အခန်း (၅၁) လှည့်ထွက်သွားခဲ့တယ်
ကူဟန်၏ အေးစက်လှသော အသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
ချူးယိုဝေ လျိုယုရန် နှင့် လော့ပိုင်ကျိ တို့သည် သူတို့၏ လက်ဆောင်များကို ကိုင်ထားရင်း နှလုံးသားထဲတွင် အပ်ဖြင့် အထိုးခံရသလို နာကျင်နေကြသည်။
လျိုယုရန်က နောက်ဆုံးလက်ကျန် သတ္တိကို မွေးပြီး "အစ်ကိုကြီး... ဒီနေ့ မနက်စာ မစားရသေးဘူးမလားဒီစွပ်ပြုတ်ကို ဒီမှာပဲ ထားခဲ့မယ်နော်... အားတဲ့အချိန်ကျရင် မြည်းကြည့်ပေးပါဦး" ဟု ပြောသော်လည်း ကူဟန်က "မလိုဘူး" ဟု ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
ထို့နောက် သူက အနားရှိ ရှောင်လင် ကို လှမ်းကြည့်ကာ "ရှောင်လင်... မင်းပဲ ဒီနေ့ ဂီတသွားနားထောင်ချင်တယ် ဆိုတာမလား သွားကြစို့" ဟု ပြောကာ ညီမလေးသုံးယောက်ကို လုံးဝ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
ကျန်ရစ်ခဲ့သော လျိုယုရန်၏ လက်ချောင်းလေးများတွင် စွပ်ပြုတ်ချက်စဉ်က ရရှိခဲ့သော ဒဏ်ရာလေးများကို မြင်ရသောအခါ ဘေးမှ ကြည့်နေသော တပည့်များမှာ စိတ်မကောင်းဖြစ်သွားကြသည်။
သူတို့စိတ်ထဲတွင် ကူဟန်သည် မိန်းကလေးတစ်ဦး၏ တောင်းပန်မှုကို လက်မခံဘဲ ရန်ငြိုးထားလွန်းသည်ဟု ထင်မြင်လာကြသည်။
ချူးယိုဝေကတော့ "အစ်ကိုကြီး မနေ့က အလုပ်ရှုပ်လို့ ပင်ပန်းနေလို့နေမှာပါ ညကျရင်တော့ လက်ခံမှာပါ" ဟု သူမကိုယ်သူမ နှစ်သိမ့်နေရှာသည်။
ထိုစဉ် ယဲ့ချင်းယွမ်က ကြားထဲမှ ဝင်ရှုပ်လိုက်သည်။
"စီနီယာအစ်မတို့... အစ်ကိုကြီးက ခင်ဗျားတို့ကို လိမ်နေတာပါ။ သူ မနေ့က အလုပ်မရှုပ်ပါဘူး။ ကျွန်တော် မြို့ထဲမှာ အလုပ်ကိစ္စနဲ့ သွားရင်း သူ့ကို မြင်ခဲ့တယ်။
သူက တစ်ယောက်တည်း မြို့ထဲမှာ လမ်းလျှောက်ပြီး မီးပုံးပွဲ ကြည့်နေတာ။ ခင်ဗျားတို့ ဖိတ်တုန်းကတော့ အလုပ်ရှုပ်တယ်လို့ ဆင်ခြေပေးပြီး အခုကျတော့ တစ်ယောက်တည်း သွားတယ်ဆိုတော့..."
ယဲ့ချင်းယွမ်၏ စကားကြောင့် ပတ်ဝန်းကျင်ရှိ တပည့်များကြားတွင် ကူဟန်အပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်လာသည်။
ကူဟန်သည်တမင်တကာစိမ်းကားပြနေပြီးသဘောထားသေးသိမ်လွန်းသည်ဟုသူတို့ကထင်မြင်ယူဆကုန်ကြသည်။