အခန်း (၆) အမြင့်တက် ကျွမ်းကျင်မှု
ရဲကားများသည် အလျင်အမြန် ရောက်ရှိလာပြီး.. ထိုနည်းတူစွာပင် မကြာမီ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။
ဥဩသံများသည် အဝေးသို့ ပျောက်ကွယ်သွားသည်နှင့်အမျှ စွန့်ပစ်ထားသော အဆောက်အအုံသည် ယခင်အတိုင်း တိတ်ဆိတ်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး အပျက်အစီးများကြားတွင် လေနှင့် မိုးသံများသာ ပဲ့တင်ထပ်နေခဲ့တော့သည်။
လုရီသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး နဖူးပေါ်ရှိ ချွေးအေးများကို သုတ်လိုက်သည်။
ဒါဟာ တကယ်ကို သေကံမရောက် ပွဲမတိုးခဲ့သည့် အခြေအနေ ဖြစ်သည်။
အကယ်၍ သူသည် တကယ်ကြီး ဖမ်းဆီးခံရပြီး အကောင့်ပါ ပိတ်ခံလိုက်ရပါက အရှုံးသည် အမြတ်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် ဒီကမ္ဘာ၏ လိုက်ဖ်လွှင့်ခြင်း ဆိုင်ရာ စံနှုန်းများနှင့် စီမံခန့်ခွဲမှု နည်းလမ်းများသည် သူ၏ ယခင်ဘဝနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
အမှန်တကယ် ဥပဒေကို မချိုးဖောက်သမျှ ကာလပတ်လုံး အနည်းငယ် ပိုမိုဆန်းသစ်သော ဖျော်ဖြေမှုမျိုးကို ခွင့်ပြုထားဆဲ ဖြစ်၏။
သို့သော်လည်း ဒီရလဒ်ကို မျှော်လင့်မထားသော ဝမ်းမြောက်ဖွယ်ရာ မထင်မှတ်သည့် အံ့အားသင့်စရာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
လုရီသည် ဖုန်းဆီသို့ အမြန် ပြန်သွားလိုက်ပြီး သူ၏ မျက်နှာထားကို ပြင်ဆင်ကာ ကင်မရာကို ကြည့်၍ အသက်ရှင်ကျန်ရစ်သူတစ်ဦးကဲ့သို့ အားနာဖွယ် အပြုံးတစ်ခု ပြုံးပြလိုက်၏။
"အဟမ်း... မိသားစုတို့ရေ.. နားလည်မှုလွဲတာတွေကို ရှင်းလင်းလိုက်ပါပြီ"
"မြင်ကြတဲ့အတိုင်းပါပဲ.. ကျွန်တော် လုရီ ဆိုတာ ဥပဒေကို လိုက်နာတဲ့.. ဘဝကို ချစ်မြတ်နိုးတဲ့.. အပြုသဘောဆောင်တဲ့ လိုက်ဖ်လွှင့်သူတစ်ယောက်ပါ.. စောစောကကိစ္စကတော့ သေးငယ်တဲ့ အလွဲတစ်ခုမျှသာ ဖြစ်ပြီး.. ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ရဲတပ်ဖွဲ့ တုံ့ပြန်မှု မြန်ဆန်ပုံနဲ့ ပြည်သူ့လုံခြုံရေး ဘယ်လောက်ကောင်းမွန်လဲဆိုတာကို သွယ်ဝိုက်သောအားဖြင့် သက်သေပြလိုက်တာပဲ ဖြစ်ပါတယ် အားလုံးပဲ မှတ်ချက်ထဲမှာ 'တရားမျှတမှု၏ အလင်းရောင်' လို့ ရေးပေးကြပါဦး..."
လိုက်ဖ်ခန်းထဲတွင် မည်သူမျှ ထွက်ခွာမသွားသည့်အပြင်.. မကြုံစဖူး တုံ့ပြန်မှုများကြောင့် မှတ်ချက်များသည် လုံးဝ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
{တရားမျှတမှု၏ အလင်းရောင်…}
{လိုက်ဖ်လွှင့်သူ.. မင်း အသက်ရှင်နေတာ တကယ်ကို ကံကောင်းတာပဲ…}
{ဒါ အရမ်း ကောင်းတာပဲ... တကယ်လို့ မင်းသာ တကယ်ကြီး ရာဇဝတ်သားဆိုရင်တော့ ဒါဟာ သေချာပေါက် ပြီးပြည့်စုံတဲ့ ရာဇဝတ်မှု ဖြစ်မှာပဲ…}
{ပြစ်မှုမှတ်တမ်း ညီအစ်ကို... ဒီနေ့ကစပြီး မင်းကို ပြစ်မှုမှတ်တမ်း ညီအစ်ကိုလို့ပဲ ခေါ်တော့မယ်…}
{စိတ်ပညာ တိုင်ပင်ဆွေးနွေးသူ မလိုတော့ပါဘူး.. ငါ အရမ်း စိတ်လှုပ်ရှားနေပြီ... ငါ အဆင်ပြေသွားပြီ…}
{ဒီပွဲရဲ့ ဖျော်ဖြေမှု တန်ဖိုးက ဘေးအိမ်က ကနေတာထက်တောင် အများကြီး ပိုကောင်းသေးတယ်…}
မှတ်ချက်များကို ကြည့်ရင်း သူသည် ခါးသီးစွာ အပြုံးပြလိုက်၏။
ဒါဟာ မတော်တဆမှုတစ်ခု ဖြစ်သော်လည်း.. ဒါဟာ အမှန်တကယ် လူကြိုက်များမှု ဖြစ်သည်။
ကံကောင်းစွာဖြင့် သူသည် မည်သည့် အပြစ်အနာအဆာမျှ မရှိသော ဖြောင့်မတ်သည့် လူတစ်ယောက် ဖြစ်နေသဖြင့် မဟုတ်ပါက ရှင်းပြရန် လုံးဝ မဖြစ်နိုင်တော့ပေ။
လုရီသည် သူ၏ လစာ ယွမ်သုံးသောင်းအစား ရရှိခဲ့သော အမှိုက်အိတ်များကို မြန်ဆန်စွာ အရောင်းမြှင့်တင်ရန် ဒီလူကြိုက်များမှု မြင့်တက်လာမှုကို အခွင့်ကောင်းယူရန် စီစဉ်လိုက်သည်။
"ညီအစ်ကိုတို့.. ဖြစ်စဉ်က နည်းနည်း ရှုပ်ထွေးသွားခဲ့ပေမဲ့ ဒီအိတ်တွေရဲ့ အရည်အသွေးကို အားလုံး မြင်တွေ့ခဲ့ရပြီးပါပြီ…အထူးလှည့်ကင်း ရဲတပ်ဖွဲ့ဝင်တွေတောင်မှ ဒါကို မဖြဲနိုင်ခဲ့ပါဘူး..."
လုရီ ပြောဆိုနေစဉ်မှာပင် စောစောက အရောင်းပြောင်းလဲမှု နှုန်းထားကို စစ်ဆေးရန် နောက်ကွယ်မှ စာရင်းအချက်အလက်များကို ဖွင့်ကြည့်လိုက်၏။
သို့သော် နောက်ကွယ်မှ အချက်အလက်များကို မြင်လိုက်ရသည့် ခဏ၌ သူသည် လုံးဝ ဆွံ့အသွားခဲ့ရသည်။
【ကုန်ပစ္စည်းအမည်- အပိုဆောင်း အရွယ်အစားကြီး ထူထဲသော စက်မှုဇုန်သုံး အမှိုက်အိတ်】
【လက်ကျန်- 0/3000】
【ရောင်းအား- 6,000.00 RMB】
...
ကုန်သွားပြီဟုတ်လား။
လုရီသည် မယုံနိုင်စွာဖြင့် အကဲဖြတ်စစ်ဆေးရန် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
သူသည် လက်ကျန် သုံးထောင်ကိုသာ တင်ပေးထားခဲ့ခြင်း ဖြစ်ပြီး.. ဒါတွေအားလုံး ရုတ်တရက် ကုန်သွားတာလား။
ရဲများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဆယ်မိနစ်ခန့်အတွင်း စျေးဝယ်လှည်းထဲတွင် စာရင်းသွင်းထားသော အမှိုက်အိတ် ၃,၀၀၀ ကို အမှန်ပင် လုယူသွားကြခြင်း ဖြစ်သည်။
မှတ်ချက်များသည် ရူးသွပ်စွာ စီးဆင်းနေဆဲ ဖြစ်၏။
{ဟာ... ဘယ်သူတွေက အနှစ်နှစ်ဆယ်လုံး တစ်ယောက်ထဲ နေလာကြတာလဲ... ငါ နှိပ်လိုက်တာနဲ့ ကုန်သွားပြီ…လက်တော်တော်မြန်တာပဲ}
{လိုက်ဖ်လွှင့်သူ.. စကားမပြောပါနဲ့တော့... လက်ကျန် မြန်မြန် ထပ်ဖြည့်ပါ... ငါ့လက်တွေ နှေးသွားလို့ ဘာမှ မရလိုက်ဘူး…}
{ကျေးဇူးပြုပြီး လက်ကျန် ထပ်ဖြည့်ပေးပါ... ဒါ အရမ်း ဖျော်ဖြေမှု ကောင်းလွန်းတယ်…}
{တစ်လိပ်ကို နှစ်ယွမ်... ဒါ အမှန်တကယ် မဆိုးပါဘူး... အဓိကကတော့ အရည်အသွေး ကောင်းမွန်ပုံ ရတာပါပဲ…}
{ငါ့အိမ်မှာ ရှိနေရင်တောင် ပိုဝယ်တာကို မတားဆီးနိုင်ပါဘူး…}
{လက်ကျန် ထပ်ဖြည့်ပါ... လက်ကျန် ထပ်ဖြည့်ပါ…}
ဗလာဖြစ်နေသော လက်ကျန်ကို ကြည့်ရင်း လုရီသည် လွန်စွာ ဝမ်းမြောက်သွားခဲ့သည်။
စနစ်၏ တာဝန်သည် အမှန်တကယ်ပင် ဒီလို ရှုပ်ထွေးသော နည်းလမ်းဖြင့် ပြီးမြောက်သွားခဲ့တာလား..
သူသည် ကင်မရာကို ကြည့်ပြီး..
"ဘော်ဒါတို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ဘာမှ မရလိုက်တဲ့သူတွေလည်း စိတ်မပူကြပါနဲ့.. လိုက်ဖ်လွှင့်သူကို ဖော်လိုလုပ်ထားရင် မပျောက်ပျက်သွားပါဘူး..."
"ကျွန်တော် နောက်ပိုင်းမှာလည်း လိုက်ဖ် ဆက်လက် လွှင့်သွားပါဦးမယ်... အားလုံးအတွက် ပိုမို အံ့အားသင့်စရာကောင်းပြီး လက်တွေ့ကျတဲ့ ပစ္စည်းကောင်းတွေကို သေချာပေါက် ယူဆောင်လာခဲ့ပါမယ်..."
စခရင်ပေါ်တွင်
【ကျေးဇူးပြုပြီး လက်ကျန် ထပ်ဖြည့်ပေးပါ】
နှင့်
【ဘာမှ မရလိုက်ပါဘူး】
ဆိုသော မှတ်ချက်များကို ကြည့်ရင်း လုရီ၏ အသက်ရှူသံများသည် ဖြည်းဖြည်းချင်း ပြင်းထန်လာခဲ့သည်။
သူ့ထံတွင် ဒီလိပ် ၃,၀၀၀ သာ ရှိသည် မဟုတ်ပေ။
ထို ဝမ်ပိုင်ချွမ်းသည် ထို ယွမ်သုံးသောင်း လစာအစား အမှိုက်အိတ် အိတ်ကြီး အများအပြားကို အတင်းအကျပ် ထည့်ပေးခဲ့ခြင်း ဖြစ်သည်။
သူသည် ဘဝတစ်လျှောက်လုံး ရောင်းရလိမ့်မည် မဟုတ်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ အခွင့်အရေး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
သူသည် တာဝန်ပြီးမြောက်ရုံမျှဖြင့် လိုက်ဖ်ကို ရပ်ဆိုင်းလိုက်မည့် လူမျိုး မဟုတ်ပေ။
"အားလုံးက ဒီလောက်အထိ စိတ်အားထက်သန်နေကြတာဆိုတော့ ကျွန်တော်လည်း ထိန်းထားတော့မှာ မဟုတ်ပါဘူး..."
"ဒီနေ့တော့ ကျန်ရှိနေတဲ့ လက်ကျန်အကုန်လုံးကို အားလုံးအတွက် တင်ပေးလိုက်ပါမယ်..."
"စုစုပေါင်း လက်ကျန် တစ်သောင်းနှစ်ထောင် ရှိပါတယ်..."
"စကားပိုတွေ မပြောတော့ပါဘူး.. ဒါကတော့ လင့်ခ်ပါပဲ..."
လုရီ၏ လက်ချောင်းများသည် စခရင်ပေါ်တွင် လှုပ်ရှားလိုက်ပြီး နောက်ကွယ်မှ ကျန်ရှိနေသော လက်ကျန်အကုန်လုံးကို အခိုက်အတန့်အတွင်း အဆင့်မြှင့်တင်လိုက်၏။
【လက်ကျန် 12000】
"သုံး.. နှစ်.. တစ်.. တင်လိုက်ပြီ..."
လုရီ၏ အသံ ကုန်ဆုံးသွားသည်နှင့်အမျှ လိုက်ဖ်ခန်းထဲရှိ မှတ်ချက်များသည် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
အကြောင်းမှာ လူတိုင်းသည် စျေးဝယ်လှည်းကို ရူးသွပ်စွာ နှိပ်နေကြသောကြောင့် ဖြစ်၏။
သုံးမိနစ် ကြာပြီးနောက်။
လုရီသည် နောက်ကွယ်မှ အချက်အလက်များကို ရင်တထိတ်ထိတ်ဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။
【ကုန်ပစ္စည်းအမည်- အပိုဆောင်း အရွယ်အစားကြီး ထူထဲသော စက်မှုဇုန်သုံး အမှိုက်အိတ်】
【ကျန်ရှိသော လက်ကျန်- 2023/15000】
ဟာ…ဟာ..ဟာ…ဟာ...
စောစောကကဲ့သို့ မကုန်သွားသေးသော်လည်း.. ကုန်လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ပထမအသုတ်နှင့် ပေါင်းစပ်လိုက်ပါက သူသည် ဒီညတွင် ယွမ်သုံးသောင်းနီးပါး တန်ဖိုးရှိသော ကုန်ပစ္စည်းများကို ရောင်းချခဲ့ရခြင်း ဖြစ်၏။
ဒီခေတ် အင်တာနက်အသုံးပြုသူများ၏ ဝယ်ယူနိုင်စွမ်းသည် တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။
ထိုခွေး ဝမ်ပိုင်ချွမ်းသည် အလွန် တိကျစွာ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။
ဒီ ပစ္စည်းဟောင်းအသုတ်သည် သူ၏ ယွမ်သုံးသောင်း လစာနှင့် အစားထိုးသွားခဲ့ပြီး ပမာဏမှာ အပြည့်အဝ တိကျနေခဲ့သည်။
သေချာပေါက်ပင် အရင်းရှင်များသည် မည်သည့်အခါမျှ အရှုံးမခံကြပေ။
ယခုအခါ လိုက်ဖ်ခန်းထဲရှိ မှတ်ချက်များသည် ရေတံခွန်အလား ပြန်လည် စီးဆင်းနေခဲ့ပြီ ဖြစ်၏။
{ဟာ... ငါ ရလိုက်ပြီ... လက်ကျန်တွေက အရမ်း မြန်မြန် လျော့သွားတာပဲ... မင်းတို့ အားလုံး လက်ချောင်းအများကြီး ပါတဲ့ သတ္တဝါတွေလား…}
{ရလိုက်ပြီ.. ရလိုက်ပြီ... နှစ်ယွမ်နဲ့ စိတ်အေးချမ်းမှုကို ဝယ်ယူလိုက်တာပါ.. ညဘက် လမ်းလျှောက်ရင် မကြောက်တော့ဘူး…}
{ဟာဟာဟာ.. ငါ မှာယူမှု ငါးခု ဝယ်လိုက်တယ်... ဘာပဲဖြစ်ဖြစ် ငါ့မိသားစုက အမှိုက်အိတ်တွေကို အမြန်သုံးကြတာပဲ…}
{ငါလည်း အတူတူပဲ.. ဒီစျေးနှုန်းက အလွန် တန်တယ်... ငါ လိုက်ဖ်လွှင့်သူကိုပါ ဖော်လိုလုပ်လိုက်ပြီ... နောက်တစ်ကြိမ် နောက်ထပ် ပွဲကောင်းတစ်ခု ရှိပါစေလို့ မျှော်လင့်ပါတယ်…}
{အရည်အသွေးက အရမ်းကောင်းပါတယ်.. ရောင်းသူ၏ ဖော်ပြချက်နဲ့ ကိုက်ညီပါတယ်.. ကလေးတွေက စားရတာ ကြိုက်ကြပါတယ်…}
{အပေါ်ကကောင် ဘာမှလည်းမဆိုင်ဘူး }
{စိတ္တဇဆန်တဲ့ အနံ့အသက်ရှိသူတွေတောင် သုံးနိုင်ပါတယ်…}
{အရွယ်အစားက ကွက်တိပါပဲ.. ဝတ်ထားရင် အရမ်း ခန္ဓာကိုယ် လှပစေပါတယ်.. ငါ့ရည်းစားဟောင်း ကြည့်ရတာ အရမ်း အေးချမ်းနေပါတယ်…}
{ဟား..ဟား..ဆော်ရှိလား}
{ပေါင်မုန့်ကို ကြက်ဥရည် သုတ်ပြီး နှစ်ဖက်စလုံး ရွှေဝါရောင် ပြောင်းသည်အထိ ကြော်လိုက်ပါ... ဘေးအိမ်က ကလေးတောင် အနံ့ကြောင့် ငိုနေပါပြီ…}
ဒီလို ရောနှောနေသည့် မှတ်ချက်များကို ကြည့်ရင်း လုရီသည် သုံးလကြာ ဖိနှိပ်ထားခဲ့သော မကျေနပ်မှုများကို နောက်ဆုံးတွင် ထုတ်ဖော်ခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
လန်းဆန်းသွားခဲ့ပြီ…
ခဏအကြာတွင် လက်ကျန်များသည် အလွန် နှေးကွေးစွာ ရောင်းထွက်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် လိုက်ဖ်ခန်းထဲတွင် လူအနည်းငယ်သာ ရှိပြီး ဝယ်ယူသင့်သူများ အားလုံး ဝယ်ယူပြီးသွားကြသဖြင့် သူတို့၏ ဝယ်ယူနိုင်စွမ်းမှာ ကုန်ခန်းသွားပြီ ဖြစ်၏။
သို့သော် လုရီ၏ စိတ်သည် ပစ္စည်းရောင်းချခြင်းပေါ်တွင် မရှိတော့ပေ။
သူသည် စနစ်၏ လူသစ် တာဝန်သည် ယူနစ် ၃,၀၀၀ ရောင်းချရန်သာ လိုအပ်သည်ကို ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။
တစ်နည်းအားဖြင့် တာဝန်သည် အမှန်တကယ်တွင် ကြာမြင့်စွာကတည်းက ပြီးမြောက်သွားခဲ့ခြင်း ဖြစ်၏။
သူ၏ ခေါင်းထဲတွင် ယခုအခါ ရရှိတော့မည့် စနစ် ဆုလာဘ်များဖြင့် ပြည့်နှက်နေခဲ့ပြီး အင်တာနက်အသုံးပြုသူများနှင့်အတူ ညနက်သည်အထိ ရှိနေရန် စိတ်မပါတော့ပေ။
"အဟမ်း... ဒီည မင်းတို့ရဲ့ အားပေးမှုအတွက် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်..."
"ဒီည အတက်အကျများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် လိုက်ဖ်လွှင့်သူဟာ အခုအခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မောပန်းနွမ်းနယ်နေပါပြီ..."
"ဒါကြောင့် ဒီညရဲ့ လိုက်ဖ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်..ဘာမှ မရလိုက်တဲ့သူတွေလည်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖော်လိုလုပ်ထားကြပါ.. ကျွန်တော်တို့... နောက်တစ်ကြိမ် မှ တွေ့ကြတာပေါ့..."
သူသည် စထွင်းကို ပိတ်လိုက်တော့သည်။
စခရင်သည် ချက်ချင်း မှောင်မည်းသွားခဲ့ပြီး စွန့်ပစ်ထားသော အဆောက်အအုံသည် ညနက်၏ တိတ်ဆိတ်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ငါ အောင်မြင်သွားခဲ့ပြီ။
လိုက်ဖ်ကို ပိတ်လိုက်သည့် အတိအကျ စက္ကန့်မှာပင်။
ထို.. စက်ရုပ်ဆန်သော.. သို့သော် လွန်စွာ မျှော်လင့်ထားသော အသံသည် သူ၏ စိတ်ထဲတွင် ဟိန်းထွက်လာခဲ့တော့သည်...
【ဒင်... အိမ်ရှင်သည် တာဝန် ကုန်ပစ္စည်း ၃,၀၀၀ ကို ရောင်းချခဲ့သည်ကို တွေ့ရှိရပါသည်...】
【အိမ်ရှင်အား ဂုဏ်ယူဝန်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။ လူသစ် တာဝန် ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ...】
【တာဝန် ဆုလာဘ်များကို ဖြန့်ဝေပေးနေပါသည်...】
【ဒေါင်... အိမ်ရှင် ဆုလာဘ်ကို ရရှိသည့်အတွက် ဂုဏ်ယူဝန်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်:အမြင့်တက်ကျွမ်းကျင်မှု】