အခန်း (၉၆) မိစ္ဆာမျိုးနွယ်ရဲ့သူလျှို ယဲ့ချင်းယွမ်
[ဒင် ပိုင်ရှင်သည် အလယ်ပိုင်းတိုက်ကြီး လျှို့ဝှက်နယ်မြေတွင် ဇာတ်လိုက် ယဲ့ချင်းယွမ်ရရှိမည့် အကြီးမားဆုံးသော အခွင့်အရေးကို လုယူနိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဗီလိန်မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ဗီလိန်မှတ် ၁၅,၀၀၀ကို ချီးမြှင့်လိုက်ပါသည်]
ရှေးဟောင်းနဂါးကြီးတစ်ကောင်ရဲ့ ဦးခေါင်းပေါ်မှာ မတ်တတ်ရပ်နေတဲ့ ကူဟန်က ခပ်ပြုံးပြုံး လုပ်လိုက်သည်။ ခုနက ယဲ့ချင်းယွမ်ဆီကို အသုံးမဝင်တဲ့ နဂါးအကြေးခွံတစ်ခွံ ပစ်ပေးခိုင်းလိုက်တာကကူဟန်ရဲ့ အကြံပါပဲ။ ဒါက ယဲ့ချင်းယွမ်ကို အားပေးလိုက်တာပါ။ သူကသာ အားလျှော့ပြီး စိတ်ပျက်သွားရင် ကူဟန်အတွက် ငွေညှစ်စရာမရှိတော့မှာ စိုးလို့ပါ။
ကူဟန်ဟာ နဂါးတွေနဲ့အတူ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး နယ်မြေထဲကနေ တိုက်ရိုက် ထွက်မသွားပါဘူး။ သူက ထွက်ပေါက်နဲ့ မလှမ်းမကမ်းမှာပဲ သူ့ကို ချထားပေးဖို့ နဂါးတွေကို ခိုင်းလိုက်သည်။ ပြဇာတ်ကပြရင် အစအဆုံး ပြည့်စုံနေမှ ဖြစ်မှာလေ။ အသေးအဖွဲလေးကြောင့် သူ့ရဲ့ နောက်ထပ် အစီအစဉ်တွေ ပျက်စီးသွားလို့ မဖြစ်ပါဘူး။
လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်နားကို ချဉ်းကပ်လာလေလေ လမ်းမှာ သေဆုံးနေတဲ့ သားရဲအလောင်းတွေကို ကူဟန် ပိုတွေ့လာရလေလေပါပဲ။ တကယ်တော့ ကူဟန်က နဂါးမျိုးနွယ်စုကို သိမ်းသွင်းလိုက်ကတည်းက နယ်မြေတစ်ခုလုံးကို သက်ရောက်နေတဲ့ နဂါးအရှိန်အဝါတွေက ပျောက်ကွယ်သွားပါပြီ သားရဲတွေလည်း သတိပြန်ဝင်လာကြပါပြီ။
ဒါပေမဲ့ ဒီသားရဲတွေဟာ သေမှာကို ကြောက်ပြီး နောက်ဆုတ်မသွားကြပါဘူး။ သူတို့ဟာ ပိုပြီး ရူးသွပ်လာသလိုမျိုး ထွက်ပေါက်ဆီကို တိုးဝှေ့နေကြသည်။
"တောက် ဘယ်လိုပဲဖြစ်ဖြစ် ဒီသားရဲတွေကို တားထားကြ သူတို့ကို အပြင်ထွက်ခွင့် မပေးနဲ့"
အပြင်ကနေ ကူညီဖို့ ရောက်လာကြတဲ့ ကျင့်ကြံသူတွေဟာ ထွက်ပေါက်မှာ ခံစစ်စည်း တည်ဆောက်ထားကြသည်။ တစ်ဖက်က တပည့်တွေကို ဘေးကင်းအောင် ကယ်ထုတ်နေပြီး တစ်ဖက်ကတော့ သားရဲလှိုင်းလုံးကြီးတွေကို တားဆီးနေရတာပါ။
ကူဟန်က ဒီမြင်ကွင်းကို ကြည့်နေမိသည် စူးလင်ယွီရဲ့ ကောင်းချီးကို ရထားတာကြောင့် သူဟာ ဒီသားရဲတွေရဲ့ ခံစားချက်ကို နားလည်နေသည်။ ဒီသားရဲတွေဟာ သူတို့ကိုယ်သူတို့ လှောင်အိမ်ထဲက ဝက်တွေ သိုးတွေလို ခံစားနေရတာပါ။
အပြင်ကလူတွေ လာတိုင်း အသတ်ခံရ သူတို့ရဲ့ အသွေးအသားတွေက ဆေးဖော်စပ်စရာ ဖြစ်နေရတဲ့ ဘဝကနေ လွတ်မြောက်ချင်နေကြတာပါ။ အခု နဂါးတွေကြောင့် အကာအကွယ်တွေ ပျက်စီးနေချိန်ဟာ သူတို့အတွက် လွတ်လပ်ခွင့်ရဖို့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။
"ပြန်သွားကြစမ်း အခုထွက်ရင် မင်းတို့အတွက်က လွတ်လပ်ခွင့်မဟုတ်ဘူး သေခြင်းတရားပဲ ရှိလိမ့်မယ်။"
ကူဟန်က စူးလင်ယွီရဲ့ အမှတ်အသားကို သုံးပြီး သားရဲတွေရဲ့ စိတ်ထဲကို သတိပေးစကား ပြောလိုက်သည်။ အပြင်မှာ ဂိုဏ်းပေါင်းစုံက ပညာရှင်တွေ စောင့်နေတာမို့ ဒီသားရဲတွေ ထွက်သွားရင် အသတ်ခံရဖို့ပဲ ရှိသည် "ဒီလိုနေရတာ နာကျင်ပေမဲ့ အနည်းဆုံးတော့ အသက်ရှင်နေဦးမှာပဲ။" လို့ သူက ဆိုလိုတာပါ။
နယ်မြေရဲ့ အပြင်ဘက်မှာတော့ ဂိုဏ်းပေါင်းစုံက ပညာရှင်တွေဟာ ဒေါသတကြီး ဖြစ်နေကြသည်။ နယ်မြေထဲက ထွက်လာတဲ့ တပည့်တွေရဲ့ စကားအရ သူတို့ အဖြစ်မှန်ကို သိလိုက်ရပါပြီ။
"ယဲ့ချင်းယွမ်ကို ငါ့မြေးဝေ့ချင်းက သူငယ်ချင်းကောင်းလို့ မှတ်နေတာ သူကတော့ ငါ့မြေးကို သတ်ပြီး ပစ္စည်းလုဖို့ ကြိုးစားခဲ့တယ်ပေါ့လေ တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ"
"သူ့အပြစ်က အဲဒါတင် မဟုတ်သေးဘူး ထိုက်ရွှမ်မြင့်မြတ်နယ်မြေက ဝမ်ထိန်ပြောတာတော့ ဒီနယ်မြေထဲက ကမောက်ကမဖြစ်မှုတွေ အားလုံးက ယဲ့ချင်းယွမ်ကြောင့်ပဲတဲ့ သူ့ကိုယ်ထဲက နဂါးဟိန်းသံ ထွက်လာပြီးမှ သားရဲတွေ ရူးသွပ်ကုန်တာ"
"ငါကြားတာတော့ အဲဒီကောင်က မိစ္ဆာနယ်မြေက နဂါးမျိုးနွယ်စုနဲ့ ပတ်သက်နေတာတဲ့။ သူ့ကြောင့် ငါတို့ဂိုဏ်းက တပည့်တွေ အများကြီး သေကုန်ပြီ! ဒီရန်ကြွေးကို မဖြေရှင်းလို့ မရဘူး"
အခြေအနေတွေက ကူဟန် ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပါပြီ။ အားလုံးက ယဲ့ချင်းယွမ်ကိုပဲ လက်ညှိုးထိုးနေကြပါတယ်။ သူတို့ဟာ ထွက်ပေါက်ကို စိုက်ကြည့်နေပြီး ယဲ့ချင်းယွမ် ထွက်လာတာနဲ့ ဝိုင်းဖမ်းဖို့ အသင့်ပြင်ထားကြသည်။
ဟိန်း
ထိုစဉ်မှာတင် ကျယ်လောင်လှတဲ့ နဂါးဟိန်းသံကြီးက စကားဝိုင်းတွေကို ရပ်တန့်စေလိုက်သည်။ ကောင်းကင်ယံမှာ အက်ကြောင်းတွေ ဖြစ်ပေါ်လာပြီး နဂါးကြီးတွေဟာ တိမ်မြူတွေကို ခွဲကာ ပျံထွက်သွားကြတော့သည်။ သူတို့ရဲ့ အရှိန်အဝါက အရမ်းပြင်းထန်လွန်းတာကြောင့် ဘယ်သူမှ မတားရဲပါဘူး။
"ဒါ... ဒါ ဘာတွေဖြစ်ကုန်တာလဲ အလယ်ပိုင်းတိုက်ကြီး လျှို့ဝှက်နယ်မြေထဲမှာ ရှေးဟောင်းနဂါးတွေ တကယ်ရှိနေတာလား"
"သေချာတယ် ဒါယဲ့ချင်းယွမ်နဲ့ ပတ်သက်နေရမယ် သူထွက်လာတာနဲ့ ဖမ်းကြ သူက မိစ္ဆာနယ်မြေကနေ လူသားမျိုးနွယ်ထဲကို လွှတ်လိုက်တဲ့ သူလျှို ပဲဖြစ်ရမယ်"
ထိုအချိန်မှာတင် ဂူဟန်ဟာ ထွက်ပေါက်ကနေ အေးအေးဆေးဆေး ထွက်လာသည်။ ပတ်ဝန်းကျင်က စကားသံတွေကို ကြားတဲ့အခါ သူ ကျေနပ်စွာ ပြုံးလိုက်သည်။ အရင်ဘဝတုန်းက ယဲ့ချင်းယွမ်ရဲ့ လုပ်ကြံမှုကြောင့် သူဟာ မိစ္ဆာနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရဖူးပါတယ်။ အခုတော့ သူက ယဲ့ချင်းယွမ်ကို အဲဒီအတိုင်း ပြန်လုပ်ပေးလိုက်တာပါ။
"အစ်ကိုကြီး"
"အစ်ကိုကူ"
"အစ်ကိုကြီး ဘာမှမဖြစ်လို့ တော်သေးတာပဲ"
အသံတွေက တစ်ပြိုင်တည်း ထွက်ပေါ်လာကြသည်။ အဲဒါက ချူယိုဝေတို့ ညီအစ်မ သုံးယောက်နဲ့ သူ ကယ်ခဲ့တဲ့မုန့်ယင်ရွှယ်တို့ပါပဲ။ ကူဟန်က မုန့်ယင်ရွှယ်ကိုပဲ ခေါင်းငြိမ့်ပြပြီး ကျန်တဲ့ သုံးယောက်ကိုတော့ လျစ်လျူရှုထားလိုက်သည်။
"အစ်ကိုကြီး မောင်လေး ယဲ့ချင်းယွမ်ကို တွေ့ခဲ့လားဟင်" လျူရုယန်က သတ္တိမွေးပြီး မေးလိုက်သည်။
"အားလုံးက ပြောနေကြတာ ယဲ့ချင်းယွမ်က မိစ္ဆာနယ်မြေနဲ့ ပေါင်းပြီး ဒီဘေးဒုက္ခကို ဖန်တီးခဲ့တာတဲ့ သူ့ကို ဖမ်းပြီး စစ်ဆေးတော့မလို့တဲ့"
"အစ်ကိုကြီးနဲ့ ယဲ့ချင်းယွမ်ကြားမှာ အဆင်မပြေတာ ရှိမှန်း သိပေမဲ့ သူကလည်း အစ်ကိုကြီးရဲ့ ညီလေးပဲလေ အစ်ကိုကြီးက သူ အပြစ်မရှိကြောင်း သက်သေခံပေးလို့ မရဘူးလားဟင်"
"သူ့အတွက် သက်သေခံပေးရမယ် ဟုတ်လား"
ဂူဟန်ရဲ့ မျက်လုံးတွေက အေးစက်သွားသည်။ ဒီအစီအစဉ် တစ်ခုလုံးက သူ ကိုယ်တိုင် ဖန်တီးထားတာလေ။ သူက အရူးလား ဘာလို့ ယဲ့ချင်းယွမ်ကို သွားကူညီရမှာလဲ ပိုပြီး ရယ်စရာကောင်းတာက လျူရုယန် ပါပဲ။ သူမရဲ့ ဦးနှောက်ကို ခွေးစားသွားတာလား သူက ယဲ့ချင်းယွမ်ကို ကူညီလိမ့်မယ်လို့ ဘယ်လိုတောင် တွေးရဲရတာလဲ။