အခန်း (၉၉) နောင်တဆေးဆိုတာ မရှိဘူး
"ကူဟန်"
ယဲ့ချင်းယွမ်ရဲ့ မျက်မှောင်တွေ ကျုံ့သွားပြီး စိတ်ထဲမှာ ဒီနာမည်ကို ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ သူဟာ အခြေအနေကို အကဲခတ်ရာမှာ တော်တော်လေး ပါးနပ်သူပါ။
သူ မုန့်ယင်ရွှယ်တို့နဲ့ ဆုံခဲ့တုန်းက သူဟာ နဂါးအမွေအနှစ်ဆီကို သွားနေတာပါ။ ကူဟန်က သူ့ရှေ့ကနေ ထွက်သွားပြီး မကြာခင်မှာပဲ မုန့်ယင်ရွှယ်တို့ကို ကယ်ခဲ့တာ ဒါဟာ တိုက်ဆိုင်မှုဆိုတာထက် ပိုနေပါတယ်။ လျှို့ဝှက်နယ်မြေထဲမှာ သူကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ သူ့နောက်ကို လိုက်ပြီး အမွေအနှစ်ကို ကြားဖြတ်လုသွားတဲ့သူဟာ ကူဟန်ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေသည်။
ဒါတင်မကသေးပါဘူး သူစိတ်မချမ်းသာစရာတွေ တစ်ခုပြီးတစ်ခု ကြုံနေရတာဟာ ကူဟန်နဲ့ ရန်ငြိုးစတင်ခဲ့တဲ့ ထျန်းရှန်းလျှို့ဝှက်နယ်မြေကိစ္စပြီးကတည်းကပဲ မဟုတ်လား။ အကယ်၍ သူ့ကို ဒီလို ဒုက္ခပေးနေတဲ့သူ ရှိတယ်ဆိုရင် အဲဒါကူဟန်ပဲ ဖြစ်ရမယ်။
"ကူဟန် ငါ့ကို တမင်သက်သက် ထောင်ချောက်ဆင်နေတာ ကူဟန်ပဲ ဖြစ်ရမယ်"
ယဲ့ချင်းယွမ်ဟာ ဒေါသတကြီးနဲ့ သူ့ရဲ့ စိတ်ထဲက စကားတွေကို အော်ဟစ်မိလိုက်သည်။ ဒါပေမဲ့ ဒီစကားတွေက ဝမ်ထိန်တို့ကို ပိုပြီး ဒေါသထွက်ေစသည်။
"တောက် ဒီကောင်က ငါတို့ကို သက်သေဖျောက်ဖို့ ကြိုးစားရုံတင်မကဘူး၊ အခု နေ့ခင်းကြောင်တောင်မှာ ငါတို့ရဲ့ ကျေးဇူးရှင်ကိုပါ စွပ်စွဲနေသေးတယ်"
"မင်းကို မျက်နှာသာ ပေးနေတာ များသွားပြီ"
ဝမ်ထိန်နဲ့ တခြားသူတွေဟာ ယဲ့ချင်းယွမ်ကို ဝိုင်းပြီး ထိုးကြိတ်ကြသည်။ သူတို့ရဲ့ ဒေါသက ကျေးဇူးရှင်ကို စော်ကားလို့တင်မကဘဲ သူတို့အားလုံး သားရဲတွေရဲ့ အစာ ဖြစ်သွားလုနီးပါး ဖြစ်ခဲ့ရတဲ့ ရန်ကြွေးကိုပါ တစ်ခါတည်း ဆပ်လိုက်ကြတာပါ။ ကူဟန်သာ မရှိရင် သူတို့အားလုံး သားရဲတွေရဲ့ မစင် ဖြစ်နေလောက်ပါပြီ။
"တော်ပြီ ရပ်ကြတော့"
ယဲ့ချင်းယွမ် တစ်ကိုယ်လုံး ဖူးယောင်ပြီး အထိနာသွားတဲ့ အချိန်ကျမှ သူ့ကို ချုပ်နှောင်ထားတဲ့ ပညာရှင်ကြီးတွေက တားလိုက်သည်။
"သူ့ကို စစ်ဆေးဖို့အတွက် အသက်တော့ ချန်ထားဦးမှ ဖြစ်မယ် မိစ္ဆာတွေနဲ့ပေါင်းပြီး လူသားတွေကို သတ်တဲ့ကောင်ကို ဒီအတိုင်း အသေခံလို့ မဖြစ်ဘူး"
မကြာခင်မှာပဲ ယဲ့ချင်းယွမ်ဟာ သားရဲတွေနဲ့ ပေါင်းပြီး ဂိုဏ်းပေါင်းစုံက တပည့်တွေကို သတ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ တစ်လောကလုံးကို ပျံ့နှံ့သွားသည်။
အဝေးက ရှေးဟောင်းဗုဒ္ဓကျောင်းတော်မှာ ရှိနေတဲ့ ဓားသခင်ကြီးဟာ ဒီသတင်းကို ကြားတာနဲ့ မူပိုင်လင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ သူမကို အလယ်ပိုင်းတိုက်ကြီး မြို့တော်ဆီ ချက်ချင်း ခေါ်ဆောင်လာခဲ့သည်။
ဒါဟာ သေးငယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဓားရှာဖွေရေးဂိုဏ်းက လူတစ်ယောက်ဟာ လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး မိစ္ဆာတွေနဲ့ ပေါင်းတယ်ဆိုတာ တစ်ဂိုဏ်းလုံးကို အမှုပတ်စေနိုင်တဲ့ ကိစ္စပါ။
ယာယီနန်းဆောင်တစ်ခုထဲမှာ လျူရုယန်ဟာ မျက်လုံးတွေ နီရဲနေပြီး ငိုယိုကာ တောင်းပန်နေသည်။ "ဆရာ... ဒီကိစ္စမှာ တစ်ခုခု မှားနေတာ ဖြစ်ရမယ် မောင်လေးယဲ့ချင်းယွမ်က ဂိုဏ်းထဲ ရောက်တာ ဘယ်လောက်မှ မကြာသေးဘူး သူက ဘယ်လိုလုပ် မိစ္ဆာတွေ| နဂါးမျိုးနွယ်တွေနဲ့ အစောကြီးကတည်းက ပေါင်းနိုင်မှာလဲ"
"ဒါဟာ အပြစ်ရှိသူကို မရှာနိုင်လို့ အစ်ကိုလေးကိုပဲ အပြစ်ပုံချနေကြတာ ဖြစ်ရမယ် အရင်တုန်းက အစ်ကိုကြီး (ကူဟန်) တုန်းကလည်း ငါတို့ သေချာ မစုံစမ်းဘဲ ဆုံးဖြတ်ခဲ့မိလို့ သူငါတို့ကို စိတ်ပျက်သွားခဲ့တာလေ။ အခု မောင်လေးကိုလည်း အဲဒီလို အဖြစ်မခံနိုင်ဘူး"
မူပိုင်လင်ကတော့ မျက်နှာဖြူဖျော့ပြီး တိတ်ဆိတ်နေပါတယ်။ သူမဟာ အခြားပညာရှင်တွေဆီကနေ အဖြစ်မှန်ကို ကြားခဲ့ပြီးပါပြီ။ ယဲ့ချင်းယွမ်ရဲ့ ခန္ဓာကိုယ်ထဲကနေ နဂါးဟိန်းသံ ထွက်လာပြီး အဲဒီနောက်မှာ နဂါးတွေနဲ့ သားရဲတွေ ရူးသွပ်ကုန်တာဟာ အားလုံးအမြင်ပါပဲ။
ဒါတင်မကသေးပါဘူး မြင့်မြတ်နယ်မြေက ပညာရှင်တွေဟာ ယဲ့ချင်းယွမ်ရဲ့ ရင်ဘတ်မှာ နဂါးမျိုးနွယ်ရဲ့ အထူးအမှတ်အသား ရှိနေတာကိုပါ အတည်ပြုနိုင်ခဲ့ကြသည်။ ဒီအမှတ်အသားက နဂါးတွေနဲ့ ဆက်သွယ်နိုင်တာကြောင့် လူသက်သေ၊ ပစ္စည်းသက်သေ အကုန်ခိုင်လုံနေပါပြီ။
"ဟူး... အဖြစ်မှန်က ဘာပဲဖြစ်ဖြစ် သားရဲတွေ ရူးသွပ်ကုန်ပြီး လူတွေ အများကြီး သေခဲ့တာကတော့ ယဲ့ချင်းယွမ်မှာ တာဝန်ရှိတယ်။ ငါတို့အနေနဲ့ ဘာမှမတတ်နိုင်တော့ဘူး။ ရက်အနည်းငယ်အကြာမှာ ဂိုဏ်းပေါင်းစုံက ပူးပေါင်းစစ်ဆေးတာကိုပဲ စောင့်ရတော့မယ်"
မူပိုင်လင်ရဲ့ စကားကြောင့် လျူရုယန်ဟာ အင်အားတွေ ကုန်ခမ်းသွားသလို မြေပြင်ပေါ် ခွေကျသွားသည်။ ဒါဟာ ယဲ့ချင်းယွမ်ကို သေဒဏ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ သူမဟာ အစ်ကိုကြီးကို ဆုံးရှုံးခဲ့ရပြီးပြီ၊ အခုေမာင်လေးကိုပါ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ပါဘူး။
"ဆရာ... တောင်းပန်ပါတယ် တစ်ခုခုတော့ လုပ်ပေးပါဦး မောင်လေးက အကျင့်မကောင်းတဲ့သူ မဟုတ်ပါဘူး သူက လူသားတွေကို သတ်ဖို့ မိစ္ဆာနဲ့ ပေါင်းမယ့်သူ မဟုတ်ပါဘူး"
"တော်စမ်း"
မူပိုင်လင်က ဒေါသတကြီးနဲ့ လျူရုယန်ရဲ့ စကားကို ဖြတ်ပြောလိုက်သည်။ သူမရဲ့ မျက်လုံးတွေထဲမှာ နာကျင်မှုတွေ ပြည့်နေပါတယ်။
မင်းက အမှားဟောင်းကို ထပ်မကျူးလွန်ချင်ဘူးလို့ ပြောနေတယ် ဒါဆို အရင်တုန်းက အစ်ကိုကြီး (ကူဟန်) ဒုက္ခရောက်ပြီး တစ်လောကလုံးက စွပ်စွဲနေတုန်းက မင်းဘာလို့ ရှေ့က ထွက်မရပ်ခဲ့တာလဲ။
အဲဒီတုန်းကသာ မင်းက ရှေ့ကနေ တစ်ခွန်းလောက် ထွက်ရှင်းပေးခဲ့ရင် အခြေအနေတွေက ဒီလောက်ထိ ဆိုးဝါးသွားမှာ မဟုတ်ဘူး။ အခုကျမှ သက်သေတွေ အခိုင်အလုံရှိနေတဲ့ ယဲ့ချင်းယွမ်အတွက် ဘာလို့ ဒီစကားတွေကို လာပြောနေရတာလဲ ကူဟန်နဲ့ မင်း အတူနေလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ သူက ဘယ်လိုလူလဲဆိုတာ မင်းမသိဘူးလား။
"မင်း အခုလုပ်နေတာတွေက အရမ်းကို ရွံစရာကောင်းပြီး ရယ်စရာကောင်းနေတယ်လို့ မထင်ဘူးလား"
မူပိုင်လင်ဟာ သူမကိုယ်သူမလည်း မုန်းတီးနေမိသည်။ ကူဟန်အပေါ် မယုံကြည်ခဲ့မိတဲ့ သူမရဲ့ အမှားတွေအတွက် နောင်တရနေပေမဲ့ ဒီလောကမှာ နောင်တဆေးဆိုတာ မရှိပါဘူး။
လျူရုယန်ဟာ ရှိုက်ကြီးတငင် ငိုကြွေးရင်း မိမိကိုယ်ကို ပြန်လည်လှောင်ပြောင်လိုက်သည် "ဟုတ်တယ် ကျွန်မက အသုံးမကျတဲ့သူပါ၊ ဦးနှောက်ထဲ ရေဝင်နေတဲ့သူပါ၊ သေထိုက်တဲ့သူပါ ဒါပေမဲ့ အတိတ်ကို ပြင်လို့မရပေမဲ့ အနာဂတ်ကိုတော့ ပြောင်းလဲလို့ ရတယ်မဟုတ်လား ကျွန်မ နောက်ထပ် အမှားမျိုး ထပ်မဖြစ်စေချင်တော့ဘူး"