အခန်း (၄၅) - အမှန်တကယ်တော့ ဘယ်သူ့ကို စမ်းသပ်နေတာလဲ
ရွှီရိုတစ်ယောက် အလွန်အမင်း ထိတ်လန့်ပျာယာခတ်သွားပြီး သမီးဖြစ်သူ ရွှီပင်းနင်းက သူမအား မူဟန်၏ အိပ်ခန်းထဲတွင် တွေ့ရှိသွားမည်ကို အလွန်စိုးရိမ်ပူပန်မိတော့သည်။
အကယ်၍ ရွှီပင်းနင်းသာ သူမ၏မိခင်ဖြစ်သူ ဤကဲ့သို့ ရဲတင်းဆွဲဆောင်မှုရှိသော ညဝတ်ဂါဝန်တိုကို ဝတ်ဆင်ထားသည်ကို မြင်တွေ့သွားပါက မည်သို့မျှ ဆင်ခြေပေး၍ရနိုင်မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သမီးဖြစ်သူအား "အမေက သမီးရဲ့ရည်းစားကို လူကြီးလူကောင်း ဟုတ်မဟုတ် စမ်းသပ်ပေးနေတာပါ" ဟု သွားရောက်ပြောဆို၍ မရနိုင်ပါလား။
ရွှီရိုသည် လက်ရှိအချိန်တွင် အပြင်သို့ လုံးဝမထွက်ရဲတော့ဘဲ မူဟန်၏ အိပ်ခန်းထဲ၌သာ ပုန်းအောင်းနေရတော့သည်။
အခြားတစ်ဖက်တွင်မူ။
ရွှီပင်းနင်းသည် အသက်ရှူသံများ အနည်းငယ် မြန်ဆန်လျက် အိမ်ထဲသို့ ပြေးဝင်လာပြီး၊ သူမ၏ဖုန်းကို ယူဆောင်ရန်အတွက် သူမ၏အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။ သူမသည် ဆေးဝါးဝယ်ယူရန် ထွက်ခွာခဲ့သော်လည်း လမ်းခုလတ်သို့ ရောက်ရှိသည့်အခါမှ ငွေပေးချေရန် ဖုန်းပါမလာကြောင်း သတိရသဖြင့် လှည့်ပြန်လာခဲ့ခြင်း ဖြစ်သည်။
ဖုန်းကို ယူဆောင်ပြီးနောက် ရွှီပင်းနင်းသည် ထပ်မံထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း၊ အိမ်တံခါးဝသို့ ရောက်ရှိသည့်အခါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မူဟန်၏အိပ်ခန်းဘက်သို့ လှမ်းလျှောက်လာခဲ့သည်။
ခြေသံများ နီးကပ်လာသည်နှင့်အမျှ ရွှီရိုသည် ပိုမို၍ ပျာယာခတ်လာခဲ့သည်။ သူမသည် မူဟန့်ကို စကားမပြောရန် ခေါင်းခါပြလျက် အချက်ပြလိုက်ပြီးနောက် အိပ်ခန်းအတွင်းရှိ ရေချိုးခန်းထဲသို့ အလျင်အမြန် ဝင်ရောက်ပုန်းကွယ်လိုက်တော့သည်။
အိပ်ခန်းတံခါးမှာ ပိတ်မထားပေ။ ရွှီပင်းနင်း တံခါးဝသို့ ရောက်ရှိလာသည့်အခါ အပေါ်အင်္ကျီဗလာကျင်းထားသော မူဟန့်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။
သူမ၏ ဖြူစင်သောမျက်နှာလေးမှာ ချက်ချင်း နီမြန်းသွားခဲ့ရပြီး ရှက်ရွံ့စွာဖြင့် မျက်လုံးလွှဲလိုက်ရင်း - "ကျွန်မ ဆေးဆိုင်သွားမလို့ပါ…ရှင်ကော အမူးပြေဆေးတစ်ဗူးလောက် ဝယ်ခဲ့ပေးရမလားဟင်" ဟု မေးမြန်းလိုက်သည်။
"မလိုပါဘူး… ငါ အဆင်ပြေပါတယ်" မူဟန်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားပြီးနောက်… "မင်းက ဘာဆေးသွားဝယ်မလို့လဲ…ငါပဲ မင်းအတွက် သွားဝယ်ပေးရမလား" ဟု ထပ်မံမေးမြန်းခဲ့သည်။
"ရှင်က ဒီပတ်ဝန်းကျင်ကို သိပ်မသိသေးဘူးမလား… ကျွန်မဘာသာပဲ သွားလိုက်ပါ့မယ်… အနီးလေးတင်ပါ" ရွှီပင်းနင်း စကားပြောပြီးနောက် မူဟန့်ကို တစ်ချက်ခိုးကြည့်ကာ လှည့်ထွက်သွားခဲ့သည်။
မူဟန်သည် အဝတ်အစား ဝတ်ဆင်ထားပါက သွယ်လျသည်ဟု ထင်ရသော်လည်း၊ အဝတ်အစား မရှိသည့်အခါတွင်မူ အလွန်ပင် ကျန်းမာတောင့်တင်းပြီး အချိုးအစားကျလှသော ကြွက်သားထုများကို ပိုင်ဆိုင်ထားရာ သူ၏ခန္ဓာကိုယ်အလှမှာ အံ့ဩဖွယ်ကောင်းလှပေသည်။ ရွှီပင်းနင်း တွေးတောရင်းဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။
မကြာမီ အပြင်ဘက်အိမ်တံခါးကြီး ပြန်လည်ပိတ်လိုက်သည့် အသံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားရပြီးနောက်တွင်မှ ရွှီရိုသည် ရေချိုးခန်းအတွင်း၌ ဆယ်စက္ကန့်ခန့် ထပ်မံစောင့်ဆိုင်းလိုက်ပြီး၊ သူမ၏ ရင်ဘတ်ကို အသာအယာ ပွတ်သပ်လျက် စိတ်သက်သာရာရစွာဖြင့် အပြင်သို့ လှမ်းထွက်လာခဲ့သည်။
ထို့နောက်တွင်မူ သူမသည် မူဟန်၏ သံသယအပြည့်ဖြင့် မေးခွန်းထုတ်လိုသော မျက်ဝန်းများနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်ရတော့သည်။
"အန်တီ... အန်တီက ဘာရည်ရွယ်ချက်မှ မရှိပါဘူးကွယ်… သမီး ပင်းနင်းသာ မြင်သွားရင် လိုအပ်တာထက် ပိုတွေးမိမှာ စိုးရိမ်လို့ပါ" ရွှီရိုတစ်ယောက် စကားများ ထစ်အငေါ့လျက် သူမ၏ ထူးဆန်းသောအပြုအမူအတွက် အသည်းအသန် ရှင်းပြနေခဲ့ရသည်။
မူဟန်က "ဪ..." ဟုသာ ရိုးရှင်းစွာ တုံ့ပြန်လိုက်ပြီး သူမပြောသည်ကို နားလည်ကြောင်း ပြသလိုက်သည်။
"အန်တီ တကယ်ပဲ ဘာရည်ရွယ်ချက်မှ မရှိတာပါနော်" ရွှီရိုသည် မူဟန် မိမိကို အပြည့်အဝမယုံကြည်ဟု ခံစားမိသဖြင့် ထပ်မံ၍ အလေးအနက် ပြောဆိုပြန်သည်။
"ကျွန်တော် နားလည်ပါတယ် အန်တီရွှီ… အန်တီက ကျွန်တော့်ကို ဒီမှာ အဆင်ပြေပြေ နေစေချင်လို့ လာမေးတာပဲဥစ္စာ… ကျွန်တော်က ဘာလို့ ပိုတွေးရမှာလဲဗျာ" မူဟန်က ပြုံး၍ ဆိုလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... အဲဒီလိုပါပဲကွယ်" ရွှီရိုတစ်ယောက် စိတ်အနည်းငယ် လျော့ကျသွားခဲ့ရပြီး သူမ၏မျက်နှာပေါ်သို့ ဝဲကျနေသော ဆံပင်စအချို့ကို သပ်တင်လိုက်ရင်း - "ဒါဆို အန်တီ မောင်ရင့်ကို မနှောင့်ယှက်တော့ဘူးနော်…အဝတ်အစားတွေ သွားသိမ်းလိုက်ဦးမယ်" ဟု ဆိုသည်။
"ကောင်းပါပြီ အန်တီရွှီ" မူဟန်က ရိုးသားစွာ ခေါင်းညိတ်ပြလိုက်သည်။
ရွှီရိုသည် သူမ၏ လှပသောတင်ပါးအစုံကို လှုပ်ခါလျက် အခန်းထဲမှ ထွက်ခွာကာ မိမိ၏အိပ်ခန်းသို့ ပြန်လာခဲ့သည်။
သူမသည် တိုတောင်းလှသော ကြိုးတစ်ကိုယ်စာ ညဝတ်ဂါဝန်ကို အလျင်အမြန်လဲလှယ်ကာ ယခင်က ဝတ်ဆင်လေ့ရှိသည့် လုံခြုံရိုးသားသော ညဝတ်အင်္ကျီကို ပြန်လည်ဝတ်ဆင်လိုက်သည်။
စောစောက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြန်လည်တွေးတောမိသည့်အခါ သူမ၏စိတ်ထဲတွင် အပြစ်မကင်းသည့် ခံစားချက်ဖျော့ဖျော့လေး ဖြစ်ပေါ်လာရသလို၊ တစ်ဖက်တွင်လည်း ထူးဆန်းသော ရင်ခုန်စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။
သူမ၏ မူလရည်ရွယ်ချက်မှာ မူဟန့်ကို စမ်းသပ်ရန် ဖြစ်သော်လည်း… လက်ရှိတွင်မူ သူမကိုယ်တိုင်လည်း တစ်ပြိုင်တည်း စမ်းသပ်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်ပေသည်။
【ဂုဏ်ယူပါတယ် ပိုင်ရှင်... မစ်ရှင်ကို အောင်မြင်စွာ ပြီးဆုံးသွားသဖြင့် ဆွဲဆောင်မှုအမှတ် ၃ မှတ်ကို ရရှိသွားပါပြီ။ လက်ရှိ စုစုပေါင်း ဆွဲဆောင်မှုအမှတ်မှာ ၁၀၀ ဖြစ်ပါသည် (၎င်းမှာ သာမန်လူသားတစ်ဦး၏ အမြင့်ဆုံးအတိုင်းအတာဖြစ်ပြီး ထပ်မံကျော်လွန်နိုင်ပါသည်)】
ရွှီရိုသည် ဆုလာဘ်ရရှိကြောင်း အကြောင်းကြားစာကို မြင်တွေ့ရသည့်အခါမှ သက်ပြင်းချနိုင်တော့ပြီး အရာအားလုံး ပြီးပြည့်စုံသွားပြီဟု တွေးတောလိုက်သည်။ သို့သော်လည်း မက်ဆေ့ခ်ျ၏ အောက်ခြေရှိ မှတ်ချက်ကို မြင်လိုက်ရသည့်အခါ သူမ ထပ်မံ၍ အံ့အားသင့်သွားခဲ့ရသည်။
ဆွဲဆောင်မှုအမှတ် ၁၀၀ ဟူသည်မှာ အဆုံးသတ်မဟုတ်ဘဲ ထပ်မံတိုးပွားနိုင်သေးကြောင်း သိရှိလိုက်ရခြင်း ဖြစ်သည်။
ရွှီရိုသည် စိတ်ထဲက အတားအဆီးအားလုံးကို ဖယ်ရှားလိုက်ပြီး အခန်းတွင်းရှိ မှန်အရှေ့တွင် မိမိကိုယ်ကိုယ် သေသေချာချာ ပြန်လည်စစ်ဆေးကြည့်ရှုလိုက်သည်။ မည်သည့်ထောင့်ကပဲ ကြည့်ကြည့် သူမ၏ အလှတရားမှာ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလွန်းလှသည်။
အကယ်၍ ဆွဲဆောင်မှုအမှတ်များ ဆက်လက်တိုးပွားလာမည်ဆိုပါက မည်သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည်နည်း။ ရွှီရိုတစ်ယောက် အလွန်ပင် စပ်စုလိုစိတ်များ ဖြစ်ပေါ်လာခဲ့ပြီး ပိုမိုလှပလာမည့် လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းရန် မျှော်လင့်တောင့်တမိတော့သည်။
အခြားတစ်ဖက်တွင်မူ။
【ပစ်မှတ် ရွှီရိုသည် မစ်ရှင်ကို ပြီးမြောက်သွားသဖြင့် ဆွဲဆောင်မှုအမှတ် ၃ မှတ် တိုးပွားသွားပါပြီ။ ဂုဏ်ယူပါတယ် ပိုင်ရှင်... မစ်ရှင်အောင်မြင်မှုကြောင့် (၆) ဆပွား ဆုလာဘ် ထွက်ပေါ်လာသဖြင့် ပိုင်ရှင်၏ ဆွဲဆောင်မှုအမှတ် ၁၈ မှတ် တိုးပွားသွားပါပြီ။】
မူဟန်သည် ဆုလာဘ်အကြောင်းကြားစာကို ရရှိလိုက်သည်။ သူ၏ ရုပ်ရည်သွင်ပြင်မှာ သိသာစွာ ပြောင်းလဲသွားခြင်းမရှိသော်လည်း၊ သူ၏ ကိုယ်ပိုင်အရှိန်အဝါ အငွေ့အသက် မှာမူ သိသိသာသာ မြင့်မားလာခဲ့ပြီး သူ၏မျက်ဝန်းများမှာလည်း ပိုမို၍ ညှို့ဓာတ်ပြင်းထန် ဆွဲဆောင်မှုရှိလာခဲ့သည်။
ရွှီပင်းနင်းသည် အစာအိမ်ဆေးဝါးများကို ဝယ်ယူပြီးနောက် အိမ်သို့ ပြန်လည်ရောက်ရှိလာကာ မိခင်ဖြစ်သူ ရွှီရိုထံသို့ ပေးအပ်ခဲ့သည် ရွှီရိုကမူ သူမ၏ ဗိုက်အောင့်ဝေဒနာမှာ သက်သာသွားပြီဖြစ်ကြောင်း ပြောဆိုကာ ကိစ္စကို ကျော်ဖြတ်လိုက်သည်။
ရွှီပင်းနင်းသည် မိခင်ဖြစ်သူက သူမအား လိမ်ညာလိမ့်မည်ဟု စိုးစဉ်းမျှ မထင်မှတ်ထားသဖြင့် မည်သည့်မေးခွန်းမျှ ထပ်မံမမေးတော့ဘဲ…မိခင်ဖြစ်သူအား စောစောအနားယူရန် ပြောကြားကာ သူမ၏အခန်းသို့ ပြန်လာခဲ့တော့သည်။
ရွှီရို၏ ဆွဲဆောင်မှုအမှတ်မှာ ၉၇ မှ ၁၀၀ သို့ တိုးပွားသွားခြင်းဖြစ်ရာ…၎င်းမှာ အလွန်ပင် သိမ်မွေ့နက်နဲသော ပြောင်းလဲမှုဖြစ်သဖြင့် ရွှီပင်းနင်းအနေဖြင့် အပြင်ပန်းအားဖြင့် သတိပြုမိရန် မလွယ်ကူပေ။ ဘာပဲဖြစ်ဖြစ် ရွှီရို၏ မူလအမှတ် ၉၇ ဟူသည်မှာပင် အလွန်ပြီးပြည့်စုံသော အလှတရား ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။ ယခု တိုးပွားသွားသော ၃ မှတ်မှာမူ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအချို့ကို ပိုမိုအချိုးအစားကျအောင် ညှိနှိုင်းပေးလိုက်ခြင်းဖြစ်ရာ ရွှီရိုကိုယ်တိုင်သာ သိရှိနိုင်သော ပြောင်းလဲမှုမျိုး ဖြစ်သည်။
သန်းခေါင်ယံအချိန်။
အိပ်စက်ရမည့် အချိန်ကာလသို့ ရောက်ရှိလာခဲ့သော်လည်း ရွှီရိုသည် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေခဲ့ပြီး မည်သို့မျှ အိပ်ပျော်နိုင်ခြင်း မရှိပေ။ ကျယ်ပြန့်သော ပခုံးနှင့် သွယ်လျသောခါးကို ပိုင်ဆိုင်ထားသည့် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦး၏ ပုံရိပ်မှာ သူမ၏ ဦးနှောက်ထဲတွင် ထပ်ခါတလဲလဲ ထွက်ပေါ်နေခဲ့သည်။
ညဘက်လေထုမှာ အနည်းငယ် အေးစိမ့်နေသော်လည်း ရွှီရို၏ ခန္ဓာကိုယ်မှာမူ အကြောင်းပြချက်မရှိ ပူလောင်နေခဲ့ရသည်။
မှောင်မိုက်နေသော အခန်းအတွင်း သူမသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိပြီး… ကုတင်ဘေးရှိ မီးခလုတ်ကို လှမ်း၍ နှိပ်လိုက်သည်။ အခန်းတစ်ခုလုံး ချက်ချင်းပင် လင်းထိန်သွားခဲ့ရသည်။
သူမသည် အလင်းရောင်ကို မျက်စိကျင့်သားရအောင် ခေတ္တမျှ မှိတ်လိုက်ပြီးနောက်၊ အပြင်ဘက်သို့ ထွက်ခွာကာ ရေအေးတစ်ခွက် ငှဲ့ယူ၍ သောက်သုံးလိုက်သည်။ ရေအေးအချို့ကို အဝသောက်လိုက်ပြီးသည့်နောက်တွင်မှ ရွှီရို အနည်းငယ် စိတ်အေးချမ်းသွားခဲ့ရပြီး အခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း မူဟန်၏ အိပ်ခန်းအနားမှ ဖြတ်သန်းသွားစဉ် အခန်းတံခါးမှာ ဟစိဟစိဖြင့် တစ်ဝက်ခန့် ပွင့်နေသည်ကို သတိပြုမိလိုက်သည်။ ရွှီရိုသည် သံသယစိတ်ဖြင့် အခန်းတွင်းသို့ လှည့်ပတ်ကြည့်ရှုရာ မည်သူ့ကိုမျှ မတွေ့ရှိရပေ။
"သူ ဘယ်များ သွားပါလိမ့်..."
ရွှီရိုသည် မသိစိတ်အရ သမီးဖြစ်သူ ရွှီပင်းနင်း၏ အိပ်ခန်းဘက်သို့ လှည့်ကြည့်လိုက်မိပြီး - "သူ သမီး ပင်းနင်းဆီ သွားရှာတာလားမသိဘူး" ဟု တွေးတောမိလိုက်သည်။
ဤအတွေးဝင်လာသည်နှင့် ရွှီရိုသည် ဧည့်ခန်းမီးကို ပိတ်လိုက်ပြီး ရွှီပင်းနင်း၏ အိပ်ခန်းတံခါးဝသို့ တိုးတိုးတိတ်တိတ် လျှောက်လှမ်းသွားခဲ့သည်။ တံခါးကြားမှ မည်သည့်အလင်းရောင်မျှ ထွက်ပေါ်ခြင်းမရှိဘဲ အခန်းတွင်း မီးပိတ်ထားကြောင်း သိသာလှသည်။
အကယ်၍ မူဟန်သာ သမီးဖြစ်သူ၏ အခန်းထဲသို့ တကယ်ပင် သွားရောက်ခဲ့မည်ဆိုပါက ၎င်းတို့နှစ်ဦးမှာ...
ရွှီရို တွေးတောမိရုံမျှဖြင့်ပင် မျက်နှာတစ်ခုလုံး ပူထူသွားခဲ့ရသည်။ သူမသည် ခေါင်းခါယမ်းလျက် မိမိ၏အိပ်ခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သော်လည်း စိတ်ထဲက စပ်စုလိုစိတ်ကိုမူ မည်သို့မျှ တားဆီး၍ မရနိုင်တော့ပေ။ သူမ၏ အိပ်ခန်းမှာ ရွှီပင်းနင်း၏ အိပ်ခန်းနှင့် ကပ်လျက်ရှိနေသည်။
သူမ၏ စိတ်ထဲတွင် ခေတ္တမျှ လွန်ဆွဲနေခဲ့ပြီးနောက်၊ ရွှီရိုသည် နံရံတွင် နားကိုကပ်လျက် ဘေးအခန်းမှ ထွက်ပေါ်လာမည့် အသံများကို သေသေချာချာ အာရုံစိုက်၍ နားစွင့်လိုက်တော့သည်။
"ဒါက မရေတွက်ဘူးလေ ငါတို့က တစ်ဝက်ပဲ မြင်ရသေးတာဥစ္စာ" ရွှီရိုသည် မူဟန်၏ လေသံကို ချက်ချင်း မှတ်မိလိုက်သည်။
"ဘာလို့ မရေတွက်ရမှာလဲ…ရှင်က လူလည်ကျနေတာပဲ" ထို့နောက် အခြားသော အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ ၎င်းမှာ သမီးဖြစ်သူ ရွှီပင်းနင်း၏ အသံ ဖြစ်သည်။
"မဟုတ်ပါဘူး…လမ်းပေါ်က မိန်းကလေးတွေ အဝတ်အစား ခပ်ပါးပါး ဝတ်ထားရင်တောင် တစ်ဝက်လောက်က မြင်နေရတာပဲ မဟုတ်လား"
"ရှင်က အဲဒီလို သွားနှိုင်းယှဉ်လို့ ဘယ်ရမလဲ။ ကျွန်မက အဲဒီလို ရင်ခွဲအင်္ကျီမျိုးကို တစ်ခါမှ မဝတ်ဖူးဘူး"
"ငါက စပ်စုချင်ရုံတင်ပါကွာ…ငါ တစ်ခါမှ အပြည့်အစုံ မမြင်ဖူးသေးလို့ ဘယ်လိုပုံစံမျိုး ရှိမလဲဆိုတာ ကြည့်ချင်ရုံတင်ပါ" မူဟန်၏ လေသံမှာ အလွန်ပင် ရိုးသားအိန္ဒြေရှိလှသည်ဟု ထင်မှတ်ရပေသည်။
"ရှင်က ယခင်က ရည်းစားမထားဖူးဘူးလား" ရွှီပင်းနင်းက သံသယဖြင့် မေးမြန်းလိုက်သည်။
"ထားဖူးတာပေါ့…ဒါပေမဲ့ အဲဒီတုန်းက ဖြူစင်တဲ့ အချစ်ရေးမျိုးပဲလေ"
"ဒါဆို... ဒါဆို ရှင်က ကျွန်မနဲ့ကျမှ ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ"
"ငါ... ငါလည်း မသိဘူး…ယခင်အချစ်ရေးတွေတုန်းက ဒီလိုမျိုး တစ်ခါမှ မခံစားဖူးဘူး…ဒါက မင်းက အရမ်း လှလွန်းလို့ ဖြစ်လိမ့်မယ် ထင်တယ်"
"တကယ်လား... ဒါဆို ရှင်ကြုံတွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ ကျွန်မက ဘယ်လောက်အဆင့်လောက် လှလဲဟင်"
"မေးနေဖို့ လိုသေးလို့လား…သေချာပေါက် နံပါတ်တစ်ပေါ့…မင်းက ငါအကြိုက်ဆုံး စတိုင်မျိုးပဲ… ငါတို့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တုန်းက အခြေအနေကို မှတ်မိသေးလား…ငါ မင်းရဲ့ အလှတရားမှာ လုံးဝ မိန်းမောသွားခဲ့ရတာ"
"ဟိဟိ... အဲဒီလိုပဲ ထင်တာပဲ"
၎င်းတို့နှစ်ဦး၏ စကားပြောသံများမှာ ဤနေရာတွင်တင် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ခေတ္တမျှ ကြာမြင့်ပြီးနောက် ရွှီရိုသည် အလွန်ပင် တိုးညင်းလှပပြီး ရှက်ရွံ့နေသည့် သမီးဖြစ်သူ၏ စကားသံလေးကို ကြားလိုက်ရတော့သည် - "ရှင်... ရှင် အရင်ဆုံး မျက်စိမှိတ်ထားဦးနော်…”