ ဆက်ဖြစ်သေးလဲ ယဲ့ဖန်က ငါ့လက်ချက်နဲ့ တော်တော်လေး အထိနာသွားတာ သူက ဂိုဏ်းချုပ်ရာထူးကို ဆက်ပြီး လက်ခံနိုင်သေးရဲ့လား"
အဝတ်အစားလဲပြီးနောက် ရှောင်ချီသည် အနီးရှိ စားပွဲတွင် ထိုင်ကာ လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ရင်း သူ၏ ညီမလေးကို စူးစမ်းသလို မေးလိုက်သည်။
"ပြောရရင် ဒီယဲ့ဖန်က တကယ်ကို ပိုးဟပ်တစ်ကောင်လိုပဲ။ ငါ သူ့ကို သတ်နိုင်ခါနီးတိုင်း ဒီကောင်က အမြဲတမ်း အံ့သြစရာကောင်းအောင် အသက်ရှင်ကျန်ခဲ့တယ် ဒီကံကြမ္မာ သားတော်က တကယ်ကို သတ်ရခက်တာပဲ"
ရှောင်ချီက စိတ်ထဲမှ ရေရွတ်ရင်း သက်ပြင်းချလိုက်မိသည်။
ဒါပေမဲ့ ဒီလိုလူတွေရဲ့ ထူးခြားချက်ကလည်း တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေတာပဲ သူတို့ရှိနေရင် သူတို့ရဲ့ဆွေမျိုးတွေ ဒါမှမဟုတ် ဂိုဏ်းတွေအတွက် ကပ်ဘေးတွေပဲ သယ်ဆောင်လာတတ်တာ။
ဝိညာဉ်ဓားဂိုဏ်းက ယဲ့ဖန်ရဲ့နောက်ကို လိုက်နေသရွေ့တော့ ဘယ်တော့မှ လမ်းကောင်းရောက်မှာ မဟုတ်ဘူး။
တကယ်တော့ ရှောင်ချီက ဝိညာဉ်ဓားဂိုဏ်း ဘာဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ အဲ့ဒီ အမှိုက်တွေက တိုးတက်ဖို့ အကန့်အသတ်ရှိပါတယ်။ သူသာ ပိုပြီး သန်မာလာရင် လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ သူတို့ကို အပြတ်ရှင်းနိုင်ပါတယ်။
အဓိက စိုးရိမ်ရတာက ယဲ့ဖန်ပဲ သူ့ရဲ့ပါရမီက အရမ်းကို ကြောက်စရာကောင်းသလို သူ့ရဲ့ ကံတရားကလည်း အရမ်းကို ကောင်းလွန်းတယ်။
အကယ်၍ ရဲ့ဖန်ကိုသာ ဆက်ပြီး ကြီးထွားခွင့် ပေးလိုက်ရင် ရှောင်ချီအနေနဲ့ သူ့ကို ယှဉ်နိုင်ဖို့ တကယ်ကို ယုံကြည်ချက် မရှိပါဘူး။
ယဲ့ဖန်သာ အသက်ရှင်နေသရွေ့တော့ ရှောင်ချီရဲ့ ခေါင်းပေါ်မှာ အချိန်မရွေး ကျလာနိုင်တဲ့ ဓားတစ်လက် ရှိနေသလိုပါပဲ။ ဒါက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပဲ။
ဘိုးဘွားကြီးက အစ်ကိုကြီးကို ခေါ်သွားပြီးတဲ့နောက်မှာ ဝိညာဉ်ဓားဂိုဏ်းကတော့ တကယ်ကို ဗရုတ်ဗရက် ဖြစ်သွားတာပဲ အဲ့ဒီအချိန်မှာ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားက ဂိုဏ်းကနေ ထွက်သွားကြပြီ တချို့ဆိုရင် အဲ့ဒီမှာတင် အသက်ဆုံးရှုံးသွားကြတာ။
ဒါပေမဲ့ ဝိညာဉ်ဓားဂိုဏ်းက ဒါတွေကို ဂရုမစိုက်နိုင်တော့ဘူး သူတို့ အဓိက စိတ်ပူနေတာက ယဲ့ဖန်ရဲ့ အသက်ရှင်ခြင်း သေခြင်းပဲ
ပြောရရင် အစ်ကိုကြီး တကယ်ကို ရက်စက်တာပဲ။
ဝိညာဉ်ဓားဂိုဏ်းက အကြီးအကဲ ကျိယွမ်ရောက်လာတဲ့ အချိန်မှာ ယဲ့ဖန်က အသက်ရှူရုံလေးပဲ ကျန်တော့တာ အကယ်၍ သူမသာ နာရီဝက်လောက် နောက်ကျပြီး ရောက်လာရင် ရဲ့ဖန်ကတော့ တကယ်ပဲ သေသွားပြီး။
သူ့ရဲ့ ကျင့်စဉ်လမ်းလည်း ပြတ်တောက်သွားလောက်ပြီ အဲ့ဒီအချိန်ကျရင် နတ်ဘုရားတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။
လင်ယုရှုက လက်ဟန်ခြေဟန်များဖြင့် ထိုစဉ်က မြင်ကွင်းကို အားရပါးရ ပြောပြနေတော့သည် သူမ ပြောပြနေရင်းရင်ခုန်စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာလေးတောင် နီမြန်းနေသည်။ သူမကိုယ်တိုင်ပဲ ယဲ့ဖန်ကို သတ်လုနီးပါး ဖြစ်ခဲ့သလိုပင်။
အဲ့ဒီနောက်မှာတော့ ဟယ်တောက်ဘုံက ပညာရှင်ကြီး ငါးယောက်နဲ့ အကြီးအကဲ ကျိယွမ်တို့ ပူးပေါင်းပြီး ယဲ့ဖန်ရဲ့ အသက်ဓာတ်ကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ကြတယ်။
ဒါပေမဲ့ သူ့ရဲ့ အခြေခံကတော့ ထိခိုက်သွားလို့ အခုလောလောဆယ် အနားယူနေရတယ်
ဂိုဏ်းချုပ် ကျိန်ဆိုပွဲကို မနည်း ပြီးအောင် လုပ်ပြီးတာနဲ့ သူ ချက်ချင်းပဲ နောက်တောင်ဘက် ဂူထဲကို ဝင်ပြီး ဒဏ်ရာတွေကို ကုသနေတော့တာပဲ။
ဂုဏ်ပြုဖို့ လာကြတဲ့ မင်းသား၊ မင်းသမီးတွေနဲ့ တခြားဂိုဏ်းက ပါရမီရှင်တွေ အားလုံးလည်း ပြန်သွားကြပြီ။
ဒါပေမဲ့ ကျွန်မတို့ ပြန်လာခါနီးမှာ ကျိဝူထျန်း ဆိုတဲ့ လူတစ်ယောက်က ကျွန်မတို့ကို တားပြီး အစ်ကိုကြီးနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။
သူက တော်တော်လေး သန်မာတာကို ကျွန်မ ခံစားမိတယ် သူက ဝိညာဉ်မဲ့ဘုံကိုတောင် ရောက်နေလောက်ပြီ။
နောက်ဆုံးရောက်တော့ လင်ယုရှု၏ မျက်နှာလေးမှာ လေးနက်သွားသည်။ အသက် ၃၀ ဝန်းကျင်နှင့် ဝိညာဉ်မဲ့ဘုံသို့ ရောက်ရှိနေသည့် ပညာရှင်မျိုးမှာ တစ်လောကလုံးတွင်ပင် တွေ့ရခဲသည် မဟုတ်ပါလား။
"ဟက်... မင်းရဲ့အစ်ကိုကြီးက တွေ့ချင်တိုင်း တွေ့ပေးရမယ့်လူ မဟုတ်ဘူး" ရှောင်ချီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သူ၏ အဝတ်အစားများကို ပြန်ပြင်ကာ မောက်မာစွာ ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီး အခုအစ်ကိုကြီး ဖြစ်လိုက်တဲ့ ပြဿနာက တော်တော်လေး ကြီးသွားပြီ ဘိုးဘွားကြီးက အစ်ကိုကြီးကို မြောက်ပင်လယ် မိစ္ဆာနယ်မြေမှာ သွားပြီး လေ့ကျင့်ခိုင်းချင်နေတယ် အစ်ကိုကြီး ဘယ်လို ထင်လဲ"
လင်ယုရှုက ရှောင်ချီကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။
ရှောင်ချီ ပြန်စဉ်းစားကြည့်လျှင် ဝိညာဉ်ဓားဂိုဏ်းမှ ထွက်လာစဉ်က သူ၏ ဆရာဖြစ်သူက သူ့ကို လူသား-မိစ္ဆာ စစ်မြေပြင် မှာ လေ့ကျင့်စေချင်သည်ဟု ပြောခဲ့သည်မှာ အမှန်ပင်။
"ငါ ဘာမှ မထင်ပါဘူး သူမက သွားခိုင်းရင် ငါ သွားမှာပေါ့ ငါကလည်း နောက်ထပ် ကျင့်စဉ်အဆင့်ကို တက်လှမ်းဖို့ နီးနေပြီပဲ။
ငါ လျှောက်တဲ့လမ်းက သတ်ဖြတ်ခြင်းကနေတစ်ဆင့် ကျင့်စဉ်လမ်းကို ဖော်ဆောင်တာလေ စစ်မြေပြင်မှာ ငါ့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ပြသပြီး ဝိညာဉ်မဲ့ဘုံကို တက်လှမ်းဖို့အတွက် ဒါက အခွင့်အရေးကောင်းပဲ။
ရှောင်ချီက လူပျင်းတစ်ယောက်လို အညောင်းအညာ ဆန့်လိုက်သည်။ သူက ဒီကိစ္စကို သိပ်ပြီး အလေးမထားပုံရသည်။
မိစ္ဆာနယ်မြေဆိုတာ ဘာများလဲသူ့ကို တိုက်ခိုက်ဖို့ ဟယ်တောက်ဘုံ ပညာရှင် ငါးယောက်လောက် တစ်ပြိုင်နက်တည်း ထွက်လာနိုင်လို့လား သူဝိညာဉ်ဓားဂိုဏ်းထဲကိုတောင် နှစ်ခါဝင်ခဲ့ပြီးပြီပဲ မိစ္ဆာမျိုးနွယ်လောက်ကို သူ ဘာလို့ ကြောက်နေရမှာလဲ။
"အဲ့ဒါဆိုရင် ဒီတစ်ခါတော့ ကျွန်မလည်း အစ်ကိုကြီးနဲ့အတူ လိုက်ခဲ့မယ်" ဂျူနီယာညီမလေးက လက်ဝါးလေးကို မြှောက်ပြီး အတည်ပေါက် ပြောလိုက်သည်။
"မရဘူး မင်းရဲ့ ကျင့်စဉ်က အရမ်း အားနည်းသေးတယ်။ အဲ့ဒီလို အန္တရာယ်များတဲ့ နေရာမှာ မင်း ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ" ရှောင်ချီက စဉ်းစားတောင် မနေဘဲ ချက်ချင်း ငြင်းလိုက်သည်။
ကျွန်မရဲ့ ကျင့်စဉ်က ဘယ်မှာ အားနည်းလို့လဲ အစ်ကိုကြီးရဲ့ကျင့်စဉ်က အရမ်း သန်မာနေလို့သာ လူတိုင်းက အစ်ကိုကြီး မျက်လုံးထဲမှာ အားနည်းနေသလို မြင်နေရတာပါ။
လင်ယုရှုက ထရပ်ကာ ရှောင်ချီ၏ ရှေ့တွင် တစ်ပတ် လှည့်ပြလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ဝိညာဉ်စွမ်းအား အချို့ကို ထုတ်ဖော်ပြသလိုက်ရာ သူမ၏ ကျင့်စဉ်အဆင့်မှာ ရှောင်ချီ၏ ရှေ့မှောက်တွင် ပေါ်လွင်လာသည်။
"ဒီကောင်မလေးက တကယ်ပဲ အပျိုးဖော်ဝင်လာပြီပဲ သူမရဲ့ရင်ဘတ်က အဖုအထစ်တွေက ယုလင်လုံထက်တောင် မနိမ့်ဘူးပဲ"
ရှောင်ချီ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမ၏ ကျင့်စဉ်ကို သတိထားမိခြင်း မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်အလှအပကို ငေးကြည့်မိသွားခြင်း ဖြစ်သည်။
ပန်းရောင်ဝတ်စုံလေးနှင့် လှပကျော့ရှင်းသော ခန္ဓာကိုယ် ချစ်စရာကောင်းပြီး ကမြည်းတတ်သော စရိုက်လေးတို့က ရှောင်ချီကို ခဏတာ မိန်းမောသွားစေသည်။
"စီနီယာအစ်ကိုကြီး ဘာကို ကြည့်နေတာလဲ" ရှောင်ချီ၏ အကြည့်က သူမအပေါ်တွင် စွဲငြိပြီး ငေးနေသည်ကို မြင်လိုက်ရသည့်အခါ လင်ယုရှို့မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။
"စီနီယာအစ်ကိုကြီး ဘာဖြစ်သွားတာလဲ သံပင်မှာ ပန်းပွင့်တော့မှာလား သူက တကယ်ပဲ မိန်းကလေးတွေကို စိတ်ဝင်စားလာတာလား ပြီးတော့ အဲ့ဒီမိန်းကလေးက ငါ ဖြစ်နေတာလား" လင်ယုရှို့၏ အတွေးများမှာ ကောင်းကင်ဘုံ ကိုးထပ်ကျော်အထိ ရောက်သွားတော့သည်။ အကယ်၍ သူမသာ သတိမကပ်ရင် ထိုအတွေးတွေက ဘယ်အထိ ရောက်သွားမလဲ မသိနိုင်ပေ။
အဟမ်း မင်း ဘာတွေ တွေးနေတာလဲ ငါက မင်းရဲ့ကျင့်စဉ်အဆင့်ကို ကြည့်ပေးနေတာပါ
မင်း ဒီကာလအတွင်းမှာ တော်တော်လေး တိုးတက်လာတာပဲ။
အခုဆိုရင် နတ်သန္ဓေအဆင့်နောက်ဆုံးအဆင့်ကို ရောက်နေပြီပဲ။ နတ်စင်ဝိညာဉ် အထွတ်အထိပ်ကို ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာပဲ။
ရှောင်ချီက ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် ကျေနပ်သည့် မျက်နှာပေးဖြင့် သူမကို ချီးကျူးလိုက်သည်။
"ဒါပေါ့ ကျွန်မရဲ့ ပါရမီကလည်း တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေတာပဲလေ ဟုတ်တယ်မလား အစ်ကိုကြီးလို ပါရမီရှင်တစ်ယောက်ရဲ့ အရိပ်အောက်မှာ ရောက်နေလို့သာ ကျွန်မရဲ့ တောက်ပမှုတွေက မှေးမှိန်နေရတာ" လင်ယုရှုက သူမ၏ ရင်ဘတ်လေးကို ပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ အဲ့ဒါဆိုရင် မင်းလိုက်ခဲ့လို့ရတယ်။ ဒါပေမဲ့ မင်းကိုယ်မင်း ဘေးကင်းအောင် ကာကွယ်ရမယ်နော် အဲ့ဒီအချိန်ကျရင် ငါကမင်းကို အမြဲတမ်း ကြည့်ပေးနိုင်မှာ မဟုတ်ဘူး" ခေတ္တမျှ စဉ်းစားပြီးနောက် ရှောင်ချီက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
သူက ဒီညီမလေးကို တစ်သက်လုံး စောင့်ရှောက်ပေးလို့ မရပါဘူး။ သူမရဲ့ ပါရမီကလည်း မဆိုးတာကြောင့် သူမကိုယ်ပိုင်လမ်းကို လျှောက်လှမ်းသင့်ပါတယ်။ လူသားမိစ္ဆာ စစ်မြေပြင်မှာ သွားပြီး လေ့ကျင့်တာက သူမအတွက် အကျိုးရှိမှာပါ။
သွေးနဲ့ ရင်းပြီး မလေ့ကျင့်ရတဲ့ ပါရမီရှင်ဆိုတာ လှပပေမဲ့ အသုံးမကျတဲ့ ပန်းတစ်ပွင့်လိုပါပဲ။