အခန်း (၂၇) - အလှအပနောက် ကောက်ကောက်ပါအောင် လိုက်ရင်း အစွမ်းကုန် ကြိုးစားနေသော ရွှီရို
ရွှီပင်းနင်းနှင့် စကားပြောဆိုပြီးနောက် မူဟန်သည် ရွှီရို ထံသို့ တာဝန်များ ပေးအပ်ရန်အတွက် စတင်စဉ်းစားလိုက်တော့သည်။
သူနှင့် ရွှီပင်းနင်းတို့သည် ချစ်သူဘဝကို အတည်ပြုပြီးခဲ့ကြပြီ ဖြစ်သဖြင့်၊ သူအနေဖြင့် ရွှီရို၏ ကူညီမှုကို ရယူရန် မလိုအပ်တော့ချေ။
ထို့အပြင် ရွှီရိုသည်လည်း ၎င်းကိစ္စတွင် ဘာမျှ ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။ မူဟန်နှင့် ရွှီပင်းနင်းတို့အကြား ဆက်ဆံရေး တိုးတက်လာမှု ရှိမရှိဆိုသည်မှာ... သူ ရွှီပင်းနင်းကို မည်သို့လှည့်စား ဆွဲဆောင်နိုင်မည်ဆိုသည့်အပေါ်၌သာ လုံးဝ မူတည်နေခဲ့ခြင်း ဖြစ်သည်။
မူဟန်အနေဖြင့် ဤအရာနှင့် ပတ်သက်၍ အတွေ့အကြုံ သေချာပေါက် ရှိထားပြီးသား ဖြစ်သည်။
ယခုအချိန်တွင် ရွှီရိုထံသို့ မည်သည့်တာဝန်များ ပေးအပ်မည်ဆိုသည်မှာ အရေးမကြီးလှချေ။ သို့သော်လည်း မူဟန်အနေဖြင့် ဤတာဝန်ပေးအပ်နိုင်မည့် အခွင့်အရေးကိုတော့ သေချာပေါက် မဖြုန်းတီးချင်ချေ။
ရွှီရိုသည် ဇာတ်လိုက် ဖြစ်သူ ချင်ဖုန်း ၏ အရင်းအမြစ် မိခင်အစစ်အမှန် ဖြစ်သည်။ ချင်ဖုန်း၏ စိတ်ဓာတ်ကို ကစားနိုင်မည့် ထောင့်တစ်ခုမှ တွေးကြည့်မည်ဆိုပါက... ရွှီရို၏ အခန်းကဏ္ဍမှာ ဇာတ်လိုက်မ များ၏ အခန်းကဏ္ဍထက် ပိုမို၍ ထိရောက်ပြီး အစွမ်းထက်ပေလိမည်။
လူတွေ ဆဲဆိုကြသည့်အခါ "ငါ့အမေကို လာမထိနဲ့" သို့မဟုတ် "မင်းအမေ ငါ….." စသဖြင့် ပြောလေ့ရှိကြသည်။
ထိုစကားလုံးများသည် ကြားရုံမျှနှင့်ပင် အလွန်ဒေါသထွက်စရာကောင်းလှရာ...
အကယ်၍ ၎င်းကို လက်တွေ့အကောင်အထည် ဖော်ပစ်မည်ဆိုပါက ချင်ဖုန်းတစ်ယောက် စိတ်ဓာတ်တွေ အစိမ်းလိုက် ပေါက်ကွဲသွားမည် မဟုတ်ပါလား။
ထို့ကြောင့် ချင်ဖုန်း ရောက်ရှိလာမည့်အချိန်ကို ကြိုတင်ပြင်ဆင်သည့်အနေနှင့်လည်းကောင်း၊ ရွှီရိုကို မိမိ၏ အောက်သို့ သွတ်သွင်းနိုင်ရန်အတွက်လည်းကောင်း... ရွှီရိုကို ကြိုတင်၍ "လေ့ကျင့်ပေးထားရန်" အလွန်ပင် လိုအပ်လှပေသည်။
ဤအရာသည် တဖြည်းဖြည်းချင်း လမ်းညွှန်ပြသရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ အစပြုမှု ကောင်းမွန်သွားခဲ့ပြီဆိုလျှင်... ကျန်ရှိသောအရာများမှာ များစွာ ပိုမိုလွယ်ကူသွားပေလိမည်။
ခေတ္တမျှ စဉ်းစားပြီးနောက် မူဟန်၏ စိတ်ထဲတွင် အကြံဉာဏ်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။
ရှင်းယွဲ့ မုန့်တိုက် အတွင်း...။
ယနေ့တွင် မုန့်တိုက်၏ အရောင်းအဝယ်မှာ ပုံမှန်ထက် ထူးခြားစွာ ကောင်းမွန်နေခဲ့ပြီး ယခင်ကထက် များစွာ သာလွန်လှသဖြင့်၊ ရွှီရိုနှင့် ဝန်ထမ်းအချို့မှာ အလွန်အမင်း အလုပ်ရှုပ်နေခဲ့ကြသည်။ မုန့်တိုက်အပြင်ဘက်ရှိ လမ်းမကြီးပေါ်တွင်လည်း လူအုပ်ကြီးဖြင့် လုံးဝ ပိတ်ဆို့နေခဲ့ရသည်။
ဤဖြစ်ရပ်မှာ... မနေ့က မုန့်တိုက်မှ အမျိုးသမီးဝန်ထမ်းလေးတစ်ဦးက ရွှီရို၏ ဗီဒီယိုတစ်ခုကို အမှတ်မထင် ရိုက်ကူးပြီးနောက် ဗီဒီယိုပလက်ဖောင်း (TikTok ကဲ့သို့သော Platform) ပေါ်သို့ တင်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။
၎င်းဗီဒီယိုနှင့်အတူ ရေးသားထားသော စာသားမှာ - "ကျွန်မတို့ရဲ့ အသက် ၄၀ အရွယ် မုန့်တိုက်ပိုင်ရှင် မမကြီးကတော့ ငိုချင်လောက်အောင်ကို လှလွန်းနေပါတယ်" ဟူ၍ ဖြစ်သည်။
ထိုဗီဒီယိုတွင် မည်သည့် အလှပြင် Filter များ သို့မဟုတ် Effect များကိုမျှ အသုံးပြုထားခြင်းမရှိသည့်အပြင်၊ ရွှီရိုကိုယ်တိုင်လည်း မည်သည့်မိတ်ကပ်ကိုမျှ လိမ်းခြယ်ထားခြင်းမရှိဘဲ သဘာဝမျက်နှာအတိုင်း Original ကင်မရာဖြင့်သာ ရိုက်ကူးထားခြင်း ဖြစ်သည်။ သို့သော်ငြားလည်း သူမသည် ပန်းချီကားတစ်ချပ်အလား အလွန်တရာ လှပနေခဲ့သည်။
( မွေးစား စကားလုံးတွေကို Englishလိုပဲရေးလိုက်တယ်)
၎င်းဗီဒီယိုကို လူမှုကွန်ရက်ပေါ်သို့ တင်ပြီးနောက်တွင်မူ... ပေါက်ကွဲအားပြင်းပြင်းဖြင့် လူကြိုက်များသွားခဲ့ပြီး၊ တစ်ရက်အတွင်းမှာပင် Like ပေးသူ အရေအတွက် ကိုးသန်း (၉ သန်း) ကျော်အထိ ရရှိသွားခဲ့သည်။ တန့်ကျိုး မြို့ရှိ ဒေသခံအချို့နှင့် အင်တာနက်ဆယ်လီအသေးစားလေးအချို့ပင်လျှင် ထိုမုန့်တိုက်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေး စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ရွှီရို၌ ငယ်ရွယ်သော မိန်းကလေးများတွင် မရှိနိုင်သည့် ရင့်ကျက်သော အလှတရားမျိုး ရှိနေသော်လည်း၊ သူမ၏ အသားအရေမှာမူ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦး၏ အသားအရေနှင့် စိုးစဉ်းမျှ ကွဲပြားခြားနားခြင်း မရှိချေ။
ရင့်ကျက်မှုနှင့် နုပျိုမှုဟူသည် ဆန့်ကျင်ဘက် အရာနှစ်ခုဖြစ်သော်လည်း... ယခုမူ ထိုအရာနှစ်ခုလုံးက လူတစ်ဦးတည်းအပေါ်တွင် ပြည့်စုံစွာ ပေါင်းစပ်တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ကြီးမားလှသည့် ဆန့်ကျင်ဘက် ဆွဲဆောင်မှုကြီးက ရွှီရိုကို ဆန်းကြယ်သော ညှို့ယူမှုစွမ်းအားတစ်ခု ရှိနေသကဲ့သို့ ဖြစ်ပေါ်စေခဲ့သည်။
မနက်ခင်း အလယ်ပိုင်းအချိန်သို့ ရောက်ရှိသောအခါ ရွှီရို၏ မုန့်တိုက်အတွင်းရှိ စင်ပေါ်မှ မုန့်များနှင့် ကုန်ကြမ်းပစ္စည်းများအားလုံး လုံးဝ ပြတ်လပ်သွားခဲ့ချေပြီ။ လမ်းပေါ်တွင် လူအုပ်ကြီးဖြင့် ပိတ်ဆို့ကာ ဆူညံပွက်လောရိုက်နေသည်ကို မြင်တွေ့ရသောအခါ၊ ရွှီရိုသည် ဆိုင်ရှိ မုန့်များအားလုံး ကုန်သွားပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး ဆိုင်တံခါးကို ယာယီ ပိတ်လိုက်တော့သည်။
ဆိုင်၏ လိပ်တံခါးချပ်ကြီးကို ဆွဲချလိုက်သည့်အခါ ဆိုင်အတွင်းပိုင်းမှာ များစွာ ပိုမိုတိတ်ဆိတ်သွားခဲ့ရသည်။
သို့သော်လည်း တံခါးချပ်ကို ဖြတ်ကျော်၍ အပြင်ဘက်မှ ဆူညံသံအချို့ကိုတော့ ကြားနေရဆဲ ဖြစ်သည်။ ထင်ရှားလှသည်မှာ... အပြင်ဘက်မှ လူအုပ်ကြီးမှာ အခုထိ မပြန်ကြသေးခြင်း ဖြစ်သည်။
ရွှီရိုအနေဖြင့် ဤမုန့်တိုက်ကို ဖွင့်လှစ်ရခြင်းမှာ အချိန်ကုန်လွန်စေရန်အတွက်သာ ဖြစ်ပြီး၊ စီးပွားဖြစ် ငွေအမြောက်အမြား ရှာဖွေရန် ရည်ရွယ်ချက် လုံးဝမရှိချေ။
သို့သော်လည်း လူအများ၏ အာရုံစိုက်မှုကို ခံရသည့် ခံစားချက်မှာ အမှန်တကယ်ပင် စိတ်ချမ်းမြေ့စရာကောင်းလှပြီး၊ မိမိကိုယ်ကိုယ် စတား တစ်ယောက်အလား ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ ရွှီရိုတစ်ယောက် မိမိ၏ အသက် ၄၀ အရွယ် ရောက်ရှိမှသာ ယခုကဲ့သို့သော ဆက်ဆံမှုကို ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဖူးချေ။
အဆုံးစွန်ပြောရလျှင်... ၎င်းမှာ စနစ် ကြောင့်သာ သူမ ပိုမို၍ လှပပြီး ပြည့်စုံလာခဲ့ရခြင်း ဖြစ်သည်။ ရွှီရို သက်ပြင်းအသာအယာ ချလိုက်မိပြီး၊ ထိုအချိန်မှာပင် စနစ်ထံမှ သူမ လက်ခံဆောင်ရွက်ရမည့် တာဝန်အသစ်တစ်ခု ပေါ်ပေါက်လာသည်ကို သတိပြုမိလိုက်သည်။ သူမ စိတ်အားထက်သန်စွာဖြင့် ချက်ချင်း ကြည့်ရှုလိုက်တော့သည်။
【တာဝန်အကျဉ်းချုပ် - ပိုင်ရှင် အနေဖြင့် မူဟန်နှင့် မိမိ၏ အငယ်ဆုံးသမီးဖြစ်သူတို့အကြား ဆက်ဆံရေး ပိုမိုခိုင်မြဲလာစေရန် ပျိုးထောင်ပေးရမည်။ သူတို့၏ နောင်ရေး ကောင်းမွန်ပျော်ရွှင်စေရန်အတွက်၊ အိမ်ရှင်အနေဖြင့် မူဟန်၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တာအိုနှလုံးသား ကို စမ်းသပ်စစ်ဆေးရမည်။】(ဒီတာအို နှလုံးသားက ပိုနက်နဲတယ်)
【တာဝန်ရည်မှန်းချက် - ဆွဲဆောင်မှုရှိသော ခြေအိတ်ရှည် ဝတ်ဆင်ထားသည့် ဓာတ်ပုံတစ်ပုံကို ရိုက်ကူး၍ မူဟန်ထံသို့ ပေးပို့ရန်။】
【တာဝန်အချိန်ကန့်သတ်ချက် - ၁၂ နာရီအတွင်း】
【တာဝန်ဆုလာဘ် - ဆွဲဆောင်မှုအမှတ် ၃ မှတ် တိုးမြှင့်ပေးမည်။】
တာဝန်၏ အသေးစိတ်အချက်အလက်များကို ဖတ်ရှုပြီးနောက် ရွှီရိုတစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရတော့သည်။
အမှန်အတိုင်းပြောရလျှင် သူမသည် တစ်ဘဝလုံး ဥပဒေဘောင်အတွင်း စည်းကမ်းရှိရှိ နေထိုင်လာခဲ့သူ ဖြစ်ရာ... ယခုကဲ့သို့သော အပြုအမူမျိုးကို ပြုလုပ်ရန် တောင်းဆိုလာခြင်းမှာ သူမအတွက် အလွန်အမင်း လွန်လွန်းလှသည်။
ထို့အပြင် မူဟန်သည် သူမ၏ သမီးအငယ်ဆုံး ဖြစ်သူ ရွှီပင်းနင်း၏ ချစ်သူလည်း ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ရွှီပင်းနင်းမှာ မွေးစားသမီးတစ်ဦးသာ ဖြစ်သော်လည်း၊ သူမကို "မေမေ" ဟု အမြဲတမ်း ခေါ်ဆိုသူ ဖြစ်သည်။
ကျင့်ဝတ်သိက္ခာပိုင်းအရရော၊ ကိုယ်ပိုင်ခံယူချက်ပိုင်းအရပါ သူမအနေဖြင့် ဤကဲ့သို့သော အရာမျိုးကို လုံးဝ မပြုလုပ်သင့်ချေ။
ရွှီရိုသည် အစပိုင်းတွင် အလွန်ပင် ငြင်းဆန်ချင်စိတ် ဖြစ်ပေါ်ခဲ့သော်လည်း၊ တာဝန်ဆုလာဘ် ဖြစ်သော "ဆွဲဆောင်မှုအမှတ် ၃ မှတ် တိုးမြှင့်ပေးမည်" ဆိုသောအချက်ကို မြင်လိုက်ရသည့်အခါတွင်မူ... သူမ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်တုန်လှုပ် ဖြစ်လာခဲ့ရသည်။
ပိုမို၍ လှပလာချင်သည့် ဆန္ဒကို မည်သည့်အမျိုးသမီးက ငြင်းပယ်နိုင်ပါမည်နည်း။ အထူးသဖြင့် ပိုမိုလှပလာခြင်း၏ ကောင်းကျိုးချိုမြိန်မှုများကို ကိုယ်တိုင် ကြုံတွေ့ခံစားဖူးသွားခဲ့သည့်နောက်တွင်မူ... ပို၍ပင် ဖြစ်သည်။
အလှအပဟူသည် စွဲလမ်းတတ်သောအရာ ဖြစ်ပြီး၊ အမျိုးသမီးအများစုမှာ ပိုမိုလှပလာစေရန်အတွက် သာမန်လူများ မခံနိုင်သော ပင်ပန်းဆင်းရဲမှုများနှင့် ခွဲစိတ်ပြုပြင်မှု ဒဏ်ရာများကိုပင် ခံယူဝံ့ကြသည် မဟုတ်ပါလား။
ရွှီရိုကမူ ပိုမိုလှပလာစေရန်အတွက် ထိုကဲ့သို့သော ခွဲစိတ်ဒဏ်ရာများကို ခံစားရရန် မလိုအပ်ဘဲ... စနစ်က ပေးအပ်သော တာဝန်များကို ပြီးမြောက်အောင်မြင်ရုံမျှသာ ဖြစ်သည်။ ထို့အပြင် သူမ၏ ပိုမိုလှပလာသော အသွင်ပြောင်းလဲမှုမှာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ အလွန်တရာ သဘာဝကျလှသည်။ ဤအရာကို မည်သူက ငြင်းပယ်နိုင်ပါမည်နည်း။
ထို့အပြင်... ဤသည်မှာ မူဟန်၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်စစ်ဆေးပေးခြင်းလည်း ဖြစ်သည်။ မိမိ၏ သမီးငယ်လေး၏ နောင်ရေး ပျော်ရွှင်မှုအတွက်ဆိုလျှင်... မိခင်တစ်ဦးအနေဖြင့် ဤမျှလောက် အနည်းငယ် 'အနစ်နာခံ' ပေးရခြင်းမှာ ဘာမှမဟုတ်ချေ။ စိတ်ထဲတွင် ကျင့်ဝတ်နှင့် အလှအပတို့အကြား အပြင်းအထန် ရုန်းကန်ရပြီးနောက်၊ ရွှီရိုသည် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် "စည်းရုံးသိမ်းသွင်း" လိုက်နိုင်တော့သည်။
သို့သော်လည်း သူမသည် ပုံမှန်အားဖြင့် အဆင့်မြင့် ခြေအိတ်ရှည် များကို ဝတ်ဆင်လေ့မရှိသဖြင့် အိမ်တွင် အပိုအရန် မရှိချေ။
"အော်... ဟုတ်သားပဲ… ရှောင်ချီ ဆီမှာ ရှိတယ်ပဲ… သူမရဲ့ ခြေအိတ်ကိုပဲ ခဏယူသုံးလိုက်တော့မယ်… ဘာပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ဖို့ပဲဟာကို..."
ရွှီရိုသည် ပုံမှန်အားဖြင့် ဝတ်ဆင်လေ့မရှိသော ပစ္စည်းတစ်ခုအတွက် ငွေကုန်ကြေးကျခံကာ အပြင်သို့ သွားမဝယ်ချင်တော့ချေ။ ဆိုင်တွင် အဆင်သင့်ရှိနေသော အဝတ်အစားများကိုသာ အသုံးချရန် ဆုံးဖြတ်လိုက်တော့သည်။
ညနေ ၅ နာရီကျော် အလုပ်ဆင်းခါနီး အချိန်သို့ ရောက်ရှိလာခဲ့သည်။
မူဟန်သည် (McLaren P1) ပြိုင်ကားကြီးကို မောင်းနှင်ကာ ကျားကျဲနေ့စဉ်သုံး ဓာတုဗေဒလုပ်ငန်းစုကြီး၏ အဆောက်အဦးအပြင်ဘက်ရှိ လမ်းမပေါ်တွင် ရပ်တန့်၍ စောင့်ဆိုင်းနေခဲ့သည်။ လင်းရော့ ပေးပို့ထားသော တည်နေရာပြ မြေပုံကြောင့်... သူသည် ကျန်းရုန်ဖေး၏ သွားလာလှုပ်ရှားမှုမှန်သမျှကို တိကျစွာ သိရှိနေခဲ့သည်။
ကျားကျဲလုပ်ငန်းစု၏ ရုံးဆင်းချိန်မှာ ညနေ ၅ နာရီခွဲ ဖြစ်သည်။ ကျန်းရုန်ဖေး အလုပ်ဆင်းရန်အတွက် နောက်ထပ် မိနစ်နှစ်ဆယ်ကျော် မျှ လိုအပ်သေးသည်။ မူဟန် ကားကို ရပ်တန့်ကာ စောင့်ဆိုင်းနေခဲ့သည်။
ထိုအချိန်မှာပင်... တစ်စုံတစ်ဦးက သူ့ထံသို့ WeChat မှတစ်ဆင့် မက်ဆေ့ဂျ်တစ်ခု ပေးပို့လာခဲ့သည်။
မူဟန် ထိုဓာတ်ပုံကို ဖွင့်လှစ်ကြည့်ရှုလိုက်သည့်အခါ... ၎င်းမှာ ရွှီရိုတစ်ယောက် ဆွဲဆောင်မှုရှိသော ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသည့် ဓာတ်ပုံတစ်ပုံ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သူမသည် မှန်အရှေ့တွင် ဓာတ်ပုံရိုက်ကူးခြင်း ဖြစ်သောကြောင့် ဖုန်းဖြင့် သူမ၏ မျက်နှာကို ကာကွယ်ထားသဖြင့် သူမ၏ မျက်နှာလေးကိုမူ မမြင်ရချေ။
မူဟန်သည် ဓာတ်ပုံကိုသာ စိုက်ကြည့်နေခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရွှီရိုသည် ဓာတ်ပုံရိုက်ပြီးနောက် မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုကာ သဘောကျနေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ဗီဒီယို (Live view) အတိုင်း တိုက်ရိုက် မြင်တွေ့နိုင်စွမ်း ရှိနေပါက... မည်သူက ဓာတ်ပုံကိုသာ ကြည့်နေပါမည်နည်း။
မူဟန်သည် ရွှီရို၏ အမြင်အာရုံကို မျှဝေခံစားခြင်းဖြင့် သူမ၏ ဖုံးကွယ်ထားခြင်းမရှိဘဲ အလွန်တရာ ဆွဲဆောင်မှုရှိပြီး အချိုးအစားကျလှသော ကောက်ကြောင်းအလှတရားများကို အတိုင်းသား မြင်တွေ့နေရခြင်း ဖြစ်သည်။
ထို့ကြောင့် သူ၏ အာရုံစိုက်မှုအားလုံးမှာ ရွှီရို၏ သွယ်လျလှပသော ခြေတံရှည်ကြီးများအပေါ်သို့သာ ရောက်ရှိနေခဲ့သည်။
အဆင့်မြင့် ခြေအိတ်ရှည်ဖြင့် တင်းတင်းရင်းရင်း ရစ်ပတ်ထားသော ခြေတံရှည်တစ်စုံမှာ ပြည့်စုံလှပသော အကောက်အကြောင်း လိုင်းများကို ထင်ရှားစေသည်။ ထိုခြေအိတ်မှာ နုညံ့ချောမွေ့လှပြီး လင်းလက်တောက်ပသော အလင်းတန်းလေးများ ရှိနေကာ၊ ၎င်းမှာ ဖော်ပြခြင်းမရှိဘဲ ပေါ်လွင်နေသော ဆီးနှင်းကဲ့သို့ ဖြူစင်လှသည့် အသားအရေနှင့် အလွန်တရာ ဆန့်ကျင်ဘက်ဖြစ်ကာ မျက်စိကျစရာကောင်းလှသော အလှတရားကို အပြည့်အဝ ပေါ်လွင်စေတော့သည်။
မူဟန် ကြည့်ရင်းနှင့် လည်ချောင်းထဲတွင် ခြောက်ကပ်ကာ ရေငတ်သလို ခံစားလိုက်ရသဖြင့်၊ ကားထဲရှိ ရေသန့်ပုလင်းကို ဖွင့်လှစ်ကာ ရေအမြောက်အမြားကို ဂလုဂလုနှင့် အလျင်စလို သောက်လိုက်မိတော့သည်။
ရေသောက်ပြီးနောက်တွင်မူ... သူသည် ရွှီရိုထံသို့ "?" (အမေးသတ်မှတ်ချက်) တစ်ခုကို ဖြည်းဖြည်းချင်း ပြန်လည်ပေးပို့လိုက်သည်။
ရွှီရိုတစ်ယောက် အလွန်တရာ ရှက်ရွံ့သွားခဲ့ရပြီး၊ စာတစ်စောင်ကို ရေးသားလိုက်သော်လည်း မသင့်တော်ဟု ထင်မှတ်ကာ ပြန်လည်ဖျက်ပစ်လိုက်သည်။ ဤသို့ဖြင့် အကြိမ်ကြိမ် ပြုလုပ်နေခဲ့ပြီး ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေခဲ့ရသည်။
မူဟန်သည် ရွှီရို၏ ထိုကဲ့သို့သော ရှက်ရွံ့ပျာယာခတ်နေသည့် မျက်နှာအမူအရာလေးကို စနစ်မြင်ကွင်းမှတစ်ဆင့် ကြည့်ရှုရင်း ပြုံးလိုက်မိကာ၊ ချက်ချင်းပင် ဗီဒီယိုကောလ် (Video Call) ကို တိုက်ရိုက် ခေါ်ဆိုလိုက်တော့သည်။
ရွှီရိုသည် မူဟန်ထံမှ ဗီဒီယိုကောလ် ဖိတ်ခေါ်ချက်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် အလွန်ပင် ထိတ်လန့်ပျာယာခတ်သွားခဲ့ရသော်လည်း ငြင်းပယ်ရန် မတတ်နိုင်ခဲ့ချေ။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက်... မတတ်သာဘဲ စိတ်ကို တင်းကာ ဗီဒီယိုကောလ်ကို လက်ခံဖြေကြားလိုက်ရတော့သည်။