Skip to content
Chapter 1 – ဗီလိန် - အစမှာပဲ ဇာတ်လိုက်ရဲ့ ဆရာမကို အတင်းလက်ထပ်ပြီး ငါဟာ ပြိုင်ဘက်ကင်း ဖြစ်လာတယ်: အခန်း(1) | Lazy Nerds
Reading ဗီလိန် - အစမှာပဲ ဇာတ်လိုက်ရဲ့ ဆရာမကို အတင်းလက်ထပ်ပြီး ငါဟာ ပြိုင်ဘက်ကင်း ဖြစ်လာတယ်, Chapter 1: အခန်း(1)
“ဗီလိန်: အစမှာပဲ ဇာတ်လိုက်ရဲ့ ဆရာမကို အတင်းလက်ထပ်ပြီး ငါဟာ ပြိုင်ဘက်ကင်း ဖြစ်လာတယ်”
အကျဉ်းချုပ်
စုချန်သည် စိတ်ကူးယဉ်ဝတ္ထုလောကတစ်ခုသို့ ကူးပြောင်းရောက်ရှိသွားခဲ့ပြီး ဒုန်ဟွာပြည်နယ် ရှိ အကြီးဆုံးမိသားစုဖြစ်သော စု မိသားစု၏ တစ်ဦးတည်းသောသား ဖြစ်လာခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူကူေပြာင်းခဲ့သော ဇာတ်ကောင်နေရာမှာ ဇာတ်လိုက်မဟုတ်ဘဲ ဗီလိန်ကြီးတစ်ယောက် ဖြစ်နေခဲ့သည်။
ဤလောကတွင် ကံကြမ္မာ၏ မျက်နှာသာပေးခံရသော ဇာတ်လိုက်များ၊ ကံထူးသူများနှင့် ထူးချွန်သူများ နေရာအနှံ့ ပေါ်ထွက်နေကြသည်။ စုမိသားစုသည် ဒုန်ဟွာပြည်နယ် တစ်ခွင်တွင် အင်အားအကြီးဆုံးဖြစ်သော်လည်း ခြေလှမ်းတစ်လှမ်းမှားသွားသည်နှင့် အရာအားလုံး ဆုံးရှုံးသွားနိုင်သည်။
ကံကောင်းစွာဖြင့် စုချန် သည် မူလဝတ္ထု၏ ဇာတ်လမ်းအကြောင်းကို ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် သူသည် ဇာတ်လိုက်များ၏ ကံကောင်းမှုများ၊ အခွင့်အရေးများ၊ အာဏာများ၊ အလှမယ်များနှင့် အဖိုးတန်အရင်းအမြစ်များကို တစ်ဆင့်ပြီးတစ်ဆင့် လုယူကာ မိမိအင်အားကို တိုးချဲ့သွားခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူသည် မိတ်ဆွေကောင်းဟု ယုံကြည်ခဲ့သော ကောင်းကင်တာအိုအင်ပါယာ ၏ လှည့်ကွက်ထဲ ကျရောက်ခဲ့ကြောင်း သိရှိလာသည်။ ထိုသူသည် စုချန် ကို သံသရာလည်ပတ်မှုနယ်ပယ် ထဲသို့ တွန်းပို့ခဲ့ရုံသာမက၊ သူဝင်ရောက်မိစေရန် အဆင့်ဆင့် ထောင်ချောက်များကိုလည်း ကြိုတင်ခင်းကျင်းထားခဲ့သည်။
ဒါကို စုချန်ဘယ်လို သည်းခံနိုင်မည်နည်း။
ကောင်းကင်တာအို ဖြစ်နေလျှင်တောင် ဘာဖြစ်သလဲ။
သူသည် ကောင်းကင်ကို ဆန့်ကျင်မည့်သူ၊ ကံကြမ္မာကို ဖျက်ဆီးမည့်သူ ဖြစ်သည်။
အခန်း(1)
ထိုက်ရွှမ်ကုန်းမြေ၊ ဒုံဟွာပြည်နယ်၊ အကြီးဆုံးမိသားစု ဖြစ်တဲ့ စုမိသားစုတွင်။
“အဖေ၊ အမေ… ကျွန်တော် အင်မော်တယ်ဓားဂိုဏ်းရဲ့ သူေတာ်စင်မကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ချင်ပါတယ်။ ကူညီပေးပါ”
အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်က တောက်ပနေတဲ့မျက်လုံးတွေနဲ့ သက်လတ်ပိုင်းအရွယ် ဇနီးမောင်နှံရှေ့မှာ တောင်းဆိုနေသည်။
“ချူယန်ရန်က မင်းထက် အနည်းဆုံး သုံးဆယ်လောက်ကြီးတယ်။ မင်းတကယ်ပြောနေတာလား”
စုဟောက်နဲ့ သူ့ဇနီးက သူတို့ရဲ့ တစ်ဦးတည်းသောသား ဖြစ်တဲ့စုချန်ကို အံ့ဩစွာ ကြည့်နေကြသည်။
“သား သေချာပါတယ်”
စုချန်က တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။
ဒီစကားကြားတော့ စုဟောက် မျက်လုံးကျဉ်းသွားပြီး
“ပုန်ကန်တဲ့သား၊ မင်း တကယ်ပဲ အင်မော်တယ်ဓားဂိုဏ်းရဲ့ သူတော်စင်မကို လက်ထပ်ရင် နောင်အနာဂတ်မှာ ဘိုးဘေးတွေကို ဘယ်လို ရင်ဆိုင်မလဲ”
လို့ပြောလိုက်ပါသည်။
သူ့အမြင်မှာ စုချန်က အလုပ်မလုပ်ဘဲ နေ့တိုင်း ပျော်ပါးနေတဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပါပဲ။ အခုတော့ ကိုယ့်ထက် အသက်သုံးဆယ်ကြီးတဲ့ မိန်းမကိုတောင် ကိုယ်လုပ်တော်အဖြစ်ယူချင်နေပါတယ်
ငယ်ရွယ်တဲ့မိန်းမမယူဘဲ အသက်ကြီးတဲ့မိန်းမယူတာက စုမိသားစုအတွက် မျက်နှာပျက်စရာပါပဲ။
“အဖေ…”
စုချန် အံ့ဩသွားတယ်။
သူ့ ရဲ့“ဈေးပေါတဲ့အဖေ” က အမြဲတမ်း သူ့ကို လိုက်လျောပေးတတ်တာ မဟုတ်ဘူးလား ဒီနေ့ ဘာလို့ ဒေါသထွက်နေတာလဲ
စုဟောက်က အေးစက်စွာ ပြောလိုက်ပါသည်။
“ငါ့ကို အဖေလို့ မခေါ်နဲ့ မင်း တကယ်ပဲ သူ့ကို လက်ထပ်ရဲရင် မင်းရဲ့ တတိယခြေထောက်ကို ချိုးပစ်မယ်”
ဒီစကားကြားတော့ စုချန် မျက်နှာပြောင်းသွားပြီး သူ့အမေ ချင်ရှင်းရန်ကို အကူအညီတောင်းတဲ့မျက်လုံးနဲ့ ကြည့်လိုက်သည်။သူ့အဖေက မိန်းမကြောက် တစ်ယောက်ဆိုတာသူသိပါသည်။ အပြင်ကိစ္စကို ယောကျာ်းက စီမံပေမယ့် အိမ်တွင်းကိစ္စအားလုံးကို ချင်ရှင်းရန်က ထိန်းချုပ်ထားသည်။
တကယ်လည်း ချင်ရှင်းရန်က သားရဲ့ မျက်လုံးကိုမြင်တော့ စုဟောက်ကို လက်နဲ့ပုတ်ပြီး
“ေယာကျာ်း၊ ဘာလို့ ချန်အာကို အော်နေတာလဲ”
“သူလည်း ဒီအရွယ်ရောက်နေပြီ။ မိသားစုတည်ထောင်ဖို့ အချိန်ရောက်ပြီ”
“အသက်ကြီးတဲ့မိန်းမတွေက ပိုဂရုစိုက်တတ်တယ်ဆိုတာ မကြားဖူဘူးလား”
ဇနီးရဲ့စကားကို ကြားတော့ စုဟောက် မျက်လုံးလှန်လိုက်ပေမယ့် ဘာမှ မလုပ်နိုင်ဘူး။ အိမ်မှာ တကယ်အာဏာရှိတာက သူ့ဇနီးပဲ။
“ထားလိုက်တော့ ငါ ဂရုမစိုက်တော့ဘူး”လို့ပြောပြီး
စုဟောက် ထွက်သွားလိုက်ပါသည်။
“ချန်အာ၊ အမေ မင်းကိုမိန်းမေတာင်းေပးမယ်။ သတို့သားဖြစ်ဖို့ပဲ စောင့်နေလိုက်ပါ”
လို့ပြောပြီး
ချင်ရှင်ရန်က စုချန်ရဲ့ ခေါင်းကို နူးညံ့စွာ ပုတ်လိုက်သည်။
စုချန်ကတော့ စိတ်ထဲမှာ ဝမ်းသာနေသည်။
သူက ကြယ်ပြာဂြိုလ် ကနေ “ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်” ဆိုတဲ့ စိတ်ကူးယဉ်ဝတ္ထုထဲကို ဝိညာဉ်ကူးပြောင်းလာခဲ့တာပါ။
ဒါပေမယ့် ကံဆိုးစွာနဲ့ သူကူးေပြာင်းလာတဲ့လာတဲ့ခန္ဓာကိုယ်ပိုင်ရှင်က ဗီလိန်ကြီး ဖြစ်နေပါတယ်
သူက ဝတ္ထုထဲက အမျိုးသားဇာတ်လိုက် ယဲ့ဖန်ရဲ့ စွမ်းအားတိုးတက်ဖို့ အသုံးချခံရတဲ့ “လမ်းခင်းကျောက်တုံး” တစ်ခုသာ ဖြစ်ပါသည်။ အမြဲ အရှက်ခွဲခံရပြီး နောက်ဆုံးမှာတော့ ဒုံဟွာပြည်နယ်ရဲ့ မြို့တော်နံရံပေါ်မှာ ယဲ့ဖန်ရဲ့ လက်ချက်နဲ့ကားစင်တင်ပြီးသတ်ခံလိုက်ရပါယသည်။
“ ဇာတ်လိုက်ဆိုတော့ရောဘာဖြစ်လဲ၊
ငါ ဒီလောကကို ရောက်လာပြီဆိုတော့ ကံကြမ္မာကို ပြောင်းလဲပစ်မယ်”
စုချန် မျက်လုံးထဲမှာ ရူးသွပ်တဲ့အလင်းတန်းတစ်ခု တောက်ပလာပါသည်။ သူ့ကိုယ်သူ ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနေတဲ့ပုံကိုတောင် မြင်နေရသလိုပါပဲ။
ချူယန်ရန်က ယဲ့ဖန် ကျင့်ကြံခြင်းတိုးတက်တက်လာရာမှာ အလွန်အရေးကြီးတဲ့ မိန်းမတစ်ယောက်ပါ။
သူမက ယဲ့ဖန်ရဲ့ ဆရာမဖြစ်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို ဦးဆောလမ်းပြင်ပေးခဲ့ပါသည်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် ချစ်ကြိုက်ပြီး တာအိုလက်တွဲဖော်တွေ ဖြစ်သွားကြပါသည်။
သူမရဲ့ “ကောင်းကင်မွှေးရနံ့ခန္ဓာ” ကလည်း ယဲ့ဖန်ရဲ့ ကျင့်ကြံခြင်းကို မြန်မြန်တိုးတက်စေခဲ့ပါတယ်။
တစ်နှစ်အကြာမှာ အင်မော်တယ်ဓားဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်း အနားယူပြီး ခေါင်းဆောင်ရာထူးကို ချူယန်ရန်ထံ လွှဲပေးခဲ့ပါတယ်။ သူမဂိုဏ်းခေါင်းဆောင်ရာထူးရပြီတဲ့နောက်မှာ ဂိုဏ်းရဲ့ အရင်းအမြစ်အားလုံးကို အသုံးပြုပြီး ယဲ့ဖန်ကို အပြည့်အဝ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါကြောင့် ယဲ့ဖန်က အချိန်တိုအတွင်း အလွန်အားကောင်းလာပြီး ဒုံဟွာပြည်နယ် လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။
ဒါကြောင့်ပဲ စုချန်က သူ့မိဘတွေကို ချူယန်ရန်ကို အတင်းလက်ထပ်ခိုင်းဖို့ တောင်းဆိုခဲ့တာပါ။
မူရင်းဝတ္ထုထဲမှာ စာရေးဆရာက ချူယန်ရန်ကို “နတ်သမီးလို အလွန်လှပသူ” လို့ ဖော်ပြထားပါတယ်။ တကယ်တမ်း ဘယ်လောက်လှလဲဆိုတာ သူလည်း သိချင်နေပါသည်။
စုချန်က မသိလိုက်ဘဲ နှုတ်ခမ်းကို လျှာနဲ့ သက်လိုက်ပါသည်။
“ချန်အာဘာေတွစဉ်းစားနေတာလဲ”
ချင်ရှင်းရန်က သားရဲ့ စိတ်လွင့်နေတာကို မြင်ပြီး မေးလိုက်သည်
“ဘာမှမဟုတ်ပါဘူး”
စုချန် အမြန် သတိပြန်ဝင်လာပြီး ပြုံးပြီးေပြာလိုက်သည်။
“အမေ၊ အခု အရေးကြီးဆုံးက ဒီအိမ်ထောင်ရေးကို အမြန်စီစဉ်ဖို့ပဲ”
ချင်ရှင်ရန်က သူ့သား မိသားစုတည်ထောင်ချင်နေတယ်လို့ ထင်ပြီး နူးညံ့စွာပြုံးပြီးေပြာလိုက်ပါသည်။
“အမေ ကူညီပေးမယ်။”
သူမ ထွက်သွားပြီးနောက် စုချန်က အင်မော်တယ်ဓားဂိုဏ်းဘက်ကို ဆိုးယုတ်တဲ့အပြုံးနဲ့ ပြုံးပြီးကြည့်လိုက်ပါသည်။
သူတို့ စုမိသားစုက ဒုံဟွာပြည်နယ်ရဲ့ အကြီးဆုံး ဓားကျင့်ကြံခြင်းမိသားစုပါ။ အင်အားကြီးမားပြီး ကျွမ်းကျင်သူများစွာပါရှိသည်။ ဂိုဏ်းအသေးေလးတစ်ခုရဲ့ သူေတာ်စင်မကို ကိုယ်လုပ်တော်အဖြစ်ယူတာက သူတို့အတွက် လွယ်ကူလွန်းပါသည်။
ရုတ်တရက်
အင်မော်တယ်ဓားဂိုဏ်းရဲ့ကောင်းကင်ေပါ်မှာ ရွှေရောင်အလင်းတန်းကြီး ပေါ်လာပါတယ်
ထို့နောက် ချင်ရှင်းရန်ရဲ့အသံက လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“ကျွန်မသား စုချန်က အင်မော်တယ်ဓားဂိုဏ်းရဲ့ သူေတာ်စင်မကို ကိုယ်လုပ်တော်အဖြစ် လာလက်ထပ်မယ်။ ပြင်ဆင်ထားကြ”
ဒီစကားသံဆုံးသွားတာနဲ့ ဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်သွားပါသည်။
“စုမိသားစုက အမြဲ တမ်းအာဏာရှင်ဆန်နေတုန်းပဲ”
“အဲဒီ အမှိုက်စုချန်က ငါတို့ရဲ့ သူေတာ်စင်မနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ”
“မှန်တယ် ဖားပြုပ်ကငန်းသားစားချင်နေတာပဲ”
ဒါပေမယ့် တချို့က တိတ်တိတ်နေဖို့ သတိပေးကြသည်။
“တိုးတိုးပြောကြဟ… အဲဒါ ကထိုက်ရွှမ်ကုန်းမြေရဲ့ထိပ်တန်းအင်အားစုဖြစ်တဲ့ဒုံဟွာပြည်နယ်ရဲ့ စုမိသားစုပဲ။”
ဒီအချိန်မှာ ကောင်းကင်ပါ်က အသံကြီးတစ်ခု ထွက်ပေါ်လာပါသည်။
ရွှေရောင် လှိုင်းဂယက်ကြီးတစ်ခု ပေါ်လာပြီး ထိုထဲကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပါသည်။
အလင်းပျောက်သွားချိန်မှာတော့ လေထဲမှာ ပျံသန်းလှေ ၁၂ စင်း ပေါ်လာပါသည်။ ရှေ့ကဦးဆောလာင်တဲ့လှေကို အနက်ရောင်နဂါး ၉ ကောင် ကဆွဲလာကြပါသည်။
နဂါးတစ်ကောင်ချင်းစီက ပေရာချီရှည်ပြီး သူတော်စင်ဘုရင် အဆင့် စွမ်းအားရှိပါသည်။
လှေရှေ့မှာတော့ အနက်ရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက် လက်နောက်ပစ်ထားပြီး ရပ်နေပါတယ်။သူကတော်စုချန်ပါ။
“သခင်လေး၊ အင်မော်တယ်ဓားဂိုဏ်းကို ရောက်ပါပြီ”
ဘေးက အဘိုးအိုက တိုးတိုးပြောလိုက်ပါသည်။
“တတိယဦးလေး၊ ဆင်းရအောင်”
စုချန်က အေးဆေးစွာ ပြောလိုက်ပါသည်။
ဂိုဏ်းသားတွေက သူ့ကို မကျေမနပ်ကြည့်နေကြပေမယ့် စုချန်ကတော့ မကြောက်ဘဲ အေးစက်စွာ ပြုံးလိုက်သည်။
သူ့အမြင်မှာ ဒီဂိုဏ်းသားတွေက အမှိုက်ေတွပါပဲ။
အင်မော်တယ်ဓားဂိုဏ်း ရဲ့အစည်းအဝေးခန်းမထဲမှာ
“ဆရာမ ကျွန်မ စုမိသားစုရဲ့ သခင်ေလးကို ကိုယ်လုပ်တော်အဖြစ် မလက်ထပ်ချင်ဘူး”
ဒီအသံပိုင်ရှင်ကတော့ ချူယန်ရန်ပါ
သူမရဲ့ လှပတဲ့မျက်နှာမှာ ဒေါသအပြည့်ရှိပြီး မျက်လုံးတွေအေးစက်နေပါသည်။
သူမက စုချန်ကို အေးစက်တဲ့အကြည့်နဲ့ စိုက်ကြည့်နေပြီး အပိုင်းပိုင်းဖြတ်ပစ်ချင်သလိုပါပဲ။
ချူယန်ရန်က တာအိုနန်းတော်အဆင့်ကျင့်ကြံသူဖြစ်ပြီး အဆင်ကိုးသိုင်းဝိညာဉ်ကိုပိုင်ဆိုင်ထားပါသည်။ ဒါကြောင့် သာမန်လူဖြစ်တဲ့ စုချန်ကို အထင်မကြီးပါဘူး။
သူမအမြင်မှာ စုချန်က အမှိုက်တစ်ယောက်သာသာပါပဲ။
ဒါပေမယ့် စုချန်ကတော့ နှုတ်ခမ်းထောင့်ကွေးပြီး ဆိုးယုတ်တဲ့အပြုံးနဲ့ပြုံးပြလိုက်ပါသည်။
ချူယန်ရန်က တကယ်ပဲ ဝတ္ထုထဲမှာ ဖော်ပြထားသလို အလွန်လှပပါသည်။
သူမကို “မဖြစ်မနေ ရယူရမယ့် မိန်းမ” အဖြစ် သူ ဆုံးဖြတ်လိုက်ပါပြီ။
“ စုမိသားစုအတွက် မျိုးစေ့ချရမယ့်အချိန်ပဲ…”
ဗီလိန် - အစမှာပဲ ဇာတ်လိုက်ရဲ့ ဆရာမကို အတင်းလက်ထပ်ပြီး ငါဟာ ပြိုင်ဘက်ကင်း ဖြစ်လာတယ်
Chapter 1: အခန်း(1)
Prev chapter
Chapters
Next chapter