အခန်း (၁၈) - မီးရှူးမီးပန်း ပွဲတော်
နောက်တစ်နေ့ ညနေခင်း...
မီးရှူးမီးပန်း ပွဲတော် တရားဝင်စတင်ရန် အချိန်အနည်းငယ် လိုအပ်နေသေးသော်လည်း၊ ယွီကျီကျိုးနှင့် အနီးဆုံးဖြစ်သော ထန်မြစ်ကမ်းပါး ဝဲယာတစ်လျှောက်တွင် လူများစွာ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပါက ငယ်ရွယ်ချောမောသော အမျိုးသမီး အများအပြားကို တွေ့မြင်နိုင်သည်။ ယခုအချိန်မှာ နွေဦးအစောပိုင်းကာလ ဖြစ်သဖြင့် သူတို့သည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားကြသည်။ ထိုဖြူဝင်းလှပသော ခြေတံရှည်များမှာ မြင်တွေ့ရသူတို့အတွက် မျက်စိပသာဒဖြစ်စရာ ရှုခင်းတစ်ခု ဖြစ်နေတော့သည်။
မူဟန်သည် ချိန်းဆိုထားသည့်အတိုင်း ရွှီပင်းနင်းနှင့် တွေ့ဆုံရန်အတွက် ဤနေရာသို့ အရင်ဆုံး ရောက်ရှိနေခဲ့သည်။
လူအုပ်ကြီးကြားထဲတွင် မူဟန်သည် သူ၏ ထူးခြားထက်မြက်သော ရုပ်ရည်ကြောင့် သိသိသာသာ ပေါ်လွင်နေခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း သူ့ကို ခဏခဏ လှမ်း၍ အကဲခတ်ကြည့်ရှုနေကြသည်။
မိမိကိုယ်ကိုယ် ဆွဲဆောင်မှုရှိသည်ဟု ယူဆထားကြသော သတ္တိရှိသည့် အချို့အမျိုးသမီးများဆိုလျှင် မူဟန့်ထံသို့ လာရောက်၍ စကားစမြည်ပင် အစပြုကြသေးသည်။
သို့သော် မူဟန်သည် သဘာဝအတိုင်းပင် စိတ်ဝင်စားမှုမရှိသဖြင့် သူတို့အားလုံးကို ငြင်းပယ်လိုက်သည်။
ဤကဲ့သို့ဖြင့် မူဟန်က အမျိုးသမီးအချို့ကို ဆက်တိုက်ငြင်းပယ်လိုက်ပြီးနောက်တွင်မူ၊ သူ့ကို သိကျွမ်းလိုသူများသည် အလိုက်သိစွာဖြင့် သူ့ဘေးနားသို့ ထပ်မံ၍ တိုးမလာကြတော့ချေ။
မူဟန်ကို သိကျွမ်းသော အမျိုးသမီးတစ်ဦး ပေါ်လာသည့်အချိန်အထိပေါ့...
"အကိုဟန်... တိုက်ဆိုင်လိုက်တာ… အစ်ကိုလည်း မီးရှူးမီးပန်းပွဲ လာကြည့်တာလား" စကားပြောလိုက်သော အမျိုးသမီးမှာ အသက် ၂၀ ခန့် အရွယ်ရှိပုံရပြီး၊ တက္ကသိုလ်ကျောင်းသူတစ်ဦးကဲ့သို့ နုပျိုလန်းဆန်းသော ပုံစံမျိုး ဝတ်ဆင်ထားသည်။
အကယ်၍ သူမ၏ ရုပ်ရည်ကို အမှတ်ပေးရမည်ဆိုပါက ၈၅ မှတ် အသာလေး ရနိုင်ချေရှိသည်။
"တိုက်ဆိုင်တာပဲ" မူဟန် ထိုအမျိုးသမီးကို သိသော်လည်း သူမ၏ အမည်ကိုမူ သေချာမမှတ်မိချေ လီလီ လား… ဒါမှမဟုတ် စီစီ လား။
"အရင်တုန်းက အစ်ကို အားတဲ့အချိန်ကျရင် ညီမကို အပြင်ထွက်လည်ဖို့ ခေါ်မယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား… ညီမမှာတော့ အကြာကြီး စောင့်နေရတာ၊ အစ်ကို့ဆီက ဖိတ်ခေါ်ချက် လုံးဝ ရမလာဘူး"
"ဒီရက်ပိုင်း အလုပ်တွေ နည်းနည်း ရှုပ်နေလို့ပါ"
"တစ်ယောက်တည်း လာတာလား"
"မဟုတ်ဘူး…လူတစ်ယောက်ကို စောင့်နေတာ"
ထိုအချိန်တွင် ရွှီပင်းနင်းသည် ကားပါကင်ထိုးပြီးနောက် ရောက်ရှိလာခဲ့သည်။ သူမသည် လူအုပ်ကြီးကို ဝေ့ဝဲရှာဖွေလိုက်ရာ မူဟန် ရှိနေသည့်နေရာကို အတိအကျ တွေ့ရှိသွားခဲ့သည်။
ရွှီပင်းနင်းသည် အပေါ်ပိုင်းတွင် ပန်းရောင်နုရောင် တီရှပ် ကို ဝတ်ဆင်ထားပြီး၊ သူမ၏ ထွားကျိုင်းလှပသော ရင်အစုံကြောင့် တီရှပ်အရှေ့ဘက်ရှိ ပန်းပွင့်ပုံစံမှာ ဖောင်းကြွနေခဲ့သည်။ အောက်ပိုင်းတွင်မူ မီးခိုးပြာရောင် စကတ် နှင့် ခြေထောက်တွင် အဖြူရောင် စနိီစ်ကာ ဖိနပ်ကို ဝတ်ဆင်ထားသည်။ သူမ လျှောက်လှမ်းလာစဉ် ထိုနှင်းကဲ့သို့ ဖြူဖွေးသော ခြေတံရှည်များကြောင့် ဘေးလူများ၏ မျက်ဝန်းကို ကလူဖျားယောင်းနေသည့်အလား ရှိနေတော့သည်။
သူမ၏ ဤဝတ်စုံပုံစံမှာ အလွန်လန်းဆန်းပြီး နုပျိုလှသဖြင့်၊ အလုပ်ခွင်တွင် ဝတ်ဆင်တတ်သော ရုံးဝတ်စုံများနှင့် လုံးဝ ကွဲပြားခြားနားသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ အေးစက်ပြီး အိန္ဒြေကြီးမားလှသော ကုမ္ပဏီဥက္ကဋ္ဌ မလေးတစ်ဦးက ရုတ်တရက်ကြီး တက်ကြွလန်းဆန်းသော တက္ကသိုလ်ကျောင်းသူလေးတစ်ဦးအဖြစ် အသွင်ပြောင်းသွားသည့်အလား။
သူမကို မြင်လိုက်ရသောအခါ မူဟန်ပင်လျှင် စက္ကန့်အနည်းငယ်မျှ ငေးခနဲ ဖြစ်သွားခဲ့ရသည်။
"လမ်းမှာ ကားနည်းနည်းပိတ်နေလို့ နောက်ကျသွားတယ်….တောင်းပန်ပါတယ်နော်" ရွှီပင်းနင်းက မူဟန့်ကို ရှင်းပြလိုက်ပြီးနောက် သူ့ဘေးနားရှိ အမျိုးသမီးကို လှမ်း၍ ကြည့်လိုက်သည်… သူမ၏ လှပသော မျက်ဝန်းလေးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခု ခဏမျှ ဖြတ်ပြေးသွားသော်လည်း သူမ ကောင်းစွာ ဖုံးကွယ်ထားလိုက်နိုင်သည်။
"ဒါ ရှင့်ရဲ့ သူငယ်ချင်းလားဟင်… ကျွန်မတို့ကို မိတ်ဆက်မပေးဘူးလား" ရွှီပင်းနင်းက ဆက်၍ မေးလိုက်သည်။
"လမ်းမှာ အမှတ်မထင် ပြန်ဆုံမိကြတာပါ… သူမ နာမည်က... လီလီ လေ" မူဟန် ကံစမ်းပြီး ရမ်းပြောလိုက်သည်။
လီလီဟု အခေါ်ခံလိုက်ရသော အမျိုးသမီးက ခေတ္တမျှ ဆွံ့အသွားပြီးနောက် မူနွဲ့စွာဖြင့် ပြန်လည်ပြင်ပေးလေသည် "ညီမနာမည်က စီစီပါနော်"
မူဟန် စိတ်ထဲတွင် တွေးလိုက်မိသည်... 'နာမည်နှစ်ခုထဲက တစ်ခုကို ရွေးတာတောင် မှားသွားတယ်… ငါ့ရဲ့ ကံတရားက တကယ်ကို ဆိုးတာပဲ'
"အာ... မင်းနာမည် စီစီမှန်း ကိုယ် သိတာပေါ့၊ မင်းကို စနောက်လိုက်ရုံတင်ပါ" မူဟန်သည် ဤကဲ့သို့သော အခြေအနေအသေးအဖွဲကို အကောင်းဆုံး ကိုင်တွယ်နိုင်သူဖြစ်ရာ ပြုံးလိုက်ပြီးနောက် ပြန်လည် ရှင်းပြလိုက်သည်။
တစ်ချိန်တည်းမှာပင် စီစီနှင့် ပတ်သက်သော အတိတ်မှတ်ဉာဏ်များက သူ၏ စိတ်ထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
စီစီသည် ထန်ကျိုးတက္ကသိုလ် ၏ တတိယနှစ် ကျောင်းသူတစ်ဦး ဖြစ်သည်။ မူဟန်သည်လည်း ထန်ကျိုးတက္ကသိုလ်တွင် တက်ရောက်ခဲ့ဖူးသော်လည်း သူ ဘွဲ့ရရှိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
သူတို့နှစ်ဦးသည် ကျောင်းသားဟောင်းများ ပြန်လည်ဆုံဆည်းပွဲတစ်ခုတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး… မကြာမီမှာပင် အတူတူ အိပ်ခဲ့ကြသည်။
မူဟန်အနေဖြင့် ဤအကြောင်းကို အတော်လေး မှတ်မိနေခြင်းမှာ သူမ၏ ပထမဆုံးအကြိမ် (အပျိုစင်ဘဝ) ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။
ဇာတ်လိုက်မလေးများကဲ့သို့သော ဇာတ်ကောင်များကို ဖယ်ထုတ်လိုက်လျှင်၊ ယခုခေတ်ကြီးထဲ၌ အသက် ၂၀ အရွယ်အထိ အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်သူဆိုသည်မှာ အတော်လေး ရှားပါးလှသည်။
ဟုတ်ပါသည်... မူဟန်အနေဖြင့် စီစီကို မိန်းကလေးကောင်းတစ်ယောက်ဟုတော့ မသတ်မှတ်ခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် စီစီသည် ငွေမက်ပြီး ပစ္စည်းပစ္စယ မက်မောသူတစ်ဦး ဖြစ်ရုံသာမက… သူမတွင် ရည်းစားပင် ရှိသေးသည်။
မူဟန် မှတ်မိနေသေးသည်မှာ... သူတို့နှစ်ဦး ဟိုတယ်တွင် အတူရှိနေစဉ်အခါက သူမ၏ ရည်းစားဖြစ်သူထံမှ ဖုန်းလာခဲ့ရာ…စီစီက မိမိကိုယ်ကိုယ် ဟော့ပေါ့ စားနေပါသည်ဟု လိမ်ညာပြောဆိုခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရည်းစားမှာ လူရိုးတစ်ယောက် ဖြစ်ပုံရပြီး၊ သူကြားသည့် ရှီး…အား အသံများကို သူမ ပြောသလို ဟော့ပေါ့စားသည်ဟု တကယ့်ကို ယုံကြည်သွားခဲ့သည်။
မူဟန် ထိုအချိန်တုန်းက ဤအခြေအနေကို အတော်လေး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသဖြင့် နောက်ပိုင်းတွင် စီစီကို ထပ်မံချိန်းဆိုရန် စိတ်ကူးခဲ့သော်လည်း၊ ရွှီပင်းနင်းနှင့် တွေ့ဆုံပြီးနောက်တွင်မူ သူသည် သရဲပူးသလိုမျိုး ရွှီပင်းနင်းတစ်ယောက်တည်းကိုသာ စိတ်ထဲ စွဲလမ်းနေခဲ့သဖြင့် စီစီ၏ အကြောင်းကို ခေတ္တမျှ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
မဟုတ်လျှင်... ယခုကဲ့သို့ လမ်းမှာ ပြန်ဆုံသည့်တိုင်အောင် မူဟန်အနေဖြင့် ဤကိစ္စတစ်ခုလုံးကို မေ့လုနီးပါး ဖြစ်နေခဲ့ချေပြီ။
"ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းနဲ့ လုပ်စရာလေးတွေ ရှိနေသေးလို့… နောက်ခွင့်ကြုံမှပဲ ပြန်ပြီး စကားပြောကြတာပေါ့" စီစီ တစ်စုံတစ်ခု ထပ်မံမပြောနိုင်မီ မူဟန်က အစပြု၍ ဆိုလိုက်သည်။
စီစီသည် မိမိကိုယ်ကိုယ် အတော်လေး လှပသည်ဟု ယူဆထားသော်လည်း… မူဟန်၏ ဘေးနားရှိ ရွှီပင်းနင်းကို မြင်လိုက်ရသောအခါ မိမိကိုယ်ကိုယ် အလိုလို သိမ်ငယ်စိတ် ဝင်သွားရပြီး… ပြုံးကာ ဆိုလိုက်သည် "ကောင်းပါပြီ အကိုဟန်၊ ဒါဆိုရင် ညီမ အစ်ကိုတို့ နှစ်ယောက်ကို အနှောင့်အယှက် မပေးတော့ပါဘူး"
သူမသည် လူအ မဟုတ်သဖြင့် မူဟန်က မိမိအား 'နှင်လွှတ်' နေမှန်း ကောင်းစွာ ရိပ်မိသည်။ ဤသို့ပြောပြီးနောက် သူမသည် မူဟန့်ကို လက်ပြနှုတ်ဆက်ကာ အလိုက်သိစွာဖြင့် လှည့်ထွက်သွားခဲ့တော့သည်။
"ဒီမှာ လူတွေ အရမ်းများပြီး ဆူညံလွန်းတယ်။ ငါတို့ နည်းနည်း ပိုပြီး တိတ်ဆိတ်တဲ့နေရာကို သွားကြရအောင်" မိမိ၏ တခြား 'အသိဟောင်း' များနှင့် ထပ်မံဆုံမိမည်ကို စိုးရိမ်သဖြင့်…မူဟန် အကြောင်းပြချက်တစ်ခု ပေးကာ ရွှီပင်းနင်းကို ခေါ်ဆောင်လိုက်သည်။
"ကောင်းသားပဲ..ဒါပေမယ့် ကျွန်မတို့ ဘယ်ကို သွားကြမလဲ" ရွှီပင်းနင်းသည်လည်း လူမရှုပ်သော နေရာတစ်ခုကို ရှာဖွေချင်နေခဲ့သည်…အဘယ်ကြောင့်ဆိုသော် သူမတွင် ယနေ့ မူဟန့်ကို အပြင်ခေါ်ထုတ်လာရသည့် အထူးရည်ရွယ်ချက်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ ဘေးပတ်ဝန်းကျင်တွင် လူတွေ အများကြီး ရှိနေပါက သူမ စကားပြောရန် အလွန် ရှက်ရွံ့နေလိမ့်မည်။ သို့သော် လောလောဆယ်တွင် သူမအနေဖြင့် မည်သည့်နေရာသို့ သွားရမည်ကို စဉ်းစားမရ ဖြစ်နေခဲ့သည်။
အနီးအနားတွင် ရှုခင်းကြည့်ရှုနိုင်သော နေရာများစွာ ရှိသည်၊ ဥပမာအားဖြင့် မြစ်ကမ်းပါး လမ်းလျှောက်နည်း၊ အနီးရှိ ရင်ပြင်များ စသည်ဖြင့် ဖြစ်သည်။ သို့သော် ထိုနေရာများသည်လည်း လူများဖြင့် ပြည့်နှက်နေသည်သာ ဖြစ်ချေသည်။
"ငါ နေရာတစ်ခု သိတယ်…ငါ့နောက်ကို လိုက်ခဲ့" ရွှီပင်းနင်း၏ စိတ်ကူးကို ရိပ်မိသောကြောင့် မူဟန် ချက်ချင်းပင် အကြံတစ်ခု ရရှိသွားပြီး ရှေ့မှနေ၍ လမ်းပြခေါ်ဆောင်သွားခဲ့သည်။ ရွှီပင်းနင်းလည်း မူဟန်၏ နောက်ကွယ်မှ လိုက်ပါသွားခဲ့တော့သည်။
ထန်မြစ်ကမ်းပါးတစ်လျှောက် လျှောက်လှမ်းလာပြီးနောက်၊ မူဟန်သည် ရွှီပင်းနင်းကို သင်္ဘောဆိပ်တစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ဆိပ်ကမ်းတွင် ရှုခင်းကြည့် အပျော်စီးသင်္ဘော အချို့ ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။ မူဟန်သည် အပျော်စီးသင်္ဘောတစ်စီးကို တိုက်ရိုက် စင်းလုံးငှား လိုက်တော့သည်။
ယခုအချိန်မှာ ညနေ ၆ နာရီခွဲခန့်သာ ရှိသေးသည်။ မီးရှူးမီးပန်း ပွဲတော်သည် ည ၈ နာရီခွဲတွင် တရားဝင် စတင်မည်ဖြစ်ပြီး၊ စုစုပေါင်း နာရီဝက်ခန့် ကြာမြင့်ကာ ည ၉ နာရီတွင် ပြီးဆုံးမည် ဖြစ်သည်။ ဆိုလိုသည်မှာ မီးရှူးမီးပန်း ပွဲတော် စတင်ရန်အတွက် အချိန် နှစ်နာရီခန့် လိုအပ်နေသေးသည်။
မူဟန်ရော ရွှီပင်းနင်းပါ ညစာ မစားရသေးသဖြင့်…သူတို့သည် အနီးအနားရှိ စားသောက်ဆိုင်တစ်ခုသို့ လျှောက်လှမ်းလာခဲ့ကြသည်။ လမ်းလျှောက်ခြင်း…စောင့်ဆိုင်းခြင်းနှင့် အစားအသောက် စားသုံးခြင်းများ ပြီးဆုံးသွားသည့်အခါတွင် အခြေခံအားဖြင့် အချိန် တစ်နာရီခန့် ကုန်လွန်သွားခဲ့ချေပြီ။
သူတို့ စားသောက်ဆိုင်ထဲမှ ထွက်လာချိန်တွင် ပတ်ဝန်းကျင်မှာ မှောင်ရီပျိုးစ ပြုနေခဲ့ပြီ ဖြစ်သည်။ မြစ်ကမ်းပါးအနီးရှိ လမ်းမထက်တွင် လမ်းဘေးမီးတိုင်များမှာ အသီးသီး လင်းထိန်နေကြပြီ။ လမ်းဘေးမီးရောင်အောက်တွင် ချစ်သူစုံတွဲများစွာ လက်ချင်းချိတ်ကာ လမ်းလျှောက်နေကြသည်ကို နေရာအနှံ့ တွေ့မြင်နိုင်သည်။
ဤနေရာသည် တက္ကသိုလ်နယ်မြေနှင့် အလွန်နီးကပ်သဖြင့် တက္ကသိုလ်ကျောင်းသားများ စုဝေးရာ အဓိကနေရာတစ်ခု ဖြစ်နေသည်… ထို့အပြင် ယနေ့တွင် မီးရှူးမီးပန်း ပွဲတော်ရှိသဖြင့် လူဦးရေမှာ ပိုမို၍ပင် များပြားနေခဲ့သည်။
မူဟန်သည် ပေါ့ပေါ့ပါးပါး ဝတ်စုံဖြင့် ဖြစ်ပြီး…ရွှီပင်းနင်းမှာမူ နုပျိုလန်းဆန်းသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့်၊ သူတို့နှစ်ဦး အတူတူ လျှောက်လှမ်းနေကြသည်မှာ သာမန် တက္ကသိုလ်ကျောင်းသား စုံတွဲတစ်တွဲနှင့် အလွန်တူလှသည်။
သို့သော် သူတို့နှစ်ဦး၏ ရုပ်ရည်မှာ အလွန်တရာ ထူးခြားလွန်းလှသဖြင့်၊ လမ်းတွင် တွေ့ဆုံရသမျှသော သူစိမ်းအမျိုးသား၊ အမျိုးသမီးများ၏ ငေးမောကြည့်ရှုခြင်းကို အမြဲတမ်း ခံနေရသည်။ အချို့လူများဆိုလျှင် ငေးကြည့်လွန်းသဖြင့် မိမိတို့၏ ခြေလှမ်းကို သတိမထားမိဘဲ လမ်းဘေးရှိ ပန်းခင်းထဲသို့ တိုက်ရိုက် တိုက်မိလဲကျသွားကြသည်အထိ ဖြစ်ရသည်။
ခေတ္တမျှ လမ်းလျှောက်ပြီးနောက် အချိန်မှာ ည ၈ နာရီသို့ ရောက်ရှိလာခဲ့သည်။ မူဟန်သည် ရွှီပင်းနင်းကို ခေါ်ဆောင်ကာ အပျော်စီးသင်္ဘောပေါ်သို့ တက်ရောက်လိုက်သည်။
သင်္ဘောသည် ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ထန်မြစ်ကြောင်းအတိုင်း ယွီကျီကျိုး အနီးအနားသို့ ဦးတည်မောင်းနှင်သွားခဲ့သည်။
ရှုခင်းကြည့်ရှုရန် အကောင်းဆုံးနေရာသို့ ရောက်ရှိပြီးနောက်…. သင်္ဘောသည် အရှိန်လျှော့လိုက်ပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
အချိန်မှာ ည ၈ နာရီခွဲသို့ ရောက်ရှိသွားခဲ့ချေပြီ။ ရေတွက်၍မရနိုင်သော အလင်းတန်းများစွာသည် ကောင်းကင်ယံထက်သို့ တိုက်ရိုက် ထိုးတက်သွားခဲ့ပြီးနောက်… ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ဝေဟင်ထက်တွင် အလင်းရောင်များ ဖြာထွက်ကာ ကောင်းကင်ပြင်တစ်ခုလုံးကို အရောင်အသွေး စုံလင်စွာဖြင့် တောက်ပလင်းထိန်သွားစေတော့သည်။