အခန်း (၆၄) ဆေးမှားသောက်ပြန်ပြီလား
ယဲ့ချင်းယွမ်သည် အစ်မကြီးများ၏ အကြည်ညိုပျက်မှုကို ခံရပြီးနောက် ကူဟန် ပေါ်လာချိန်တွင် အစ်မကြီး ၃ ဦးစလုံးမှာ အပြစ်ရှိစိတ်ဖြင့် ကူဟန်ကို အားကိုးတကြီး ချဉ်းကပ်ကြသည်။
လျိုယုရန်က သူမကိုယ်တိုင် ချက်ပြုတ်ထားသည့် စွပ်ပြုတ်အသစ်ကို ကမ်းလှမ်းသလို ချူးယိုဝေနှင့် လော့ပိုင်ကျိတို့ကလည်း လက်ဆောင်များပေးရန် ကြိုးစားကြသည်။
သို့သော် ကူဟန်က သူတို့ကို လုံးဝဥပေက္ခာပြုကာ အခန်းတံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။ အစ်မကြီးများမှာ တံခါးပြင်ပတွင် မျက်ရည်ဝဲလျက် ကျန်ရစ်ခဲ့ကြသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ချင်းယွမ်သည် မနာလိုဖြစ်ကာ "ကူဟန်က ငါ့ထက် နည်းနည်းလေးပဲ ပိုသန်မာတာပါ လျှို့ဝှက်နယ်မြေထဲမှာ ငါအမွေအနှစ်တွေရရင် သူ့ကိုကျော်တက်ပြမယ်" ဟု ကြုံးဝါးလိုက်သည်။
နှစ်ရက်အကြာတွင် ဗဟိုတိုက်ကြီး လျှို့ဝှက်နယ်မြေဖွင့်လှစ်မည့် နေရာသို့ ဂိုဏ်းပေါင်းစုံမှ တပည့်များ ရောက်ရှိလာကြသည်။
ယဲ့ချင်းယွမ်သည် အဘိုးအိုပိုင်၏ အကူအညီဖြင့် လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်များကို ကျော်လွှားနိုင်မည့် တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ရုပ်သေးနှစ်ရုပ်ကို လျှို့ဝှက်ပြင်ဆင်ထားသဖြင့် အလွန်ယုံကြည်မှု ရှိနေသည်။
သူသည် ကူဟန်ကို လှမ်းကြည့်ရာတွင် ကူဟန်မှာ မျက်မှောင်ကြုတ်နေသည်ကို တွေ့ရသဖြင့် "ကူဟန်က တခြားဂိုဏ်းက လူတွေကို ကြောက်ပြီး စိုးရိမ်နေတာပဲ" ဟု ထင်မှတ်ကာ ကျေနပ်နေသည်။
သို့သော် အမှန်တကယ်တွင် ကူဟန် မျက်မှောင်ကြုတ်နေရသည့် အကြောင်းရင်းမှာ ယဲ့ချင်းယွမ် ထင်ထားသလို မဟုတ်ပေ။
ကူဟန်သည် ရန်သူတွေ သန်မာမှာကို စိုးရိမ်နေခြင်း မဟုတ်ဘဲ မိမိ၏ ကျင့်ကြံမှုအဆင့်က အရမ်းမြင့်နေမှာကို စိုးရိမ်နေခြင်း ဖြစ်သည်။
လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်မှာ တာအိုပေါင်းစည်းခြင်းအလယ်အလတ်အဆင့်အထိသာ ခွင့်ပြုထားသော်လည်း ကူဟန်၏ လက်ရှိကျင့်ကြံမှုမှာ နတ်ဘုရားစင်မြင့်အဆင့် အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်သည်။ (မှတ်ချက် နတ်ဘုရားစင်မြင့်အဆင့်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ထက် အဆင့်များစွာ မြင့်မားသည်)။
"လူတွေအကုန်လျှို့ဝှက်နယ်မြေထဲဝင်သွားချိန်မှာငါတစ်ယောက်တည်းအပြင်မှာပိတ်မိနေရင်တော့တကယ်ကိုရှက်စရာကြီးပဲ" ဟုကူဟန်ကတွေးတောရင်းစိတ်ညစ်နေတော့သည်။