အခန်း (၅၈) အနောက်ကျရွှမ်နယ်မြေ၏ အရှင်သခင် သွေးလမင်းမိစ္ဆာဂိုဏ်း
ကူဟန်သည် ရှားပင်းလီထံမှရရှိသော ဗဟိုတိုက်ကြီးလျှို့ဝှက်နယ်မြေ၏ အချက်အလက်များကြောင့် အံ့အားသင့်သွားသည်။
ဖေးရှန်းရှုဆောင်၏ သတင်းကွန်ရက်မှာ ထင်ထားသည်ထက် ပိုမိုကျယ်ပြန့်လှသည်။
သို့သော် ကူဟန်သည် ထိုမြေပုံကိုပဲ အားမကိုးဘဲ ယဲ့ချင်းယွမ်၏ဇာတ်လိုက်အရှိန်အဝါကို အသုံးချပြီး ရတနာများကို လုယူရန်သာ စီစဉ်ထားသည်။
ရှားပင်းလီက မြောက်ပိုင်းတောရိုင်းတောင်တန်းရှိ ယဲ့ချင်းယွမ်၏ မိသားစုဝင်များကို သွားရောက်ရှင်းလင်းရန် ကမ်းလှမ်းသော်လည်း ကူဟန်က ငြင်းပယ်လိုက်သည်။
ရှားပင်းလီ၏ ဖေးရှန်းရှုဆောင် ပါဝင်ပတ်သက်လာလျှင် ယဲ့ချင်းယွမ်၏ ဇာတ်လိုက်အရှိန်အဝါက ပိုမိုကြီးမားသော ကယ်တင်ရှင်များကို ဆွဲဆောင်လာနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ကူဟန်သည် သူကိုယ်တိုင်လျှို့ဝှက်တည်ထောင်ထားသော "သွေးလမင်းမိစ္ဆာဂိုဏ်း"ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း "သွေးလမင်းမိစ္ဆာဂိုဏ်း" ဟူသော အမည်မှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။
အနောက်ကျရွှမ်နယ်မြေရှိ အင်အားအကြီးဆုံး မိစ္ဆာဂိုဏ်းကြီး ၃ ခုကို ရက်ပိုင်းအတွင်း အမြစ်ပြတ်ချေမှုန်းခဲ့ပြီး နယ်မြေတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့ပြီဖြစ်သည်။
ဗဟိုတိုက်ကြီးမှ လာရောက်စုံစမ်းသူများပင်လျှင် အသက်ရှင်လျက် ပြန်မသွားနိုင်ကြပေ။
သွေးလမင်းမိစ္ဆာဂိုဏ်း၏လျှို့ဝှက်အခြေစိုက်ရာ ခန်းမအတွင်း၌ အင်အားကြီးလှသော ကျင့်ကြံသူများသည် ရိုသေစွာ စုဝေးနေကြသည်။
ဂိုဏ်းချုပ်နေရာတွင် ထိုင်နေသူမှာ အသက် ၁၃/၁၄ နှစ်အရွယ်ရှိ ဟန်မုန့်ယောက် ဖြစ်သည်။ သူမသည် ကူဟန်၏ အကူအညီဖြင့် အံ့အားသင့်ဖွယ် ကျင့်ကြံခြင်းအရှိန်ကို ရရှိထားပြီး သူမ၏ အေးစက်တည်ငြိမ်သော အရှိန်အဝါမှာ မိစ္ဆာဂိုဏ်းချုပ်တစ်ဦးနှင့် တူညီလာခဲ့ပြီဖြစ်သည်။
ထိုစဉ် ကူဟန်၏ စိတ်ဆန္ဒမှာ သွေးနီရောင် ဝဲဂယက်တစ်ခုအဖြစ် ပေါ်လာပြီး အမိန့်ပေးလိုက်သည်။
"ချက်ချင်း မြောက်ပိုင်းတောရိုင်းတောင်တန်းကို သွားကြ ချန်းဖုန်းယဲ့မိသားစု နဲ့ ပတ်သက်သူအားလုံးကို ဖမ်းဆီးထားပါ။ လမ်းမှာ ထျန်းရင်နယ်မြေကလူတွေနဲ့ တွေ့ရင် အကုန်လုံးကို သတ်ပစ်လိုက်ပါ။"
"အမိန့်တော်အတိုင်းပါ" ဟု ဟန်မုန့်ယောက်နှင့် အင်အားကြီးသူအားလုံးက တစ်ညီတစ်ညွတ်တည်း ဦးညွှတ်ထူးလိုက်ကြသည်။
ကူဟန်၏ကိုယ်ပိုင်အင်အားစုကြီးမှာယဲ့ချင်းယွမ်၏အမြစ်ကိုဖြုတ်ရန်စတင်လှုပ်ရှားလိုက်ပြီဖြစ်သည်။