အခန်း (၉၂) မိန်းမလေးယောက်
ယဲ့ချင်းယွမ်ကတော့ ဘာမှ မသိရှာပါဘူး။ သူ့ရဲ့နောက် မလှမ်းမကမ်းမှာ ဝတ်စုံဖြူနဲ့ လူတစ်ယောက်က အေးအေးလူလူ လိုက်ပါနေသည်။
သူကတော့ ကူဟန်ပါပဲ။ လမ်းမှာ အနည်းငယ် နှောင့်နှေးခဲ့ပေမဲ့ မုန်တိုင်းနဂါးဘုရင်ဆီကနေ နဂါးအမွေအနှစ်ရဲ့ တည်နေရာကို သိထားတာကြောင့် ယဲ့ချင်းယွမ်ကို မျက်ခြေပြတ်သွားမှာ စိုးရိမ်စရာ မရှိပါဘူး။ အဓိကကတော့ နဂါးဘုရင်ရဲ့ အမှတ်အသားက ယဲ့ချင်းယွမ်ဆီမှာ ရှိနေတာကြောင့် အမွေအနှစ်နေရာရဲ့ တံခါးကို သူ (ယဲ့ချင်းယွမ်) ဖွင့်ပေးဖို့ ကူဟန်က စောင့်နေတာပါ။
"ပင်မဟင်းလျာကြီးက မကြာခင် ပွဲထွက်တော့မယ်။"
ကူဟန်က ခပ်တိုးတိုး ရယ်မောလိုက်ရင်း မိစ္ဆာမျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ သူဟာ သူ့ရဲ့ ရုပ်သွင်နဲ့ စွမ်းအားလှိုင်းတွေကို အတတ်နိုင်ဆုံး ဖုံးကွယ်ပြီး ယဲ့ချင်းယွမ်နောက်ကို ဆက်လိုက်သွားသည်။
တစ်ချိန်တည်းမှာပင် ပြန်လည်မွေးဖွားခြင်း နတ်ဘုရားမှန်ရဲ့ လမ်းညွှန်မှုနဲ့ ကူဟန်နောက်ကို လိုက်လာကြတဲ့ ချူယိုဝေတို့ ညီအစ်မ သုံးယောက်ဟာ လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်ဆီကို အပြေးသွားနေတဲ့ မုန့်ယင်ရွှယ်တို့ အုပ်စုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြသည်။
"သစ်ရွက်နီဂိုဏ်းက တပည့်တွေလား"
"ကူဟန်ရဲ့ ညီမ သုံးယောက်လား"
ချူယိုဝေနဲ့ မုန့်ယင်ရွှယ်တို့ဟာ တစ်ပြိုင်တည်း လေသံထွက်သွားကြသည်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအကြိမ် မြင်ဖူးကြတာ ဖြစ်ပေမဲ့ မျက်လုံးချင်း ဆုံလိုက်တာနဲ့ ပြင်းထန်တဲ့ မနာလိုမှုနဲ့ ရန်လိုမှုတွေကို ခံစားလိုက်ရသည်။
ချူယိုဝေက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက်ပဲ မေးလိုက်သည် "မင်းတို့ ကွန်ရှန်းတောင်ဘက်က လာတာမလား ငါ့အစ်ကိုကြီးနဲ့ တွေ့ခဲ့သေးလား"
ဝမ်ထိန်က ဝင်ပြောဖို့ ပြင်လိုက်ပေမဲ့ မုန့်ယင်ရွှယ်က အရင်ဦးအောင် နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ အကိုတော်ကူကို လာရှာတာလား"
"ကောလာဟလတွေထဲမှာပါတဲ့ ကျေးဇူးကန်းတဲ့ ညီမ သုံးယောက်ဆိုတာ မင်းတို့လား ကိုယ့်အစ်ကိုကြီး ဒုက္ခရောက်နေတာကို ဘေးကနေ ကြည့်နေပြီး ချောက်ထဲကို တွန်းပို့ခဲ့ကြတဲ့သူတွေလေ။"
"အခုမှ ဘာတွေစိတ်ပြောင်းသွားလို့ အသက်စွန့်ပြီး လာရှာနေကြတာလဲ တကယ်ကို ရင်နင့်စရာ ကောင်းလိုက်တာနော်" မုန့်ယင်ရွှယ်ရဲ့ ရွဲ့တဲ့တဲ့ စကားတွေကြောင့် လျူရုယန်ဒေါသထွက်သွားသည်။
"ဒါ ငါတို့ဂိုဏ်းကိစ္စ မင်းလို ပြင်ပလူက ဝင်ပါစရာ မလိုဘူး"
"သူက ငါတို့အစ်ကိုကြီး ငါတို့က သူ့ညီမတွေ သူ့အခြေအနေကို သိချင်လို့ လာရှာတာ ဘာထူးဆန်းလို့လဲ"
"ပြီးတော့... မင်းက ငါ့အစ်ကိုကြီးနဲ့ ဘယ်လောက်တောင် ရင်းနှီးလို့လဲ အကိုတော်ကူလို့ ခေါ်နေတာ တကယ်ကို အရှက်မရှိတာပဲ"
"ဟီးဟီးဟီး" မုန့်ယင်ရွှယ်က ဒေါသထွက်မယ့်အစား လှပစွာ ပြုံးလိုက်ပြီး ဆံပင်လေးကို နားနောက်သပ်ကာ ရယ်မောလိုက်သည်။
"သိပ်တော့ မရင်းနှီးပါဘူး ဒါပေမဲ့ မင်းတို့ အစ်ကိုကြီးက ငါ့အသက်ကို ကယ်ခဲ့တာလေ။ အဲဒီအတွက် ငါက အရမ်းကျေးဇူးတင်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် ပေးဆပ်ချင်နေတာ။"
"စကားပြောရင် အနေအထိုင် ဆင်ခြင်ဦးနော် နောင်တစ်ချိန်မှာ ငါက မင်းတို့ထက် အဆင့်အတန်း မြင့်တဲ့သူ ဖြစ်လာနိုင်တယ် (အစ်ကိုကြီးရဲ့ မိန်းမ/မမ ဖြစ်လာနိုင်တယ်လို့ ဆိုလိုခြင်း)"
တကယ်တော့ မုန့်ယင်ရွှယ်ဟာ သူမရဲ့ ဆရာဟွာကျဲယုနဲ့ စကားပြောပုံ တော်တော်တူပါတယ်။ သူမဟာ သူတစ်ပါးကို နှိမ်ချတတ်သူ မဟုတ်ပေမဲ့ ကူဟန်အပေါ် ဒီညီမတွေ လုပ်ခဲ့တာတွေကို ကြားဖူးထားတာကြောင့် ဒီမိန်းကလေးတွေကို မြင်တာနဲ့ မသိစိတ်ကနေ ရန်လိုနေမိတာပါ။
"မင်း."
မုန့်ယင်ရွှယ်ရဲ့ စကားတွေက ထိရောက်လွန်းတာကြောင့် လျူရုယန်ဟာ ဒေါသကြောင့် မျက်နှာတွေ တုန်ခါနေပြီး မုန့်ယင်ရွှယ်ကို ပြေးရိုက်ချင်စိတ်တွေ ပေါက်နေသည်။ ချူယိုဝေနဲ့ လော့ပိုင်ကျီတို့လည်း မျက်မှောင်ကြုတ်ပြီး ဒေါသထွက်နေကြသည်။
"ကဲ... တော်ကြပါတော့... အခုက ရန်ဖြစ်ရမယ့် အချိန်မဟုတ်ဘူး အန္တရာယ်ကြားထဲမှာ ရှိနေသေးတာ" ဝမ်ထိန်က ကြားထဲကနေ ဖျန်ဖြေပေးရသည်။ မိန်းမသုံးယောက်က ပြဇာတ်တစ်ပုဒ် လေးယောက်ဆိုရင်တော့ မဟာပြဇာတ်ကြီးပါပဲ ပုံမှန်ဆိုရင် သူက ထိုင်ခုံလေးနဲ့ ထိုင်ကြည့်နေမှာ ဖြစ်ပေမဲ့ အခုက သားရဲတွေ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အခြေအနေမို့လို့ပါ။
ချူယိုဝေ အကိုတော်ကူဟန်က မင်းတို့ရဲ့ စွမ်းအားလှိုင်းတွေကို ခံစားမိတယ်လို့ ပြောခဲ့တယ်။ သူက သူ့နောက်ကို လိုက်မလာနဲ့ဦးတဲ့ လုပ်စရာ ရှိတာတွေ ပြီးရင် သူပြန်လာခဲ့မယ် စိုးရိမ်မနေနဲ့လို့ မှာခဲ့တယ်။ ဝမ်ထိန်ရဲ့ စကားကို မုန့်ယင်ရွှယ်က ဖြတ်ပြောလိုက်သည်။
"သူက ပြောလိုက်တာ မြန်မြန် လစ်ကြတော့ ငါ့လမ်းမှာ လာမရှုပ်နဲ့တဲ့။"
အကယ်၍ မင်းတို့က နားမလည်ဘဲ ဇွတ်လိုက်လာဦးမယ်ဆိုရင်တော့ သူ မင်းတို့ကို ကောင်းကောင်း ပညာပေးရလိမ့်မယ်တဲ့။ မုန့်ယင်ရွှယ်က လက်ပိုက်ပြီး မေးလေးမော့ကာ ချူယိုဝေတို့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည် "စိတ်မရှိပါနဲ့ ငါက ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူမို့လို့ မင်းတို့ အစ်ကိုကြီးရဲ့ မူရင်းစကားလုံးတွေကိုပဲ ပြောပြတာပါ။"
ဝမ်ထိန်ကတော့ နဖူးက ချွေးတွေကို သုတ်ရင်း မှင်သက်နေသည်။ ဒီလိုကြီး လုပ်စရာ လိုလို့လား ဒါက ရန်ဖြစ်ဖို့ ဖိတ်ခေါ်နေတာပဲ မဟုတ်လား။
ဒါပေမဲ့ အံ့ဩစရာကောင်းတာက ချူယိုဝေတို့ ညီအစ်မတွေဟာ ထင်သလောက် ဒေါသတကြီး တုံ့ပြန်မလာပါဘူး။ သူတို့ရဲ့ မျက်လုံးတွေက ရုတ်တရက် အရောင်မှိန်သွားပြီး အသက်မဲ့သွားသလို ခံစားလိုက်ရသည်။ သူတို့နဲ့ အစ်ကိုကြီးရဲ့ ဆက်ဆံရေးကို သူတို့ပဲ အသိဆုံးပါ။ အစ်ကိုကြီးက သူတို့ကို ဘယ်တုန်းက နူးနူးညံ့ညံ့ ပြောဖူးလို့လဲ။
မုန့်ယင်ရွှယ်ရဲ့ ကြမ်းတမ်းတဲ့ စကားတွေကသာ အစ်ကိုကြီး ပြောမယ့် စကားအစစ်အမှန်လို့ သူတို့ ခံစားလိုက်ရသည်။ ဒါပေမဲ့ သူတို့ ရင်ထဲမှာ မျှော်လင့်ချက်လေး တစ်ခုတော့ ရှိနေပါသေးတယ်။ အစ်ကိုကြီးက ရှေ့မှာ အန္တရာယ်ကြီးတာကြောင့် သူတို့ကို မလာစေချင်လို့ တမင် စကားကြမ်းတွေနဲ့ မောင်းထုတ်တာ ဖြစ်နိုင်တယ်လို့ပေါ့။
"နားလည်ပါပြီ။"
ချူယိုဝေက ခေါင်းညိတ်ပြပြီး လာခဲ့တဲ့ လမ်းအတိုင်း ပြန်လှည့်သွားသည်။ လျူရုယန်နဲ့ လော့ပိုင်ကျီတို့လည်း မျက်နှာမကောင်းဘဲ အစ်မကြီးနောက်ကို တိတ်တဆိတ် လိုက်သွားကြသည်။
"ဟွန့်"
မုန့်ယင်ရွှယ်က တစ်ခုခု ထပ်ပြောချင်သေးပေမဲ့ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဘာမှ မပြောတော့ပါဘူး။ သူမဟာ ဝမ်ထိန်တို့နဲ့အတူ ထွက်ပေါက်ဆီကို ဆက်သွားလိုက်သည်။
လျှို့ဝှက်နယ်မြေရဲ့ ပြင်ပပွဲကြည့်စင်မှာတော့ နာကျင်စွာ အော်ဟစ်သံတွေနဲ့ ပြည့်နှက်နေပါတယ်။ သေဘေးက လွတ်လာတဲ့ တပည့်တွေဟာ ဒဏ်ရာဗရပွနဲ့ ရောက်ရှိနေကြသည်။ ဂိုဏ်းအသီးသီးက ခေါင်းဆောင်တွေဟာ သူတို့ တပည့်တွေကို ကုသပေးရင်း လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ စုံစမ်းနေကြသည်။
အားလုံးက တစ်သံတည်း ပြောနေတာကတော့ ထူးဆန်းတဲ့ နဂါးဟိန်းသံကြီး ထွက်ပေါ်လာပြီးနောက်မှာ နယ်မြေတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပြီး သားရဲတွေ ရူးသွပ်ကုန်တာပါပဲ။ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ဂိုဏ်းခေါင်းဆောင်တွေက ယူဆလိုက်ကြသည်။
ထိုအချိန်မှာပင် ကောင်းကင်ယံမှာ လွင့်မျောနေတဲ့ နတ်ဘုရားသင်္ဘောကြီးပေါ်မှာတော့ အခန်းမကြီးအတွင်း တိတ်ဆိတ်ခြောက်ကပ်နေသည်။ တာဝန်ခံ အကြီးအကဲဟာ ခေါင်းငုံ့ပြီး အသက်တောင် ဝဝမရှူရဲဘဲ တုန်ရင်နေပါတယ်။ ခဏအကြာမှာတော့ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီမိန်းကလေး (ငါ) စောင့်နေတာ ကြာပြီ။"
"ငါ မင်းကို အချိန်တွေ အများကြီး ပေးခဲ့တယ်။"
"ဒါပေမဲ့ မင်းက ငါ့အတွက် ဒီလို အရေးမပါတဲ့ အရာတွေကိုပဲ စုံစမ်းလာတာလား"
"ငါ့ရဲ့ နတ်ဘုရားနန်းဆောင်က ဒီလျှို့ဝှက်နယ်မြေရဲ့ အကာအကွယ်ကို အတင်းအဓမ္မ ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်း မရှိဘူးလို့ မင်း ထင်နေတာလား"