အခန်း ၄၀ - အကြံဉာဏ် တစ်ခု
အေအိုင်စနစ်ရဲ့ စကင်န်ဖတ်ခြင်းကို ခံယူပြီးနောက်မှာတော့ ဂျေဒင်ရဲ့ စွမ်းအားကို လေလင် အနည်းငယ် ပိုပြီး နားလည်သွားသည်။
အဆင့် ၂ အလုပ်သင်တွေထဲမှာ လေလင်က တိုက်ခိုက်ရေး အတွေ့အကြုံ အတော်လေး ရှိသူတစ်ယောက်လို့ သတ်မှတ်လို့ရသည်။ သူ့ပြိုင်ဘက်မှာ မှော်ပစ္စည်း မပါသရွေ့ သူ နိုင်ဖို့ အခွင့်အရေး အလွန် များသည်။
ဂျေဒင်မှာ မှော်ပစ္စည်း ရှိသော်လည်း သူက လေလင်ထက် အနည်းငယ် အားနည်းနေသေးသည်။
ဆိုလိုတာက သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက လေလင်ထက် နိမ့်ကျနေတာ ဖြစ်သည်။ သူက တိုက်ခိုက်ရေး အတွေ့အကြုံ အနည်းငယ် ရှိပေမဲ့ များများစားစား မဟုတ်ဘူး။
ဒါတွေကတော့ အေအိုင်စနစ်ကနေ ခန့်မှန်းထားတဲ့ အကြမ်းဖျင်း အချက်အလက်တွေသာ ဖြစ်သည်။ လက်တွေ့ တိုက်ပွဲမှာတော့ ရှုထောင့်ပေါင်းစုံကနေ ကြည့်ဖို့ လိုအပ်ပေလိမ့်မည်။
"ဂျေဒင် မင်းကို မတွေ့တာ ကြာပြီနော်"
လေလင် နှုတ်ဆက်လိုက်သည်။
ဂျေဒင်ကတော့ သူရဲ့ စွမ်းအားတွေကို လေလင်က တစ်စက္ကန့်အတွင်းမှာတင် သိသွားမှန်း မသိရှာဘူး။ သူ ဝတ်ရုံကို ပြင်ဝတ်လိုက်ပြီး လေလင်ရဲ့ ဘေးမှာ လာထိုင်သည်။
သူ ခေါင်းကို မော့ပြီး နေရောင်ခြည်ကို ခံယူလိုက်တဲ့အခါ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို မြင်လိုက်ရသည်။
"ငါ နေရောင်ခြည်ကို မခံယူရတာ ကြာပြီ။ ငါ့ရဲ့ ဆရာဆီမှာ သင်ယူကတည်းက ငါ့အချိန်တွေက တရားထိုင်ခြင်း၊ စမ်းသပ်ခြင်းတွေနဲ့ပဲ ကုန်ဆုံးနေတာ"
ဂျေဒင်က ကျေနပ်နေတဲ့ပုံစံနဲ့ ကိုယ်ခန္ဓာကို ဆန့်လိုက်သည်။
"မင်း ခရော့ဖ်ဆီမှာ အဆင်ပြေနေတယ်လို့ ကြားမိတယ်"
ဂျေဒင် ရုတ်တရက် ပြောလာသည်။
"အဆင်ပြေပါတယ်၊ အဓိကကတော့ ဆေးဖော်စပ်ပြီး အရင်းအမြစ်တွေနဲ့ လဲလှယ်နေတာပါပဲ"
လေလင် အလွန် ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းက ကာလီဝီးယားနဲ့ မစ်ရှင်တစ်ခု သွားခဲ့သေးတယ်မဟုတ်လား။ မင်းက သူတို့ဘက်ကို ဝင်ဖို့ စိတ်ကူးရှိနေတာလား"
ဂျေဒင်က ရုတ်တရက် ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားသည်။
လေလင် စကားမပြောနိုင် ဖြစ်သွားသည်။ ကလေးဘဝကတည်းက သူတို့ တည်ဆောက်ထားခဲ့သည့် အဖွဲ့အစည်းများအကြား အငြင်းပွားမှုများက ယခုအချိန်ထိ ဆက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
သို့သော် သူကိုယ်တိုင်လည်း လက်ရှိအချိန်တွင် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်ကို သူ မေ့လျော့နေမိသည်။
"ငါတို့က အသိမိတ်ဆွေတွေပါ၊ တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြလို့ မစ်ရှင်တစ်ခု အတူလုပ်လိုက်တာပါ။ ဒါတင်ပါပဲ"
လေလင်သည် ဂျေဒင်ကို မကြောက်သော်လည်း ပြဿနာများကို တတ်နိုင်သလောက် ရှောင်ရှားခြင်းက ပိုကောင်းမည်ဟု ခံစားရသည်။
ဂျေဒင်သည် လေလင်ကို အကြိမ်ကြိမ် စိုက်ကြည့်နေပြီး လေလင်၏ ဦးနှောက်လှိုင်းများကို အကြိမ်ပေါင်းများစွာ စကင်န်ဖတ်နေကြောင်း အေအိုင်စနစ်က အသိပေးသည်။
လေလင် ပြောနေသည့် စကားသည် အမှန်ဟုတ်မဟုတ် စစ်ဆေးရန်အတွက် ဂျေဒင်က မှော်စာလုံးတစ်ခုကို အမှန်တကယ် အသုံးပြုခဲ့ပုံရသည်။
ခဏကြာပြီးနောက် ဂျေဒင်က တောက်ပစွာ ပြုံးလိုက်သည်။
"ငါ မင်းကို သဘောကျတယ်။ မင်းက ဉာဏ်ကောင်းပြီး သတိရှိတယ် ကာလီဝီးယားတို့နဲ့ အတူရှိနေတာက မင်းကို အောက်ရောက်အောင်ပဲ ဆွဲချလိမ့်မယ်။ ပိုမြင့်မားတဲ့ မိတ်ဆွေအသိုင်းအဝိုင်းထဲကိုမှ ဝင်မှသာ မင်း အရင်းအမြစ်တွေ၊ ဂုဏ်ကျက်သရေတွေ၊ နောက်ဆုံးတော့ အသက်ရှင်သန်မှုတွေကိုပါ ရရှိနိုင်လိမ့်မယ်"
ဂျေဒင် ထရပ်လိုက်ပြီး စိတ်ဝင်စားမှုမရှိသော လေသံဖြင့် ဆက်ပြောသည်။
"မင်းကို အကြံဉာဏ်တစ်ခု ပေးမယ်၊ အမြန်ဆုံး ဒီကျောင်းကနေ ထွက်သွားလိုက်"
"ဘာပြောလိုက်တာလဲ၊ အဲဒါ ဘာကို ဆိုလိုတာလဲ"
လေလင်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသကဲ့သို့ ခံစားလိုက်ရကာ အမြန် မေးလိုက်သည်။
သို့သော် ဂျေဒင်ကမူ ပြုံးရုံသာ ပြုံးပြီး နောက်ကို တစ်ချက်မျှ ပြန်မကြည့်ဘဲ လမ်းလျှောက် ထွက်ခွာသွားတော့သည်။
ဂျေဒင်၏ အရိပ်အယောင် ပျောက်ကွယ်သွားပြီးနောက်တွင် လေလင်သည် ခုံတန်းလျားပေါ်တွင် ပြန်ထိုင်လိုက်ရင်း စကားမပြောနိုင် ဖြစ်သွားသည်။
"အရမ်းကို စွမ်းအားကြီးတဲ့ လူတစ်ယောက်လို ဟန်ဆောင်ပြီး သူ့လက်အောက်မှာ ဝင်ဖို့ စည်းရုံးနေတာက ဘာများ ပျော်စရာ ကောင်းလို့လဲ။ သူများကရော ကိုယ့်ကိုယ်ကိုယ် ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်လိုက်လို့ ထင်နေတာလား"
"ဒါပေမဲ့ ဂျေဒင်က ပဉ္စမအဆင့် အလုပ်သင်တစ်ယောက် ဖြစ်ပြီး မှော်ဆရာ ဖြစ်ဖို့ အခွင့်အရေး အလွန်များတဲ့သူပါ။ သူကတော့ ငါ့ထက် သတင်းတွေကို ပိုမြန်မြန်ရနိုင်မှာ သေချာပါတယ်။ တစ်ခုခုတော့ တကယ် ဖြစ်ပျက်နေပြီ ထင်တယ်"
လေလင်၏ မျက်နှာမှာ မှောင်မိုက်သွားသည်။
(ဘာသာပြန်သူမှတ်ချက်-18+ စာသားတွေပါတာကြောင့် ပြင်ရေးထားပါတယ် ဆင်ဆာရှိတာကြောင့်ပါ နားလည်ပေးကြပါ။)
မှောင်မိုက်နေသော အခန်းအတွင်းတွင် မီးရောင်မှာ မှိန်ဖျော့နေပြီး မွန်းကြပ်ဖွယ်ရာ ကာမအငွေ့အသက်များက အခန်းတစ်ခန်းလုံးတွင် လွှမ်းခြုံထားသည်။
အမျိုးသမီးတစ်ဦး၏ ညည်းတွားသံများနှင့် စူးရှသော အော်ဟစ်သံများက အမျိုးသားတစ်ဦး၏ အဆက်မပြတ် ဟိုက်ဟိုက်နှင့် အသက်ရှူသံများနှင့် ရောထွေးနေသည်။
ပြီးဆုံးသွားသည့်အချိန်တွင်တော့ ထိုမိန်းကလေးမှာ အားအင်ကုန်ခမ်းကာ အမျိုးသား၏ ရင်ခွင်ထဲတွင် ပျော့ခွေလျက် လဲလျောင်းနေတော့သည်။
"နင်က ခြင်္သေ့တစ်ကောင်လိုပဲ အရမ်းအားကောင်းတယ်"
နီလာရဲ့ မျက်နှာအမူအရာက ခွဲခြားရခက်နေသည်။လေလင်က နီလာရဲ့ ဗလာကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပြီး စကားတစ်လုံးမှ မပြောပေ။
လေလင်သည် ယနေ့တွင် ကိစ္စရပ်များစွာနှင့် ကြုံတွေ့ခဲ့ရသဖြင့် စိတ်ဖိစီးမှုများကို ထုတ်လွှတ်ရန် အလွန်လိုအပ်နေသည်။ ထို့ကြောင့် သူသည် နီလာထံသို့ သဘာဝအလျောက်ပင် ရောက်ရှိသွားတော့သည်။
ဒီကာလအတွင်းမှာတော့ သူဟာ နီလာနဲ့လည်း ရင်းနှီးပတ်သက်မှု ရှိနေခဲ့တာ ကြာပါပြီ။
ဤကမ္ဘာတွင် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လူတိုင်းက အလွန်တရာ ပွင့်လင်းကြသည်။
လူအများစုသည် အသက် ၁၁ နှစ် သို့မဟုတ် ၁၂ အရွယ်တွင်ပင် အတွေ့အကြုံ ရှိကြသည်။
လေလင်နှင့် နီလာတို့နှစ်ဦးစလုံးသည်လည်း ထိုကိစ္စတွင် လိုအပ်ချက်များ ရှိကြသဖြင့် အသိမိတ်ဆွေ ဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ထိုကိစ္စကို ပြုလုပ်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ နီလာသည်လည်း အတွေ့အကြုံရှိပြီးသူ ဖြစ်သည်။
လေလင်ကိုယ်တိုင်ကလည်း အတိတ်ဘဝကတည်းက သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့သဖြင့် နှစ်ဦးစလုံးသည် အပြန်အလှန် ပျော်ရွှင်မှုများကိုသာ လိုလားကြသည်။
အေအိုင်စနစ်၏ စီမံထိန်းချုပ်မှုကြောင့် လေလင်အနေဖြင့် စိတ်ပူစရာမလိုဘဲ အပြည့်အဝ ပျော်ရွှင်နိုင်ပေသည်။
ဤအကြောင်းကို တွေးမိလိုက်သည်နှင့် လေလင်၏ ခန္ဓာကိုယ်တွင် စိတ်လှုပ်ရှားမှုများ ပြန်လည် ဖြစ်ပေါ်လာသည်။
"အာ" ဟု နီလာ အော်လိုက်သည်။ သူမ လေလင်၏အပေါ်သို့ တက်ရန် ပြင်ချိန်တွင် လေလင်က တားလိုက်သည်။
လေလင်၏ နှုတ်ခမ်းထောင့်တွင် စနောက်လိုသည့် အပြုံးများ ပေါ်လာပြီး နီလာ၏ ခေါင်းကို အောက်ဘက်သို့ ညွှန်ပြလိုက်သည်။
နီလာသည် လေလင်ကို မျက်စောင်းထိုးလိုက်သော်လည်း စိတ်လိုလက်ရပင် စောင်အောက်သို့ ငုပ်လျှိုးသွားတော့သည်။
လေလင်သည် ကျေနပ်သည့် အသံတစ်ခု ပြုလုပ်လိုက်ပြီး နံရံကို မှီလိုက်သည်။ သူ၏ လက်များမှာ နူးညံ့ပျော့ပျောင်းသော ခံစားမှုများကို ရရှိနေသည်။
ခဏအကြာတွင် နီလာသည် ကုတင်ပေါ်မှ ဆင်းကာ ရေချိုးခန်းဆီသို့ လျှောက်သွားသည်။
ရေချိုးခန်းထဲမှ ရေစိုသံနှင့်အတူ နီလာ၏ ညည်းသံကို ကြားနေရစဉ် လေလင်သည် ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည် စဉ်းစားလိုက်သည်။
"ငါ နစ်ဆာရဲ့ ကိစ္စတွေကိုတော့ ထပ်ပြီး စိတ်မဝင်စားတော့ဘူး။ ဂျေဒင်ရဲ့ သတိပေးချက်က ရုတ်တရက်ဆန်ပေမဲ့ အလေးအနက်ထားဖို့ လိုတယ်။ ဒါက အကယ်ဒမီအပြင်ဘက်က ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေနိုင်တယ်။ နောက်တစ်ခုက ပဉ္စမအဆင့် အလုပ်သင်တွေ ဘယ်ကို ရောက်ကုန်လဲဆိုတာ စုံစမ်းဖို့ပဲ"
အကယ်ဒမီအနေဖြင့် တရားဝင် မှော်ဆရာ ဖြစ်လာနိုင်ခြေ အများဆုံးရှိသည့် အလုပ်သင်များကို စွန့်လွှတ်မည် မဟုတ်ပေ။ အကယ်ဒမီသာ လုံခြုံမှုရှိလျှင် သူတို့အားလုံး ရှိနေမည်ဖြစ်သည်။
သို့သော် သူတို့အားလုံး အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ထွက်သွားကြပြီဆိုလျှင် အကယ်ဒမီသည် မကြာမီ အန္တရာယ်များနှင့် ကြုံတွေ့ရတော့မည် ဖြစ်သည်။
"ပယ်ရီ သေဆုံးပြီးကတည်းက ဟာရိုစီဟာ အကယ်ဒမီအပြင်ဘက်ကို ရှင်းလင်းနေတယ်။ အဲဒါ ပြီးသွားရင်တော့ အခွင့်အရေးကောင်းပဲ"
လေလင်၏ မျက်လုံးများ တောက်ပသွားသည်။
"ချစ်ရသူလေး ဘာတွေကို တွေးနေတာလဲ"
နီလာသည် လေလင်၏ ဘေးသို့ ကပ်လာပြီး ပွေ့ဖက်လိုက်သည်။
"ကိစ္စအချို့ကို စဉ်းစားနေတာပါ" လေလင် ပြုံးလိုက်ပြီး
"မကြာသေးခင်က ဟာရိုစီဟာ အကယ်ဒမီအပြင်ဘက်မှာ အတော်လေး လှုပ်ရှားနေတယ်လို့ ကြားမိတယ်"
"ရှင်လည်း ကြားမိတာပေါ့နော်၊ ပယ်ရီ ကိစ္စကြောင့်လား" နီလာသည် လေလင်၏ ရင်ဘတ်ပေါ်တွင် ခေါင်းတင်ရင်း မေးလိုက်သည်။
"ဟုတ်တယ် ပဉ္စမအဆင့် အလုပ်သင် တစ်ယောက်နဲ့ မှော်ဆရာ ဖြစ်လာနိုင်တဲ့ ပညာရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဆိုတော့ ဘယ်သူမဆို စိတ်တိုမှာပဲ"
လေလင်က တည်ငြိမ်စွာ ပြောသည်။
"မင်းရဲ့ အသိုင်းအဝိုင်းထဲမှာလည်း အသိတွေ ရှိမှာပါ။ ငါ့အတွက် တစ်ခုလောက် စုံစမ်းပေးနိုင်မလား"
နီလာက ချိုမြိန်စွာ ပြုံးလိုက်ပြီး "အမိန့်ရှိတဲ့အတိုင်းပါပဲရှင်" ဟု ပြန်ဖြေသည်။
"အဲ့လို အခေါ်အဝေါ်တွေ မသုံးပါနဲ့၊ ထူးဆန်းတယ်"
လေလင် မျက်စိစွေလိုက်သည်။
"ကောင်းပါပြီ။ ဒီအကြောင်းကို ထားလိုက်တော့၊ ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောရအောင်"
လေလင်၏ မျက်နှာတွင် အလေးအနက်ထားသည့် ပုံစံများ ပေါ်လာသည်။
လေလင်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ နီလာလည်း ပြုံးရယ်နေခြင်းကို ရပ်လိုက်သည်။
လေလင်နှင့် နီးကပ်စွာနေခြင်းမှာ သူမ၏ လူမှုအဆင့်အတန်း မြင့်တက်လာစေရန်နှင့် အရင်းအမြစ်များ ရရှိစေရန် ဖြစ်ကြောင်း သူမ ကောင်းစွာ သိသည်။
"ဟာရိုစီရဲ့ တိုက်ပွဲရလဒ်တွေကို စုံစမ်းပေးပါ။ နောက်ပြီး အကယ်ဒမီ ပတ်ဝန်းကျင်က အခု လုံခြုံမှုရှိမရှိကိုလည်း သိချင်တယ်။ နောက်ဆုံးတစ်ခုကတော့ ပဉ္စမအဆင့် အလုပ်သင်တွေ အကုန်လုံး ဘယ်ရောက်သွားလဲဆိုတာ ရှာပေးပါ"
လေလင်က နီလာ၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
"သဘောပေါက်ပါပြီ"
နီလာက လေလင်၏ ခေါင်းကို နှစ်ဖက်ဖြင့် ကိုင်ထားရင်း "တစ်စုံတစ်ခုသော အရေးကြီးကိစ္စကြီး ဖြစ်လာတော့မှာလား" ဟု မေးသည်။
"ငါ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်"
...
နီလာ၏ အခန်းထဲမှ ထွက်လာပြီး နောက်တစ်နေ့ မနက်ခင်းတွင် လေလင်သည် အလွန် လန်းဆန်းတက်ကြွနေသည်။
သူ၏ စိတ်ဖိစီးမှုများကို ထုတ်လွှတ်လိုက်ခြင်းက စိတ်ခံစားချက်ကို သက်သာစေသည်မှာ အမှန်ပင်။
ခဏမျှ စဉ်းစားပြီးနောက် လေလင်သည် ရေချိုးပြီး ပါမောက္ခ ခရော့ဖ်ထံသို့ သွားရောက်ခဲ့သည်။
ခရော့ဖ်သည် ထိုအချိန်တွင် ဆေးတစ်မျိုးကို ဖော်စပ်နေသည်။ စမ်းသပ်ပြွန်ထဲတွင် အရောင်နီသော ပိုးတောင်မာများမှာ ထက်ဝက်ခန့် ပြည့်နေပြီး ကြည့်ရသည်မှာ စက်ဆုပ်ဖွယ် ကောင်းလှသည်။
"ရောက်လာပြီလား တစ်ခုခု အကူအညီ လိုလို့လား"
ခရော့ဖ်သည် စမ်းသပ်ပြွန်ကို အနီးကပ် စောင့်ကြည့်ရင်း အပြာရောင် ပန်းပွင့်ဖတ်အချို့ကို ထည့်လိုက်သည်။
ထိုပိုးတောင်မာများမှာ ပန်းပွင့်ဖတ်များကို အလုအယက် စားသုံးလိုက်ပြီးနောက်တွင် အစိမ်းရောင် အရည်အဖြစ် ပြောင်းလဲသွားသည်။
ဆယ်စက္ကန့်ခန့် အကြာတွင် စမ်းသပ်ပြွန်ထဲက အရာများမှာ အစိမ်းရောင် ဆေးရည်အဖြစ် ပြောင်းလဲသွားသည်။
"ဆရာ့ရဲ့ ကျွမ်းကျင်မှုက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်" လေလင် အံ့အားသင့်စွာ ပြောသည်။
"ဟားဟား လေ့ကျင့်ထားလို့ပါ"
ခရော့ဖ်က ခေါင်းခါရင်း "မင်း အခုတလော တစ်ခုခုဆို ငါ့ဆီပဲ လာတတ်တာပဲ၊ ဘာလိုချင်လို့လဲ ပြောပါဦး" ဟု ပြောသည်။
"ဒီလိုပါ ဆရာ၊ တပည့်တော် ဆရာတူအကို မာလင်ကို မတွေ့ရတာ ကြာပြီ။ သူ ဘယ်ရောက်နေလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ" လေလင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
"မာလင်လား" ခရော့ဖ်၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။
"သူ မစ်ရှင်တစ်ခု လက်ခံထားပြီး အကယ်ဒမီကနေ ထွက်သွားတာ ကြာပြီ"
"ဘယ်လောက်ကြာမှာလဲခင်ဗျာ"
"တစ်နှစ်ခွဲလောက်ပေါ့ ဒါမှမဟုတ် ပိုကြာနိုင်တယ်"
ခရော့ဖ်၏ လေသံမှာ ပိုမို တည်ငြိမ်သွားသော်လည်း သူ၏ အသံတွင် ကျေနပ်အားရသည့် လေသံလေး ပါဝင်နေသည်။
"နောက်ဆုံး မေးခွန်းတစ်ခုပါ၊ အဲဒီ မစ်ရှင်က ဆရာတူအကို မာလင်ကို ပံ့ပိုးပေးနေတဲ့ မိသားစုက အကြံပေးတာလားခင်ဗျာ"
အက်ဗစ်ဆယ် ဘုန်းသစ်တော အကယ်ဒမီမှ ထူးချွန်သည့် ဆေးဖော်စပ်သူ အလုပ်သင်တစ်ဦးကို ဆွဲဆောင်ထားနိုင်သည့် မိသားစုဆိုလျှင် သူတို့၏ သြဇာမှာ အထွတ်အထိပ် ဖြစ်ပေလိမ့်မည်။
သူတို့သည် အကယ်ဒမီနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသောကြောင့် သူတို့၏ သတင်းကွန်ရက်သည် ခရော့ဖ်ထက်ပင် ပိုမို ထိရောက်နိုင်ပေသည်။
"ဟုတ်တယ်" ခရော့ဖ်က တိကျစွာ ဖြေသည်။
"မင်း သိထားရမှာက အကယ်ဒမီနဲ့ ငါ့ကြားမှာ သဘောတူထားတဲ့ အချက်အချို့ ရှိတော့ ငါ တိုက်ရိုက် မပြောနိုင်ဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင် ရှာဖွေတွေ့ရှိသွားမယ်ဆိုရင်တော့ ငါနဲ့ မဆိုင်တော့ဘူးလေ"
"ဒါပေမဲ့ မင်း အရမ်း စိတ်ပူစရာ မလိုပါဘူး။ မင်းရဲ့ ဆေးဖော်စပ်တဲ့ ပါရမီအဆင့်က မာလင်ပြီးရင် ဒုတိယလိုက်တယ်၊ အကယ်ဒမီကလည်း မင်းလို ပါရမီရှင်မျိုးကို လိုအပ်နေတာပဲ" ခရော့ဖ်က နှစ်သိမ့်လိုက်သည်။
"ဟုတ်ကဲ့" လေလင် အနည်းငယ် ခါးသက်သက် ပြုံးလိုက်သည်။ အကယ်ဒမီသည် ပါရမီအဆင့်အလိုက်သာ လူတွေကို ခွဲခြားဆက်ဆံနေဆဲ ဖြစ်ပုံရသည်။
ဂျေဒင်နဲ့ မာလင်တို့လို ပဉ္စမအဆင့် အလုပ်သင် ပါရမီရှင်တွေကိုတော့ အချိန်ပေးပြီး ဆုတ်ခွာခွင့် ပေးထားသည်။ သူ့အလှည့်ကျတော့ ဆက်ဆံပုံက အများကြီး နိမ့်ကျနေသည်။ အခုထိဆိုရင် သူ့ဆရာဆီကနေ အချက်အလက် အနည်းငယ်ကိုသာ သိခွင့်ရသေးသည်။
ပါရမီအဆင့် ပိုနိမ့်တဲ့သူတွေဆိုရင်တော့ ဘာဖြစ်သွားမှန်းတောင် သိလိုက်ကြမှာ မဟုတ်ပေ။
လေလင် အားလုံးကို နားမလည်သေးသော်လည်း တစ်ခုတော့ သေချာနေသည်။ အကယ်ဒမီသည် အရင်ကလို လုံခြုံတဲ့ နေရာ မဟုတ်တော့ဘူး ဆိုတာပဲ။
လေလင် ထွက်ခွာဖို့ ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာသွားသည်။
"ဒါဆိုရင် ကျွန်တော်လည်း တာဝန်တစ်ခုခုနဲ့ အပြင်ထွက်ဖို့ ခွင့်ပြုချက် တောင်းလို့ရမလားခင်ဗျာ"
"ရပါတယ် မစ်ရှင်နယ်မြေရဲ့ ကောင်တာကို သွားပြီး မင်းရဲ့ ဆန္ဒကို ပြောပြလိုက်ပါ။ သူတို့ နားလည်ပေးပါလိမ့်မယ်။ မင်းရဲ့ ပါရမီအဆင့်ကလည်း မဆိုးဘူး၊ ဆေးဖော်စပ်တဲ့ အရည်အချင်းကလည်း ထူးချွန်တာမို့လို့လေ"
ခရော့ဖ် ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
လေလင် အမြန် ဦးညွှတ်လိုက်သည်။ အလုပ်သင်တွေကို အပြင်ထွက်ခွင့် ပေးခြင်းသည် သူတို့အတွက် အလွန်ကောင်းမွန်တဲ့ ကိစ္စဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက အနာဂတ် စစ်မြေပြင်ဖြစ်လာနိုင်သည့် ဒီနေရာမှာ ဆက်မနေချင်တော့ပေ။
နောက်ပိုင်းမှာ လေလင် ခရော့ဖ်ရဲ့ ဆေးဖော်စပ်မှု သုတေသနမှာ ကူညီပေးရင်း နစ်ဆာရဲ့ ပြဿနာအတွက် အဖြေရှာဖို့ ကြိုးစားခဲ့သေးသည်။ ကံမကောင်းစွာနဲ့ပဲ ခရော့ဖ်မှာလည်း ကောင်းမွန်တဲ့ ဖြေရှင်းနည်း မရှိခဲ့ပေ။
ဆရာဖြစ်သူကို နှုတ်ဆက်ပြီးနောက် လေလင် အပြင်သို့ လျှောက်ထွက်လာခဲ့သည်။
"ဘစ်ကီ့ နောက်ကွယ်မှာ မိသားစုငယ်လေးပဲ ရှိတာ။ ကာလီဝီးယားတို့အဖွဲ့ကလည်း ပဉ္စမအဆင့် အလုပ်သင်တွေ မဟုတ်ကြတော့ ဒီသတင်းကို ရကြမှာ မဟုတ်ဘူး။ ငါ သူတို့ကို အရိပ်အမြွက်လေးတော့ ပြောပြပေးမှ ဖြစ်မယ်။ သူတို့ နားလည်မလား၊ မနားလည်ဘူးလားဆိုတာကတော့ သူတို့ကံတရားပဲ"
ဒုတိယထပ် စားသောက်ဆိုင် ခန်းမထဲမှာတော့ ခရစ္စတယ် မီးလုံးများက တလက်လက် တောက်ပနေပြီး တေးဂီတသံများလည်း ပျံ့လွင့်နေသည်။
အရသာရှိသော အစားအစာများကို မြည်းစမ်းရင်း ဂီတကို နားထောင်ရခြင်းသည် အမှန်တကယ်ပင် ပျော်ရွှင်စရာ ကောင်းသည်။
ထို့ပြင် ဤနေရာရှိ အစားအစာများမှာ အထူးဂရုစိုက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် စွမ်းရည်ကို တိုးတက်စေရုံသာမက တရားထိုင်ခြင်း ကိုလည်း ပိုမိုမြန်ဆန်စေသည်။ ထို့ကြောင့် အလုပ်သင်များရော မှော်ဆရာများပါ ဤနေရာကို နှစ်သက်ကြသည်။
သို့သော် ယနေ့မှာတော့ လူအဝင်အထွက် နည်းပါးသည်။ လူအများစုမှာ စိတ်ဓာတ်ကျနေကြပြီး ကြည့်ရသည်မှာပင် စားချင်စိတ် ပျောက်စေသည်။
လေလင်သည် ဘဲမွေး အိအိလေးပေါ်မှာ ထိုင်ကာ အငွေ့တထောင်းထောင်း ထနေသော ခွက်တစ်ခုကို နီလာဆီ တွန်းပေးလိုက်သည်။
"ဒါက ပူနွေးတဲ့ ကိုကိုအိုပါ။ အထဲမှာ ကြိတ်ထားတဲ့ ပုလဲမည်းတွေလည်း ပါသေးတယ်။ ဒါက တရားထိုင်တဲ့နေရာမှာ အကျိုးပြုတဲ့ အာနိသင် ရှိတယ်၊ နည်းနည်းလောက် မြည်းကြည့်မလား"
သူ့မျက်စိရှေ့မှာ ထိုင်နေတဲ့ နီလာက ခါးသက်သက် ပြုံးလိုက်သည်။ "အရင်တုန်းကဆိုရင် ဒါကို မြင်တာနဲ့ အရမ်း ဝမ်းသာမိမှာပါ။ ဒါပေမဲ့ အခုတော့…”