အခန်း (၂၁) စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာပဲ
အစ်ကိုကြီး၏ အေးစက်လှသော တုံ့ပြန်မှုကို ကြားလိုက်ရချိန်တွင် လော့ပိုင်ကျိ၏ ဓားစိတ်နှလုံးမှာ စူးရှစွာ နာကျင်သွားရသည်။
သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။ အရင်က အလွန်နူးညံ့သော အစ်ကိုကြီးသည် အထင်လွဲမှုတစ်ခုတည်းဖြင့် ဘာကြောင့် ဤမျှအထိ ပြောင်းလဲသွားရသနည်းဟု သူမ နားမလည်နိုင် ဖြစ်နေသည်။
"ဆရာနဲ့ စီနီယာအစ်မ ပြောတာမှန်တယ် အဲဒီကိစ္စကြောင့် အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းစိတ်နှလုံးထိခိုက်သွားပြီး စရိုက်တွေ ပြောင်းကုန်တာပဲ ဖြစ်ရမယ်။"
"အစ်ကိုကြီးရဲ့ စိတ်နှလုံးကို ပြန်ပြုပြင်ပေးနိုင်မယ့် နည်းလမ်းရှာတွေ့တာနဲ့ သူ အရင်လို ပြန်ဖြစ်လာမှာပါ"
လော့ပိုင်ကျိသည် မျက်ရည်ကို သုတ်ကာ ဂိုဏ်းနှင့် အဆက်အသွယ်ဖြတ်ပြီး ထွက်ခွာသွားမည့် ကူဟန်နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။
သို့သော် ယခုအခါ သူမသည် အစ်ကိုကြီးကို အနည်းငယ် ကြောက်လန့်နေမိသဖြင့် အလှမ်းဝေးဝေးမှသာ လိုက်ပါနေရသည်။
ဓားရှာဖွေရေးဂိုဏ်း ကျမ်းစာဆောင်။
မူဗိုင်လင်းသည် စိတ်ပူပန်စွာဖြင့် ကျမ်းစာဆောင်၏ အပေါ်ဆုံးထပ်တွင် "စိတ်နှလုံးပြုပြင်ခြင်း" ဆိုင်ရာ ရှေးဟောင်းကျမ်းစာများကို လိုက်လံရှာဖွေနေသည်။
အမြဲတမ်း တည်ငြိမ်အေးဆေးလှသော သူမသည် ယခုအခါတွင်မူ အလွန်အမင်း စိတ်မရှည် ဖြစ်နေရှာသည်။
သူမကို ကူညီရှာဖွေပေးနေသော အကြီးအကဲများကမူ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူမှာ ကူဟန်မဟုတ်ဘဲ မူဗိုင်လင်းကိုယ်တိုင်သာ ဖြစ်လိမ့်မည်ဟု တွေးနေကြတော့သည်။
မိစ္ဆာချုပ်နှောင်ရာမျှော်စင်။
ချူးယိုဝေ နှင့် လျိုယုရန်တို့သည် မိစ္ဆာချုပ်နှောင်ရာမျှော်စင်ထဲသို့ ဝင်ရန် ကြိုးစားသော်လည်း ဂိုဏ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တားဆီးထားသည်။
"စီနီယာအစ်မ ကျွန်မတို့ ဘာလုပ်ကြမလဲ" လျိုယုရန်က ငိုရှိုက်ရင်း မေးသည်။ "ဒဏ္ဍာရီအရ မျှော်စင်ရဲ့ ဆဋ္ဌမထပ်မှာရှိတဲ့ မိစ္ဆာကြီးက စိတ်နှလုံးကို ထိုးထွင်းမြင်နိုင်ပြီး ပျက်စီးနေတဲ့ စိတ်ဓာတ်ကို ပြန်ပြုပြင်ပေးနိုင်တယ်လို့ ကြားဖူးတယ်"
ချူးယိုဝေကလည်း အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ "အခုကတော့ အစောင့်တွေ အရမ်းများနေတာပဲ။ သူတို့ နည်းနည်း လျော့ရဲသွားမယ့်အချိန်ကို စောင့်ပြီးမှ နည်းလမ်းရှာကြတာပေါ့။"
သူတို့နှစ်ဦးစလုံးသည် ကူဟန်၏ စိတ်ဓာတ်ကို ပြန်ပြုပြင်ပေးနိုင်ပါက ယခင်ကကဲ့သို့ ကြင်နာတတ်သော အစ်ကိုကြီး ပြန်ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။
ကောင်းကင်စွန့်ပစ်မြို့။
ဤမြို့သည် အလွန်ဝေးလံခေါင်သီပြီး စည်းကမ်းစနစ်ဟူ၍မရှိသော နေရာဖြစ်သည်။ အင်အားကြီးသူက အနိုင်ယူစတမ်းဖြစ်ပြီး လူသားများကို တိရစ္ဆာန်ကဲ့သို့ ရောင်းဝယ်နေကြသည့် နေရာလည်း ဖြစ်သည်။
ကူဟန်သည် မြို့ဟောင်းကြီး၏ ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။ သူသည် အတိတ်ဘဝက အတွေ့အကြုံများအရ ကျွန်ဈေးကွက်ရှိရာ နေရာကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။
"သခင်လေး ဒီကလေးတွေက ကန္တာရထဲက သေချာရွေးချယ်ထားတာပါ အရိုးအဆစ်တွေကလည်း အကောင်းစားတွေဗျ"
ပွဲစားတစ်ဦးက ကူဟန်ကို လိုက်လံအရောင်းအဝယ် လုပ်နေသည်။ ကူဟန်သည် ထိုသူ၏ စကားများကို ဂရုမစိုက်ဘဲ ဟောင်းနွမ်းနေသော ဝင်းခြံကြီးအတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည်။
နောက်ဆုံးတွင် မှောင်မည်းသော ထောင့်တစ်နေရာ၌ အသက် (၁၁) နှစ် (၁၂) နှစ်ခန့်ရှိကာ ကြောင်ပေါက်လေးတစ်ကောင်လို ကွေးကွေးလေး အိပ်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
သူမ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး ကိုယ်ပေါ်တွင်လည်း ဖုန်မှုန့်များ ပေကျံနေသော်လည်း ထူးခြားသော အလှအပတစ်ခု ကိန်းအောင်းနေသည်ကို မြင်နိုင်ပါသည်။
အထူးခြားဆုံးမှာသူမ၏မျက်ဝန်းများပင်။သူမ၏မျက်လုံးများသည်နီရဲသောလပြည့်ဝန်းအစုံကဲ့သို့အန္တရာယ်ရှိပြီးဆွဲဆောင်မှုရှိသောအငွေ့အသက်များကိုထုတ်လွှတ်နေလေသည်။