အခန်း ၃၃ - အကြမ်းဖက် တောင်ကုန်းဝက်ဝံ
တိတ်ဆိတ်နေသော တောအုပ်ထဲတွင် ပိုးမွှားတို့၏ အသံကို အခါအားလျော်စွာ ကြားနေရသည်။
သစ်ပင်များ၏ အကိုင်းအခက် ထူထပ်မှုကြောင့် နေရောင်ခြည်ကို အကုန်ဖုံးလွှမ်းထားပြီး နေရောင်အချို့သာ အပေါက်များမှတစ်ဆင့် အလင်းတန်းများသဖွယ် ထိုးဖောက်ကျရောက်နေသည်။
"ကော ကော" အကျွမ်းတဝင်ရှိသော အော်သံများကို အရှေ့ဘက်မှ ကြားလိုက်ရသည်။
ရှေ့ဆုံးမှ ဦးဆောင်နေသော ကာလီဝီးယား မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ အနီရောင်မျက်လုံးရှိ ကျီးကန်းတွေ ဒီလောက် များနေရတာလဲ။ ဒီသတ္တဝါတွေက လူသားတွေကို အလွန် ရန်လိုတယ်။ အချိန်မီ မရှင်းလင်းရင် သူတို့ရဲ့ အမျိုးအနွယ်တွေကို ထပ်ခေါ်လာလိမ့်မယ်၊ အဲဒီအခါ အလွန် ဒုက္ခရောက်လိမ့်မယ်။"
"အခု ဘယ်လိုလုပ်မလဲ။ လမ်းပတ်သွားကြမလား။"
ရိုင်နာ မေးသည်။
"မရတော့ဘူး ထင်တယ်၊ သူတို့ ငါတို့ကို တွေ့သွားပြီ။"
လေလင် အေအိုင်စနစ်၏ ပုံရိပ်ကို ကြည့်ပြီး နောက်ကို လှည့်မကြည့်ဘဲ ပြောလိုက်သည်။
အတောင်ပံခတ်သံများ တဖြည်းဖြည်း နီးကပ်လာသည်။
ကာလီဝီးယား ရယ်မောလိုက်သည်။
"သူတို့က ငါတို့ကို လာရှာတာဆိုတော့ ကြိုဆိုဖို့ တွန့်ဆုတ်နေစရာ မလိုတော့ဘူး။"
အခြားသူများ၏ အမူအရာမှာ တည်ငြိမ်နေသည်။
အဖွဲ့လိုက် ပူးပေါင်းမှုအတွက် လေ့ကျင့်ထားပြီးဖြစ်၍ အနီရောင်မျက်လုံးရှိ ကျီးကန်းများကို ကိုင်တွယ်ရန် ဗျူဟာများ သူတို့တွင် ရှိသည်။
"မကောင်းတော့ဘူး၊ နှစ်ကောင်"
လေလင် စခရင်ကို ကြည့်ပြီး အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
ကာလီဝီးယား ထိတ်လန့်သွားသည်။
လေလင်၏ သတိပေးချက်အတိုင်း ပထမဆုံး အနီရောင်မျက်လုံးရှိ ကျီးကန်းနောက်တွင် အခြားအမည်းရောင် အရိပ်တစ်ခု ပါလာပြီး အရွယ်အစားမှာလည်း သာမန်ထက် ပိုကြီးမားနေသည်။
"ဒုက္ခရောက်ပြီ။"
ကာလီဝီးယား မျက်မှောင်ကြုတ်လိုက်သည်။
"လေလင်နဲ့ နီလာ၊ မင်းတို့ နှစ်ယောက် ရှေ့က တစ်ကောင်ကို ကိုင်ထား။ နောက်က တစ်ကောင်ကိုတော့ ငါတို့ သုံးယောက် ရှင်းမယ်။"
"သေချာ ပြင်ဆင်ထား။"
လေလင် နောက်က နီလာကို ပြောလိုက်ပြီး ကျောပေါ်မှ လေးကို ဆွဲယူလိုက်သည်။
"လေတိုက်နှုန်းနဲ့ စိုထိုင်းဆကို တိုင်းတာနေတယ်၊ လမ်းကြောင်းကို ချိန်ညှိနေတယ်။"
ဝူး...အမည်းရောင် မျဉ်းကြောင်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားပြီး အနီရောင်မျက်လုံးရှိ ကျီးကန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ အမွေးအချို့ လွင့်စဉ်သွားသည်။
"ကော" ရှေ့ဆုံးက အနီရောင်မျက်လုံးရှိ ကျီးကန်းမှာ ဒေါသတကြီး အော်ဟစ်ပြီး လေလင်ဆီသို့ ပျံသန်းလာသည်။ ဒဏ်ရာ ရသွားပုံ မရပေ။
"သူ့ကို လှည့်စားပြီး ခေါ်သွားရအောင်။"
လေလင်၏ အမူအရာ မပြောင်းလဲဘဲ လက်ထဲမှ လေးကို ချလိုက်သည်။
အေအိုင်စနစ်ကြောင့် သူ သိထားသည်မှာ မြားထိမှန်သော်လည်း ကျီးကန်း၏ အသက်ရှင်သန်နိုင်စွမ်းမှာ သူရဲကောင်း တစ်ယောက်နှင့် ဆင်တူသလို အမွေးများမှာလည်း အလွန် မာကျောသည်။
သာမန် လက်နက်များမှာ မှော်လောကရှိ သတ္တဝါများကို သိပ်ပြီး ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
လေလင်နှင့် နီလာတို့က အနီရောင်မျက်လုံးရှိ ကျီးကန်းတစ်ကောင်ကို ဆွဲခေါ်သွားသည်ကို မြင်သောအခါ ကာလီဝီးယား ဆုံးဖြတ်ချက် ချလိုက်သည်။
"ရိုင်နာနဲ့ လီလစ်၊ နောက်က အနီရောင်မျက်လုံးရှိ ကျီးကန်းကို တားထားပေးကြ၊ ငါ မှော်စာလုံး ရွတ်ဖို့ အချိန်လိုတယ်။"
ရိုင်နာနှင့် လီလစ် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး နောက်က ကျီးကန်းဆီသို့ ပြေးသွားသည်။
ရိုင်နာ ပြေးရင်း လေးကို ဆွဲထုတ်ပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ မြားနှင့်အတူ ဓားအချို့လည်း ပါသွားသည်။
"ကော၊ ကော" ကျီးကန်းကြီးမှာ အမည်းရောင် အတောင်ပံများကို ခတ်ကာ မြားနှင့် ဓားများကို ရိုက်ချလိုက်သည်။
"အတောင်ပံနဲ့ မြားကို ရိုက်ချလိုက်တာလား။"
ရိုင်နာ၏ မျက်နှာ ဖြူဖျော့သွားပြီး ခြေလှမ်း ရပ်တန့်သွားသည်။
သို့သော် ပိုကြီးသော ကျီးကန်းမှာ အောက်သို့ ထိုးဆင်းလာပြီး ကြီးမားသော လက်သည်းများဖြင့် ရိုင်နာ၏ ပခုံးကို ကုတ်ခြစ်လိုက်သည်။ ရိုင်နာ မြေပြင်ပေါ်သို့ ပိကျသွားသည်။
"ကယ်၊ ကယ်ကြပါ" ရိုင်နာ အော်ဟစ် တောင်းပန်သည်။
ဘန်း.. ကျီးကန်းမှာ ထပ်ပြီး ဆိတ်မည့် အချိန်တွင် အလင်းရောင် တစ်ခု လက်ခနဲ ဖြစ်သွားသည်။
လီလစ် သူမထက် ပိုကြီးသော ဓားကို မြှောက်ကာ ကျီးကန်းကို ရိုက်ချလိုက်သည်။
"ဘမ်" သံဇကာဖြင့် လုပ်ထားသော ကွန်ရက်တစ်ခု ရိုင်နာ၏ ရှေ့သို့ ပစ်လိုက်သည်။
"ငါ တားထားမယ်၊ မြန်မြန် ကွန်ရက်ကို ပစ်လိုက်။"
လီလစ်မှာ ပုံမှန်အားဖြင့် ရှက်တတ်သူ ဖြစ်သော်လည်း ယခုအခါ လုံးဝ ကွဲပြားနေသည်။
"ကောင်းပြီ။"
ရိုင်နာ ကာလီဝီးယားကို ကြည့်ပြီး ကွန်ရက်ကို ကောက်ကိုင်လိုက်သည်။
လီလစ်၏ ဓားမှာ ငွေရောင် အလင်းတန်းသဖွယ် ဖြစ်သွားပြီး ကျီးကန်းကို ရိုက်ထုတ်လိုက်သည်။
"ဟာ" လီလစ်၏ လှပသော လှုပ်ရှားမှုဖြင့် ကျီးကန်းကို မြေပြင်သို့ လဲကျသွားစေသည်။
"ကောင်းတယ်"
ရိုင်နာ၏ မျက်လုံးများ လင်းလက်သွားပြီး ပခုံးမှ နာကျင်မှုကြောင့် မျက်လုံးများ နီရဲနေသော်လည်း သံဇကာ ကွန်ရက်ကို ဖြန့်ပြီး ကျီးကန်းကို ထောင်ချောက်ထဲ ဆွဲထည့်လိုက်သည်။
"ကော၊ ကော" ကျီးကန်းမှာ ကွန်ရက်ထဲတွင် ရုန်းကန်နေပြီး လွတ်မြောက်တော့မည့်ပုံ ပေါ်သည်။
"ကာလီဝီးယား မြန်မြန်၊ သူ့အမွေးတွေက အရမ်းထူတော့ ငါ သိပ်ပြီး မထိခိုက်နိုင်ဘူး။"
လီလစ် စိုးရိမ်တကြီး အော်သည်။
"ကျေးဇူးတင်ပါတယ်။"
ထိုအချိန်တွင် ကာလီဝီးယား မှော်စာလုံး ရွတ်ဆိုပြီးစီးကာ လက်ထဲတွင် အနက်ရောင် အနီရောင် မီးလုံး တစ်လုံး တောက်လောင်နေသည်။
"အကုန်လုံး ဖယ်ကြ။"
ကာလီဝီးယား အော်လိုက်သဖြင့် လီလစ်နှင့် ရိုင်နာတို့ အမြန် ပြေးထွက်သွားကြသည်။
"သွား၊ အနုတ်စွမ်းအင် မီးလုံး။"
ကာလီဝီးယား လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင် မီးလုံးမှာ ကျီးကန်း၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ကျရောက်သွားသည်။
ဘုန်း... ပြင်းထန်သော အသံနှင့်အတူ အပူလှိုင်းများ ပျံ့နှံ့သွားသည်။ ပေါက်ကွဲမှုကြောင့် မြေပြင်တွင် တွင်းကြီးတစ်ခု ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ ချုံပုတ်များလည်း မလွတ်မြောက်ခဲ့ပေ။
"ကောင်းတယ်၊"
ရိုင်နာ နောက်မှ လေတိုက်ခတ်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ အဝတ်များမှာ ရွှံ့များ ပေကျံနေသော်လည်း ကျီးကန်းကို ကြည့်ပြီး အလွန် ပျော်ရွှင်နေသည်။
"ဟာ……" ကာလီဝီးယား အမောတကော ပြောသည်။
"ဒီ အနုတ်စွမ်းအင် မီးလုံး က ရွတ်ဆိုရတာ ကြာတယ်၊ တားပေးမယ့်သူ လိုတယ်။ ဒါပေမဲ့ စွမ်းအားကတော့ အရမ်း ကြီးမားတယ်။"
လီလစ် သူမ၏ ဆံပင်ကို ပြင်ရင်း လေလင်တို့ ပြေးသွားသည့် နေရာကို ကြည့်လိုက်သည်။
"သူတို့ ဘယ်လို ဖြစ်နေမလဲ မသိဘူး။"
"စိတ်မပူနဲ့၊ လေလင်နဲ့ နီလာတို့က သန်မာတယ်၊ ငါတို့လည်း အကြီးကောင်ကို ရှင်းလိုက်နိုင်ပြီလေ……"
ကာလီဝီးယား နှစ်သိမ့်လိုက်သည်။ သူ တစ်နှစ်အတွင်း ပထမဆုံး မစ်ရှင် ဖြစ်သဖြင့် အကောင်းဆုံး အဆုံးသတ်ချင်သည်။
(ဘာသာပြန်သူမှတ်ချက်-ဟန့်ခ် သေဆုံးသွားတဲ့ မစ်ရှင်အပြီးမှာ အဖွဲ့ကို အနားပေးထားတာ ကြာပြီဖြစ်လို့၊ ဒီနှစ်ထဲမှာ ဒီအဖွဲ့သစ်နဲ့မှ ပြန်စတဲ့ ပထမဆုံးမစ်ရှင် ဖြစ်တာပါ။)
"ငါတို့ အဆင်ပြေပါတယ်။"
ထိုအချိန်တွင် လေလင်နှင့် နီလာတို့ ချုံပုတ်ထဲမှ ထွက်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်တွင် အမည်းရောင် အမွေးအချို့ ကပ်နေသော်လည်း ထိခိုက်မှု မရှိပေ။
"နောက် တစ်ကောင်ကော။"
"ဒီမှာ" လေလင် လက်ထဲရှိ အမည်းရောင် လက်သည်းများကို မြှောက်ပြပြီး တွင်းကြီးကို ကြည့်လိုက်သည်။
"ဝိုး ဒီကောင်ကတော့ စွမ်းအား အဆင့် ၆ လောက် ရှိမယ်။ ကာလီဝီးယားက ပြင်းထန်တဲ့ မှော်စာလုံးကို သုံးတာပဲ။"
"အားလုံး အဆင်ပြေရင် အမြန် ပြန်ကြရအောင်၊ ဒီကိစ္စအတွက် ငါ စိတ်မကောင်းဘူး။"
ကာလီဝီးယား မျက်နှာ အနည်းငယ် မှောင်သွားသည်။
"ဒီရက်ပိုင်း ကျောင်းအနီးအနားမှာ သတ္တဝါတွေ ပိုများလာသလိုပဲ။"
"ငါ သဘောတူတယ်၊ အရင်က မစ်ရှင်တွေက ဒီလောက် အန္တရာယ် များလား။" လေလင် မေးသည်။
"မမှန်ဘူး၊ ဒီလို ကင်းလှည့် မစ်ရှင်မျိုးမှာ ကျီးကန်း ၁၀ ကောင် ရဖို့ တစ်လလောက် ကြာတတ်တယ်။ ဒါပေမဲ့ ငါတို့က ၁၀ ရက်အတွင်းမှာတင် ကျော်လွန်နေပြီ။"
နီလာ ရှင်းပြသည်။
"ပြန်ရောက်ရင် ဒီအခြေအနေကို အစီရင်ခံရမယ်၊ တစ်ခုခုတော့ မှားနေပြီ။" လီလစ် ပြောသည်။
"ပြဿနာ ရှိရင် မှော်ဆရာတွေ ဖြေရှင်းလိမ့်မယ်၊ အမြန်ဆုံး ဒီက ထွက်သွားတာ ပိုကောင်းမယ်၊ ဒီမှာ ဘေးကင်းတယ်လို့ မခံစားရဘူး။" ရိုင်နာ ထပ်လောင်း ပြောသည်။
"ပြောလိုက်တာ မှန်တယ်၊ သွားကြစို့။"
ကာလီဝီးယား ကျိုးပဲ့နေသော သံဇကာ ကွန်ရက်ကို ပစ်လိုက်ပြီး အမည်းရောင် လက်သည်းကို ကောက်ယူလိုက်သည်။ အားလုံးက သဘောတူကြသဖြင့် အဖွဲ့သားများ အမြန် ပြန်ခဲ့ကြသည်။
"ဒီ အနီရောင်မျက်လုံးရှိ ကျီးကန်း နှစ်ကောင်က ငါတို့ အကယ်ဒမီ ပြန်မယ့် လမ်းကြောင်းကို ဘာလို့ ပိတ်ဆို့နေရတာလဲ။ တိုက်ဆိုင်မှုပဲ ဖြစ်မလား။"
လေလင် ရုတ်တရက် စိုးရိမ်လာပြီး ခြေလှမ်းများကို မြန်ဆန်စေလိုက်သည်။ အဖွဲ့သားများလည်း ထိုနည်းတူပင် စိုးရိမ်စိတ်ဖြင့် အမြန် ပြန်လာခဲ့ကြသည်။
"ဒီ ကျီးကန်း နှစ်ကောင်က တစ်ခုခုကို စောင့်ရှောက်နေတာများလား။ ကျီးကန်းတွေက တောက်ပတဲ့ ပစ္စည်းတွေကို စုဆောင်းတတ်တယ်လေ။"
နီလာ နောက်ပြောင်သလို ပြောသည်။
"ဒါက သာမန် ကျီးကန်းတွေလေ။ အနီရောင်မျက်လုံးရှိ ကျီးကန်းတွေက ကျီးကန်းလို့ နာမည် ပါပေမဲ့ သွေးနီးမျိုးဆက်က ဆူးချုံ သတ္တဝါတွေနဲ့ နီးစပ်တယ်။ ဒါကြောင့် သူတို့မှာ ပစ္စည်း ရှာဖွေတဲ့ အကျင့် မရှိဘူး၊ အထူး အပင်တွေကို ရှာဖွေတတ်တဲ့ အာရုံ ရှိတယ်။ မှော်ဆရာတွေတောင် ဒီ အပင်တွေကို ရှာဖို့ သူတို့ကို မွေးမြူတတ်ကြတယ်။"
လေလင် နောက်လှည့်မကြည့်ဘဲ ပြောသည်။
"မင်း ဒါကို ဘယ်လို သိတာလဲ။" ရိုင်နာ မယုံသလို မေးသည်။
"ဆူးချုံ သတ္တဝါတွေရဲ့ မူလအစနဲ့ မွေးမြူနည်းလေ။ စာကြည့်တိုက်ရဲ့ အဆင့် ၃ စာအုပ်စင်မှာ ရှိတယ်၊ ငါ မကြာသေးခင်က ဖတ်ထားတာ။"
လေလင် ပေါ့ပေါ့ပါးပါး ပြောသည်။
"အို၊ လေလင်၊ မင်း တကယ်ပဲ အရည်အချင်း ရှိတာပဲ။" နီလာ၏ မျက်လုံးများ တောက်ပလာသည်။ ရိုင်နာ လှည့်ထွက်သွားသည်။
"အဟမ်း"
လေလင် တစ်စုံတစ်ခုကို အနံ့ခံလိုက်သည်။ အလွန် မွှေးကြိုင်သော အနံ့ကို ရလိုက်သည်။
"ရပ်လိုက်၊ မင်းတို့ တစ်ခုခု အနံ့ ရလိုက်လား။"
လေလင် အမြန် ရပ်တန့်လိုက်သည်။
အဖွဲ့သားများ ရပ်လိုက်သည်။ "ဘာအနံ့လဲ။" ကာလီဝီးယား အမူအရာ တင်းမာသွားပြီး ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"အရမ်း မွှေးတဲ့ အနံ့ တစ်ခု ရလိုက်တယ်။"
လေလင် ရှင်းပြသည်။
"ရနံ့လား။ ဒီတောထဲမှာ အော့အန်ချင်စရာ အနံ့တွေပဲ ရှိတာလေ၊ အခု ပိုဆိုးလာပြီ။" ရိုင်နာ ဖြတ်ပြောသည်။
"ငါကတော့ ဂျက်စမင် ပန်းနဲ့ နှင်းဆီနံ့ ရောထားသလိုပဲ။"
လီလစ် နှာခေါင်း ရှုံ့လိုက်သည်။
"အားလုံး သတိထား၊ သားရဲ တစ်ကောင်ရဲ့ အနံ့ ရနေတယ်။"
ချီး..ကာလီဝီးယား ဓားကို ဆွဲထုတ်လိုက်သည်။ ဒီအခြေအနေက ထူးဆန်းနေသည်။ လေလင်လည်း သူ၏ ခါးပတ်အိတ်ထဲသို့ လက်နှိုက်လိုက်သည်။
ဟူး... လေပြင်း တစ်ချက် တိုက်ခတ်လာသည်။ ငါးညှီနံ့ တစ်ခု ပါလာသည်။
ဂရိုးအာရ်..ရက်စက်သော သားရဲ တစ်ကောင်၏ ဟိန်းသံ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ အနက်ရောင် တောအုပ်မှ အပင်များမှာ သားရဲ၏ ဟိန်းသံကြောင့် ယိုင်နဲ့သွားသည်။
ကာလီဝီးယား၏ မျက်နှာမှာ အလွန် ပြောင်းလဲသွားသည်။
"သတိထား၊ ကြီးမားတဲ့ ကောင်ပဲ။"
ဘုန်း...ဘုန်း ခြေလှမ်းလေးများ ထွက်ပေါ်လာသည်။ လေလင်နှင့် အခြားသူများ သတ္တဝါကို မြင်လိုက်ရသည်။
၎င်းမှာ အမည်းရောင် ဝက်ဝံကြီး တစ်ကောင် ဖြစ်ပြီး ဦးခေါင်းခွံ ပွင့်ထွက်နေကာ ဦးနှောက်ကို မြင်နေရသည်။ ရင်ဘတ်တွင် လျှပ်စီးကြောင်းပုံစံ 'V' အမှတ်အသား ရှိသည်။
"သတိထား၊ ဒါက အကြမ်းဖက် တောင်ကုန်းဝက်ဝံပဲ။ တစ်ကောင်စီတိုင်းက အဆင့် ၃ အလုပ်သင်နဲ့ ညီမျှတယ်။ အရင်တစ်ခါ ငါတို့ တွေ့ခဲ့တဲ့ ကောင်ပဲ။"
ကာလီဝီးယား၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"သူ့ရဲ့ ဟိန်းသံ တိုက်ခိုက်မှုကို သတိထား၊ အရင်တစ်ခါ ဟန့်ခ် ကို သတ်သွားတာ ဒီကောင်ပဲ။"
"သေစမ်း၊ လူစုခွဲပြီး ပြေးကြမယ်။"
ရိုင်နာ၏ မျက်နှာ ဖြူဖျော့သွားပြီး ရုတ်တရက် လှည့်ကာ ပြေးသွားသည်။
"ဒီကောင်..."
နီလာ ဒေါသထွက်ပြီး မျက်နှာ နီရဲသွားသည်။
ရိုင်နာ၏ ရုတ်တရက် ထွက်ပြေးမှုကြောင့် အကြမ်းဖက် တောင်ကုန်းဝက်ဝံ၏ အရှိန် ပိုမြန်လာသည်။
"ရွေးချယ်စရာ မရှိတော့ဘူး၊ ဒါက ငါတို့ စွမ်းအားထက် ကျော်လွန်နေပြီ၊ လူစုခွဲပြီး ပြေးကြမယ်။ အကယ်ဒမီမှာ ပြန်တွေ့ဖို့ မျှော်လင့်တာပေါ့။"
ကာလီဝီးယား ခါးသက်သက် ပြုံးကာ ဆုံးဖြတ်ချက် ချလိုက်သည်။