အခန်း (၇၈) ယဲ့ချင်းယွမ်က အမွေအနှစ်ကို ရှာတွေ့သွားတာလား
ယဲ့ချင်းယွမ်ရဲ့ မျက်နှာဟာလည်း အတော်လေး ညိုးနွမ်းနေသည်။ ဒီလျှို့ဝှက်နယ်မြေခရီးစဉ်မှာ လင်ရွှမ်ယွဲ့ နဲ့ ရင်းနှီးမှု ရဖို့နေနေသာသာ အခြေအနေအမျိုးမျိုးကြောင့် သူတို့ကြားက ဆက်ဆံရေးဟာ ရေခဲမှတ်အထိ အေးစက်သွားခဲ့ရပါပြီ။
အထူးသဖြင့် မိစ္ဆာတစ်ရာတောင်ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စက သူ့အတွက် အကြီးအကျယ် အရှက်ရစရာပါပဲ။ သူဟာ သူ့ထဲက ဆရာပိုင်ကိုတောင် စိတ်ထဲကနေ အကြိမ်ကြိမ် အပြစ်တင်နေမိသည်။
"ချင်းယွမ်... မင်းနားမှာ သူတော်စင်နယ်မြေရဲ့ အငွေ့အသက် ခပ်ပါးပါးကို ငါ အာရုံရနေတယ်"
"သေချာရှာကြည့်စမ်း မင်းပတ်ဝန်းကျင်မှာ အင်အားကြီး သူတော်စင်တစ်ယောက်ရဲ့ အမွေအနှစ် အကြွင်းအကျန်တွေ ရှိနေနိုင်တယ်"
ဆရာပိုင်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ယဲ့ချင်းယွမ်ရဲ့ စိတ်ပျက်မှုတွေဟာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ ဒါဟာ "မုန်တိုင်းပြီးရင် လာမယ့် သာယာတဲ့နေ့ရက်" ဆိုတာပါပဲ။
သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ် လက်ရှိကမ္ဘာမှာ သူတော်စင်တွေဟာ ပိရမစ်ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အင်အားအကြီးဆုံး ပညာရှင်တွေပါ။ ဒီအခွင့်အရေးကိုသာ သူ ရလိုက်မယ်ဆိုရင် သူ့ရဲ့ တက်လမ်းကို ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ပါဘူး။
"ဟုတ်လား"
ယဲ့ချင်းယွမ်ဟာ သူ့ရဲ့ မျက်နှာအမူအယာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လင်ရွှမ်ယွဲ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"မင်း ထွက်သွားချင်ရင် သွားနိုင်ပါတယ်။ ဒါပေမဲ့ ငါ နောက်ထပ် ရှာတွေ့မယ့်အရာတွေအတွက်တော့ နောင်တမရနဲ့ပေါ့"
ယဲ့ချင်းယွမ်ဟာ တကယ်တော့ ဒီအခွင့်အရေးကို တစ်ယောက်တည်း ယူချင်တာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း အရှက်ကွဲထားတာတွေကို ပြန်ဖုံးဖို့နဲ့ အမွေအနှစ်ထဲမှာ အန္တရာယ်ရှိလာရင် လင်ရွှမ်ယွဲ့ကို အသုံးချဖို့ သူကတွေးထားပါသေးတယ်။
လင်ရွှမ်ယွဲ့ဟာ ယဲ့ချင်းယွမ်ရဲ့ ယုံကြည်မှုအပြည့်နဲ့ ပုံစံကို ကြည့်ပြီး မှင်သက်သွားသည်။ "ဒီလူက တစ်ခုခု ထူးထူးခြားခြား ရှာတွေ့သွားပြန်ပြီလား" လို့ သူမ တွေးနေမိသည်။
ယဲ့ချင်းယွမ်ဟာ ဆရာပိုင်ရဲ့ လမ်းညွှန်မှုအတိုင်း ဝိညာဉ်အသိကို ဖြန့်ကြက်ပြီး သေချာ ရှာဖွေလိုက်သည်။
မကြာခင်မှာပဲ သူ့ရဲ့ မျက်လုံးတွေ ဝင်းလက်သွားပြီး "ရှာတွေ့ပြီ သူတော်စင်အဆင့် အမွေအနှစ်ရဲ့ ဝင်ပေါက်"
ယဲ့ချင်းယွမ်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး မထင်မရှား ကျောက်တုံးနက်ကြီးတစ်တုံးပေါ် လက်တင်ကာ ဝိညာဉ်စွမ်းအားတွေကို ထည့်သွင်းလိုက်သည်။
ဝုန်းးးး
ကျောက်ဆောင်နံရံတွေပေါ်မှာ ကြယ်ရောင်တွေလို အလင်းစက်လေးတွေ လင်းလက်လာပြီး ရှေးဟောင်းစာသားတွေ ပေါ်လာသည်။
အဲဒီနောက် အုတ်လှေကားတစ်ခု ပေါ်လာပြီး မြေအောက်အနက်ပိုင်းဆီကို ဦးတည်နေပါတယ်။
"ဒါက" လင်ရွှမ်ယွဲ့ဟာ အံ့အားသင့်သွားသည်။ ဒီလောက် သာမန်နေရာလေးမှာ အမွေအနှစ်တစ်ခု ရှိနေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။ ယဲ့ချင်းယွမ်က တကယ်ပဲ သူတော်စင်အမွေအနှစ်ကို ရှာတွေ့သွားတာပါ။
"နတ်ဘုရားမ လင်ရွှမ်ယွဲ့ ငါပြောသားပဲ မင်းငါ့ကို ယုံကြည်မယ်ဆိုရင် ငါ မင်းကို အရှုံးမပေးပါဘူးလို့" ယဲ့ချင်းယွမ်က ယုံကြည်မှုတွေ ပြန်ရလာပြီး "ကဲ... အတူတူ သွားရအောင်"
လင်ရွှမ်ယွဲ့ဟာ ဘာမှပြန်မပြောပေမဲ့ သူမရဲ့ အကြည့်တွေကတော့ ပြောင်းလဲသွားပါပြီ။ ယဲ့ချင်းယွမ်ရဲ့ ပုံရိပ်ဟာ သူမမျက်လုံးထဲမှာ ပြန်ပြီးတော့ မြင့်မားလာသည်။
အရိပ်ထဲမှာ ပုန်းနေတဲ့ ကူဟန်ကတော့ ဒါတွေအားလုံးကို ကြည့်နေခဲ့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ ယဲ့ချင်းယွမ်ရဲ့ ဇာတ်လိုက်စွမ်းအားက ပြန်ပွင့်လာပြီ"
မိစ္ဆာအုပ်ကြီး လိုက်ဖမ်းလို့ ပြေးရင်းလွှားရင်းနဲ့မှ ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ အမွေအနှစ်ကို ရှာတွေ့သွားတာက တကယ့်ကို ဇာတ်လိုက်ပီသလှသည်။
"ရွှမ်ယွဲ့ ဒီအမွေအနှစ်က သာမန်မဟုတ်ဘူး။ တခြားလူတွေ သတိမထားမိအောင် ငါတို့ အကာအကွယ် အစီအရင်တစ်ခု အရင်လုပ်ကြရအောင်" လို့ ယဲ့ချင်းယွမ်က အကြံပေးလိုက်သည်။
လင်ရွှမ်ယွဲ့လည်း သဘောတူပြီး သူတို့နှစ်ယောက် အစီအရင် လုပ်ဖို့ ပြင်နေကြသည်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဟင်းလင်းပြင်ထဲကနေ မသိမသာ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်သွားပြီး လူရိပ်တစ်ခုဟာ လျှပ်စစ်မီးလို မြန်တဲ့အရှိန်နဲ့ ဂူထဲကို ဝင်သွားသည်။
ကူဟန်ဟာ ဒီအခွင့်အရေးကို လက်လွတ်မခံပါဘူး။ သူဟာ သူ့ရဲ့ လျှို့ဝှက်ခြေလှမ်းပညာကို သုံးပြီး ယဲ့ချင်းယွမ်တို့ မသိအောင် ဂူထဲကို အရင်ဆုံး ဝင်သွားခဲ့ပါပြီ။
သူတော်စင်အမွေအနှစ်ထဲက ရတနာတွေကို သူက အရင်ဦးဆုံး ရှင်းလင်းပစ်ဖို့ ဆုံးဖြတ်ထားတာပါ။ အရင်အတိုင်းပဲ ယဲ့ချင်းယွမ်အတွက် အမွေးတစ်ပင်တောင် ချန်ထားမှာ မဟုတ်ပါဘူး။
"ဟမ်"
အစီအရင် လုပ်နေတဲ့ ယဲ့ချင်းယွမ်ဟာ တစ်ခုခုကို အာရုံရလိုက်သလို ခဏရပ်သွားသည်။ "ရွှမ်ယွဲ့... ခုနက တစ်ခုခု ဖြတ်သွားသလို ခံစားလိုက်ရလား"
"မခံစားရပါဘူး မင်းစိတ်လှုပ်ရှားလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်တာနေမှာပါ" လို့ လင်ရွှမ်ယွဲ့က ပြန်ပြောသည်။
ယဲ့ချင်းယွမ်ဟာ ဆရာပိုင်ကို ထပ်မေးကြည့်ပေမဲ့ ဆရာပိုင်ကလည်း ဘာမှအာရုံမရဘူးလို့ ပြောတာကြောင့် သူ ဆက်မတွေးတော့ပါဘူး။ ဆရာပိုင်တောင် သတိမထားမိတဲ့အရာဆိုတာ ရှိနိုင်ပါ့မလား။
ဂူထဲကို ရောက်သွားတဲ့ ကူဟန်ကတော့ အရှိန်အဟုန်နဲ့ ဆင်းသွားသည်။ မြေအောက်လှေကားတွေက အဆုံးမရှိသလို ရှည်လျားလှပေမဲ့ ကူဟန်ကတော့ တည်ငြိမ်စွာနဲ့ သတိထား ဆင်းသွားသည်။
အချိန်အတော်ကြာ ဆင်းပြီးနောက်မှာတော့ သူ့ရှေ့မှာ ဖြူဖွေးတဲ့ အလင်းတန်းတစ်ခု ပေါ်လာပြီးအလင်းတံခါးကို ဖြတ်ကျော်လိုက်တဲ့အခါ မြင်ကွင်းတစ်ခုလုံးဟာ လင်းခနဲ ဖြစ်သွားသည်။