အခန်း (၂၈) - အန်တီက ဒီလိုဝတ်ထားတာ ကြည့်လို့ တကယ်ကောင်းတယ်
"ငါ ခြေအိတ်အသစ်တစ်စုံ ဝတ်ကြည့်ရင်းနဲ့ ရှောင်ချီဆီ ပို့ပြီး မေးမလို့ဟာကို... မတော်တဆ မင်းဆီ ရောက်သွားတာပါကွယ် တောင်းပန်ပါတယ်နော်"
ရွှီရိုသည် သူမ၏ ထူးဆန်းသော လှုပ်ရှားမှုအတွက် နောက်ဆုံးတွင် ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်တစ်ခု ရှာဖွေတွေ့ရှိသွားခဲ့သည်။
မူဟန် ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် "အော်... ဒါကြောင့်ကိုး… ကျွန်တော်ကတော့ အန်တီရွှီရဲ့ WeChat အကောင့် အဟက် (Hacked) ခံလိုက်ရပြီ ထင်နေတာ"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး" ရွှီရို မျက်နှာလေး နီမြန်းလျက် ပြုံး၍ ငြင်းဆိုလိုက်သည်။ သို့သော်လည်း သူမ ဓာတ်ပုံ ပို့ပြီးသွားခဲ့ပြီဖြစ်သော်လည်း မူဟန့်ကို စမ်းသပ်ရန်ဟူသော ရည်ရွယ်ချက်ကတော့ မအောင်မြင်သေးကြောင်း သတိပြုမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် စနစ်ထံမှ တာဝန်ပြီးမြောက်ကြောင်း မည်သည့်အကြောင်းကြားချက်မျှ ထွက်ပေါ်မလာသေးသောကြောင့် ဖြစ်သည်။
ရွှီရို စိတ်ထဲမှ တွေးလိုက်မိသည် - ငါတော့ အရှက်ကွဲတာ ကွဲပြီးပြီ…ဒီအတိုင်းကြီးတော့ အလကားမခံနိုင်ဘူး...။ ထို့ကြောင့် သူမ ရှက်ရွံ့မှုကို အောင့်အီးကာ ဆက်လက်၍ မေးမြန်းလိုက်သည်…
"မတော်တဆ ပို့မိသွားတာဆိုတော့လည်း... မင်းရဲ့ အမြင်လေးကို ပြောပြပါဦး… ငါ့ကို ဒီခြေအိတ်တွေနဲ့ ကြည့်လို့... ကောင်းရဲ့လားဟင်"
မူဟန် ခေတ္တမျှ ကြောင်အသွားဟန် ဆောင်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် အလေးအနက် ပြန်လည်ဖြေကြားလိုက်သည် - "ကြည့်လို့ကောင်းတာပေါ့ဗျာ… ခြေတံတွေက အမျိုးသမီးတစ်ယောက်ရဲ့ ဒုတိယမျက်နှာပဲလေ…အန်တီရွှီရဲ့ ခြေတံတွေက အလွန်ပြည့်စုံလွန်းတာမို့ ဒီလိုမျိုး ဝတ်မပြရင် တကယ်ကို နှမြောစရာကြီး ဖြစ်နေမှာပါ"
ရွှီရို ဤချီးမွမ်းစကားကြောင့် အလွန်ပင် ဝမ်းမြောက်သွားခဲ့ရပြီး နှလုံးခုန်နှုန်းပင် အနည်းငယ် မြန်ဆန်လာခဲ့သည်။ သို့သော် သူမသည် မူဟန့်ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ချက်ချင်း ပြန်လည်သတိရလိုက်သည်။ သူ၏ စကားလုံးများက...
ရွှီရို၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ မူဟန်သည် စကားလမ်းကြောင်းကို ချက်ချင်းလွှဲကာ အမြန်ပင် ထပ်လောင်းပြောဆိုလိုက်သည် - "ဒါပေမယ့် အန်တီရွှီက ကျွန်တော့်ကို ဒါမျိုးလှမ်းမေးတာတော့ တကယ်ကို မသင့်တော်ဘူးလို့ ထင်ပါတယ်နော်… အကယ်၍ ပင်းနင်းသာ သိသွားရင် ဘယ်လိုတွေးမလဲ"
ရွှီရို နှလုံးသားလေး တုန်ခါသွားခဲ့ရပြီး အရှက်ရစွာဖြင့် ကပျာကယာ ရှင်းပြလိုက်သည် - "ငါက ဘာရည်ရွယ်ချက်မှ မရှိပါဘူးကွယ်… လျှောက်မတွေးပါနဲ့…မင်းကို စနောက်လိုက်ရုံတင်ပါ"
"စနောက်တာဆိုရင်တော့ ကျွန်တော် စိတ်အေးသွားပါပြီ" မူဟန် ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ပြီး "ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိနေလို့ အန်တီရွှီနဲ့ စကားအကြာကြီး မပြောတော့ဘူးနော်"
"အင်း... ငါလည်း ဟင်းချက်ဖို့ ပြင်ရတော့မယ်၊ ဘိုင်ဘိုင်းနော်" ရွှီရို၏ မျက်နှာပေါ်မှ နီမြန်းမှုများ တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး ကင်မရာကို လှမ်း၍ လက်ပြလိုက်သည်။
မူဟန်လည်း လက်ပြနှုတ်ဆက်လိုက်သော်လည်း ဖုန်းမချမီ အလျင်စလိုပင် ထပ်မံ၍ စနောက်လိုက်သေးသည် - "ဒါပေမယ့် အမှန်အတိုင်း ပြောရရင်တော့ အန်တီရွှီ... အန်တီ့ကို ဒီလိုဝတ်ထားတာ တကယ်ကို လှပလွန်းပါတယ်… ကျွန်တော် ဘာသဘောမှ မရှိပါဘူး… တကယ်ကို ကျော့ရှင်းလွန်းလို့ ပြောတာပါ… ကဲ... ဘိုင်ဘိုင်း"
ပြောပြီးသည်နှင့် မူဟန်သည် ရွှီရို၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဗီဒီယိုကောလ်ကို ချက်ချင်း ချပစ်လိုက်တော့သည်။
ရွှီရို ဖုန်းမျက်နှာပြင်ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေမိပြီးနောက်၊ သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနှစ်သက်သော အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။
သူမသည် အမြဲတမ်း ချီးမွမ်းခံရလေ့ရှိသူဖြစ်သော်လည်း…မူဟန်၏ ချီးမွမ်းမှုကို ရရှိသည့်အခါတွင်မူ စိတ်ထဲတွင် ပိုမို၍ ပျော်ရွှင်ရသည်ဟု ခံစားလိုက်ရသည်။
ရွှီရို ဖုန်းကို ဘေးရှိ စားပွဲပေါ်သို့ တင်လိုက်ပြီး၊ မှန်အရှေ့တွင် အကြိမ်အနည်းငယ် ဝှေ့ယမ်းလှည့်ပတ်ကာ မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုရင်း ဤခြေအိတ်များက ရင့်ကျက်သောအမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုကို ပိုမိုပေါ်လွင်စေသည်ဟု စိတ်ထဲမှ အပြည့်အဝ သဘောတူလိုက်မိတော့သည်။ သူမ တစ်ခါမျှ ဤကဲ့သို့ မဝတ်ဆင်ဖူးခဲ့ချေ။
သူမ ငယ်ရွယ်စဉ်အချိန်တုန်းက ယခုကဲ့သို့သော ဖက်ရှင်မျိုးမှာ ခေတ်မစားခဲ့သလို၊ အသက်ကြီးလာသည့် အခါတွင်လည်း ဤကဲ့သို့ ဝတ်ဆင်ခြင်းမှာ အနည်းငယ် ပေါ့ပျက်ပျက်နိုင်သည်ဟု ထင်မှတ်ကာ ဝတ်ချင်လျှင်ပင် အလွန်ရှက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... အလုပ်သဘာဝအရ ရုံးဝတ်စုံနှင့်အတူ အတွင်းခံ ခြေအိတ်ရှည်များကို မဖြစ်မနေ တွဲဖက်ဝတ်ဆင်ရသော သမီးဖြစ်သူ ရွှီပင်းနင်းနှင့် သူမက မတူညီချေ။
ရွှီရိုသည် မိမိကိုယ်ပိုင် မုန့်တိုက်ကိုသာ ဖွင့်လှစ်ထားသူဖြစ်ရာ အဝတ်အစား ရွေးချယ်မှုတွင် အလွန်ပင် လွတ်လပ်လှပြီး ပုံမှန်အားဖြင့် ရိုးရှင်း၍ ပေါ့ပါးသော စတိုင်များကိုသာ ဝတ်ဆင်လေ့ရှိသည်။
ယခုမူ... သူမ အမှတ်မထင် ဝတ်ဆင်ကြည့်ပြီး ချီးမွမ်းခြင်းကိုလည်း ရရှိခဲ့သဖြင့်၊ ရွှီရို၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့်အတူ အခြားသော ပုံစံများကိုပါ ထပ်မံစမ်းသပ်လိုစိတ်များ အပြင်းအထန် ဖြစ်ပေါ်လာခဲ့ရသည်။
ရွှီပင်းနင်း၏ အခန်းထဲတွင် အလုပ်ကိစ္စ ရုံးဝတ်စုံများနှင့် တွဲဖက်ရန်အတွက် ဝယ်ယူထားသော ခြေအိတ်ရှည် အမျိုးအစားပေါင်းစုံ ရှိနေခဲ့သည်။ ၎င်းတို့ထဲတွင် ပါးပါးကြည်ကြည်လေးများ၊ အထူစားများ၊ ပန်းပွင့်ပုံစံ အကွက်ပါသော အရာများအပြင် ဇကာကွက်ပုံစံ နှင့် ကြိုးသိုင်းပုံစံများပါ ရှိနေခဲ့ရာ... နောက်ဆုံး နှစ်မျိုးမှာ အလွန်ပင် ရဲတင်းလွန်းလှသဖြင့် ရွှီပင်းနင်းကိုယ်တိုင်ပင် ဝတ်ဆင်လေ့ရှိသည်ကို ရွှီရို တစ်ခါမျှ မတွေ့ဖူးချေ။ (စတော်ကင် ပေါင်းချုပ်)
ယခု ရွှီရို ဝတ်ဆင်ကြည့်နေသည့် အမျိုးအစားမှာ အလင်းပေါက် အသားကြည် ပုံစံမျိုး ဖြစ်သည်။ အသစ်အဆန်း ဖြစ်နေမှုနှင့်အတူ မူဟန်၏ ချီးမွမ်းမှုများကြောင့် ရွှီရိုတစ်ယောက် စိတ်ပါဝင်စားလာခဲ့ပြီး ပုံစံမျိုးစုံကို တစ်ခုပြီးတစ်ခု လဲလှယ်ဝတ်ဆင်ကြည့်ရင်း ပျော်ရွှင်နေခဲ့ရာ ဟင်းချက်ရန်ပင် မေ့လျော့နေခဲ့တော့သည်။
သူမ ခြေအိတ်များကို အာရုံတစိုက် လဲလှယ်ဝတ်ဆင်ကြည့်နေစဉ်မှာပင်... တစ်စုံတစ်ဦးက သူမ၏ အခန်းအတွင်းသို့ ရုတ်တရက် လှမ်း၍ ဝင်ရောက်လာခဲ့သည်။
"မေမေ... မေမေက ဘာဖြစ်လို့ သမီးရဲ့ ခြေအိတ်တွေကို ဝတ်နေရတာလဲဟင်"
၎င်းမှာ အလုပ်မှ ခုလေးတင် ပြန်လည်ရောက်ရှိလာသော ရွှီပင်းနင်း ဖြစ်သည်။ သူမသည် မိခင်ဖြစ်သူ၏ ထူးဆန်းသော အပြုအမူကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ရွှီရို တစ်ချက်မျှ ထိတ်လန့်သွားခဲ့ရပြီး မိမိကိုယ်ကိုယ် အမှားတစ်ခုခု ပြုလုပ်မိထားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့ရပြီး အချိန်အတော်ကြာမှ စကားလုံးများကို မနည်းညှစ်ထုတ်ကာ ဆိုလိုက်ရသည် - "မေမေက ခြေအိတ်ဝယ်မလို့ဟာကို... ဘယ်လိုမျိုး ဝယ်ရမလဲ မသိတာနဲ့ သမီးရဲ့ ဥစ္စာတွေကို ခဏ ဝတ်ကြည့်နေတာပါ"
"အသစ် သွားဝယ်စရာ မလိုပါဘူး မေမေရဲ့၊ သမီးအခန်းထဲမှာ အသစ်တွေ အများကြီး ရှိသေးတယ်။ မေမေ ကြိုက်တယ်ဆိုရင် ယူဝတ်လိုက်လေ" ရွှီပင်းနင်း ဘာမျှ ထပ်မံ၍ မတွေးတောခဲ့ချေ။ ဘာပဲဖြစ်ဖြစ် မိခင်ဖြစ်သူအနေဖြင့် ရုတ်တရက် အလှပြင်ချင်စိတ် ဖြစ်ပေါ်လာခြင်းမှာ သူမဘဝ၏ ဒုတိယနွေဦးရာသီကို ပြန်လည်ဖြတ်သန်းနေရသကဲ့သို့ ဖြစ်သဖြင့် ထူးဆန်းသောအရာ မဟုတ်ချေ။
"ဒါနဲ့ မေမေ... ဆေးရုံကို သွားပြီး ကျန်းမာရေး စစ်ဆေးချက် သွားလုပ်ခဲ့သေးလား" ရွှီပင်းနင်း အရေးကြီးသောအကြောင်းအရာတစ်ခုကို သတိရကာ မေးမြန်းလိုက်သည်။
"သွားစစ်ခဲ့ပါတယ်… ရလဒ်တွေက အားလုံး ပုံမှန်ပါပဲတဲ့.. ရောဂါဘယ ရှိတာမဟုတ်ပါဘူး... ဒါပေမယ့် ငါ ဘာဖြစ်လို့ ဒီလောက်တောင် နုပျိုလာရလဲဆိုတာကိုတော့ ဆရာဝန်တွေလည်း အဖြေမရှာတတ်ကြဘူး" ရွှီရို လွှဲချကာ ပြောဆိုလိုက်သည်။
"ရောဂါမဟုတ်ရင်ပဲ တော်ပါပြီ မေမေရယ်" ရွှီပင်းနင်း စိတ်သက်သာရာ ရသွားခဲ့ပြီးနောက်၊ ရွှီရိုကို အနီးကပ် ထပ်မံကြည့်ရှုရင်း တစ်စုံတစ်ခုကို သတိပြုမိသွားကာ အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိတော့သည် -
"မေမေ... သမီးကြည့်ရတာ မေမေက အရင်ကထက်တောင် ပိုပြီးတော့ လှလာသလိုပဲ"
"မဟုတ်တာ... မင်းကတော့ မေမေ့ကို လာပြီး နောက်ပြောင်နေပြန်ပြီ" ရွှီရို ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
သူမသည် တာဝန်ကို ပြီးမြောက်အောင်မြင်သွားခဲ့ပြီ ဖြစ်သဖြင့် သူမ၏ ဆွဲဆောင်မှုအမှတ် မှာ ၃ မှတ် တိုးတက်သွားခဲ့ပြီး လက်ရှိ စုစုပေါင်းဆွဲဆောင်မှုအမှတ်မှာ ၉၇ မှတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သတိပြုရမည်မှာ... သမီးဖြစ်သူ ရွှီပင်းနင်း၏ ဆွဲဆောင်မှုအမှတ်မှာလည်း ၉၇ မှတ်သာ ရှိခြင်း ဖြစ်သည်။
ဆွဲဆောင်မှု အဆင့်အတန်းအရ တွက်ချက်မည်ဆိုပါက ယခုအခါ ရွှီရိုနှင့် ရွှီပင်းနင်းတို့သည် တစ်ဆင့်တည်း (တူညီသောအဆင့်) သို့ ရောက်ရှိနေခဲ့ချေပြီ။ သဘာဝအတိုင်းပင် ဤတူညီသောအဆင့်ဟူသည် စနစ်၏ စံနှုန်းအရ သတ်မှတ်ခြင်းသာ ဖြစ်ပြီး၊ လူသားတို့၏ စိတ်အာရုံအရမူ... တစ်ဦးချင်းစီ၏ ဝါသနာ စရိုက်အပေါ်၌သာ မူတည်ပေလိမည်။ အဘယ်ကြောင့်ဆိုသော် ရွှီရိုနှင့် ရွှီပင်းနင်းတို့သည် မတူညီသော စတိုင်နှစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။
ရွှီရို၌ အချိန်ကာလက ပေးစွမ်းထားသော ရင့်ကျက်သည့် အလှတရား၊ နက်ရှိုင်းပြီး တောက်ပလှသော မျက်ဝန်းများ၊ တည်ငြိမ်မှု၊ ကျော့ရှင်းမှု၊ နွေးထွေးကာ ညှို့ယူနိုင်သော အပြုံးများနှင့် အလွယ်တကူ ချဉ်းကပ်နိုင်သည့် အားသာချက်များ ရှိနေသည်။
ရွှီပင်းနင်း၌မူ... ဆောင်းရာသီ၏ နွေးထွေးသော နေရောင်ခြည်ကဲ့သို့သော ခံစားချက်မျိုး ရှိသည်။ အပေါ်ယံကြည့်မည်ဆိုပါက သူမသည် အနည်းငယ် အေးစက်စက်နိုင်လှပြီး ပထမဆုံး မြင်တွေ့လိုက်ရသူတိုင်းကို အလွယ်တကူ မချဉ်းကပ်ရဲအောင် အကွာအဝေးတစ်ခု ထားရှိတတ်သည်။
သို့သော်လည်း တကယ်တမ်း ရင်းနှီးသွားသည့် အခါတွင်မူ သူမသည် အလွန်တရာ နူးညံ့ပျော့ပျောင်းကာ ချိုသာလှသည့်အပြင်... အနည်းငယ် အူကြောင်ကြောင်နိုင်သော ချစ်စရာ စရိုက်လေးလည်း ရှိနေသေးသည်။
"မေမေ... အမှန်အတိုင်း ပြောရရင် သမီး မေမေ့ကို အနည်းငယ် အားကျတယ်၊ မနာလိုတောင် ဖြစ်မိတယ် သိလား" ရွှီပင်းနင်းက ရွှီရိုကို ကလေးတစ်ယောက်လို ကပ်ချွဲကာ ဆိုလိုက်သည်။
ရွှီရို ပြုံးလိုက်မိပြီး "မိုက်မဲတဲ့ ကလေးမလေး... ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက မင်းရဲ့ အမေပဲဟာကို... ဘာကို အားကျပြီး မနာလိုဖြစ်နေရတာလဲ…မင်းထင်တာတော့ ငါက မင်းနဲ့ ဒါကို လုယူ..."
စကားလုံးဝက်သို့ ရောက်ရှိသွားသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရွှီရို ချက်ချင်း ရိပ်မိသွားခဲ့သဖြင့် စကားကို အမြန်ရပ်တန့်လိုက်ပြီး အကြောင်းအရာကို လွှဲပြောင်းလိုက်တော့သည် -
"ထားလိုက်ပါတော့... ဒါတွေ အသာထားဦး။ မင်းတို့နှစ်ယောက် တွဲခါစပဲ ရှိသေးတာကို... ဘာဖြစ်လို့ ဒီနေ့ ချိန်းတွေ့ (Date) မသွားကြတာလဲ"
ရွှီပင်းနင်း သူမ၏ နှုတ်ခမ်းလေးကို အနည်းငယ် ဆူလိုက်ပြီး စိတ်ပျက်ဟန်ဖြင့် ဆိုလိုက်သည် "သမီးက အစက သူ့ကို ညစာ ဖိတ်ကျွေးမလို့ဟာကို... သူက အလုပ်ကိစ္စ ဆွေးနွေးစရာ ရှိလို့ ဆိုပြီး ဒီနေ့ မအားဘူးတဲ့"
"ဒါဆိုရင်တော့ ငါ ဒီနေ့ မင်းအတွက် ဟင်းချက်ရတာ နည်းနည်း သက်သာသွားပြီပေါ့" ရွှီရို ပြုံးလျက် ဆိုလိုက်ရင်း မီးဖိုချောင်ဘက်သို့ လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။
ရွှီပင်းနင်းလည်း နောက်မှ ကပ်လျက် လိုက်ပါလာခဲ့ပြီး "မေမေ... ဒီနေ့ ညစာကို သမီးပဲ ချက်ပါရစေ…သမီးကို ဟင်းချက်နည်းလေး သင်ပေးပါလားဟင်"
"မင်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒါတွေကို သင်ချင်ရတာလဲ" ရွှီရိုက စနောက်သည့် သဘောဖြင့် ခပ်နောက်နောက် မေးမြန်းလိုက်သည်။
ရွှီပင်းနင်း မိမိ၏ စိတ်ကူးများကို အမေဖြစ်သူက ရိပ်မိသွားသည်ဟု ခံစားလိုက်ရသဖြင့် အနည်းငယ် ရှက်ရွံ့သွားခဲ့ရသော်လည်း၊ ချက်ချင်းပင် ဘာမှမဟုတ်သလို အမူအရာဖြင့် ပြန်လည်အော်လိုက်တော့သည် "ဘာမှမဟုတ်ပါဘူး... သမီး ရုတ်တရက် စိတ်ပါလာလို့ သင်ချင်တာပါ"
ရွှီရို ပြုံးလိုက်မိသော်လည်း သမီးဖြစ်သူ၏ အရှက်ကို ကာကွယ်ပေးသည့်အနေနှင့် ထပ်မံ၍ စနောက်ခြင်း မပြုတော့ဘဲ မီးဖိုချောင်အတွင်းသို့ အတူတူ ဝင်ရောက်သွားခဲ့ကြတော့သည်။