အခန်း (၂) - အလှပိုင်ရှင် ရွှီရို
ဇာတ်လိုက်ဖြစ်သူ ချင်ဖုန်းအနေဖြင့် သူ၏ မိခင်အရင်းဖြစ်သော ရွှီရိုအပေါ်တွင် သေချာပေါက် အလွန်သိတတ်လိမ္မာပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ချင်ဖုန်း၏ ဖခင်မှာ စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး ရွှီရိုတစ်ယောက်တည်းသာလျှင် သူ့ကို ဒုက္ခခံ၍ ပြုစုပျိုးထောင်ပေးခဲ့ရသည် မဟုတ်ပါလော။
အကယ်၍ သူသာ ရွှီရိုကို စနစ်တစ်ခု ပေးအပ်လိုက်ပြီး သူမအတွက် သီးသန့်တာဝန်များကို သတ်မှတ်ပေးလိုက်မည်ဆိုပါက...
ရွှီရိုကသာ သူ့ဘက်မှ ရပ်တည်ပေးနေမည်ဆိုလျှင် ချင်ဖုန်းတစ်ယောက် မည်မျှပင် စွမ်းအားကြီးလာစေကာမူ သူ့ကို ဘာများ လုပ်နိုင်ပါမည်နည်း။ ထို့အပြင် ရွှီရိုသည် ရွှီပင်းနင်း၏ မွေးစားမိခင်လည်း ဖြစ်နေသေးရာ သူမသည် အကောင်းဆုံးသော အောင်သွယ်တော်ကြီးပင် ဖြစ်လာပေလိမ့်မည်။
တွေးမိသည်နှင့် တစ်ပြိုင်နက် မူဟန်သည် ရွှီရိုကို ရှာဖွေရန် ချက်ချင်း ထွက်ခွာလာခဲ့လေသည်။
သူစုံစမ်းထားသော အချက်အလက်များအရ ရွှီရိုသည် ယွဲ့ရှင်းခရိုင်၊ ကျိုကျန်းလမ်းတွင် "ရှင်းယွဲ့ မုန့်တိုက်" အမည်ရသော မုန့်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားသည်။
မူဟန်သည် ရွှီရို၏ မျက်နှာကို မှတ်မိစေရန် ဓာတ်ပုံအချို့ကို လှန်လှောကြည့်ရှုလိုက်ပြီးနောက် သူ၏ကားကို ကျိုကျန်းလမ်းရှိ နေရာတစ်ခုတွင် ရပ်ထားခဲ့သည်။
ထို့နောက် လမ်းတစ်လျှောက် လမ်းလျှောက်လာခဲ့ရာ ရှင်းယွဲ့ မုန့်တိုက်ကို လျင်မြန်စွာပင် တွေ့ရှိသွားတော့သည်။
မုန့်တိုက်အတွင်းသို့ ဝင်ရောက်လာပြီးနောက် မူဟန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ဆိုင်မှာ မကြီးမားလှသော်လည်း အရောင်းအဝယ် အတော်လေးကောင်းမွန်ပုံရသည်။
ဆိုင်ထဲတွင် "ရှင်းယွဲ့ မုန့်တိုက်" တံဆိပ်ပါသော မီးခိုးရင့်ရောင် ခါးစည်းများကို ဆင်တူဝတ်ဆင်ထားသည့် အမျိုးသမီး လေးဦးရှိသည်။ သူတို့သည် ဝန်ထမ်းများဖြစ်ကြောင်း သိသာထင်ရှားလှပြီး အလွန်အမင်း အလုပ်ရှုပ်နေကြသည်။
ထိုအမျိုးသမီး လေးဦးထဲမှ သုံးဦးမှာ အသက် နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးပြီး နုနယ်သော ရုပ်ရည်သွင်ပြင်များနှင့် အလွန်နုပျိုပုံရသည်။
ကျန်အမျိုးသမီးတစ်ဦးမှာမူ အသက်အနည်းငယ် ပိုကြီးပုံရပြီး သုံးဆယ်ကျော်အရွယ်ဟု ခန့်မှန်းရသည်။ ခါးစည်း(အေပရွန်) ဝတ်ဆင်ထားသော်ငြား သူမ၏ အချိုးအစားကျနလှသော ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထားရန် ခက်ခဲလှပေသည်။ သူမသည် အတော်လေး လှပပြီး ရင့်ကျက်ကာ ဆွဲဆောင်မှုရှိသော အငွေ့အသက်များကို ပိုင်ဆိုင်ထားသဖြင့် အထူးပင် ညှို့ဓာတ်ပြင်းလှသည်။
မူဟန် အနည်းငယ် အကဲခတ်ကြည့်လိုက်ပြီးနောက် ထိုအလှပိုင်ရှင်မှာ ရွှီရိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူ၏ အဓိကပစ်မှတ်မှာ သူမ၏ မွေးစားသမီးဖြစ်သော ရွှီပင်းနင်းသာ ဖြစ်နေ၍ တော်သေးသည်။ သို့မဟုတ်ပါက သူသည် သူမကိုပင် တကယ် လက်တည့်စမ်းကြည့်ချင်စိတ် ပေါ်လာမိမည်ဖြစ်သည်...
စနစ်တစ်ခုကို ဖြန့်ဝေရန်အတွက် စည်းကမ်းချက် နှစ်ခုရှိသည်။
ပထမအချက်မှာ ပစ်မှတ်သည် သူ၏ မြင်ကွင်းအတွင်းတွင် ရှိနေရမည်။
ဒုတိယအချက်မှာ ပစ်မှတ်၏ ဇာတ်ကောင်ရောင်ဝါ သည် မူဟန့်ထက် နိမ့်ကျနေရမည်ဖြစ်သည်။
သူ၏စနစ်နှင့် ဆက်သွယ်လိုက်ရင်း မူဟန်သည် သူ၏ ကိုယ်ပိုင် ဂုဏ်သတ္တိမျက်နှာပြင်ကို ဆွဲထုတ်လိုက်သည်။
【ပိုင်ရှင် : မူဟန်】
【ဆွဲဆောင်မှု: ၉၀ (သာမန်လူများအတွက် အများဆုံး ၁၀၀ ဖြစ်သော်လည်း ကျော်လွန်နိုင်ပါသည်။)】
【တိုက်ခိုက်ရေးစွမ်းအား : ၄၁ (အကန့်အသတ်မရှိ၊ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ပျမ်းမျှမှာ ၆၀ ဖြစ်ပါသည်။)】
【ဗီလိန်ရောင်ဝါ : ၃၇】
【စွမ်းဆောင်ရည်များ : မရှိပါ】
【စရိုက်လက္ခဏာ : မိန်းမလှလေးများကို နှစ်သက်ခြင်း】
【ကံကြမ္မာ : အလယ်အလတ်အဆင့် ဗီလိန်】
ဆွဲဆောင်မှုအမှတ် ၇၀ အထက်ဆိုလျှင်ပင် ရုပ်ချောသည်ဟု သတ်မှတ်နိုင်နေပြီဖြစ်သည်။
ဆွဲဆောင်မှုအမှတ် ၉၀ ရှိသော မူဟန်သည် အလွန်ရုပ်ချောသော အမျိုးသားများစာရင်းတွင် ပါဝင်နေပေသည်။ ဤရုပ်ရည်မျိုးဖြင့် အကယ်၍ ဖျော်ဖြေရေးလောကထဲသာ ဝင်ရောက်သွားပါက ထိပ်တန်း အမျိုးသားဆယ်လီတစ်ဦး လွယ်လွယ်ကူကူ ဖြစ်လာနိုင်ပေသည်။
တိုက်ခိုက်ရေးစွမ်းအားမှာမူ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ပျမ်းမျှအောက်ပင် ရောက်နေသဖြင့် အနည်းငယ် စိတ်ပျက်စရာကောင်းလှသည်။
သို့သော်လည်း အဘယ်ကြောင့် ဤသို့ဖြစ်နေရသည်ကို မူဟန် အပြည့်အဝ နားလည်နိုင်ပေသည်။
သူသည် မကြာခဏ ညလုံးပေါက် အိပ်ရေးပျက်ခံလေ့ရှိပြီး အရက်နှင့် မိန်းမကိစ္စများတွင် အလွန်အကျွံ နစ်မွန်းနေခဲ့ရာ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သဘာဝအားဖြင့် အားနည်းနေခြင်းပင်ဖြစ်သည်။
စွမ်းဆောင်ရည်များနှင့် ပတ်သက်၍မူ သူ၌ ဘာတစ်ခုမျှ မရှိချေ…. လုံးဝကို အသုံးမကျသူတစ်ယောက်ပင်ဖြစ်သည်။
ကံကောင်းစွာဖြင့် မျက်နှာပြင်ပေါ်ရှိ တန်ဖိုးများကို မြှင့်တင်နိုင်ပေသည်။ ကံကြမ္မာ အမျိုးအစားသည်ပင်လျှင် အဆင့်သတ်မှတ်ချက် အသစ်များ ရရှိနိုင်သည် (သို့မဟုတ်) လက်ရှိအရာများကို အဆင့်မြှင့်တင်နိုင်ပေသည်။
သို့သော် စရိုက်လက္ခဏာ အမျိုးအစားကတော့ ချွင်းချက်ဖြစ်သည်။ ၎င်းသည် မွေးရာပါဖြစ်ပြီး ပြောင်းလဲ၍မရနိုင်ပေ။ သို့သော် မျှမျှတတ ပြောရလျှင် စနစ်၏ အကဲဖြတ်မှုမှာ အတိအကျ မှန်ကန်လှသည်။ မိန်းမလှလေးများကို နှစ်သက်သည်ဆိုသည့်အချက်ကို သူ အပြည့်အဝ ဝန်ခံပေသည်။
ထိုအတွေးများကို ဖယ်ရှားလိုက်ရင်း မူဟန်သည် ဖောက်သည်တစ်ဦးအတွက် ပေါင်မုန့်နှင့် ကိတ်မုန့်များကို ထုပ်ပိုးပေးနေသော ဆိုင်ပိုင်ရှင် ရွှီရိုကို လှမ်းကြည့်လိုက်ပြီး သူမ၏ အချက်အလက်များကို ကြည့်ရှုရန် ရွေးချယ်လိုက်သည်။
【အမျိုးသမီး ဇာတ်ပို့ : ရွှီရို】
【ဆွဲဆောင်မှု : ၈၅】
【တိုက်ခိုက်ရေးစွမ်းအား : ၃၉】
【ဇာတ်ပို့ရောင်ဝါ : ၂၅】
【စွမ်းဆောင်ရည်များ : အဆင့်မြင့် မုန့်ဖုတ်စွမ်းရည်၊ အဆင့်မြင့် ဟင်းချက်စွမ်းရည်】
【စရိုက်လက္ခဏာ : ခန္ဓာကိုယ် ပျော့ပြောင်းမှု အလွန်မြင့်မားခြင်း၊ ခြေကား(အရိုးပျော့) ရာတွင် ကျွမ်းကျင်ခြင်း၊ နူးညံ့သိမ်မွေ့ပြီး သီလရှိခြင်း】
【ကံကြမ္မာ : လင်စားမည့်ကိန်း 】
【ပိုင်ရှင်အပေါ် နှစ်သက်မှု : ၀ (သူစိမ်း)】
【လတ်တလော စိုးရိမ်ပူပန်မှုများ : သူမ၏ နုပျိုမှုများ ကုန်လွန်သွားခြင်းကို နှမြောတသဖြစ်နေခြင်း】
【လတ်တလော ဆန္ဒများ : သူမ၏သမီး ရွှီပင်းနင်း ကောင်းမွန်သော ခင်ပွန်းတစ်ဦး ရရှိရန် မျှော်လင့်နေခြင်း】
လင်စားမည့်ကိန်း ဆိုသော လက္ခဏာကို မြင်လိုက်ရသောအခါ မူဟန် တစ်ချက် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
ယောကျာ်းတစ်ယောက်၏ ဇာတာက မမာဘူးဆိုလျှင် ဤကဲ့သို့သော မိန်းမမျိုးကို တကယ်ပင် မထိရဲစရာပင်။
ရှင်းရှင်းလင်းလင်းပင် ရွှီရို၏ ခင်ပွန်းမှာ ဇာတာမမာသောကြောင့် ကျိန်စာသင့်ကာ သေဆုံးသွားခဲ့ရခြင်း ဖြစ်ပေမည်။
ရွှီရို၏ ဇာတ်ပို့ရောင်ဝါမှာ ၂၅ သာရှိပြီး မူဟန့်၏ ဗီလိန်ရောင်ဝါ ၃၇ ထက် နိမ့်ကျနေသဖြင့် စနစ် ဖြန့်ဝေရန် စည်းကမ်းချက်များနှင့် ကွက်တိကိုက်ညီနေပေသည်။
ရွှီရိုသည် အသက်အရွယ်ရလာသည့်တိုင် သူမ၏ ဆွဲဆောင်မှုများကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ရာ သူမ ငယ်ရွယ်စဉ်က မည်မျှပင် လှပခဲ့မည်ကို စိတ်ကူးကြည့်နိုင်သည်။ ဆွဲဆောင်မှုအမှတ် အနည်းဆုံး ၉၀ ခန့်ရှိသော အလွန်လှပသည့် မိန်းမချောတစ်ဦး ဖြစ်ခဲ့မည်မှာ သေချာလှသည်။
အလွန်လှပသော မိန်းမတစ်ဦးအနေဖြင့် အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားများ တဖြည်းဖြည်း ကျဆင်းလာသည်ကို မြင်ရသောအခါ ဝမ်းနည်းပူဆွေးမှုများ ခံစားရသည်မှာ ရှောင်လွှဲ၍မရနိုင်သော အရာပင်ဖြစ်သည်။ ရွှီရိုတွင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုများ ရှိနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် အကယ်၍ ရွှီရိုသာ စနစ်ကို ရရှိသွားပါက တာဝန်များ ပြီးမြောက်ခြင်းအတွက် ဆုလာဘ်မှာ သူမ၏ "အလှတရား" ကို မြှင့်တင်ပေးရန်ပင် ဖြစ်သင့်ပေသည်။ ၎င်းသည် သူမ၏ လက်ရှိ အကြီးမားဆုံးသော လိုအပ်ချက်ဖြစ်ကြောင်း ယုံမှားဖွယ်မရှိချေ။
မူဟန့်၏ ဆွဲဆောင်မှုအမှတ်မှာ ၉၀ ဖြစ်ပြီး မြင့်မားနေပြီ ဖြစ်သော်လည်း တိုးတက်ရန် နေရာလပ် ရှိနေသေးသည်။ သူကတော့ သူ့ကိုယ်သူ ပိုမိုပြည့်စုံသွားစေရန် ပြုလုပ်ရမည်ကို ကန့်ကွက်စရာအကြောင်း မရှိပေ။ မည်သို့ပင်ဆိုစေ လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင် ပိုမိုကောင်းမွန်လေ ဆန့်ကျင်ဘက်လိင်များထံမှ မျက်နှာသာပေးမှု ပိုမိုရရှိနိုင်လေ မဟုတ်ပါလော။
ရုပ်ရည်လေးတစ်ခုတည်းဖြင့်တော့ မင်းသမီးကို အပိုင်ရနိုင်မည် မဟုတ်သော်လည်း ၎င်းသည် သေချာပေါက် အားသာချက်တစ်ခု ဖြစ်ပေသည်။
မူဟန်သည် မုန့်တိုက်ထဲတွင် ရပ်ကာ ကုန်ပစ္စည်းများကို မကြည့်ဘဲ ဟိုဟိုဒီဒီ လိုက်လံကြည့်ရှုနေလိုက်သည်။
ဆိုင်ထဲတွင် ဖောက်သည်အရေအတွက် လျော့နည်းသွားသောအခါ ရွှီရို အနည်းငယ် အားလပ်သွားသည်။ သူမက မူဟန့်ထံသို့ ကိုယ်တိုင် လျှောက်လာခဲ့ပြီး ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
"မင်္ဂလာပါရှင်… ဘာများ အလိုရှိပါသလဲ"
သူမ၏အသံမှာ အလွန်နားထောင်ကောင်းပြီး နူးညံ့သိမ်မွေ့ကာ ဆောင်းရာသီ၏ နေရောင်ခြည် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသကဲ့သို့ လူကို အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။
"မင်္ဂလာပါ အစ်မ…ကျွန်တော် ကိတ်မုန့်တစ်ခု အော်ဒါမှာချင်လို့ပါ" ပထမဆုံး အမြင်သည် အရေးကြီးသည်ဖြစ်ရာ မူဟန်သည် အချိုသတ်စကား ပြောဆိုရသည်ကို ဝန်လေးမနေခဲ့ပေ။
ရွှီရို အနည်းငယ် အံ့သြသွားပြီး ရှက်ရွံ့သလို ခံစားလိုက်ရသည်။ "ဘာ အစ်မ လဲကွယ်၊ အန်တီက အသက်ကြီးနေတဲ့ အဒေါ်ကြီးတစ်ယောက်ပါ"
"အစ်မကလည်း နောက်နေပြန်ပါပြီ၊ ကျွန်တော့်အမြင်မှာတော့ အစ်မက အသက် ၂၈၊ ၂၉ လောက်ပဲ ရှိဦးမယ်လို့ ထင်ရတာ" မူဟန်က ပြောလိုက်သည်။
"အဲဒီထက် အများကြီး ကြီးနေပါပြီကွယ်"
မူဟန့်၏ ချီးကျူးစကားကြောင့် ရွှီရို၏ စိတ်အခြေအနေ တောက်ပသွားခဲ့ပြီး ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သော်လည်း သူမ၏ အသက်အမှန်ကိုတော့ ထုတ်မပြောခဲ့ချေ။ အမျိုးသမီးတစ်ဦးအတွက် ထိုအရာက လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်လေ။
မူဟန်သည် ဆက်လက်၍ မြှောက်ပင့်မနေတော့ပေ။ ပထမဆုံးအကြိမ် တွေ့ဆုံမှုအတွက် အချိုသတ်စကား ပြောဆိုခြင်းက အဆင်ပြေသော်လည်း အတိုင်းအတာတစ်ခုအထိသာ ရှိရန် လိုအပ်သည်။ အလွန်အကျွံ ဖြစ်သွားပါက သံသယဝင်သွားစေနိုင်သည်။
"ကိတ်မုန့်က ဘယ်လိုပွဲအတွက်လဲကွယ်။ အထူးတလည် လိုအပ်ချက်လေးတွေ ရှိသေးလား" ရွှီရိုသည် မှတ်စုရေးမှတ်ရန် အသင့်အနေအထားဖြင့် စာရွက်နှင့် ဘောပင်တစ်ချောင်း ယူလာခဲ့သည်။
"ကျွန်တော့်အမေရဲ့ မွေးနေ့အတွက်ပါ။ လူတစ်ဝက်စာလောက် အမြင့်ရှိပြီး ၉ ထပ်လောက် လုပ်ပေးပါ။ အကုန်လုံးကို အကောင်းဆုံး ပါဝင်ပစ္စည်းတွေချည်းပဲ သုံးပေးပါ။ တခြား လိုအပ်ချက်တော့ မရှိပါဘူး ပိုက်ဆံက ပြဿနာမရှိဘူး" ဟု မူဟန်က ပြောလိုက်သည်။
ရွှီရို အံ့သြသွားသည်…၎င်းသည် သေချာပေါက် ကြီးမားသော အော်ဒါတစ်ခုဖြစ်ပြီး ပို၍အရေးကြီးသည်မှာ ဖောက်သည်က အလွန်ပွင့်လင်းပြီး တိုက်ရိုက်ဆန်လွန်းခြင်းပင်ဖြစ်သည်။ သူမသည် ဤကဲ့သို့သော ဖောက်သည်မျိုးနှင့် ဆက်ဆံရသည်ကို နှစ်သက်ပြီး မှတ်စုများကို လျင်မြန်စွာ ရေးမှတ်လိုက်သည်။
"လူလေး... အကြမ်းဖျင်း ဘယ်အချိန်လောက် လိုချင်တာလဲကွယ်" ရေးမှတ်ပြီးနောက် ရွှီရိုက မေးလိုက်သည်။
'ကျွန်တော် အစ်မကို လိုချင်တယ်ဆိုရင်ရော အစ်မကိုယ်တိုင် ကျွန်တော့်ဆီ ပါလာမှာလား'
မူဟန့်၏ အကျင့်ဟောင်းများအရ ထိုစကားကို ဗြုန်းစားကြီး လွှတ်ခနဲ ထွက်သွားလုနီးပါး ဖြစ်သွားသော်လည်း အချိန်မီ ထိန်းလိုက်နိုင်ပြီး "မနက်ဖြန် နေ့လယ်မတိုင်ခင်လောက်ပါ" ဟု ပြန်ဖြေလိုက်သည်။
"ပြဿနာမရှိပါဘူးကွယ်… ဆက်သွယ်ရမယ့် အချက်အလက်လေး ချန်ထားခဲ့ပေးလို့ အဆင်ပြေမလား… အဲဒီအချိန်ကျရင် အန်တီတို့ လူတစ်ယောက် လွှတ်ပြီး ပို့ပေးလိုက်ပါ့မယ်" ဟု ရွှီရိုက ပြောသည်။
"ဒါဆို ဒုက္ခပေးသလို ဖြစ်သွားပြီ" မူဟန် ခေါင်းညိတ်လိုက်သည်။
"ဝမ်းသာပါတယ်ကွယ်" ရွှီရိုက ပြုံးပြလိုက်သည်။
မူဟန်သည် ရွှီရို၏ ဝီချက် ကို အပ် လိုက်ပြီး သူမထံသို့ စပေါ်ငွေ ယွမ်တစ်ထောင် အရင်လွှဲပေးလိုက်သည်။
"လူငယ်လေး…တခြား လိုအပ်တာများ ရှိသေးလား"
"မရှိတော့ပါဘူး…ဒါပါပဲ"
"ဂရုစိုက်သွားပါဦးကွယ်"
ရွှီရိုသည် ပြုံးရွှင်စွာဖြင့် မူဟန့်ကို တံခါးဝအထိ လိုက်ပို့ပေးပြီး သူထွက်သွားသည်ကို ခေတ္တမျှ ကြည့်နေလိုက်သည်။
မှာယူတဲ့ ကိတ်မုန့်အတွက်တောင် ဈေးမဆစ်ဘူးဆိုတော့ သူက ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက် ဖြစ်ရမယ်၊ သူ့ရဲ့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကလည်း တော်တော်လေး ကောင်းမွန်ပုံရတယ်...
ရွှီရို စိတ်ထဲမှ တွေးလိုက်ရင်း ဆိုင်ထဲသို့ ပြန်ဝင်ရန် လှည့်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူမ၏ စိတ်ထဲတွင် ထူးဆန်းသော အသံအချို့ ပဲ့တင်ထပ်လာခဲ့သည်။
ရွှီရို ခေတ္တမျှ ကြောင်အမ်းသွားပြီး အချိန်အတန်ကြာမှသာ တုံ့ပြန်နိုင်တော့သည်။
သူမသည် ယခင်က အွန်လိုင်းဝတ္ထုများကို ဖတ်ဖူးပြီး "စနစ်" ကဲ့သို့သော အရာများအကြောင်းကို သိရှိထားသဖြင့် နားလည်ရန် မခက်ခဲလှပေ။
"စနစ်က ချမှတ်ပေးတဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ရင် ငါ ပိုပြီးလှပလာမယ် နုပျိုမှုကို ပြန်ရနိုင်မယ်ဆိုတာ... တကယ်ကြီးလား"
စနစ်နှင့် ဆက်သွယ်ပြီးနောက် ရွှီရိုသည် ၎င်း၏ လုပ်ဆောင်ချက်များကို အတိုင်းအတာတစ်ခုအထိ နားလည်သွားခဲ့သည်။
သူမ သံသယဖြစ်နေသော်လည်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး စနစ်၏ တာဝန်တစ်ခုကို လက်ခံရန် ပြင်ဆင်လိုက်သည်။
【တာဝန် ချမှတ်နေပါသည်… ပိုင်ရှင် ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါ။】
ရွှီရိုသည် အသိပေးချက်ကို လက်ခံရရှိပြီးနောက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
တစ်ဖက်တွင်မူ...
မူဟန်သည် မည်ကဲ့သို့သော တာဝန်မျိုးကို သတ်မှတ်ပေးသင့်သလဲဟု စဉ်းစားနေလေသည်။ ရွှီရိုက တာဝန်လက်ခံရန် လုပ်ဆောင်ချက်ကို ပြုလုပ်လိုက်ချိန်တွင် သူ၏ဘက်၌ အသိပေးချက်တစ်ခု လက်ခံရရှိမည်ဖြစ်သည်။
"သင့်ဆိုင်တွင် ကိတ်မုန့်လာရောက်မှာယူသွားသော လူငယ်လေးသည် အလွန်ထူးချွန်ပြီး မြင့်မားသော ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားပါသည်။ သူသည် သင့်သမီး ရွှီပင်းနင်း၏ ချစ်သူတစ်ဦးဖြစ်လာရန် အလွန်မြင့်မားသော လိုက်ဖက်ညီမှု ရမှတ်ကို ပိုင်ဆိုင်ထားပြီး သူမအတွက် အပြည့်စုံဆုံးသော လက်တွဲဖော် ဖြစ်သည်။ မနက်ဖြန်တွင် သင့်သမီးကို သူ၏ထံသို့ ကိတ်မုန့် သွားရောက်ပို့ဆောင်ခိုင်းလိုက်ပါ၊ ထိုသို့ပို့ဆောင်စဉ် တစ်ဆက်တည်းမှာပင် သင့်သမီးကို သူ၏ အိပ်ရာဝင် အဖော်အဖြစ် ဝင်ရောက်ခိုင်းလိုက်ပါ"
မူဟန်သည် တာဝန်ကို လျင်မြန်စွာ ရေးဆွဲလိုက်ပြီး ရွှီရို၏ စနစ်မှတစ်ဆင့် ပေးပို့ရန် ရွေးချယ်လိုက်လေတော့သည်။