အခန်း (၄) - ဆွဲဆောင်မှုအမှတ် မြင့်တက်လာခြင်း
သမီးဖြစ်သူ သဘောတူလိုက်သည်ကို မြင်ရသဖြင့် ရွှီရို တစ်ယောက် အလွန်ပင် ဝမ်းသာသွားမိသည်။ ထမင်းပင် ကုန်အောင်မစားတော့ဘဲ တူများကို ချလိုက်ပြီး ဖုန်းကို ထုတ်ကာ မူဟန် ၏ ဝီချက် အဆက်အသွယ်ကို ရွှီပင်းနင်းထံသို့ မျှဝေပေးလိုက်လေသည်။
ရွှီပင်းနင်း သည် ထိုအဆက်အသွယ်ကတ်ကို မြင်လိုက်ရသောအခါ ခေတ္တမျှ ကြောင်အမ်းသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ဤလူ၏ ဝီချက် မှာ မိတ်ဆွေစာရင်းထဲ၌ ရှိနှင့်ပြီးသား ဖြစ်နေသောကြောင့်ပင်။
"ဒါ မူဟန် မဟုတ်ဘူးလား..."
"သမီးက သူ့ကို သိတာလား… ဒါဆို ပိုတောင်ကောင်းသေးတာပေါ့" ရွှီရိုက ဤအရာကို ရေစက်ဟု တွေးလိုက်သော်လည်း သမီးဖြစ်သူ၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်ကို မြင်လိုက်ရသဖြင့် တစ်ခုခု မှားယွင်းနေပြီဟု ချက်ချင်း အာရုံခံမိကာ မေးလိုက်သည်။
"ဒီ မူဟန်နဲ့ ပတ်သက်လို့... ပြဿနာတစ်ခုခု ရှိလို့လား သမီး”
ရွှီပင်းနင်းက "သမီး အဲဒီလူအပေါ်မှာ အမြင် သိပ်မကြည်ဘူး" ဟု ပြောလိုက်သည်။
"ဘာဖြစ်လို့ သူ့အပေါ် အမြင်မကြည်ရတာလဲ။ ဘာဖြစ်ခဲ့လို့လဲ သမီးရဲ့" ရွှီရိုက အဖြေရရန် အတင်းမေးမြန်းတော့သည်။
စနစ် ၏ အချက်အလက်များအရ မူဟန်သည် ကိုယ်ကျင့်တရား အလွန်ကောင်းမွန်သူဟု ဖော်ပြထားရာ သေချာပေါက် မှားယွင်းနိုင်စရာ မရှိချေ… အထင်လွဲမှုတစ်ခုခု ရှိနေရပေမည်။
ရွှီပင်းနင်းက ဆက်လက်ရှင်းပြသည် - "လွန်ခဲ့တဲ့ ရက်ပိုင်းက ကုမ္ပဏီချင်း စီးပွားရေးအရ ဆက်သွယ်မှုတွေကြောင့် သမီး သူ့ကို အကြိမ်အနည်းငယ် တွေ့ခဲ့ဖူးတယ်…အဲဒီလူက သမီးကိုပဲ စိုက်စိုက်ကြည့်နေတတ်လို့ သမီး နည်းနည်း နေရခက်ရတယ် …အဲဒီနောက်ပိုင်း သူက သမီးကို ထမင်းအတူတူစားဖို့ အကြိမ်အနည်းငယ် ဖိတ်ခဲ့သေးတယ်၊ ဒါပေမယ့် သမီး ငြင်းခဲ့တယ်"
"ပြီးတော့ သမီး သူ့ကုမ္ပဏီနဲ့ စီးပွားရေးကိစ္စတွေ ဆွေးနွေးတဲ့အခါ အဲဒီက ဒုတိယမန်နေဂျာတစ်ယောက်က သူ့ရဲ့ စကားအသုံးအနှုန်းတွေထဲမှာ သမီးကို အရိပ်အမြွက် ပြောပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်… ယေဘုယျ သဘောကတော့ သခင်လေးမူက သမီးကို စိတ်ဝင်စားတာဟာ သမီးအတွက် ကံကောင်းခြင်းတစ်ခုပဲ ဖြစ်လို့ ကျေးဇူးကန်းတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ သဘောမျိုးပေါ့"
ဤစကားကို ကြားပြီးနောက် ရွှီရိုသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးမှ - "သူက သမီးကို ကြည့်ရုံပဲ ကြည့်တာမလား… မသင့်တော်တဲ့ အပြုအမူမျိုးတော့ လာမလုပ်ဘူးမလား" ဟု မေးလိုက်သည်။
"မလုပ်ပါဘူး" ရွှီပင်းနင်း ခေါင်းခါပြလိုက်သည်။
"ဒါဆို ဘာဖြစ်လဲကွယ်… သမီးက ဒီလောက်လှတာပဲ… လူတစ်ယောက်က ပိုပြီး လှည့်ကြည့်မိတာဟာ ပုံမှန်ပဲ မဟုတ်ဘူးလား… သမီးကို ကြည့်တာက ဥပဒေချိုးဖောက်တာမှ မဟုတ်တာ" ရွှီရိုက ခိုင်လုံသော အကျိုးအကြောင်းများဖြင့် ပြောလိုက်သည်။
ဤစကားကို ကြားရသောအခါ ရွှီပင်းနင်းမှာ လုံးဝ ပြန်လည်မချေပနိုင်တော့ချေ။
ရွှီရိုက ဆက်ပြောသည် - "ထမင်းဖိတ်ကျွေးတဲ့ ကိစ္စကလည်း သူက သမီးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောချင်လို့ ဖြစ်မှာပါ…သမီး ပြန်စဉ်းစားကြည့်ပါဦး…အဲဒီအချိန်တုန်းက သူ တခြားမသင့်တော်တဲ့ စကားတွေ ပြောခဲ့သေးလား"
"သူက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးဖို့လို့ပဲ ပြောခဲ့တာပါ တခြားဘာမှ မပြောပါဘူး" ဟု ရွှီပင်းနင်းက ပြန်ဖြေသည်။
"အဲဒါပေါ့… ဒါကြောင့်လည်း နောက်ပိုင်းမှာ သမီးနဲ့ စီးပွားရေးဆွေးနွေးတဲ့သူက သူ့ကုမ္ပဏီက တခြားလူတစ်ယောက် ဖြစ်သွားတာပေါ့”
ရွှီရို ခေတ္တမျှ စဉ်းစားကာ ခွဲခြမ်းစိတ်ဖြာပြသည် "အဲဒီ ဒုတိယမန်နေဂျာက သမီးကို အရိပ်အမြွက် ပြောပြီး ခြိမ်းခြောက်တာကတော့ အဲဒီ ဒုတိယမန်နေဂျာ ကိုယ်တိုင်ရဲ့ သဘောထားပဲ ဖြစ်လိမ့်မယ်…. ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပဲ…သခင်လေးကို ဖားပြီး သူ့ရဲ့ ရာထူးတိုးဖို့ လမ်းချောအောင် လုပ်တာလေ"
"မေမေ... သမီး ဘာလို့ မေမေက ဒီမူဟန်အကြောင်းကို အကုန်သိနေသလို ခံစားရတာလဲ" ရွှီပင်းနင်း အံ့သြသွားမိသည်။
ရွှီရို၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံ တစ်ချက် တုန်ရင်သွားသည်။ စနစ်နှင့် ပတ်သက်သည့် ကိစ္စကို ဘယ်လိုနည်းနှင့်မျှ ထုတ်ဖော်၍ မရချေ။ အဘယ်ကြောင့်ဆိုသော် စနစ်က သူမထံတွင် စနစ်ရှိကြောင်းကို မည်သည့်နည်းဖြင့်မဆို ထုတ်ဖော်ပြောဆိုပါက အနည်းဆုံးအားဖြင့် စနစ်နှင့် ချိတ်ဆက်မှု ပြုတ်သွားမည်ဖြစ်ပြီး၊ အဆိုးရွားဆုံးအနေဖြင့် သူမ၏ သိစိတ်အား စနစ်က ဖျက်ဆီးပစ်မည်ဟု အတိအလင်း သတိပေးထားသောကြောင့်ပင်။
ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် ရွှီရိုသည် ကောင်းသော မုသားစကားတစ်ခွန်း ပြောရန် ဆုံးဖြတ်လိုက်ပြီး …
"ဒီလိုရှိတယ် သမီးရဲ့... ဒီနေ့ ဆိုင်ကို လူတစ်ယောက် မူးပြီး ပစ္စည်းလာဝယ်တယ်။ သူက အမူးလွန်ပြီး အမေ့ကို ရိုင်းရိုင်းစိုင်းစိုင်း စကားတွေပြောပြီး နှာဗူးထတာပေါ့။ အမေလည်း သဘာဝအတိုင်း မျက်နှာကောင်း မပြနိုင်ဘူးလေ… အဲဒါကို သူက ဒေါသတကြီးနဲ့ ဆိုင်ထဲက ခက်ရင်းတစ်ခုကို ကောက်ကိုင်ပြီး အမေ့ကို ရန်မူဖို့ လုပ်တာ။ အဲဒီအချိန်မှာ ဘေးနားက မူဟန်က အချိန်မီ အဲဒီလူမိုက်ကို တားဆီးပေးခဲ့တာ…အမေ တွေးမိတာကတော့... အဲဒီမူဟန်က လုံးဝသူစိမ်းဖြစ်တဲ့လူကိုတောင် အန္တရာယ်ကို မမှုဘဲ ကူညီပေးနိုင်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ကျင့်တရားက ဘယ်လိုလုပ်ပြီး ဆိုးနိုင်မှာလဲ"
ရွှီပင်းနင်းသည် မိခင်ဖြစ်သူက သူမကို လိမ်ညာလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးသဖြင့် သဘာဝကျစွာပင် အပြည့်အဝ ယုံကြည်သွားခဲ့သည်။ သူမက အလျင်အမြန် မေးလိုက်သည် - "မေမေ ဘာမှမဖြစ်ဘူးမလား"
"အမေ ကောင်းကောင်းမွန်မွန် ရှိနေတာပဲမလား… ဘာမှမဖြစ်ပါဘူးကွယ်" ဟု ရွှီရိုက ပြောလိုက်သည်။
"ဒါဆို သူကော..." ရွှီပင်းနင်းက ထပ်မေးသည်။
"သူလည်း ဘာမှမဖြစ်ပါဘူး"
"ဒါဆို တော်သေးတာပေါ့"
ရွှီပင်းနင်း သက်ပြင်းချနိုင်သွားပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။
မူဟန် သူမကို ကြည့်သည့်အခါ နေရခက်သည်ဟု ခံစားရခြင်း၏ အကြောင်းရင်းမှာ စွဲချက်ဟောင်းတစ်ခုကြောင့် ဖြစ်သည် …ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေးများထဲတွင် လူကောင်းဟူ၍ ရှားပါးသည်ဟူသော အချက်ပင်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမသည် မူဟန့်အပေါ် တစ်ဖတ်သတ် အမြင်စောင်းနေခဲ့ခြင်း ဖြစ်သည်။
ထိုအမြင်စောင်းမှု၏ မြစ်ဖျားခံရာမှာ သတင်းများနှင့် တစ်ဆင့်စကားများမှတစ်ဆင့် ချမ်းသာသော ဒုတိယမျိုးဆက်များနှင့် ပတ်သက်၍ အဆိုးမြင်သတင်းများကိုသာ မကြာခဏ ကြားသိရခြင်းကြောင့် ဖြစ်နိုင်ပေသည်။
【မင်းသမီး ရွှီပင်းနင်း၏ ပိုင်ရှင် အပေါ် ထားရှိသော အမြင် ပြောင်းလဲသွားပါသည်။ နှစ်သက်မှု +၄၀… လက်ရှိ စုစုပေါင်း နှစ်သက်မှုမှာ ၃၀ (ခင်မင်မှု) ဖြစ်ပါသည်】
မူဟန်သည် စနစ်ထံမှ အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။
တစ်ချိန်တည်းမှာပင် ရွှီရိုသည်လည်း တာဝန်ပြီးမြောက်ကြောင်း အသိပေးချက်ကို လက်ခံရရှိလိုက်သည်။
【မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ပိုင်ရှင် အား ဂုဏ်ယူပါသဖြင့် ဆွဲဆောင်မှုအမှတ် (Charm) +၂ တိုးမြှင့်ပေးလိုက်ပါသည်】
ရွှီရို စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားသော်လည်း ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ချွေးများ ထွက်လာပြီး အနည်းငယ် သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။ သူမသည် ထမင်းကို အမြန်စားသောက်ပြီးနောက် ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဆေးကြောရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့တော့သည်။
ရေချိုးပြီးနောက် ရွှီရိုသည် နေရာတွင်ပင် တစ်ချက် ဝေ့လည်ကြည့်ကာ ရေချိုးခန်းမှန်ထဲ၌ သူမကိုယ်သူမ သေချာစွာ ကြည့်လိုက်သည်။ အံ့သြစရာကောင်းလောက်အောင်ပင် သူမ၏ မျက်ဝန်းထောင့်မှ အရေးအကြောင်းများနှင့် မျက်နှာပေါ်မှ အမဲစက်များမှာ သိသိသာသာ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။
ယေဘုယျအားဖြင့် ကြည့်ရလျှင် သူမသည် အနည်းဆုံး ငါးနှစ်ခန့် ပို၍ နုပျိုသွားသည့်ပုံ ပေါ်နေသည်။ ရွှီရိုသည် သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ နေရာတွင်တင် အကြိမ်အနည်းငယ် ခုန်ပေါက်မိသွားသည်။
အခြားတစ်ဖက်တွင်မူ...
မူဟန့်၏ နှလုံးခုန်သံမှာလည်း အနည်းငယ် မြန်ဆန်သွားခဲ့သည်။ သူသည် ရွှီရို၏ အမြင်နှင့် အကြားအာရုံကို မျှဝေခံစားနိုင်ရာ၊ ရွှီရို မြင်သမျှကို သူလည်း သဘာဝအတိုင်း မြင်တွေ့နေရခြင်းပင်။
မူဟန်သည်လည်း သူ၏ကိုယ်ပိုင် ရေချိုးခန်းထဲသို့ အမြန်ဝင်သွားခဲ့သည်။ သို့သော် သူ စိတ်အေးသွားစေရန် မဟုတ်ဘဲ ရေချိုးရန်အတွက် သက်သက်သာ ဖြစ်သည်။
ရွှီရို တာဝန်ပြီးမြောက်သွားသဖြင့် သူမ၏ ဆွဲဆောင်မှုအမှတ် ၂ မှတ် တိုးလာခဲ့သည်။ မူဟန်သည်လည်း တုံ့ပြန်မှုဆုလာဘ်ကို ရရှိခဲ့ပြီး ၎င်းသည် ၃ ဆမြောက် အလားအလာကို လှုံ့ဆော်ပေးခဲ့သဖြင့် သူ၏ ဆွဲဆောင်မှုအမှတ်မှာ ၆ မှတ်အထိ တိုးသွားခဲ့သည်။
ဤဆွဲဆောင်မှုအမှတ် ၆ မှတ် တိုးလာမှုကြောင့် သူ၏ ခန္ဓာကိုယ်သည် အညစ်အကြေးများကို အလိုအလျောက် စွန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ မွေးကင်းစကလေးငယ်များနှင့် ကလေးများမှလွဲ၍ လူကြီးအများစု၏ မျက်နှာပေါ်တွင် ဆားဝက်ခြံ၊ ဝက်ခြံနှင့် အမဲစက်ငယ်များကဲ့သို့သော အပြစ်အနာအဆာအချို့ ရှိတတ်ကြစမြဲပင်။ ဆွဲဆောင်မှုအမှတ် ၉0 အထိ မြင့်မားသော မူဟန်ပင်လျှင် ထိုအချက်ကို မရှောင်လွှဲနိုင်ခဲ့ချေ။
သို့သော် ဤဆွဲဆောင်မှုအမှတ် ၆ မှတ် ထပ်တိုးလာမှုနှင့်အတူ မူဟန့်မျက်နှာပေါ်ရှိ အမဲစက်ငယ်များအားလုံး ပျောက်ကွယ်သွားပြီး သူ၏အသားအရေမှာ ပိုမိုကောင်းမွန်လာခဲ့ကာ…ချောမွေ့နူးညံ့ပြီး အပြစ်ပြောစရာမရှိအောင်ပင် (camera effect လို)ဖြစ်သွားတော့သည်။
မူဟန့်၏ ဆွဲဆောင်မှုအမှတ်မှာ ယခုအခါ ၉၆ သို့ ရောက်ရှိသွားပြီဖြစ်ရာ အမြင့်ဆုံးတန်ဖိုးဖြစ်သော ၁၀၀ သို့ ရောက်ရန် ၄ မှတ်သာ လိုတော့သည်။ မှန်ထဲတွင် ခေတ္တမျှ ကြည့်ရှုပြီးနောက် မူဟန်သည် ထို ၄ မှတ် မည်သည့်နေရာတွင် လျော့နည်းနေသည်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် မူဟန် အကြောင်းရင်းကို ရှာတွေ့သွားခဲ့သည်။ သူ၏ အရပ်အမောင်းက အလွန်ကောင်းမွန်ပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း ကောင်းမွန်သော်လည်း ကြွက်သားအမြောင်းများ သိပ်မထင်ရှားဘဲ ဗိုက်ပူကလေးပင် အနည်းငယ် ထွက်နေခြင်းကြောင့် ဖြစ်သည်။
သို့သော် ဤအရာက ပုံမှန်ပင်ဖြစ်သည်။ မူဟန်သည် စည်းစိမ်ခံကာ နေထိုင်တတ်ပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို တကူးတက မလုပ်ဆောင်ခဲ့သဖြင့် သဘာဝကျစွာပင် ကြွက်သား ၈ မြောင်း နှင့် ပြည့်စုံသော ကြွက်သားလိုင်းများကို ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။ သို့သော် ၎င်းက ပြဿနာအကြီးကြီး မဟုတ်ပေ။ အကယ်၍ သူ၏ ဆွဲဆောင်မှုအမှတ် ထပ်မံတိုးလာမည်ဆိုပါက ဤအမှတ်လျော့နည်းစေသော နေရာများကို သေချာပေါက် ပြန်လည်ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
"အန်တီရွှီ... ကျွန်တော် အန်တီ့ကိုပဲ ယုံကြည်ကိုးစားရတော့မယ်။" မူဟန်သည် မှန်ထဲတွင် မိမိကိုယ်မိမိ ကြည့်နေပုံရသော်လည်း အမှန်တကယ်တော့ ယခုအချိန်တွင် ရွှီရို၏ အမြင်အာရုံကို မျှဝေခံစားနေခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ရွှီရိုသည် မှန်ထဲ၌ ကြည့်နေဆဲဖြစ်ပြီး ရုတ်တရက် သူမ၏လက်နှစ်ဖက်ဖြင့် သူမ၏ရင်သားကို ပင့်မကာ ဆန်းစစ်ကြည့်ရင်း သက်ပြင်းတစ်ချက် ခိုးချနေသောကြောင့်ပင်။
သူမသည် အလွန်လှပနေဆဲ ဖြစ်သော်လည်း အသက် နှစ်ဆယ်ကျော်အရွယ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်ချက် ရှိနေသေးကာ…သူမ၏ အထွတ်အထိပ်အချိန်တုန်းကကဲ့သို့ တင်းရင်းမှုမျိုး မရှိတော့ချေ။
သို့သော် ဤခံစားချက်မှာ ရွှီရို၏ စိတ်ထဲတွင် ခေတ္တမျှသာ ဖြတ်ပြေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စနစ်က ချမှတ်ပေးသော တာဝန်များကို ဆက်လက်ပြီးမြောက်အောင် လုပ်ဆောင်နေသရွေ့ ဤအခြေအနေမှာ သေချာပေါက် တိုးလာမည် ဖြစ်သောကြောင့်ပင်။
သူမ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ဘဲ ထိုအချိန်က ရုပ်ရည်နှင့် ခန္ဓာကိုယ်ထက်ပင် ကျော်လွန်သွားရန် ဖြစ်နိုင်ချေ ရှိပေသည်။
"မေမေ... ဘာလို့ ဒီလောက်ကြာအောင် ရေချိုးနေတာလဲ… ဘာမှမဖြစ်ဘူးမလား" ရွှီပင်းနင်း၏ အသံက ရေချိုးခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။ ရွှီပင်းနင်းသည် မိခင်ဖြစ်သူ ရေချိုးခန်းထဲတွင် ကြာမြင့်နေသည်ကို မြင်သဖြင့် တစ်ခုခုဖြစ်မည် စိုးရိမ်သောကြောင့် ရေချိုးခန်းတံခါးဝမှ လှမ်းခေါ်ခြင်း ဖြစ်သည်။
"အမေ ဘာမှမဖြစ်ပါဘူး" ရွှီရို၏ အတွေးစများ ပြတ်တောက်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။
ထို့နောက် ရေချိုးသဘက်ကို ကိုယ်တွင် ပေါ့ပေါ့ပါးပါး ပတ်လိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ အိမ်တွင် သူမနှင့် သမီးဖြစ်သူ နှစ်ယောက်တည်းသာ ရှိသဖြင့် သဘာဝကျစွာပင် အလွန်အမင်း စည်းကမ်းကြီးနေရန် မလိုအပ်ချေ။
(ထိုအချိန် နိုင်ငံကြီးသား ပိီသစွာ မူဟန်က မျက်လုံးမှိတ်ထားပါတယ်)
"မေမေ... သမီး... မေမေက အများကြီး ပိုပြီး နုပျိုသွားသလို ဘာလို့ ခံစားရတာလဲမသိဘူး။" ရွှီရို၏ နီမြန်းစိုပြေပြီး တောက်ပနေသော မျက်နှာကို မြင်လိုက်ရသောအခါ ရွှီပင်းနင်း အနည်းငယ် အံ့သြသွားမိသည်။
"အာ... တကယ်ကြီးလား" ရွှီရို ဤစကားကို ကြားရသဖြင့် အလွန်ဝမ်းသာသွားသော်လည်း၊ အပြင်ပန်းတွင်မူ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ - "အလှပြင်ခရင်မ် အချို့ လိမ်းလိုက်လို့ ဖြစ်မှာပါ" ဟု ရှင်းပြလိုက်သည်။
ရွှီပင်းနင်းက "သြော်..." ဟုသာ ရေရွတ်လိုက်ပြီး ပို၍ နက်နက်နဲနဲ မတွေးတော့ချေ။
"ဒါနဲ့... မူဟန်က အမေ့ဆိုင်မှာ ကိတ်မုန့်တစ်ခု မှာထားတယ်…မနက်ဖြန် နေ့လယ်လောက်မှာ အချိန်နည်းနည်း ပေးလို့ရမလား သမီး။ အမေက သမီးကို အဲဒီကိတ်မုန့် သွားပို့ခိုင်းချင်လို့" ဟု ရွှီရိုက ရုတ်တရက် ပြောလိုက်လေတော့သည်။