အခန်း (၉၀) နာကျည်းမှုနဲ့ သတ်ဖြတ်လိုစိတ်တွေကို လက်ခံရရှိခြင်း
တစ်ချိန်တည်းမှာပင် သူရဲကောင်းပီပီ ဓားဆွဲထုတ်ပြီး ကူညီခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတဲ့ ယဲ့ချင်းယွမ်ဟာ သူ့နောက်ကနေ သူ့နာမည်ကို ခေါ်သံ ခပ်သဲ့သဲ့ ကြားလိုက်ရတဲ့အခါ နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာသည်။
"ဟူး... ကံကြမ္မာက အဲဒီလူတွေကို ငါ့နာမည် သိခွင့်ပေးလိုက်ပြန်ပြီပဲ။"
ယဲ့ချင်းယွမ်ဟာ စိတ်လက်ပေါ့ပါးစွာနဲ့ သူ့ရဲ့ ဇာတ်လိုက်အရှိန်အဝါအောက်မှာ ဘာအနှောင့်အယှက်မှမရှိဘဲ နဂါးအမွေအနှစ်ဆီကို ဆက်သွားနေသည်။
ဒါပေမဲ့ မုန့်ယင်ရွှယ်နဲ့ အခြားလူတွေကတော့ အခုအချိန်မှာ လုံးဝကို မျှော်လင့်ချက်မဲ့နေကြပါပြီ။
"ယဲ့... ချင်း... ယွမ်"
မုန့်ယင်ရွှယ်ရဲ့ လှပတဲ့ မျက်ဝန်းတွေထဲမှာ အတိုင်းအဆမရှိတဲ့ ဒေါသတွေဟာ ယဲ့ချင်းယွမ်အပေါ် အဆုံးစွန်သော သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားသည်။ သူမဟာ သူ့အပေါ် ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး ဒါကို သူက ဘာလို့ သူတို့ကို ဒီလို သေတွင်းထဲပစ်ထားခဲ့ရတာလဲ။
သူမသာ အသက်ရှင်ခဲ့ရင် ဒီကောင်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်လို့ ကျိန်ဆိုနေမိသည်။ သူမဟာ နောက်ဆုံးလက်ကျန် စွမ်းအားတွေကို ဖောက်ခွဲပြီး သားရဲတွေနဲ့အတူ အသေခံဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းတို့ ကံကောင်းတယ်လို့ မှတ်လိုက်ပါ ယဲ့ချင်းယွမ်နဲ့ မတွေ့ဘဲ ငါနဲ့ တွေ့လို့ပေါ့။"
အပြုံးသံစွက်နေတဲ့ နူးညံ့တဲ့အသံနဲ့အတူ ဟင်းလင်းပြင်ထဲမှာ အသံထက်မြန်တဲ့ ပေါက်ကွဲသံတစ်ခု ဟိန်းထွက်သွားသည်။
ချက်ချင်းဆိုသလို တောက်ပတဲ့ အဖြူရောင် လျှပ်စီးတန်းတွေဟာ မုန့်ယင်ရွှယ်တို့အနားကနေ ဖြတ်သွားပြီး သူတို့ကို တိုက်ခိုက်တော့မယ့် သားရဲအုပ်ကြီးထဲကို တိုးဝင်သွားသည်။
"ဒါ... ဒါ ဘယ်သူလဲ"
မျှော်လင့်ချက်မဲ့နေတဲ့ မုန့်ယင်ရွှယ်ရဲ့ မျက်လုံးထဲမှာ အံ့ဩရိပ်တွေ ပေါ်လာသည်။ သူမဟာ တစ်ချက်ကြည့်ရုံနဲ့ အဲဒီလူကို မှတ်မိသွားသည်။ သူကတော့ သူမရဲ့ဆရာက လျှို့ဝှက်နယ်မြေထဲမှာ တတ်နိုင်သမျှ ကူညီပေးဖို့ မှာထားတဲ့ ဓားရှာဖွေရေးဂိုဏ်းက တပည့် ကူဟန်ပါပဲ။
ဒါပေမဲ့ ကူဟန်က တော်တော်အစွမ်းထက်တယ်ဆိုဦးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တာအိုပေါင်းစည်းခြင်း ဝက်ဝံလောက်ပဲ ရှိတာပါ။ သူတို့ဆီကို ပြေးလာတဲ့ သားရဲအုပ်ထဲမှာ တာအိုပေါင်းစည်းခြင်း သားရဲတွေ အများကြီး ပါပါတယ်။ ဂူဟန် တစ်ယောက်တည်း တိုးဝင်သွားတာဟာ သတ်သေတာနဲ့ အတူတူပါပဲ။
"သူက ဆရာ့အတွက် အရမ်းအရေးကြီးတဲ့သူ သူ့ကို အထိအခိုက် မခံနိုင်ဘူး"
မုန့်ယင်ရွှယ်ဟာ သူမရဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဂူဟန်ကို ကူညီဖို့ ရှေ့တိုးလိုက်သည်။
ဒါပေမဲ့ သူမရဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ကူဟန်ဟာ လေထဲမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တဲ့အခါ တောက်ပတဲ့ နတ်ဘုရားအလင်းတွေ ထွက်ပေါ်လာပြီး အပြာရောင် ဓားအသွားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဓားသံတစ်ချက်နဲ့အတူ သူဟာ အဖြူရောင် လျှပ်စီးတန်းတစ်ခုလို သားရဲလှိုင်းလုံးကြီးထဲကို တိုးဝင်သွားပြီး ပုံရိပ်ယောင်တွေပဲ ကျန်ခဲ့သည်။
ဖူးး
ဓားစွမ်းအားတွေ လှိုင်းထသွားပြီး အလင်းနဲ့ အရိပ်တွေ ရောယှက်သွားသည်။ ကူဟန်ရဲ့ ဓားလှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မမြင်ရခင်မှာတင် သားရဲတစ်ကောင်ရဲ့ ခေါင်းဟာ လွင့်ထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူဟာ နောက်ထပ် သားရဲတစ်ကောင်ရဲ့ ရှေ့မှာ ပေါ်လာပြီး ဒုတိယမြောက် ခေါင်းကိုလည်း ဖြတ်ချလိုက်ပြန်သည်။
ဒီလို ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေဟာ တရစပ် ဖြစ်ပေါ်နေသည်။ ဝတ်စုံဖြူနဲ့ လူငယ်လေးဟာ ဝတ်စုံဖြူ ဓားနတ်ဘုရားတစ်ပါးလိုပါပဲ။ သူ့ရဲ့ လက်တစ်ချက် ဝှေ့ယမ်းတိုင်းမှာ ထက်မြက်တဲ့ ဓားစွမ်းအားတွေ ထွက်ပေါ်လာပြီး သွေးတွေ အသားစတွေ လေထဲမှာ လွင့်ပျံ့နေသည်။ မုန့်ယင်ရွှယ် အပါအဝင် လူတိုင်းဟာ ကျောက်ရုပ်တွေလို မှင်သက်ပြီး ကြည့်နေမိကြသည်။ သူတို့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိပါတယ်။
ဒါ... ဒါ တကယ်ပဲ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့ အရာလား။ ခဏအကြာမှာတော့ နောက်ဆုံး သားရဲတစ်ကောင်ဟာ နှစ်ပိုင်း ပြတ်သွားပြီး တိုက်ပွဲဟာ ပြီးဆုံးသွားသည်။
ကူဟန်ဟာ ဓားကို တစ်ချက်ခါလိုက်ပြီး သွေးတွေကို သုတ်ကာ ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ပြီးမှ မုန့်ယင်ရွှယ်တို့ဘက်ကို လှည့်ကြည့်လိုက်သည်။
မုန့်ယင်ရွှယ်တို့ အားလုံး သတိပြန်ဝင်လာပြီး ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။
"ကျေးဇူးအများကြီး တင်ပါတယ် အကိုတော် ကျွန်တော်တို့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကူဟန်ရဲ့ အစွမ်းက သူတို့ မှန်းဆထားတာထက် အများကြီး ပိုအားကောင်းနေပါတယ်။ သူဟာ ဆုတ်ယုတ်နေတဲ့ ဂိုဏ်းလေးတစ်ခုရဲ့ ပါရမီရှင်တစ်ယောက်ဆိုတာကို သူတို့ မယုံနိုင်အောင်ပါပဲ။ ဒီအစွမ်းမျိုးဆိုရင် ထိပ်တန်း မြတ်သောမြေက ပါရမီရှင်တွေတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
"မင်းတို့လား"
ကူဟန်ဟာ အရှေ့ကလူတွေကို အသေအချာ ကြည့်လိုက်တဲ့အခါ ဟုန်ယဲ့ဂိုဏ်းက မုန့်ယင်ရွှယ် ဖြစ်နေတာကြောင့် အနည်းငယ် အံ့ဩသွားသည်။
သူ မုန့်ယင်ရွှယ်ကို သိပါတယ်။
မူလဇာတ်လမ်းအရ ယဲ့ချင်းယွမ်ဟာ အန္တရာယ်ကြုံနေတဲ့ မုန့်ယင်ရွှယ်ကို ကယ်တင်ပြီး သူမရဲ့ စိတ်ကို ရယူနိုင်ခဲ့တာပါ။ မုန့်ယင်ရွှယ်ဟာ ဒီဝတ္ထုရဲ့ နောက်ထပ် မင်းသမီးတစ်ယောက်ဖြစ်လာမယ့်သူပါ။
ဒါပေမဲ့ အခုတော့ကူဟန်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ဇာတ်လမ်းက ပြောင်းလဲသွားသည်။ ယဲ့ချင်းယွမ်ဟာ မုန့်ယင်ရွှယ်နဲ့ စောစောစီးစီး ဆုံခဲ့ပေမဲ့ သူမရဲ့ စိတ်ကို ရမယ့်အစား သူမရဲ့ နာကျည်းမှုနဲ့ သတ်ဖြတ်လိုစိတ်ကိုပဲ ရခဲ့ပါတော့သည်။
ဒါက မျှော်လင့်မထားတဲ့ အလှည့်အပြောင်းဆိုပေမဲ့ ကူဟန်အတွက်တော့ သိပ်မထူးဆန်းပါဘူး။ ဇာတ်လိုက်ရဲ့ အရှိန်အဝါဟာ သူ့ကို ဘေးကင်းအောင် လုပ်ပေးနိုင်ပေမဲ့ သူ့ဘေးကလူတွေကတော့ သူကြောင့် ဒုက္ခရောက်ရစမြဲပါ။ ယဲ့ချင်းယွမ်ဟာ ကံကောင်းလို့ သားရဲတွေကြားက လွတ်သွားပေမဲ့ တကယ်တမ်းမှာတော့ မုန့်ယင်ရွှယ်တို့က သားရဲတွေကို ဆွဲထားပေးလို့ သူလွတ်သွားတာပါ။
ဒီအချက်က ကူဟန်အတွက် အတွေးသစ်တစ်ခု ပေးလိုက်သည်။ ဇာတ်လိုက်ရဲ့ အရှိန်အဝါကို သုံးပြီး ယဲ့ချင်းယွမ်ကိုပြန်ပြီး ဖိနှိပ်လို့ ရနိုင်တာပဲ မဟုတ်လား။
"ဓားရှာဖွေရေးဂိုဏ်းက ဂူဟန် အကိုတော်ကို ကြားဖူးတာ ကြာပါပြီ ဒီနေ့မှ တကယ် မြင်ဖူးတော့တာပဲ"
အသက်ဘေးက လွတ်လာတဲ့ ဝမ်ထိန်က ရှေ့ထွက်လာပြီး ပြောလိုက်သည် "အကိုတော် ကူဟန်ရဲ့ မဟာလူသားစိတ်ဓာတ်ကို တကယ် လေးစားပါတယ်။ အကိုတော်က တကယ့် ပါရမီရှင် လူကြီးလူကောင်းပဲ"
ဝမ်ထိန်ဟာ ကူဟန်ကို မြှောက်ပင့်ပြောဆိုပြီးနောက် မြေကြီးပေါ် တောက်တစ်ချက် ခေါက်လိုက်သည်။
"ဟိုယဲ့ချင်းယွမ်ဆိုတဲ့ ကောင်နဲ့ နှိုင်းယှဉ်ရင် အကိုတော်က နတ်ဘုရားပါပဲ အဲဒီကောင်က ခွေးချေးပုံလောက်တောင် တန်ဖိုးမရှိဘူး"
"ငါတို့မှာ သူနဲ့ ဘာရန်ငြိုးမှ မရှိဘူး ဒါကိုသူက သားရဲတွေကို ငါတို့ဆီ တမင် ဆွဲခေါ်လာပြီး သေခိုင်းတယ် ပြီးတော့ ဒီလျှို့ဝှက်နယ်မြေကြီး အပြောင်းအလဲဖြစ်တာကလည်း အဲဒီ ယဲ့ချင်းယွမ်နဲ့ ပတ်သက်နေတာ သေချာတယ် ငါတို့ကို နှုတ်ပိတ်ဖို့ သူ တမင်လုပ်တာလို့ ငါသံသယရှိတယ်"