အခန်း ၃၄ - သူရဲကောင်းတစ်ယောက်၏ အောင်မြင်မှု
ကာလီဝီးယား စကားပြောပြီးနောက် ဝတ်ရုံထဲမှ အမည်းရောင် အမှုန့်တစ်မျိုးကို ထုတ်ယူကာ ခြေထောက်ပေါ်သို့ ဖြူးလိုက်သည်။
သူသည် ရုတ်တရက် အရပ်ပိုရှည်လာပြီး အနီးကပ်ကြည့်လျှင် ဖိနပ်အောက်ခြေမှ အမည်းရောင် အမွေးအစုလိုက် ပေါက်လာသည်ကို တွေ့ရသည်။
ဤအမည်းရောင် အမွေးများကြောင့် ကာလီဝီးယား၏ အရှိန်မှာ အလွန်တိုးတက်လာပြီး ရိုင်နာထက်ပင် ပိုမိုမြန်ဆန်စွာ တောအုပ်ထဲမှ ပျောက်ကွယ်သွားသည်။
"ပေါ့ပါးမြန်ဆန်တဲ့ မြက်ပင် တစ်ပင်ရဲ့ မျိုးစေ့လား။ ကာလီဝီးယားက သူ့အသက်ကို ကာကွယ်ဖို့ သုံးလိုက်တာပဲ၊ ဒါပေမဲ့ ဒီမျိုးစေ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ မသေးဘူး။"
လေလင် ရေရွတ်လိုက်ပြီး ဘေးမှ မိန်းကလေး နှစ်ယောက်ကို ကြည့်ကာ ပြောသည်။
"ဒီစကား ပြောရတာ ရှက်စရာကောင်းပေမဲ့ ငါတို့ အဖွဲ့ခွဲလိုက်ကြတာ ပိုကောင်းမယ်။"
"ဒီလို အန္တရာယ် ရှိတဲ့နေရာကို လာဖို့ ရွေးချယ်ပြီးပြီဆိုတော့ အသက်ဆုံးရှုံးဖို့လည်း ပြင်ဆင်ထားသင့်တာပဲ။ တကယ်ပြောရရင် မင်းက အဲဒီလူနှစ်ယောက်နောက်မှာ နေခဲ့နိုင်တာကိုက ငါတို့ကို အံ့သြသွားစေပြီ။"
နီလာ စကားပြောရင်း စမ်းသပ်ပြွန်ထဲမှ အစိမ်းရောင် ဆေးရည်တစ်မျိုးကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ အစိမ်းရောင် မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး နီလာနှင့် လီလစ်တို့ကို အလယ်တွင် ဝန်းရံသွားသည်။
"အကယ်ဒမီမှာ တွေ့မယ်။"
အစိမ်းရောင် လေဆင်နှာမောင်းထဲတွင် ပျောက်ကွယ်သွားရင်း မိန်းကလေးနှစ်ယောက် လေလင်၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်။
"အားလုံးမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။"
လေလင် ပြုံးလိုက်ပြီး ခြေလှမ်းများကို လှမ်းကာ တောအုပ်ထဲမှ ပျောက်ကွယ်သွားသည်။
အဖွဲ့ငါးဖွဲ့စလုံး တစ်ခဏချင်းတွင် အဖွဲ့ခွဲလိုက်ကြပြီး အသီးသီး လွတ်မြောက်အောင် ကြိုးစားကြသည်။
လေလင်၏ ခြေလှမ်းများမှာ မယိုင်မလဲဘဲ သူအရှိန်ဖြင့် ပြေးလွှားနေစဉ် ဘေးဘက်ရှိ သစ်ပင်များမှာ အဝေးသို့ ရောက်သွားသည်။
"အကြမ်းဖက် တောင်ကုန်းဝက်ဝံရဲ့ တိုက်ခိုက်မှု စွမ်းအားက အလွန် မြင့်မားပြီး အရှိန်ကတော့ ပုံမှန်ပဲ။ ငါးယောက်ထဲမှာ ကာလီဝီးယားက သွက်လက်မြက်တဲ့ မြက်ပင်ကို သုံးတယ်၊ နီလာနဲ့ လီလစ်က အရှိန်မြှင့် ဆေးရည်ကို သုံးကြတယ်။ ငါကတော့ သူရဲကောင်း တစ်ယောက်ရဲ့ ခွန်အား ရှိတော့ ငါ့အရှိန်က မဆိုးဘူး။ ဒါပေမဲ့ အရင်ဆုံး ပြေးတဲ့ ရိုင်နာကတော့ အနှေးဆုံးပဲ၊ အန္တရာယ် အများဆုံးလည်း ဖြစ်တယ်။ သူ ဘာလျို့ဝှက်ချက်မှ မပြင်ဆင်ထားရင်တော့ သူ ဒီမှာ သေဖို့ များတယ်။"
"ရိုင်နာကို အစာအဖြစ် သုံးပြီး ဒီဝက်ဝံရဲ့ အမဲလိုက်သည့် နေရာကနေ ငါ လွတ်မြောက်နိုင်မယ်၊ ဒါကြောင့် ဒီဆေးရည်ကိုတော့ မသုံးသေးတာ ပိုကောင်းမယ်။"
ဆေးဖော်စပ်သူ တစ်ယောက်အနေဖြင့် လေလင်သည် အမြောက်အမြား မရောင်းချနိုင်သော်လည်း ချမ်းသာသည်။
သူ၏ အသက်ကို ကာကွယ်နိုင်မည့် လျှို့ဝှက်ချက် အချို့ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ မဟုတ်ပါက သူ အပြင်ထွက် လေ့ကျင့်ရန် ယုံကြည်မှု ရှိမည် မဟုတ်ပေ။
သူ၏ ခြေလှမ်းတိုင်းမှာ ပြီးပြည့်စုံသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ တောအုပ်နှင့် ရောနှောနေသကဲ့သို့ အကိုင်းအခက်များ၏ အဟန့်အတား မရှိပေ။
သူ၏ အရှိန်မှာ ပေါ့ပါးမြန်ဆန်တဲ့ မြက်ပင်ကို သုံးထားသည့် ကာလီဝီးယားနှင့်ပင် တူညီသည်။
"ဂရိုးအာရ်" ရက်စက်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
ရုတ်တရက် အမည်းရောင် အရိပ်တစ်ခု လေလင်၏ ရှေ့တွင် ပေါ်လာပြီး ဝက်ဝံလက်သည်းကြီးတစ်ခု ပါလာသည်။
"မဖြစ်နိုင်တာ၊ ငါ့ရှေ့ကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ရိုင်နာ သူ့ကို မဆွဲဆောင်နိုင်ခဲ့ဘူးလား။"
အံ့အားသင့်သွားသည့် လေလင်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုံ့ပြန်လိုက်သည်။
ကြက်ခြေခတ် ဓားကို ထုတ်ယူကာ ရှေ့တွင် ခုတ်လိုက်သည်။
ကျန်း...လေလင် ဓားမှတစ်ဆင့် ရရှိသည့် ပြင်းထန်သော အားကို အသုံးပြုကာ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဝက်ဝံလက်သည်း၏ တိုက်ခိုက်မှု အကွာအဝေးမှ လွတ်မြောက်အောင် လုပ်လိုက်သည်။ ဓားကို တင်းကျပ်စွာ မကိုင်မိသည့်အတွက် ဓားမှာ လက်ထဲမှ လွင့်ထွက်သွားသည်။
ဘန်း...
ထိုအချိန်တွင် လေလင် တွန့်ဆုတ်မနေဘဲ မီးနီရောင် ဆေးတစ်လုံးကို အကြမ်းဖက် တောင်ကုန်းဝက်ဝံဆီသို့ ပစ်ပေါက်လိုက်သည်။ စမ်းသပ်ပြွန် ပေါက်ကွဲသွားသည့်အခါ ပြင်းထန်သော မီးတောက်များက ဝက်ဝံကို ဝါးမြိုသွားသည်။
လေလင် ထိုနေရာတွင် မရပ်နေတော့ဘဲ ချက်ချင်း နောက်လှည့်ကာ ပြေးသည်။
"ပေါက်ကွဲတဲ့ ဆေးရည်ရဲ့ စွမ်းအားက အဆင့် ၀ မှော်စာလုံးလောက် ရှိပေမဲ့ ဝက်ဝံရဲ့ အသားအရေကိုတော့ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။"
"ဂရိုးအာရ်"
ဝက်ဝံ၏ ဟိန်းသံမှာ နောက်မှ ထွက်ပေါ်လာပြီး လေလင်ဆီသို့ ပိုမိုနီးကပ်လာသည်။
လေလင် နောက်လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါက မဖြစ်နိုင်ဘူး။"
ဝက်ဝံ၏ ခေါင်းမှာ အနည်းငယ် မီးလောင်ထားသော်လည်း ခန္ဓာကိုယ်မှာမူ ထိခိုက်မှု မရှိပေ။ ပေါက်ကွဲမှုမှာ ဝက်ဝံကို ဒေါသထွက်စေရုံသာ ရှိသည်။
ဝက်ဝံ၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ အမွေးအတောင်ကဲ့သို့ ပေါ့ပါးနေပြီး လေလင်၏ နောက်တွင် လိုက်ပါလာသည်။
"အေအိုင်စနစ်၊ တိုင်းတာမှု လုပ်စမ်း"
လေလင် အမိန့်ပေးသော်လည်း အေအိုင်စနစ်ထံမှ တုံ့ပြန်မှု မရှိဘဲ တအိအိ မြည်သံသာ ကြားရသည်။
"အေအိုင်စနစ်၊ အေအိုင်စနစ်။"
လေလင် ထပ်ခေါ်သော်လည်း အချည်းနှီးသာ ဖြစ်သည်။
"သေစမ်း၊ ဘာတွေ ဖြစ်နေတာလဲ။"
လေလင် စိတ်ပျက်စွာဖြင့် မျက်နှာပျက်သွားသည်။ အေအိုင်စနစ်မှာ ဤကမ္ဘာတွင် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းက သူ့ကို ရူးသွပ်လုမတတ် ဖြစ်စေသည်။
ထွက်....ဝက်ဝံမှာ လေလင်၏ နောက်သို့ ထပ်မံ ရောက်ရှိလာပြီး ခြင်တစ်ကောင်ကို ရိုက်သကဲ့သို့ လက်သည်းဖြင့် ရိုက်လိုက်သည်။
"အရိပ် လက်ဖဝါး"
လေလင် အလျင်အမြန် ရွတ်ဆိုလိုက်ရာ ဝက်ဝံ၏ အရိပ်ထဲမှ အမည်းရောင် လက်တစ်ချောင်း ထွက်ပေါ်လာပြီး ဝက်ဝံလက်သည်းကို ဖမ်းဆုပ်လိုက်သည်။
ကြီးမားသော ဝက်ဝံမှာ ဟိန်းဟောက်နေသော်လည်း အရိပ် လက်ဖဝါး မှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
ဤအခွင့်အရေးကို အသုံးချကာ လေလင် အမြန် ပြေးထွက်သွားသည်။
"အရိပ် လက်ဖဝါး က စက္ကန့်အနည်းငယ်ပဲ အလုပ်လုပ်မှာ၊ ငါ အမြန် ပြေးမှ ဖြစ်မယ်"
လေလင် ဒုက္ခရောက်စွာ ပြေးနေရသည်။
"သေစမ်း" လေလင် ထပ်ပြီး ညည်းတွားသည်။
"ဘာတွေ ဖြစ်နေတာလဲ၊ ဒီ ဝက်ဝံက ငါ ထင်ထားတာထက် ပိုသန်မာပြီး အရမ်းလည်း မြန်တယ်။"
အနက်ရောင် တောအုပ်ထဲတွင် မြက်ပင်များနှင့် ချုံပုတ်များမှာ လေပြင်းကြောင့် ယိုင်နဲ့နေပြီး ပိုးမွှားတို့၏ အော်သံများကို အခါအားလျော်စွာ ကြားနေရသည်။
"နောက်ဆုံးတော့ အခု လွတ်သွားပြီ ထင်တယ်။"
လေလင် ၁၀ မိနစ်ခန့် ပြေးပြီးနောက်မှ နောက်လှည့်ကြည့်ရန် သတ္တိရှိလာသည်။ အနက်ရောင် တောအုပ်မှာ သူ့ကို တစ်ခုလုံး ဝါးမြိုသွားမည့် သားရဲကြီး၏ ပါးစပ်နှင့် တူနေသည်။
"ကော၊ ကော" လေလင် အသက်ရှူမှားနေစဉ် ကောင်းကင်တွင် စက်ဆုပ်ဖွယ် ကျီးကန်း အော်သံများကို ကြားလိုက်ရသည်။
လေလင် ခေါင်းမော့ကြည့်လိုက်ရာ နီသောမျက်လုံးရှိ ကျီးကန်းများထက် ပိုမိုကြီးမားသော ကျီးကန်း သုံးကောင်ကို တွေ့လိုက်ရသည်။
သူတို့သည် လေလင်ကို မြင်သည်နှင့် တစ်ပြိုင်နက် အောက်သို့ ထိုးဆင်းလာကြသည်။
"ငါ့ရဲ့ ကြက်ခြေခတ် ဓားကို ပျောက်သွားပြီ၊ စိတ်စွမ်းအားနဲ့ မှော်စွမ်းအားတွေလည်း ကုန်ခါနီးပြီ၊ ဒီမှာပဲ သေရတော့မှာလား။"
လေလင်၏ နှလုံးသားထဲတွင် စိုးရိမ်စိတ်များ တိုးဝင်လာသည်။ အမည်းရောင် လက်သည်းတစ်ခု လာရောက် ကုတ်ခြစ်သဖြင့် လေလင် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ကျီးကန်း၏ လက်သည်းမှာ သူ၏ ကျောကို သုံးကြောင်း ခြစ်သွားသည်။
ပြင်းထန်သော နာကျင်မှုကြောင့် လေလင်၏ အမြင်အာရုံ ဝါးတားသွားသည်။
"မဖြစ်ဘူး၊ ငါ မသေချင်ဘူး မှော်ဆရာ မဖြစ်သေးဘူး၊ လောကကြီးကိုလည်း မကြည့်ရသေးဘူး ဒီလို အေးဆေး သေသွားလို့ မဖြစ်ဘူး"
မြေပြင်ပေါ်တွင် လူးလိမ့်ရင်း လေလင် နောက်မှ အစိမ်းရောင် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။
"ဟား"
သူ ခုန်ထသွားပြီး ကျောက်တုံးကို အနီရောင်မျက်လုံးရှိ ကျီးကန်း၏ ခေါင်းပေါ်သို့ အားကုန်ခုတ်ချလိုက်သည်။
ဘန်း.. ဒီတစ်ခါ လေလင် သူ၏ ခွန်အား အကုန်သုံးလိုက်ရာ ကျီးကန်းမှာ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ကော၊ ကော" ကောင်းကင်တွင် ဒေါသထွက်သော အော်သံများ ထွက်ပေါ်လာသည်။
သူတို့၏ အပေါင်းအသင်း သေဆုံးသွားသည်ကို မြင်သောအခါ အခြား ကျီးကန်းနှစ်ကောင်မှာ လက်စားချေရန် ထိုးဆင်းလာကြသည်။
"လာလေ"
လေလင် ခန္ဓာကိုယ်ကို ကျားသစ် တစ်ကောင်ကဲ့သို့ အဆင်သင့် ပြင်လိုက်သည်။
သူ၏ သွေးကြောတိုင်းမှာ လျင်မြန်စွာ ကျယ်ပြန့်လာပြီး သွေးများမှာ အရှိန်ပြင်းစွာ စီးဆင်းနေကာ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အမျိုးမျိုးသို့ စွမ်းအင် အများအပြား ပေးပို့နေသည်။
အောက်ဗိုက်တွင် နွေးထွေးသော လှိုင်းလုံးတစ်ခု တဖြည်းဖြည်း တက်လာပြီး ကျောပေါ်ရှိ ဒဏ်ရာမှာ ယခင်ကကဲ့သို့ မနာကျင်တော့ပေ။
"သေစမ်း"
လေလင် အော်ဟစ်လိုက်ပြီး လက်ထဲရှိ ကျောက်တုံးကို အားကုန် ပစ်ပေါက်လိုက်သည်။ ဒီတစ်ခါ သူ၏ စွမ်းအား အကုန်သုံးထားပုံရပြီး ခန္ဓာကိုယ်ရှိ နွေးထွေးမှုမှာလည်း သူ့ကို အဆက်မပြတ် တုံ့ပြန်နေသည်။
ကျောက်တုံးမှာ လေကို ထိုးဖောက်သွားပြီး အနီရောင်မျက်လုံးရှိ ကျီးကန်း တစ်ကောင်ကို တည့်တည့် ထိမှန်သွားသည်။
"ဒါက…… အတွင်းပိုင်း အသက်စွမ်းအင်ပဲ"
လေလင် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သူရဲကောင်း အရန် တစ်ယောက်၏ အရည်အချင်းကို ရရှိထားပြီး ဖြစ်သည်။ ထို့အပြင် တရားထိုင်ခြင်းကို အဆက်မပြတ် လုပ်ဆောင်နေသဖြင့် သူရဲကောင်း တစ်ယောက်နှင့် နီးစပ်သည်။
သို့သော် ယခုအချိန်ထိ သူ၏ အတွင်းပိုင်း အသက်စွမ်းအင်ကို မီးမတောက်နိုင်သေးပေ။ ဒီအချိန်တွင် အောင်မြင်မှု ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုအချိန်တွင် အောက်ဗိုက်ရှိ နွေးထွေးမှုမှာ မျက်လုံးနှစ်ဖက်ဆီသို့ ရောက်သွားပြီး ပြင်းထန်သော နာကျင်မှုကြောင့် မျက်ရည်များ ကျလာသည်။
မျက်လုံးများကို ဖွင့်လိုက်သောအခါ မြင်ကွင်းမှာ မှုန်ဝါးနေပြီး မြူဆိုင်းနေသကဲ့သို့ ဖြစ်နေသည်။
သို့သော် အေအိုင်စနစ်၏ အပြာရောင် စာလုံးများမှာ နောက်ဆုံးတွင် ပြန်ပေါ်လာသည်။
[အချက်ပေးသံ ထွက်ပေါ်လာသည်။ အိမ်ရှင်သည် မသိရှိရသော အကျိုးသက်ရောက်မှု တစ်ခု ခံစားနေရသည်…… လက်ရှိ အခြေအနေ မူမမှန်ခြင်း။]
[အိမ်ရှင်…… အိမ်ရှင်မှာ ထင်ယောင်ထင်မှား ဖြစ်နေသည်။]
အေအိုင်စနစ်၏ စခရင်မှာ အလွန်ပြင်းထန်သော နှောင့်ယှက်မှု ရှိနေသကဲ့သို့ မကြာခဏ ပျက်တောက်နေသည်။
"ထင်ယောင်ထင်မှား ဖြစ်နေတာလား"
လေလင် ထိတ်လန့်သွားသည်။ သို့သော် ထိုအချိန်တွင် ကျီးကန်းမှာ သူ့ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ့နောက်တွင် တောအုပ်မှ ဟိန်းသံတစ်ခုနှင့်အတူ ဝက်ဝံလက်သည်းကြီးတစ်ခုက လေလင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
အသက်သေဆုံးနိုင်သည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လေလင် သွားများကို တင်းတင်းစေ့ပြီး မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်သည်။
ချွန်ထက်သော လက်သည်းများက သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် သူ ထင်ထားသလောက် မနာကျင်ဘဲ လေလင်၏ ခန္ဓာကိုယ်မှာ လဲကျမသွားပေ။
"တကယ်ပဲ ဒီလို ဖြစ်တာလား။"
လေလင် နှုတ်ခမ်းများ ကွေးတက်သွားသည်။
"အေအိုင်စနစ် ငါ့ရဲ့ လက်ရှိ အခြေအနေကို ပြ"
အေအိုင်စနစ်၏ စခရင်မှာ မှောင်မိုက်နေသော အခြေအနေတွင် ပိုမို ထင်ရှားလာသည်။
မူမမှန်သည့် အခြေအနေနှင့် ပတ်သက်ပြီး အနီရောင် သတိပေးချက်များ ပြည့်နှက်နေသော်လည်း လေလင် ယခင်က သတိမထားမိခဲ့ပေ။
[အချက်ပေးသံ ထွက်ပေါ်လာသည်။ စစ်ဆေးမှု ပြီးဆုံးသည်။ အိမ်ရှင်သည် အလွန် ပြင်းထန်ပြီး သိမ်မွေ့သော ထင်ယောင်ထင်မှား ဖြစ်စေသည့် ဓာတ်ငွေ့ အမှုန်အမွှားများကို ရှူရှိုက်မိခြင်း ဖြစ်သည်။ အာရုံ ငါးပါးလုံး ထိခိုက်နေသည်။ ထုတ်လွှတ်မလား။]
"ချက်ချင်း ထုတ်လွှတ်" လေလင် အမိန့်ပေးလိုက်သည်။
[အချက်ပေးသံ ထွက်ပေါ်လာသည်။ သိမ်းဆည်းထားသော စွမ်းအင်ကို အသုံးပြုပြီး ထုတ်လွှတ်မှု လုပ်ဆောင်နေသည်။]
အေအိုင်စနစ်က ထုတ်လွှတ်မှု ပြီးဆုံးကြောင်း ပြသမှသာ လေလင် မျက်လုံးကို ဖွင့်လိုက်သည်။
ယခု သူသည် ချုံပုတ်တစ်ခုအတွင်းတွင် ရှိနေပြီး အကြမ်းဖက် တောင်ကုန်းဝက်ဝံနှင့် ကျီးကန်းတို့မှာ အရိပ်အယောင်မျှ မရှိတော့ပေ။
သူ၏ ခန္ဓာကိုယ်တွင် ချုံပုတ်မှ ဆူးများကြောင့် ဒဏ်ရာ အနည်းငယ် ရှိနေပြီး သွေးများ စီးကျနေသော်လည်း ကျောဘက်တွင်မူ ဒဏ်ရာ မရှိပေ။
"အကုန်လုံးက ထင်ယောင်ထင်မှားတွေပဲ ဖြစ်နေတာ။ ငါ မြင်ခဲ့သမျှက အတုတွေချည်းပဲ"
လေလင် ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်သည်။ ဘယ်ဘက်တွင် သစ်ပင် တစ်ပင် လဲကျနေပြီး ပတ်ဝန်းကျင်တွင် မီးလောင်ထားသည့် အမှတ်အသားများကို တွေ့လိုက်ရသည်။
"မြင်ရတာက အတု ဖြစ်ပေမဲ့ ငါ့ရဲ့ တုံ့ပြန်မှုတွေကတော့ အစစ်ပဲ။ ပေါက်ကွဲသည့် ဆေးရည်နဲ့ အရိပ် လက်ဖဝါး က သစ်ပင်ကို ဖျက်ဆီးလိုက်တာပဲ၊ ငါ သစ်ပင်ကိုပဲ အကြမ်းဖက် တောင်ကုန်းဝက်ဝံ ထင်ပြီး တိုက်ခိုက်မိတာ ဖြစ်နိုင်တယ်"
လေလင် နမြောတသ ဖြစ်မိသည်။ ပေါက်ကွဲသည့် ဆေးရည်မှာ မှော်ကျောက်တုံး အများအပြား ကုန်ကျသည်။
ဝူးထံမှ ဖော်မြူလာနှင့် ပါဝင်ပစ္စည်းများ ဝယ်ရန်အတွက်လည်း အများကြီး ကုန်ကျခဲ့သည်။ ယခုတော့ သစ်ပင်တစ်ပင်အတွက် အကုန်ခံလိုက်ရသည်။
"ဒါပေမဲ့ အကျိုးအမြတ် မရှိတာတော့ မဟုတ်ပါဘူး။"
လေလင် အေအိုင်စနစ် ပြသသည့် အချက်အလက်ကို ကြည့်လိုက်သည်။
[အိမ်ရှင်၏ ခန္ဓာကိုယ်တွင် အဒရီနယ်လင် စစ်ထုတ်မှု မြန်ဆန်လာပြီး သွေးစီးဆင်းမှု ၅၈ ရာခိုင်နှုန်း တိုးလာသည်။]
[အိမ်ရှင်သည် အတွင်းပိုင်း အသက်စွမ်းအင်ကို မီးထိုးပေးလိုက်ပြီး သူရဲကောင်း တစ်ယောက်၏ အတိုင်းအတာကို ကျော်လွန်သွားသည်။]
"ဒီအခြေအနေက အတွင်းပိုင်း အသက်စွမ်းအင်ကို မီးထိုးပေးတဲ့ သော့ချက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ့ယခင် ကမ္ဘာက မှော်စွမ်းအားတွေနဲ့ ဘာလို့ ဆင်တူနေရတာလဲ။ အလွန် ထူးဆန်းတယ်"
လေလင် သံသယများ ရှိနေသည်။
ဤသူရဲကောင်း အဆင့်သို့ တက်လှမ်းနည်းမှာ အလွန် အန္တရာယ် များသည်။
အခြေအနေ အများစုတွင် ကံကောင်းမှသာ ဖြစ်နိုင်ပြီး မဟုတ်ပါက အဒရီနယ်လင် စစ်ထုတ်မှု လွန်ကဲကာ အဆိပ်သင့် သေဆုံးနိုင်ဖွယ် ရှိသည်။
(ဘာသာပြန်သူမှတ်ချက်-အဒရီနယ်လင်ကအသက်အန္တရာယ် ရှိတဲ့အခါမျိုးမှာထုတ်လိုက်တဲ့ ဟော်မှုန်းတစ်မျိုးပါ။)