အခန်း (၇၁) အမွေးတစ်ပင်တောင် ကျန်မှာမဟုတ်ဘူး
"ကောင်းပြီ နောက်ထပ် အခွင့်အရေးတစ်ခုကို ထပ်ရှာဖို့ အချိန်တန်ပြီ။"
ရလာတဲ့ ပစ္စည်းတွေကို ခွဲဝေပြီးတာနဲ့ ယဲ့ချင်းယွမ်က အရင်ဆုံး ထရပ်လိုက်သည်။ သူဟာ အလယ်ပိုင်းတိုက်ကြီးရဲ့ လျှို့ဝှက်ချက်တချို့ကို သိထားတယ်လို့ အဖွဲ့ဝင်တွေကို ထုတ်ပြောထားပေမဲ့ တကယ်တမ်းတော့ ဒါတွေက အသေးအမွှား အခွင့်အရေးတွေသာ ဖြစ်ပါတယ်။
သူ့ရဲ့ တကယ့်အစီအစဉ်ကတော့ အရေးကြီးတဲ့ အခွင့်အရေးကြီးတွေကို သူ့ဘာသာသူ သိမ်းပိုက်ဖို့ပါ။
လင်ရွှမ်ယွဲ့၊ ဝေထျန်းချင်းတို့နဲ့ ပူးပေါင်းရတဲ့ ရည်ရွယ်ချက်ကတော့ မမျှော်လင့်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ မတည်ငြိမ်တဲ့ အချက်အလက်တွေကို တတ်နိုင်သမျှ ရှောင်ရှားဖို့ပဲ ဖြစ်သည်။
သူ့ရဲ့ အစီအစဉ်က ရှင်းသည်။ မိစ္ဆာတိရစ္ဆာန်တွေကို လုံလုံလောက်လောက် သတ်ဖြတ်ပြီး မိစ္ဆာအမြုတေတွေကို လုံလောက်အောင် စုပ်ယူပြီးတာနဲ့ သူဟာ တစ်ယောက်တည်း ခွဲထွက်သွားမှာပါ။
အဲဒီနောက်မှာတော့ လျှို့ဝှက်နယ်မြေထဲက အခွင့်အရေးကြီးအားလုံးကို ယူမယ် ပြီးရင် ကောင်းကင်နဂါး အပျက်အဆီးများဆီကိုသွားပြီး အဲဒီက နဂါးနဲ့ စာချုပ်ချုပ်ဆိုမှာပါ။ ဒီအတိုင်း စဉ်းစားလိုက်ရုံနဲ့တင် သူ့အတွက် ရိတ်သိမ်းမှုက အကြီးအကျယ် ဖြစ်နေပါပြီ။
ရက်အနည်းငယ် အချိန်တွေ ကုန်လွန်သွားခဲ့ပါပြီ။
တောအုပ်ထဲမှာ အပြာရောင် အလင်းတန်းတစ်ခုဟာ လျှပ်စီးလို မြန်ဆန်စွာ ဖြတ်သန်းသွားပြီး နောက်ကွယ်မှာ အရိပ်ယောင်တွေ ချန်ထားခဲ့ပါတယ်။
ဒီလူကတော့ ရုပ်ဖျက်ထားတဲ့ ကူဟန်ပါပဲ။လျှို့ဝှက်နယ်မြေထဲ ရောက်ပြီး သုံးရက်မြောက်နေ့မှာတင် သူဟာ ယဲ့ချင်းယွမ်တို့အဖွဲ့ ရှိရာကို ရှာတွေ့ခဲ့သည်။
သူဟာ ယဲ့ချင်းယွမ်တို့ သွားမယ့် လမ်းကြောင်းအတိုင်း အမြဲတမ်း တစ်ကြိမ်စောပြီး ရောက်နေကာ အခွင့်အရေးမှန်သမျှကို အရင်ဦးအောင် ယူနေတာပါ။
ရှားပင်းလီ ပေးထားတဲ့ မြေပုံတွေက ယဲ့ချင်းယွမ်လို ဇာတ်လိုက်မျိုးမှ ရှာတွေ့နိုင်တဲ့ အထူးအခွင့်အရေးတွေကလွဲရင် ကျန်တာတွေကို အသေးစိတ် မှတ်သားပေးထားသည်။
ကူဟန်ဟာ သူ့ရဲ့ ထိပ်တန်းလှုပ်ရှားမှုပညာကို သုံးပြီး ယဲ့ချင်းယွမ်တို့ထက် အမြဲလက်ဦးမှု ရယူနိုင်ခဲ့သည်။
ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာတင် ကူဟန်ဟာ တိုးတက်မှု အတော်များများ ရရှိခဲ့သည်။ ဒါပေမဲ့ သူ့အတွက်တော့ ဒီအခွင့်အရေးလေးတွေက အမြည်းသဘောပဲ ရှိပါသေးတယ်။
သူ့ရဲ့အဓိက ပန်းတိုင်ကတော့ ရတနာရှာတဲ့ ကြွက်လိုဖြစ်နေတဲ့ ဇာတ်လိုက် ယဲ့ချင်းယွမ်ကတစ်ဆင့် မြေပုံမှာ မပါတဲ့ အခွင့်အရေးကြီးတွေကို လိုက်လံလုယူဖို့ ဖြစ်သည်။
ယဲ့ချင်းယွမ် ကောင်းကင်နဂါး အပျက်အစီးတွေကို ဖွင့်မယ့်အချိန်ကို သူ စောင့်နေတာပါ။ ဒါပေမဲ့ သူတို့ ရိပ်မိသွားအောင်တော့ မလုပ်ပါဘူး။
တကယ်လို့ စောစောစီးစီး လက်ဦးမှုယူလိုက်ရင် ယဲ့ချင်းယွမ်ရဲ့ "ဇာတ်လိုက်စွမ်းအား" တွေ နိုးကြားသွားပြီး သူမထင်မှတ်ထားတဲ့ ပစ္စည်းတွေ ရသွားမှာကို ကူဟန်က စိုးရိမ်လို့ပါ။
ဒါပေမဲ့ အခွင့်အရေး အသေးအမွှားလေးတွေကိုတော့ ယဲ့ချင်းယွမ်အတွက် အမွေးတစ်ပင်တောင် မကျန်အောင် သူ ရှင်းပစ်ခဲ့သည်။
[ဒင် ဂုဏ်ယူပါတယ် ပိုင်ရှင်သည် နေ့စဉ် ဗီလိန်မစ်ရှင်ကို ပြီးမြောက်ခဲ့ပါသည်။ ဇာတ်လိုက် ယဲ့ချင်းယွမ်ထက် လက်ဦးမှုယူကာ အခွင့်အရေး ၃ ခုကို ရယူနိုင်ခဲ့သဖြင့် ဗီလိန်မှတ် ၁၅၀၀ ရရှိပါသည်]
[ဒင် ဗီလိန်ဇာတ်ကြောင်း တစ်စိတ်တစ်ပိုင်းကို ပြီးမြောက်ခဲ့သည့်အတွက် ဗီလိန်မှတ် ၂၅၀၀ ရရှိပါသည်]
တောင်ခြေတစ်ခုမှာတော့ "တောက် ဒါဘယ်လိုဖြစ်ရတာလဲ" ယဲ့ချင်းယွမ်ရဲ့ မျက်နှာဟာ မဲမှောင်နေသည်။
လျှို့ဝှက်နယ်မြေထဲကို ပထမဆုံးဝင်တဲ့နေ့ကလွဲရင် ကျန်တဲ့ရက်တွေမှာ သူဘာမှ မရခဲ့ပါဘူး။ ကံကောင်းမှုတွေ ရှားပါးရတနာတွေဆိုတာ ဝေးလို့ အမွေးတစ်ပင်တောင် မရခဲ့တာပါ။
တစ်စုံတစ်ယောက်က သူ့အစီအစဉ်ကို ကြိုသိနေသလိုပါပဲ။ သူ မရောက်ခင်မှာတင် အရာအားလုံးက လုယူခံထားရသည်။
ဒါပေမဲ့ သူ့ဆီမှာရှိတဲ့ မြေပုံလိုမျိုး အသေးစိတ်ကျတဲ့ မြေပုံကို တခြားဘယ်သူကများ ပိုင်ဆိုင်နိုင်ဦးမှာလဲ
"အစ်ကိုယဲ့ အခုတလော တစ်ခုခု နေမကောင်းဖြစ်နေတာလား"
ဝေထျန်းချင်းက စိုးရိမ်သလိုနဲ့ မေးလိုက်ပေမဲ့ ယဲ့ချင်းယွမ်ကတော့ သိနေသည်။ ရက်အတော်ကြာအောင် ဘာအခွင့်အရေးမှ မပေးနိုင်တဲ့အတွက် ဝေထျန်းချင်းတို့က သူ့အပေါ် မကျေနပ်ဖြစ်နေကြတာပါ။
"ဟွန့် ကပ်ပါးကောင်ပဲ ကိုယ်တိုင် ဒုက္ခမရောက်ရတော့ စကားပြောရတာ လွယ်တာပေါ့"
"မင်းကော ပြီးခဲ့တဲ့ရက်တွေမှာ အခွင့်အရေး တစ်ခုခု ရှာတွေ့ခဲ့လို့လား" ယဲ့ချင်းယွမ်က ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောလိုက်သည်။
ဝေထျန်းချင်းရဲ့ မျက်လုံးတွေက အေးစက်သွားပါတယ်။ သူဟာ သန့်စင်သောနယ်မြေတစ်ခုရဲ့ ထိပ်တန်းမျိုးဆက်ဖြစ်ပြီး ပါရမီရှင်တစ်ယောက်ပါ။
လင်ရွှမ်ယွဲ့သာ ကြားထဲက စေ့စပ်ညှိနှိုင်းမပေးထားရင် သူဟာ ယဲ့ချင်းယွမ်ကို လုံးဝ ထည့်တွက်မယ့်သူ မဟုတ်ပါဘူး။
အခုလို ရိုသေမှုမရှိတဲ့ စကားကြောင့် ဝေထျန်းချင်းဟာ သူ့ရဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်ပြီး ယဲ့ချင်းယွမ်ကို ဖိနှိပ်လိုက်သည်။
ယဲ့ချင်းယွမ်ကလည်း မဆုတ်မနစ် ပြန်ကြည့်လိုက်သည်။ သူ့နောက်ကျောက ဓားနက်ကြီးကို ကိုင်လိုက်ပြီး ဘယ်အချိန်မဆို တိုက်ခိုက်ဖို့ အသင့်ပြင်ထားသည်။
သူ့ဆီမှာ ဝှက်ဖဲတွေ ရှိနေသလိုတာအိုပေါင်းစည်းခြင်းအဆင့်ရှိတဲ့ ရုပ်သေးနှစ်ရုပ်လည်း ရှိနေတာကြောင့် ဝေထျန်းချင်းကို သူ မကြောက်ပါဘူး။
"တော်ကြတော့"
နောက်ဆုံးမှာတော့ လင်ရွှမ်ယွဲ့က ကြားဝင်တားဆီးလိုက်ပါတယ်။ အစ်ကိုယဲ့ ပြောတာ မှန်ပါတယ်။ လျှို့ဝှက်နယ်မြေက ကျယ်ပြန့်လွန်းလို့ အခွင့်အရေးရှာဖို့ ခက်ခဲတယ်။
လျှို့ဝှက်နယ်မြေက တစ်လကျော် ပွင့်မှာဆိုတော့ အစ်ကို ဝေထျန်းချင်းလည်း စိတ်မလောပါနဲ့။
လင်ရွှမ်ယွဲ့ရဲ့ စကားက ကြည့်ရတာ ယုတ္တိရှိပေမဲ့ လက်တွေ့မှာတော့ သူမဟာ ယဲ့ချင်းယွမ်ဘက်ကနေ သိသိသာသာ ဘက်လိုက်ကာ ကာကွယ်ပေးလိုက်တာပါ။
ဒါဟာ ဝေထျန်းချင်းကို ပိုပြီး ဒေါသထွက်စေသည်။ သူဟာ လင်ရွှမ်ယွဲ့အပေါ် စိတ်ဝင်စားမှု ရှိနေတာကြောင့် သူနှစ်သက်တဲ့ မိန်းကလေးက လူစိမ်းတစ်ယောက်ဘက်ကနေ သူ့ကို ရန်သူလို ဆက်ဆံတာကို သူ မခံမရပ်နိုင် ဖြစ်သွားသည်။
"ဟဲဟဲ... မူလကတော့ ရွှမ်ယွဲ့ ပြောသလို ဒီကောင်က ရှေးဟောင်းပညာရှင်တစ်ယောက်ရဲ့ ဆက်ခံသူဆိုတော့ စွမ်းအားရှိမယ် ထင်နေတာ။ အခုတော့ လက်တွေ့မပါဘဲ လေလုံးပဲ ထွားနေတာပဲ"
"ရွှမ်ယွဲ့ ငါ့ဆရာလည်း ငါ့ကို ဒီနယ်မြေအကြောင်း ပြောပြထားတာ ရှိတယ်။ ငါလည်း အခွင့်အရေးတွေ ရှိမယ့်နေရာကို သိတယ်။ မင်း သူ့ကို ယုံမှာလား ငါ့ကို ယုံမှာလား"
ဝေထျန်းချင်းရဲ့ စကားက ရှင်းသည်။ သူဟာ ယဲ့ချင်းယွမ်နဲ့ လမ်းခွဲချင်နေတာဖြစ်ပြီး လင်ရွှမ်ယွဲ့ကို ရွေးချယ်ခိုင်းလိုက်တာပါ။ လင်ရွှမ်ယွဲ့ကတော့ ခေတ္တတိတ်ဆိတ်သွားပေမဲ့ ဘာမှပြန်မပြောပါဘူး။
သူမဟာ သူမရဲ့ အာရုံခံစားမှုကိုပဲ ယုံကြည်ပါတယ်။ ယဲ့ချင်းယွမ်ဟာ "ပိုင်ချန်းသူတော်စင်ဘုရင်" ရဲ့ ဆက်ခံသူဖြစ်တဲ့အပြင် ကံကြမ္မာစွမ်းအားတွေ အကြီးအကျယ် ပိုင်ဆိုင်ထားသူ ဖြစ်လို့ အချိန်တန်ရင် သူမကို အကျိုးအမြတ်တွေ ပေးနိုင်မယ်လို့ သူမ ယုံကြည်နေဆဲပါ။
[ဒင် ပိုင်ရှင်၏ သွယ်ဝိုက်သော လုပ်ရပ်များကြောင့် ဝေထျန်းချင်း နှင့် ယဲ့ချင်းယွမ်တို့၏ ဆက်ဆံရေး ပြတ်တောက်သွားပါသည်။ ဗီလိန်မစ်ရှင် ပြီးမြောက်သည့်အတွက် ဗီလိန်မှတ် ၇၀၀၀ ရရှိပါသည်]
အနီးအနားမှာ ပုန်းအောင်းနေတဲ့ ကူဟန်ဟာ ဒီသတိပေးချက်ကို ကြားလိုက်တဲ့အခါ လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။
"တကယ်ပဲ အကျိုးစီးပွားနဲ့ တွေ့တဲ့အခါ လူတွေရဲ့ ဆက်ဆံရေးက စမ်းသပ်ခံရတာပဲ" လို့ သူက တွေးနေမိသည်။ သူ့ရဲ့ လှည့်ကွက်လေး တစ်ခုတည်းနဲ့တင် ယဲ့ချင်းယွမ်ရဲ့ အားကိုးရာတစ်ခုကို သူ ဖယ်ရှားပစ်နိုင်ခဲ့ပါပြီ။