အခန်း (၆၈) သံယောဇဉ်လက်ဆောင်တစ်ခု
ဝမ်ကျန့်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ လျှို့ဝှက်နယ်မြေထဲ မဝင်ခင် စည်းကမ်းတွေကို မှာကြားနေကြသည်။
နယ်မြေထဲရောက်ရင် နေရာအနှံ့ကို ကျပန်းရောက်သွားမှာဖြစ်လို့ ဂိုဏ်းတံဆိပ်ပြားကိုသုံးပြီး အချင်းချင်း အမြန်ဆုံးပြန်စုကြဖို့ သတိပေးနေတာပါ။
အကြီးအကဲတွေဟာ ကူဟန်ကို ကြည့်ပြီး နှမြောတသဖြစ်နေကြသည်။ ကူဟန်ဟာ ဂိုဏ်းကရွေးချယ်ထားတဲ့ ခေါင်းဆောင်နှစ်ယောက်ထက်တောင် သန်မာပေမယ့် သူ့ရဲ့အရည်အချင်းကို ဖုံးကွယ်ထားချင်နေလို့ပါ။
လျှို့ဝှက်နယ်မြေတံခါး ပွင့်လာတဲ့အခါ ချူးယိုဝေတို့ ညီအစ်မ ၃ ယောက်ဟာ ကူဟန်ကို သူတို့နဲ့အတူ ပူးပေါင်းဖို့ ထပ်မံတောင်းဆိုကြသည်။
ဒါပေမယ့် ကူဟန်က သူတို့ကို လုံးဝ အဖက်မလုပ်ဘဲ ရှောင်လင်း ကိုပဲ အကာအကွယ်အဖြစ် သုံးပြီး ထွက်ခွာဖို့ ပြင်လိုက်သည်။
အဲဒီအချိန်မှာ ဟွာကျဲယွီ က ကြားဖြတ်ပြီး "ကူဟန်... မင်းအကူအညီလိုရင် ငါ့ရဲ့သစ်ရွက်နီဂိုဏ်းက တပည့်တွေကို ခိုင်းလို့ရတယ် သူတို့ကို ငါအမိန့်ပေးထားပြီးသား။ မင်းစိတ်ကြိုက်သာလုပ်... ဒါပေမယ့် ငါ့ရဲ့ တပည့်မလေးတွေကိုတော့ အပျက်အစီး မလုပ်နဲ့ဦးနော်" လို့ ပြောင်ချော်ချော် ပြောလိုက်သည်။
ဒီစကားကြောင့် ညီအစ်မ ၃ ယောက်နဲ့ ဟွာကျဲယွီတို့ကြားမှာ စကားစစ်ထိုးပွဲ ဖြစ်ပွားခဲ့သည်။
ဟွာကျဲယွီက "အရင်က ကူဟန် ဒုက္ခရောက်တုန်းကတော့ ကောလာဟလတွေကို ယုံပြီး အခုမှ နောင်တရသလိုနဲ့ လာကပ်နေကြတာလား" လို့ ခပ်စပ်စပ် ဝေဖန်လိုက်တဲ့အတွက် ချူးယိုဝေတို့ အရှက်ရပြီး ဒေါသထွက်သွားကြသည်။
ကူဟန် ကတော့ သူတို့ ရန်ဖြစ်နေတာကို စိတ်မဝင်စားဘဲ လျှို့ဝှက်နယ်မြေထဲ ဝင်သွားသည်။ သူဟာ စနစ်ဆီက ပစ္စည်းတစ်ခုကို ဗီလိန်မှတ်တွေနဲ့ လဲလှယ်ပြီး သူ့ရဲ့ မြင့်မားလှတဲ့ ကျင့်ကြံမှုကို လျှို့ဝှက်နယ်မြေက လက်ခံတဲ့အဆင့်အထိ ခေတ္တလျှော့ချပြီး အေးအေးဆေးဆေး ဝင်သွားနိုင်ခဲ့သည်။
"ငါ အဆင့်တက်လာရင် ငါ့ကိုအလုပ်ရှုပ်အောင်လုပ်တဲ့ ဒီလျှို့ဝှက်နယ်မြေကို ဖျက်ဆီးပစ်မယ်" လို့ သူက ကျိန်းဝါးသွားသည်။
တစ်ဖက်မှာလည်း မိစ္ဆာမျှော်စင်ထဲက စူးလင်ယွဲ့ဟာ ကူဟန်ရဲ့ လက်ဖဝါးက အမှတ်အသားကတစ်ဆင့် အပြင်ကအခြေအနေကို မြင်နေရသည်။
သူမဟာ ကူဟန်ကို ချုပ်နှောင်ထားချင်တဲ့ ရှားပင်းလီရဲ့ တည်ရှိမှုကို သတိထားမိသွားပြီး "ဘယ်သူကမှ ကူဟန်ကို ငါ့ဆီက လုလို့မရဘူး" လို့ ဆုံးဖြတ်လိုက်သည်။
ရှားပင်းလီကလည်းတစ်ချိန်တည်းမှာပဲသူမနဲ့ထိုက်တန်တဲ့ပြိုင်ဘက်ကြီးတစ်ဦးရှိနေပြီဆိုတာကိုအာရုံခံမိသွားပါတော့သည်။