အခန်း (၁၁) ဒေါသချောင်းချောင်းထွက်နေသော ဂိုဏ်းချုပ်
"ရှောင်ချီ ဘယ်မှာလဲ ရှေ့ကို ထွက်ခဲ့စမ်း" ဂိုဏ်းချုပ်သည် ကောင်းကင်ယံမှ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အောက်ဘက်ရှိ လူအုပ်ဆီသို့ လှမ်းအော်လိုက်သည်။
နတ်မိမယ် လင်းယွင်သည် ရှောင်ချီကို အကျဉ်းချထားသည့်ကိစ္စအား ဂိုဏ်းကို အသိပေးထားခြင်းမရှိသဖြင့် ခရမ်းရောင်တိမ်တိုက်တောင်ထိပ်မှ လူအနည်းငယ်ကလွဲ၍ ကျန်သူအားလုံးမှာ ရှောင်ချီသည် လွတ်လပ်နေဆဲဟု ထင်မှတ်နေကြသည်။
ဂိုဏ်းချုပ်ကို တင်ပြပါရစေ ပုန်ကန်လိုသောတပည့် ရှောင်ချီသည် ဂိုဏ်း၏စည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သောကြောင့် တောင်နောက်ဘက်ရှိ နောင်တတောင်ကမ်းပါးတွင် သူ၏လုပ်ရပ်များကို ပြန်လည်ဆင်ခြင်ရန် အပြစ်ပေး စေလွှတ်ထားရပါသည် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်နေသည်ကို မြင်သောအခါ နတ်မိမယ် လင်းယွင်သည်သာ ရှေ့သို့ထွက်၍ ဂိုဏ်းချုပ်ကို လျှောက်တင်လိုက်ရတော့သည်။
ဂိုဏ်းချုပ်၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။ မူလက သူသည် ဤကိစ္စကို အခွင့်ကောင်းယူကာ ပြဿနာရှာရန် ကြံရွယ်ထားခြင်းဖြစ်သည် သို့သော် ဤကိစ္စတွင် မြင်ရသည်ထက် ပိုမိုနက်ရှိုင်းသော အရာများ ရှိနေပုံရသည်။
တပည့်အားလုံး ရှိတဲ့နေရာမှာပဲ နေကြ ဘယ်သူမှ မလှုပ်ရဘူး တောင်ထိပ်သခင်တွေနဲ့ အကြီးအကဲတွေ အားလုံး ကျွန်တော်နဲ့ ဘိုးဘေးကြီးသုံးဦးနောက်ကို လိုက်ခဲ့ကြ။
ခရမ်းရောင်တိမ်တိုက်တောင်ထိပ်က ရှောင်ချီရဲ့ ကျင့်ကြံရေးဂူကို သွားပြီး စုံစမ်းစစ်ဆေးကြမယ်။
ဂိုဏ်းချုပ်၏ အမိန့်ကြောင့် ရင်ပြင်ရှိ တပည့်ငါးခြောက်ထောင်ခန့်မှာ တီးတိုးပြောဆိုနေကြသော်လည်း မည်သူမျှ မလှုပ်ရှားဝံ့ကြပေ။
အကြီးအကဲ ၃၀ ကျော်၊ ဂိုဏ်းချုပ်နှင့် တိတ်ဆိတ်နေသော ဘိုးဘေးကြီး သုံးဦးတို့သည် တိမ်တိုက်များကို စီးနင်းလျက် ခရမ်းရောင်တိမ်တိုက်တောင်ထိပ်ဆီသို့ ဦးတည်သွားကြတော့သည်။
လမ်းတစ်လျှောက်တွင် လူတိုင်း၏ မျက်နှာပေးမှာ တည်တင်းနေကြသည်။ မည်သူမျှ စကားမပြောကြဘဲ အများစုမှာ နတ်မိမယ် လင်းယွင်ကိုသာ လှည့်ကြည့်နေကြသည်။
"စီနီယာမမ ဘာတွေဖြစ်နေတာလဲဟောက်ထျန်းစေတီက ဘာလို့မမရဲ့ ခရမ်းရောင်တိမ်တိုက်တောင်ထိပ်မှာ ပေါ်နေရတာလဲ ပြီးတော့ ရှောင်ချီကကော အဲဒီကလေးက အမြဲတမ်းလိမ္မာယဉ်ကျေးတဲ့သူ မဟုတ်လား ဘာလို့ သူ့ကိုတောင်နောက်ဘက်က နောင်တတောင်ကမ်းပါးဆီ ပို့လိုက်ရတာလဲ"
လင်းယွင်နှင့် ရင်းနှီးသော အမျိုးသမီးအကြီးအကဲတစ်ဦးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ရှောင်ချီက အရင်က အမှားတစ်ခု လုပ်ခဲ့လို့ ငါ သူ့ကို နောင်တတောင်ကမ်းပါးဆီ ပို့လိုက်တာ။ ဟောက်ထျန်းစေတီက သူ့ဂူထဲမှာ ဘယ်လိုဖြစ်ပြီး ရောက်နေရတာလဲဆိုတာတော့ ငါလည်းမသိဘူး။နတ်မိမယ် လင်းယွင်သည်လည်း အတော်ပင် ဝေခွဲမရ ဖြစ်နေသည်။
အခြေအနေက ဘယ်လိုဖြစ်ပြီး ဒီအဆင့်အထိ ရောက်လာရတာလဲ အရင်က အားလုံး အဆင်ပြေနေတာပဲ။ ဘယ်အချိန်ကစပြီး လွဲသွားတာလဲ သူမ၏ ခရမ်းရောင်တိမ်တိုက်တောင်ထိပ်မှာ ဝဲကယက်တစ်ခုထဲ ဆွဲသွင်းခံလိုက်ရသလိုပင်။
လူအယောက်ပေါင်းများစွာ ပါဝင်သော အုပ်စုသည် ခရမ်းရောင်တိမ်တိုက်တောင်ထိပ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ကြသည်။ သူတို့၏ အရှိန်အဝါများမှာ ပြင်းထန်လွန်းလှသဖြင့် ဟင်းလင်းပြင်ကြီးမှာပင် တုန်ခါနေတော့သည် ခရမ်းရောင်တိမ်တိုက်တောင်ထိပ်မှာလည်း ဤကြောက်မက်ဖွယ် ဖိအားဒဏ်ကို မခံနိုင်သဖြင့် စတင်တုန်ခါလာသည်။
အားလုံးပဲ အရှိန်အဝါတွေကို ထိန်းလိုက်ကြပါ။ ညီမငယ်လင်းယွင်ရဲ့ ခရမ်းရောင်တိမ်တိုက်တောင်ထိပ်ကို မဖျက်ဆီးလိုက်ပါနဲ့ ဂိုဏ်းချုပ်သည် စိုးရိမ်နေသော်လည်း လိုအပ်သော ညွှန်ကြားချက်ကို ပေးလိုက်သည်။
အားလုံးက ခေါင်းညိတ်ကာ သူတို့၏ အရှိန်အဝါများကို လုံးဝ ရုပ်သိမ်းလိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခရမ်းရောင်တိမ်တိုက်တောင်ထိပ်မှာလည်း ငြိမ်သက်သွားတော့သည်။
ညီမငယ် လင်းယွင် မင်းက ခရမ်းရောင်တိမ်တိုက်တောင်ထိပ်ကို အကျွမ်းကျင်ဆုံးပဲ။ မင်းပဲ ရှေ့ကလမ်းပြပါဦးဟု ဂိုဏ်းချုပ်က လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ" နတ်မိမယ် လင်းယွင်က ခေါင်းညိတ်ကာ စိတ်ကို တင်းထားပြီး ရှေ့မှ လမ်းပြခေါ်ဆောင်သွားသည်။
မကြာမီတွင် သူမသည် လူအားလုံးကို ရှောင်ချီ၏ ကျင့်ကြံရေးဂူဆီသို့ ခေါ်သွားခဲ့သည်။
ခရမ်းရောင်တိမ်တိုက်တောင်ထိပ်၏ သခင်ဖြစ်သည်နှင့်အညီ နတ်မိမယ် လင်းယွင်၏ လက်ထဲရှိ တောင်ထိပ်သခင်တံဆိပ်မှာ ထိုတောင်ပေါ်ရှိ မည်သည့်ကျင့်ကြံရေးဂူတံခါးကိုမဆို ဖွင့်နိုင်စွမ်းရှိသည်။
သူမသည် အနက်ရောင်ဝတ်စုံအတွင်းမှ ခရမ်းရောင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ဂူဝရှိ အချိုင့်လေးထဲသို့ ဖြည်းညှင်းစွာ ဖိထည့်လိုက်သည်။
"ဂျိမ်း..." ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ တံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်လာတော့သည်။
ကျင့်ကြံရေးဂူအတွင်း၌ အခန်းနှစ်ခန်းသုံးခန်းပါဝင်သော ရင်ပြင်တစ်ခုရှိပြီး မြေကြီးပေါ်တွင် ဝိညာဉ်ဆေးပင်အချို့ ပေါက်ရောက်နေသည်။
ဂူအတွင်းရှိ နေရာလပ်မှာ သေးငယ်လှသည်မဟုတ်ဘဲ လူပေါင်းများစွာ ဝင်လာသော်လည်း ကျဉ်းကျပ်သည်ဟု မခံစားရပေ။
ကောင်းကင်ကြည့်မှန်ထဲတွင် မြင်တွေ့ခဲ့ရသော ပုံရိပ်အတိုင်း အကြီးအကဲများသည် ဟောက်ထျန်းစေတီ၏ ခြေရာလက်ရာများကို အမြန်ပင် လိုက်ရှာကြသည်။
မကြာမီမှာပင် ထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာ ရှိနေသော စေတီတစ်ဆူကို သူတို့ တွေ့လိုက်ကြရသည်။
ကံကောင်းလို့ ဂိုဏ်းရဲ့ အဖိုးတန်ရတနာကို ပြန်ရှာတွေ့တာပဲ.မဟုတ်ရင်တော့ ဒီအဖိုးကြီးဟာ ဘိုးဘေးကြီးတွေကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး။
ဆံပင်ဖြူဖြူနှင့် နုပျိုသောမျက်နှာရှိသည့် အဖိုးကြီးတစ်ဦးသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ စေတီအနီးတွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူသည် စေတီကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။
"နေဦး တစ်ခုခုတော့ မှားနေပြီ။ ဒီစေတီက ဘာလို့ ဒီလောက်တောင် အရှိန်အဝါ မှိန်နေရတာလဲ" အဖိုးကြီးသည် စေတီကို သေချာကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ဂိုဏ်း၏ အဖိုးတန်ရတနာဖြစ်သော ဟောက်ထျန်းစေတီမှာ ယခုအခါ အလင်းရောင်များ မှိန်ဖျော့နေပြီး အရောင်အဝါ ကင်းမဲ့နေသည်ကို သူ တွေ့လိုက်ရသည်။
စီနီယာအစ်ကို စေတီထဲက မူလဝိညာဉ်အနှစ်သာရတွေ မရှိတော့ဘူးဟု ဆံပင်ဖြူဖြူနှင့် အမျိုးသမီးကြီးက တည်တင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဘယ်လို... ဘယ်လိုဖြစ်ပြီး ဒါမျိုးဖြစ်နိုင်ရတာလဲ ဒါက ငါတို့ဝိညာဉ်ဓားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီး ကိုယ်တိုင် သွန်းလုပ်ခဲ့တဲ့ မှော်ရတနာလေ ဒါက နှစ်ပေါင်း သောင်းနဲ့ချီပြီး လက်ဆင့်ကမ်းလာခဲ့တာ။ ဒီနေ့ ငါတို့လက်ထဲကျမှ ပျက်စီးသွားတော့မှာလား။
အဖိုးကြီးမှာ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ ကျင့်ကြံရေးဂူအတွင်းရှိ မြက်ခင်းပေါ်သို့ ပုံလျက်သား လဲကျသွားကာ မျက်လုံးအစုံမှာလည်း အဓိပ္ပာယ်မဲ့စွာဖြင့် သူ့ဘာသာ ရေရွတ်နေတော့သည်။
စီနီယာအစ်ကို... စိတ်မပူပါနဲ့ဦး။ ဒီမူလဝိညာဉ်အနှစ်သာရဆိုတာ မှော်ရတနာရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းပဲ သူခိုးက ဒါကို ချက်ချင်း စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။
အကယ်၍ ငါတို့ တရားခံကို (၇) ရက်အတွင်း ရှာတွေ့မယ်ဆိုရင် စေတီကို ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ် ဟု ဘေးမှ အမျိုးသမီးက နှစ်သိမ့်လိုက်သည်။
ဟူး... ဂိုဏ်းချုပ် ဝူတောက်ကျီ ဒီဟောက်ထျန်းစေတီက ငါတို့ ဝိညာဉ်ဓားဂိုဏ်းရဲ့ အဖိုးတန်ဆုံး ရတနာပဲ။
အကယ်၍ ဒါသာပျက်စီးသွားရင် မင်းဟာ ငါတို့ ဝိညာဉ်ဓားဂိုဏ်းရဲ့ ထာဝရအပြစ်သား ဖြစ်သွားလိမ့်မယ်။ ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ ဟောက်ထျန်းစေတီထဲက မူလဝိညာဉ်အနှစ်သာရကို ပြန်ရအောင် ရှာရမယ်။
အဖိုးကြီးသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ဂိုဏ်းချုပ်ကို လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
စိတ်ချပါ ဘိုးဘေးကြီး။ ကျွန်တော် ဝိညာဉ်ဓားဂိုဏ်းတစ်ခုလုံးကို ပြောင်းပြန်လှန်ရှာရပါစေဦးတော့ တရားခံကို ရအောင် ရှာပါ့မယ်။
လင်းယွင်... မင်းရဲ့တပည့်ကို နောင်တတောင်ကမ်းပါးကနေ ခေါ်ခဲ့လိုက် ငါ သူ့ကို မေးစရာတွေ ရှိတယ်။
ဂိုဏ်းချုပ်က ခေါင်းညိတ်သဘောတူလိုက်ပြီး သူ၏အကြည့်မှာ အလွန်ပင် အေးစက်နေသည်။ ဘိုးဘေးကြီး ပြောခဲ့သလိုပင် ဟောက်ထျန်းစေတီသာ ပျက်စီးသွားပါက သူသည် ဝိညာဉ်ဓားဂိုဏ်း၏ ထာဝရအပြစ်သား ဖြစ်သွားပေလိမ့်မည်။ ဤသည်မှာ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ၏ ကျရှုံးမှုပင် ဖြစ်ပြီး သူသည် ဘယ်တော့မှ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။
ပိုပြီး ကြောက်စရာကောင်းတာက ဟောက်ထျန်းစေတီရဲ့ ဂုဏ်သတင်းက ကြီးမားလွန်းလှတယ်။ အကယ်၍ ဒါက အရင်လို စွမ်းအားမရှိတော့ဘူးဆိုရင် ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျော်ကြားမှုတွေလည်း ပျောက်ကွယ်သွားနိုင်တယ်။
ဝေနိုင်ငံတော်ကြီးရဲ့ အင်အားကြီးဂိုဏ်း (၇) ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့အတွက် ငါတို့ဂိုဏ်းက အကျိုးကျေးဇူးတွေ အများကြီး ရထားတာအကယ်၍ ဒီဂုဏ်သတင်းသာ ရုပ်သိမ်းခံလိုက်ရရင် ဝိညာဉ်ဓားဂိုဏ်း ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ငါ မတွေးရဲဘူး။
"နားလည်ပါပြီ" နတ်မိမယ် လင်းယွင်သည် ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံရေးဂူမှ ထွက်ကာ တောင်နောက်ဘက်ဆီသို့ အပြင်းအထန် ပြေးသွားတော့သည်။
ယခုအချိန်တွင် ရှောင်ချီသည် ဂူအတွင်း၌ အေးအေးလူလူ လဲလျောင်းကာ အိပ်ပျော်နေသည်။ ပိုပြီး သက်တောင့်သက်သာ ရှိစေရန်အတွက် သူသည် လွန်ခဲ့သော ရက်အနည်းငယ်က သစ်ရွက်ခြောက်များကို လိုက်စုထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ၎င်းတို့မှာ ခုတင်အသေးစားလေးတစ်ခု ဖြစ်နေပြီ အိပ်မပျော်ခင် ရှောင်ချီသည် သစ်ရွက်များကို ဝိညာဉ်စွမ်းအား အလွှာတစ်ခုဖြင့် အုပ်ထားလေ့ရှိသည်။ လွန်ခဲ့သော ရက်အနည်းငယ်မှာ သူ၏ဘဝတွင် အသက်သာဆုံးသော အချိန်များ ဖြစ်ခဲ့သည်ဟု ဆိုရမည်။
သူသည် တစ်နေ့လျှင် နှစ်နာရီ၊ သုံးနာရီခန့် အိပ်စက်ပြီး ကျန်ရှိသော အချိန်များကို ကျင့်ကြံခြင်းနှင့် ရှုခင်းကြည့်ခြင်းတို့ဖြင့် ကုန်လွန်စေသည်။
ဤနည်းအားဖြင့် သူ၏ကျင့်ကြံဆင့်မှာ လျင်မြန်စွာ တိုးတက်လာရုံသာမက သူ၏စိတ်အခြေအနေမှာလည်း သိသိသာသာ ကောင်းမွန်လာခဲ့သည်။
"ငါနဲ့အတူ တောင်အောက်ဆင်းခဲ့" သို့သော် ရှောင်ချီ အိပ်ပျော်ခါနီးမှာပင် လေပြင်းတစ်ချက်က သူ့ကို သယ်ဆောင်သွားပြီး တောင်အောက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
ရှောင်ချီသည် ပြန်မခုခံခဲ့ပေ။ သူ၏ဆရာမှာ လွန်ခဲ့သော သုံးနှစ်ကတည်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းထားပြီးသား ဖြစ်သည်။
သူ၏လက်ရှိအင်အားကို သူ ယုံကြည်မှုရှိသော်လည်း အဆင့်ကြီး (၂) ဆင့်မျှ ကွာခြားသော သူတစ်ဦးကိုတော့ သူ အနိုင်မတိုက်နိုင်ပေ။
ထို့အပြင် သူ၏ဆရာ အဘယ်ကြောင့် ဤမျှ အလောတကြီး ဖြစ်နေရသလဲ ဆိုသည်ကိုလည်း သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။
အခြေအနေတွေက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာပြီပဲ ဒီတစ်ခါ ယဲ့ဖန်ဆိုတဲ့ ကောင်ရဲ့အမြီးကို ငါမိအောင် ဖမ်းနိုင်မလား ကြည့်ရသေးတာပေါ့။
လေထဲတွင် ရှောင်ချီက သူ့ဘာသာ တွေးနေမိသည်။ သူသည် လက်စားချေရန် စိတ်အားထက်သန်နေသော်လည်း ယဲ့ဖန်ကို ဖြုတ်ချရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
လူယုတ်မာတစ်ယောက်ဖြစ်ဖို့ဆိုရင်သည်းခံနိုင်စွမ်းရှိရမယ်။မလိုအပ်ဘဲနဲ့အကွက်မရွှေ့နဲ့ဒါပေမဲ့ရွှေ့ပြီဆိုရင်တော့အဲဒါကသေစေနိုင်တဲ့အကွက်မျိုးဖြစ်ရမယ်။