အခန်း (၆၆) ငါမင်းကို အချိန်မရွေး ကာကွယ်ပေးနိုင်တယ်
ဟွာကျဲယွီသည် ဝမ်ကျန့်ဂိုဏ်းသားများကို ဂရုမစိုက်ဘဲ ကူဟန်ကိုသာ "ငါရှိတဲ့ဆီကို အချိန်မရွေး လာခဲ့လို့ရတယ် ငါမင်းကို ကာကွယ်ပေးမယ်" ဟု နှုတ်ခမ်းလှုပ်ရှားမှုဖြင့် ပြောဆိုကာ ထွက်ခွာသွားသည်။
ဤသည်ကို မြင်ရသော ချူးယိုဝေတို့ အစ်မကြီး ၃ ဦးမှာ စိတ်မသက်မသာ ဖြစ်နေကြသော်လည်း ကူဟန်က သူတို့ကို လျစ်လျူရှုကာ ရှောင်လင်း အနားသို့သာ သွားရောက်ခဲ့သည်။
ကူဟန်၏ အမြင်တွင် သူသည် အလွန်သန်မာနေပြီဖြစ်ရာ ကျင့်ကြံမှု နိမ့်ပါးသော အစ်မကြီးများ၏ အကာအကွယ်မှာ မလိုအပ်ပေ။
တစ်ဖက်တွင် ယဲ့ချင်းယွမ်သည် အစ်မကြီးများထံ ချဉ်းကပ်ကာ လျှို့ဝှက်နယ်မြေထဲတွင် အတူတူ ပူးပေါင်းရန် ထပ်မံကြိုးစားသည်။
သို့သော် ချူးယိုဝေက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ သူမသည် ယဲ့ချင်းယွမ်၏ စကားများမှာ သူတို့နှင့် အစ်ကိုကြီးကြား သွေးခွဲရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရိပ်မိလာပြီး ယဲ့ချင်းယွမ်အပေါ် စတင်ရွံရှာလာမိသည်။
ထိုစဉ် ကူဟန်၏ စိတ်ထဲတွင် စနစ် မှ ကြေညာချက်တစ်ခု တက်လာသည်။
[ဒင် ပိုင်ရှင်၏ သွယ်ဝိုက်သော လုပ်ဆောင်ချက်များကြောင့် ဇာတ်လိုက်မ ချူးယိုဝေသည် ဇာတ်လိုက် ယဲ့ချင်းယွမ်အပေါ် ရွံရှာစိတ် ဖြစ်ပေါ်လာပြီး ယဲ့ချင်းယွမ်၏ ကံတရားလျော့နည်းသွားပါသည်။ ဗီလိန်မှတ် ၁၅၀၀ ရရှိသည့်အတွက် ဂုဏ်ယူပါသည်]
ကူဟန်သည် မိမိဘာမှ မလုပ်ဘဲ မှတ်များ ရလာသည့်အတွက် ကျေနပ်သွားပြီး ဇာတ်လိုက်၏ ကံတရားကို ဆက်လက် ဖျက်ဆီးရန် အစီအစဉ်ဆွဲလိုက်သည်။
ယဲ့ချင်းယွမ်သည် အစ်မကြီးများ၏ ငြင်းပယ်မှုကို ခံရသော်လည်း အားမလျှော့ပေ။ သူသည် သန့်စင်သောနယ်မြေမှသူတောင်စင်မိန်းကလေးနှင့် မြောက်ပိုင်းသူတော်စင်တို့နှင့် မိတ်ဖွဲ့နိုင်ခဲ့သည်။
ယဲ့ချင်းယွမ်သည် လျှို့ဝှက်နယ်မြေ သတင်းအချက်အလက်များကို အသုံးချပြီး သူတို့၏ အကူအညီဖြင့် မိမိ၏ ဆွေမျိုးနှစ်ဦးကို ကယ်တင်ရန် သဘောတူညီမှု ရထားသည်။
တခြားဂိုဏ်းသားများမှာ ယဲ့ချင်းယွမ်က အထွတ်အမြတ်နယ်မြေများမှ လူကုံထံများနှင့် ရင်းနှီးနေသည်ကို ကြည့်ပြီး မနာလို ဖြစ်နေကြသည်။
ကူဟန်သည် ဤမြင်ကွင်းကို ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ ဇာတ်လမ်းအရ ဤသူတော်စင်နှင့်သူတော်စင်မိန်းကလေးတို့မှာ ယဲ့ချင်းယွမ်၏ အကြီးမားဆုံး အားကိုးရာများ ဖြစ်လာကြမည်ဖြစ်သည်။
"သူတို့နှစ်ယောက်ရင်းနှီးသွားပြီဆိုရင်တော့လျှို့ဝှက်နယ်မြေထဲမှာပဲအမြစ်ပြတ်သတ်ပစ်ရမယ်။ပြီးတော့သူတို့သေတာကိုယဲ့ချင်းယွမ်လက်ချက်ဖြစ်အောင်ပါလွှဲချရမယ်" ဟုကူဟန်ကရက်စက်သောအစီအစဉ်တစ်ခုကိုစိတ်ထဲတွင်ရေးဆွဲလိုက်တော့သည်။