Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
Fantasy
Action
System
Survival
ထွက်ရှိဆဲ
10 chapters
49 views
Updated Sep 30, 2026
မျှော်စင်ကာကွယ်ရေးလောက
EN
welcome-to-the-tower-defense-survival
5.0
No reviews yet
စာရေးသူ:
Alexender
ဘာသာပြန်သူ:
Nexus team / Belle Riko
စာစဥ်မိတ်ဆက် နှစ်ပေါင်း ၂၀ တစ်ကြိမ်… ကမ္ဘာကြီးက အသက်ရှင်ရေးဂိမ်းတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ… နှစ်ပေါင်း ၂၀ တစ်ကြိမ်သာ ပေါ်ပေါက်လာတတ်တဲ့ “မျှော်စင်ကာကွယ်ရေးလောက”။ အချိန်ကာလတစ်ခု ပြည့်မြောက်တိုင်း လူသားများကို ရွေးချယ်ခေါ်ဆောင်ပြီး အသက်ရှင်ကျန်ရစ်ရေးအတွက် အန္တရာယ်များပြားလှတဲ့ ဂိမ်းတစ်ခုထဲ အတင်းအကျပ် ဝင်ရောက်ယှဉ်ပြိုင်စေသည်။ အနိုင်ရသူများက— စိတ်ကူးပင်မယဉ်နိုင်လောက်အောင် အံ့မခန်းတဲ့ ဆုလာဘ်တွေကို ရရှိမယ်။ အရှုံးနဲ့ ရင်ဆိုင်ရသူများကတော့— သူတို့ရဲ့ နိုင်ငံတစ်ခုလုံးအထိ ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုကို ခံစားရမယ်။ ထိုအချိန်မှာပင် ပီယာ့စ် တစ်ယောက် ထိုလောကထဲသို့ ရောက်ရှိလာခဲ့သည်။ အခြားကစားသမားများက လူတစ်ရာပါဝင်သည့် အဖွဲ့ကြီးများဖြင့် ရှင်သန်ရေးအတွက် အပြင်းအထန် တိုက်ပွဲဝင်နေကြချိန်မှာ.... ပီယာ့စ်ကတော့… တစ်ယောက်တည်း။ သို့သော် သူတစ်ယောက်တည်း ဖြစ်နေခြင်းက အားနည်းချက်တစ်ခု မဟုတ်ခဲ့ပေ။ အကြောင်းကတော့ ကံကြမ္မာက သူ့အတွက် အခြားသူများနှင့် လုံးဝမတူတဲ့ အခွင့်အရေးတစ်ခုကို ချန်ထားပေးခဲ့သောကြောင့်ပင်။ “ရွှေရောင်အရိပ်အမြွက်စနစ်” နိုးထလာခဲ့ပြီ! ထိုစနစ်၏ အကူအညီဖြင့် ပီယာ့စ်သည် ရန်သူများ၏ အချက်အလက်များကို မြင်တွေ့နိုင်ရုံသာမက... သူတို့၏ သေစေနိုင်လောက်တဲ့ အားနည်းချက်များကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် သူအနိုင်ယူလိုက်သည့် ဘီလူးတိုင်းထံမှပင် အဆင့်မြင့် ဆုလာဘ်များ ကို ရယူနိုင်ခဲ့သေးသည်။ အခြားကစားသမားများက အသက်ရှင်ကျန်ရစ်ဖို့အတွက်ပင် အစွမ်းကုန် ရုန်းကန်နေရချိန်မှာ… ပီယာ့စ်ကတော့ ဓားကို တင်းတင်းဆုပ်ကိုင်ရင်း ရှေ့သို့သာ ဆက်လျှောက်နေခဲ့သည်။ ဘီလူးများကို ဖြိုခွင်းခဲ့သည်။ မိစ္ဆာများကို အနိုင်ယူခဲ့သည်။ သူ့ရှေ့မှာ ရပ်တည်နေသမျှ ရန်သူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်ခဲ့သည်။ သူ့အင်အားက တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး... သာမန်လူသားများ မထိနိုင်တဲ့ အမြင့်တစ်ခုဆီသို့ပင် တက်လှမ်းလာခဲ့သည်။ နောက်ဆုံးတွင်… နတ်ဘုရားများ၏ အသက်ကိုပင် သူ့ဓားသွားအောက်တွင် ချုပ်ငြိမ်းစေနိုင်သည့်အထိ… တစ်ယောက်တည်း စတင်ခဲ့သော ပီယာ့စ်၏ လမ်းခရီးက မည်သည့်အမြင့်အထိ ရောက်ရှိသွားမည်နည်း။ လူတစ်ရာ၏ အဖွဲ့များကိုပင် ကျော်ဖြတ်ပြီး… နတ်ဘုရားများကိုပင် ရင်ဆိုင်နိုင်မည့်သူတစ်ယောက် ဖြစ်လာမလား? သူ့ရဲ့ ဓားသွားအဆုံးမှာ… ဘယ်လိုကမ္ဘာကြီးက စောင့်ကြိုနေမလဲ? ဘာသာပြန်သူနဲ့အတူ အတူတူဖတ်ကြည့်လိုက်ကြရအောင်.....
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
10 / 10 ခု
အတွဲ 1 (အခန်း 1–10)
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်