အခန်း ၂၁ - ခရော့ဖ်
အဘိုးအို စကားပြောပြီးသည့်အခါ အလုပ်သင်များ အနည်းငယ် တုန်လှုပ်သွားကြသည်။
“ဘယ်လိုလုပ်ကြမလဲ ဘယ်လို ရွေးရမှာလဲ”
ဘေရွတ် က စိုးရိမ်တကြီး မေးသည်။
“ပိုက်ဆံပေးတာက မပေးတာထက် ပိုကောင်းတာ သေချာတယ်၊ ဒါက အသိပညာပဲလေ”
“မင်းဆီမှာ မှော်ကျောက်တုံးတွေ ကျန်သေးတယ်မလား”
လေလင် က အံ့သြစွာ မေးလိုက်သည်။
“ဒါပေမဲ့… ငါ့ဆီမှာ မှော်ကျောက်တုံး တစ်တုံးပဲ ကျန်တော့တယ်၊ ငါ့မိသားစုက မှော်ကျောက်တုံး နှစ်တုံးရဖို့ စစ်သည် တစ်ထောင်တောင် စတေးခဲ့ရတာ”
ဘေရွတ် က မဝံ့မရဲ ဖြစ်နေသည်။
လေလင်လည်း အံ့အားသင့်သွားပြီး သူ့အိတ်ကပ်ကို စမ်းကြည့်လိုက်သည်။
“မှော်ကျောက်တုံးတွေရဲ့ တန်ဖိုးက ငါထင်ထားတာထက် ပိုများနေတာပဲ ငါ အိုရလင်းဆီကနေ လုယူခဲ့တာ တကယ်ကို ကံကောင်းတာပဲ”
“ဒါ မမှန်ဘူး၊ ချာနိုဘိုင်း ကျွန်းစုတွေက မှော်ဆရာတွေအတွက်တော့ သဲကန္တာရ ကျွန်းတွေပဲ မှော်ကျောက်တုံးတွေက ရှားပါးနေလို့ ဒီနေရာမှာ တန်ဖိုး ပိုများနေတာ ဖြစ်မယ်”
“ဒီလို ကိစ္စမျိုးကတော့ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ရမှာပေါ့”
လေလင် က ဘေရွတ်ကို ပြောလိုက်သည်။
“ကောင်းပြီ ပထမဆုံး ရိုင်နာ ရှေ့ထွက်ခဲ့”
အဘိုးအို က ပြောသည်။
“မင်း ဘယ်လို ရွေးမှာလဲ”
“ကျွန်တော်… ကျွန်တော့်ဆီမှာ မှော်ကျောက်တုံး မကျန်တော့ဘူး၊ အကြွေးနဲ့ ဝယ်လို့ ရမလား၊ ကျွန်တော်က စတုတ္ထအဆင့် အလုပ်သင်ပါ”
ရိုင်နာ မျက်နှာ ရဲသွားသည်။
“အရည်အချင်းတော့ မဆိုးဘူး၊ ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပဲ”
အဘိုးအို ခေါင်းခါလိုက်သည်။
သူက စားပွဲပေါ်က မှန်ဘီလူးလုံးကို ညွှန်ပြလိုက်ရာ ရိုင်နာ၏ နာမည်နှင့်အတူ တခြားသူများ၏ နာမည်များ ပေါ်လာသည်။
မြွေပွေးအနက် စပိုတီ က စာတစ်စောင်ကို တံဆိပ်ခတ်လိုက်သောအခါ စာလုံးများ ရပ်သွားသည်။
“ရိုင်နာ မင်းရဲ့ ဆရာက ဂက်ဖရင် ဖြစ်တယ်”
“ဒါယူသွား အလုပ်သင် ဝတ်ရုံနဲ့ အမှတ်အသား ကတ်၊ အခြေခံ တရားထိုင်နည်း စာအုပ် ပြီးတော့ မင်းရဲ့ အခန်းသော့တွေပါ”
အဘိုးအိုက ပစ္စည်းများ ထည့်ထားသည့် အိတ်အမည်းကို ရိုင်နာဆီ ပစ်ပေးလိုက်ပြီး လက်ခလောက် တီးလိုက်သည်။
ဘန်း...အနက်ရောင် ဘောလုံးတစ်ခု ပေါ်လာပြီး လေထဲတွင် ပေါ်နေသည်။
“ဒီ အရိပ်ကျွန်နောက်ကို လိုက်သွား မင်းရဲ့ ဆရာဆီ ခေါ်သွားလိမ့်မယ်”
ရိုင်နာ သည် ဘောလုံးနောက်သို့ အားကိုးရာမဲ့စွာ လိုက်သွားခဲ့သည်။
“နောက်တစ်ယောက်၊ ရော့စီ”
ဒိုရော့သ် ကို ရယ်မောခဲ့သည့် ရော့စီ ရှေ့ထွက်လာသည်။
“အို၊ ငါ ဘာမြင်နေရတာလဲ၊ အိပ်မက်ဆိုး အဆောင်တစ်ခုပဲ၊ သနားစရာကောင်းလိုက်တာ၊ မင်း နောက်တစ်လလောက်တော့ ဒုက္ခရောက်တော့မယ်”
“ခင်ဗျား… ဒီ အဆောင်ကို ဖယ်ရှားပေးလို့ မရဘူးလား”
ရော့စီ၏ အသံ တုန်ရီနေသည်။
“ရတာပေါ့၊ မှော်ကျောက်တုံး တစ်ရာပေး၊ အကြွေးမရဘူး” အဘိုးအို က ပြတ်သားစွာ ပြောသည်။
ရော့စီ ခေါင်းခါလိုက်ပြီး မှော်ကျောက်တုံး တစ်တုံးကို ထုတ်ပေးကာ “ကျွန်တော် ကိုယ့်ဘာသာ ဆရာ ရွေးချယ်ချင်ပါတယ်” ဟု ပြောသည်။
“အင်း”
အဘိုးအိုက မှော်ကျောက်တုံးကို ယူပြီး စာအုပ်တစ်အုပ်ကို ရော့စီဆီ ပေးလိုက်သည်။
“တပည့် လက်ခံမယ့် ဆရာတွေရဲ့ အကြောင်းအရာတွေ ဒီထဲမှာ ရှိတယ်၊ ကြိုက်သလို ရွေး”
ဘန်း.. စားပွဲပေါ်တွင် သဲနာရီတစ်ခု ပေါ်လာသည်။
“ခုနက ပြောဖို့ မေ့သွားတယ်၊ မှော်ကျောက်တုံး တစ်တုံးက သဲနာရီ တစ်ခါပဲ ရတယ်၊ အချိန်ကျော်သွားရင် နောက်ထပ် ကျောက်တုံး တစ်တုံး ထပ်ပေးရမယ်”
အဘိုးအို က ပြုံးပြီး ပြောသည်။
ရော့စီ သဲနာရီကို ကြည့်ပြီး အလောတကြီး စာမျက်နှာတွေကို လှန်နေသည်။
“ဒီ သဲနာရီက ငါးမိနစ်လောက်ပဲ ကြာမယ့်ပုံပဲ၊ ကြည့်ဖို့တောင် အချိန်မလောက်ဘူး”
လေလင် စိတ်ထဲတွင် တွေးလိုက်သည်။
“အချိန်ပြည့်ပြီ”
အဘိုးအို၏ စကားသံနှင့်အတူ စာအုပ်မှာ အလိုအလျောက် ပိတ်သွားသည်။
“ဘယ်လိုလဲ၊ ရွေးပြီးပြီလား၊ ဒါမှမဟုတ် နောက်တစ်ခါ ထပ်ကြည့်ချင်သေးလား”
အဘိုးအို က မေးသည်။
“ရွေးပြီးပါပြီ၊ ဆရာ ဗီဗီယန် ကို ရွေးချယ်ပါတယ်”
ရော့စီ အသက်ပြင်းပြင်း ရှူလိုက်သည်။
“မင်း ပစ္စည်းတွေ ယူပြီး ကျွန် နောက်ကို လိုက်သွား”
အဘိုးအို က အိတ်အမည်းကို ပေးလိုက်သည်။
ရော့စီ ဦးညွှတ်ပြီး လေထဲတွင် ပေါ်နေသည့် ကျွန်နောက်သို့ လိုက်သွားသည်။
“နောက်တစ်ယောက်၊ ကာလီဝီးယား”
အဘိုးအို ဆက်ခေါ်သည်။
လေလင် က အလုပ်သင်များကို စူးစိုက်ကြည့်နေသည်။
ကာလီဝီးယား က မှော်ကျောက်တုံး သုံးတုံး ပေးပြီး စာအုပ်ကို သေချာ ကြည့်ရှုပြီးမှ ရွေးချယ်လိုက်သည်။
ဘေရွတ်မှာမူ ကျောက်တုံး မပေးနိုင်သဖြင့် ကျပန်း ရွေးချယ်ခံလိုက်ရသည်။
“နောက်တစ်ယောက်၊ လေလင်”
အဘိုးအို က ခေါ်သည်။
လေလင် အသက်ပြင်းပြင်း ရှူပြီး ရှေ့သို့ ထွက်သွားလိုက်သည်။
“ကျွန်တော် ကိုယ့်ဘာသာ ရွေးချယ်ပါ့မယ်”
လေလင် မှော်ကျောက်တုံး တစ်တုံး ပေးလိုက်သည်။
“စည်းကမ်း သိတယ်မလား”
အဘိုးအို လက်ခလောက် တီးလိုက်ရာ သဲနာရီ ပြောင်းပြန်လှန်သွားသည်။
စာအုပ်မှာ အတော်လေး လေးလံပြီး အရည်အသွေး ကောင်းသည်။
လေလင် အမြန် လှန်လှော ကြည့်ရှုလိုက်သည်။
“ဒါက ချာနိုဘိုင်း ကျွန်းစုတွေရဲ့ ဘာသာစကားပဲ၊ ဒီနေရာက အလုပ်သင်တွေအတွက်ပဲ အထူး ပြင်ဆင်ထားတာ ဖြစ်မယ်”
“အေအိုင်စနစ်၊ အချက်အလက်တွေကို မှတ်သားပြီး ထုတ်နှုတ်ပေးစမ်း”
“ဆရာ လက်စတာ၊ ဝိညာဉ် ဌာန၊ အသွင်ပြောင်းခြင်း၊ အာရုံကြောဗေဒနှင့် ဓာတ်ရောင်ခြည် ပေါင်းစပ်ခြင်းတို့ကို အထူးပြုသည်။ အချက်အလက် သုံးခုကို အခမဲ့ ပေးနိုင်မည်။ လိုအပ်ချက်မှာ အလုပ်သင်တိုင်းသည် လစဉ် စမ်းသပ်ချက်တစ်ခုတွင် ပါဝင်ကူညီရမည် ဖြစ်ပြီး မည်သည့်အကြောင်းပြချက်ဖြင့်မျှ ငြင်းပယ်ခွင့် မရှိ”
“ဆရာ ဒိုရော့သ်၊ အရိပ် ဌာန၊ ခန္ဓာဗေဒ၊ စွမ်းအင် ပြောင်းလဲခြင်းနှင့် သေမင်း ပညာရပ်တို့ကို အထူးပြုသည်။ လိုအပ်ချက်မှာ အလုပ်သင်တိုင်း လစဉ် မှော်ကျောက်တုံး တစ်တုံး ပေးရမည်ဖြစ်ပြီး စမ်းသပ်ချက်များတွင် ပါဝင်ကူညီရမည်”
“ဆရာ ခရော့ဖ်၊ ဆေးဝါး ဌာန၊ ဆေးပညာ၊ ဆေးဖက်ဝင် အပင်နှင့် စွမ်းအင် ချေဖျက်ခြင်းတို့ကို အထူးပြုသည်။ အချက်အလက် တစ်ခုကို အခမဲ့ ပေးနိုင်မည်။ လိုအပ်ချက်မှာ ဓာတ်ခွဲခန်း သန့်ရှင်းရေး၊ ဆေးပင် ပြင်ဆင်ခြင်းနှင့် မှော်ဆရာအား ဆေးဖက်ဝင် ပစ္စည်းများ ဖော်စပ်ရာတွင် ကူညီပေးရမည် (အလုပ်သင်ကို ဘေးမဖြစ်စေရ)”
“ဆရာ အက်စတယ်လ်၊ ကျိန်စာ ဌာန၊ ကျိန်စာ၊ လူ့ခန္ဓာကိုယ် ခွဲစိတ်ခြင်းနှင့် ဝိညာဉ် လေ့လာခြင်းတို့ကို အထူးပြုသည်။ အချက်အလက် ငါးခုကို အခမဲ့ ပေးနိုင်မည်။ လိုအပ်ချက်မှာ စမ်းသပ်ချက် တစ်ခုတွင် ကူညီပေးရမည်”
စာမျက်နှာများမှာ လှန်ရင်း အသံမြည်နေသည်။ သဲနာရီ ကုန်ဆုံးသွားချိန်တွင် လေလင် နောက်ဆုံး စာမျက်နှာအထိ ရောက်သွားသည်။
“မင်းရဲ့ မှတ်ဉာဏ်က မဆိုးပါဘူး၊ ဘယ်သူ့ကို ရွေးမှာလဲ”
အဘိုးအို က ပြုံးပြီး မေးသည်။
လေလင် မျက်လုံး မှိတ်လိုက်သည်။
“အေအိုင်စနစ်၊ အချက်အလက်တွေကို စစ်ထုတ်လိုက်”
[စတင်လုပ်ဆောင်နေပါသည်။ အချက်အလက် ၅၃ ခုကို စစ်ထုတ်လိုက်သည်။ အိမ်ရှင်၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီမည့်အရာများသာ ကျန်ရှိပါသည်]
လေလင်၏ မျက်နှာမှာ ခါးသီးသွားသည်။
“မှော်ဆရာတွေရဲ့ စမ်းသပ်ချက်တွေက အန္တရာယ် ရှိပြီး အလုပ်သင်တွေရဲ့ အသက်ကို ဘေးဖြစ်စေနိုင်တာပဲ”
“ခရော့ဖ် က ဆေးဖော်စပ်တာပဲ လုပ်တာဆိုတော့ တခြားသူတွေရဲ့ အရိပ်နဲ့ သေမင်း ပညာရပ်တွေက ပိုတောင် အန္တရာယ် များဦးမှာပဲ”
“အေအိုင်စနစ်၊ ငါ့အခြေအနေနဲ့ ကိုက်ညီတာကိုပဲ စစ်ထုတ်ပေး”
[စတင်လုပ်ဆောင်နေပါသည်။]
အပြာရောင် အလင်းတန်းများ ပေါ်လာပြီး ရွေးချယ်စရာ နည်းနည်းသာ ကျန်တော့သည်။
“ဆရာ ဒိုရော့သ်၊ အရိပ် ဌာန… လိုအပ်ချက်မှာ မှော်ကျောက်တုံး တစ်တုံး ပေးရမည်၊ စမ်းသပ်ချက်တွင် ပါဝင်ရမည်”
“ဆရာ ခရော့ဖ်၊ ဆေးဝါး ဌာန… လိုအပ်ချက်မှာ သန့်ရှင်းရေး၊ ဆေးပင် ပြင်ဆင်ခြင်း၊ ဆေးဖော်စပ်ရာတွင် ကူညီပေးရမည်”
“ဒိုရော့သ် ကတော့ တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ မှော်ကျောက်တုံးတွေ မလုံလောက်သလို သူ့မှာလည်း ဂျေဒင် ရှိနေပြီဆိုတော့ ငါ့ကို အာရုံစိုက်မှာ မဟုတ်ဘူး”
“အရိပ် ဌာနက မှော်ဆရာတွေအားလုံးက စမ်းသပ်ချက်တွေမှာ ပါဝင်ခိုင်းပြီး ဘေးကင်းလုံခြုံမှုကို အာမမခံနိုင်ဘူး၊ ဒါက လိမ်လည်တာပဲ”
လေလင် အရိပ် ဌာနမှ ဆရာတွေကို ဖယ်ထုတ်လိုက်သည်။
“ကျန်တာကတော့ ဒီ ဆေးဝါး ဆရာပဲ အေအိုင်စနစ်ရဲ့ အားသာချက်ကို အသုံးပြုပြီး ငွေရှာကာ အမှောင် ဒြပ်စင်အတွက် လိုအပ်တဲ့ အသိပညာတွေကို ဝယ်ယူနိုင်မယ်”
“ကျွန်တော် ဆရာ ခရော့ဖ် ကို ရွေးချယ်ပါတယ်”
“ဆေးဝါး ပညာလား မင်း ဆေးဆရာ ဖြစ်ချင်တာလား၊ အဲဒီ ပညာက အရင်းအနှီး အများကြီး လိုတယ်၊ ပြောင်းမရွေးချင်ဘူးလား၊ ဒိုရော့သ် ကိုပဲ ရွေးပါလား”
အဘိုးအို အံ့အားသင့်သွားသည်။
“ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒီ ပညာကို စိတ်ဝင်စားလို့ပါ”
“မင်း ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ဖြစ်ရမှာပေါ့”
အဘိုးအို စာရွက်ပေါ်တွင် ရေးလိုက်သည်။
“ဒါ မင်းရဲ့ ပစ္စည်းတွေ၊ ကျွန်နောက်ကို လိုက်သွားပြီး ခရော့ဖ် ရှိရာကို သွားတော့”
အဘိုးအို အိတ်တစ်ခု ပေးလိုက်သည်။ လေလင် ဦးညွှတ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
အနက်ရောင် ဘောလုံးက ရှေ့ကနေ ပျံသွားသည်။ လေလင် လွယ်ကူစွာ လိုက်သွားလိုက်သည်။ လမ်းမှာ အလုပ်သင်များ ဖြတ်သွားသော်လည်း သူတို့ကို အာရုံမစိုက်ပေ။
လေလင် စမ်းသပ်ခန်း အများအပြား ရှိသည့် နေရာသို့ ရောက်သွားသည်။
အရိပ်ကျွန်မှာ ပျောက်ကွယ်သွားပြီး လေလင် အပြင်မှာပဲ စောင့်နေလိုက်သည်။
ခဏအကြာတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
“လေလင် မဟုတ်လား၊ ဝင်ခဲ့”
“ဟုတ်ကဲ့”
လေလင် စမ်းသပ်ခန်း တံခါးကို တွန်းဖွင့်လိုက်သည်။
အခန်းထဲတွင် ဆေးဝါး အနံ့များ ပျံ့နှံ့နေသည်။ စားပွဲကြီးတစ်ခုပေါ်တွင် စမ်းသပ်ပြွန်များ၊ ဖန်ခွက်များနှင့် အမျိုးအမည် မသိသည့် ကိရိယာများ ပြည့်နှက်နေသည်။
စားပွဲရှေ့တွင် ဆံပင်ဖြူဖြူနှင့် အသက်လတ်ပိုင်း အရွယ် အဖြူရောင် ဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ယောက် ရှိသည်။
သူ့မျက်လုံးများမှာ ရွှေရောင် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသည်။
“ငါက ခရော့ဖ် ပါ၊ မင်း အကြောင်းကို ကြားပြီးပြီ၊ ငါ့ရဲ့ တပည့် ဖြစ်လာဖို့ ဆန္ဒရှိလား”
အသက်လတ်ပိုင်း အမျိုးသားက သူ ကိုင်ထားသည့် စမ်းသပ်ပြွန်ကို ချပြီး မေးလိုက်သည်။