အခန်း ၉ - နောက်ဆက်တွဲ အစီအစဉ်များ... တီကျွယ်တျန်းသည် ကောလာဟလများအတိုင်း တကယ်ပင် ဟုတ်မဟုတ် သွားရောက်ကြည့်ရှုခြင်း
【ကံကြမ္မာ၏ သားတော်မှာ ကံကြမ္မာတန်ဖိုး ခုနစ်ရာ ကျန်ရှိနေသေးသည်... ၎င်းကို ရှင်းလင်းလိုက်သည်နှင့် ပိုင်ရှင် သည် သူ့ကို သတ်ဖြတ်နိုင်ပြီ ဖြစ်သည်】
စနစ်၏ အသိပေးသံကို ကြားရသော်လည်း တီကျွယ်တျန်းမှာ တည်ငြိမ်နေဆဲပင်... ယခင်ဘဝက သူဖတ်ခဲ့ဖူးသည့် အွန်လိုင်း ၀တ္ထုများအရ ဤကံကြမ္မာ၏ သားတော်တို့မှာ ဤမျှလွယ်လွယ်နှင့် သေဆုံးသွားမည့်သူများ မဟုတ်ကြောင်း သူကောင်းစွာ သိရှိထားသည်...
"မင်းက ငါ့ကို ချောမောတယ်လို့ ဝန်ခံတာကို ငါ ကျေနပ်ပါတယ်... ဒါပေမဲ့ မင်းရဲ့ လေသံကိုတော့ ငါ မကြိုက်ဘူး"
"လီမိသားစုဝင် အားလုံးကို သတ်ပစ်လိုက်... မဟုတ်ရင် မင်းအဖေ သေရလိမ့်မယ်..."
"မင်းမှာ စဉ်းစားဖို့ အသက်ရှု တစ်ချက်စာ အချိန်ပဲ ရှိတယ်..."
တီကျွယ်တျန်း၏ စကားအဆုံးတွင် ယဲ့ချန်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားရသည်... သူ ဘာများ ထပ်ပြောနိုင်ဦးမည်နည်း... သို့သော် တီကျွယ်တျန်း၏ လက်ကို ပတ်ထားသော နဂါးနက်နှစ်ကောင်မှာ ပြန်လည် ပေါ်ထွက်လာပြီး သူ၏ ဖခင်ဆီသို့ဦးတည်နေသည်...
ယဲ့ချန်မှာ တုံ့ဆိုင်းမနေတော့ဘဲ လီမိသားစုဝင်များရှိရာသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်... တစ်ချက်ပြီး တစ်ချက်…
စိတ်ထဲမှနေ၍…
"ငါ တောင်းပန်ပါတယ် ရှီးအာ... အနာဂတ်မှာ မင်းအတွက်နဲ့ မင်းမိသားစုအတွက် ငါ လက်စားချေပေးပါ့မယ်..."
"တီကျွယ်တျန်း... မင်းကို ငါ မှတ်ထားလိုက်ပြီ... မင်း ဘယ်နေရာမှာပဲ ပုန်းပုန်း ငါ မင်းကို သတ်မယ်..."
ခဏအကြာတွင် ပင်မခန်းမကြီးမှာ အလောင်းကောင်များဖြင့် ပြည့်နှက်သွားတော့သည်... ယဲ့ချန်၏ ဓားကိုင်ထားသော လက်မှာ တုန်ရီနေ၏... အမျက်ဒေါသများ ထွက်ပေါ်နေသော်လည်း ... သူ ကြောက်နေသည်... ဟုတ်သည်... သူသည် ထိုလူငယ်လေးကို ကြောက်ရွံ့နေခြင်း ဖြစ်သည်...
"ကောင်းတယ်..."
"မင်းတို့ သွားလို့ရပြီ..."
စနစ်၏ အသိပေးသံ ထွက်မလာသည်ကို သိရသော်လည်း တီကျွယ်တျန်းက ပြောလိုက်သည်...
ယဲ့ချန်မှာ အသက်ကို ယခုမှဝအောင် ရှူသွင်းနိုင် တော့သည်သည်... တီကျွယ်တျန်း သူ့ကို လွှတ်မပေးချင်လျှင်ပင် သူလီမိသားစုကိုသတ်လည်း မလွတ်နိုင်သည်ကိုသူသိသည်... ဒါပေမယ့် သူလောင်းကြေးထပ်လိုက် ခြင်းဖြစ်သည်။
ယဲ့ချန်၏ ဖခင်မှာ ကြောက်လွန်း၍ ခြေထောက်များပင် ပျော့ခွေနေပြီ ဖြစ်သည်... ယဲ့ချန်သည် သူ၏ဖခင်ကို ပွေ့ချီကာ လီမိသားစု နယ်မြေအပြင်ဘက်သို့ ထွက်လာသောအခါမှ လတ်ဆတ်သော လေကို တစ်ဝကြီး ရှူရှိုက်နိုင်တော့သည်...
သူတို့ အသက်ရှင် ကျန်ရစ်ခဲ့ကြသည်...
ယဲ့မိသားစုဝင် တစ်ထောင်သုံးရာထဲမှ သူနှင့် သူ၏ဖခင်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်...
တီကျွယ်တျန်းက သူ့ကို တကယ်လွှတ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ...
"တီကျွယ်တျန်း... နောက်တစ်ခါ ငါတို့ တွေ့တဲ့အခါ မင်းရဲ့ အသားတွေကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်..."
"အဲ့ဒီအခါမှပဲ ငါ့နှလုံးသားထဲက အမုန်းတရားတွေ ပြေပျောက်လိမ့်မယ်..."
ယဲ့ချန်သည် သူ၏ဖခင်ကို ပွေ့ချီကာ ထွက်ခွာသွားတော့သည်...
"နတ်ဘုရားသားတော်... ဘာလို့ သူ့ကို လွှတ်ပေးလိုက်ရတာလဲ... ကျွန်တော် သွားပြီး သူ့ကို သတ်ခဲ့ပါ့မယ်..."
သက်ကြီးရွယ်အိုတစ်ဦး၏ အသံ ပေါ်ထွက်လာသည်... တီကျွယ်တျန်း ခေါင်းကို ခါယမ်းလိုက်သည်... သူ သွားလျှင်ပင် သူ့ကို သတ်နိုင်မည် မဟုတ်ပေ... အကြောင်းမှာ ဤကံကြမ္မာ၏ သားတော်မှာ ကံကြမ္မာတန်ဖိုး ခုနစ်ရာ ရှိနေသေးသောကြောင့် ဖြစ်သည်... သို့သော် ကံကြမ္မာ၏ သားတော်မှာ ချောမွေ့သော ဘဝကို ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ...
"ငါ့အတွက် တစ်ခုခု သွားလုပ်ပေးပါ..."
တီကျွယ်တျန်းက ဟင်းလင်းပြင် ကိုကြည့်၍ စကားတစ်ခွန်း ဆိုလိုက်သည်... အဘိုးအိုတစ်ဦး ပေါ်လာ၏...
"ဒီမှတ်တမ်းတင် ကျောက်တုံးကို နေရာအနှံ့ ပျံ့နှံ့အောင် လုပ်လိုက်ပါ..."
အတွင်း၌ မှတ်တမ်းတင်ထားသည်မှာ တီကျွယ်တျန်း လိုအပ်သလို မှတ်တမ်းတင်ထားသည့် အရာများသာ ဖြစ်သည်... အကြီးအကဲလင်သည် သိလိုစိတ် ရှိသော်လည်း ထပ်မမေးတော့ပေ... သူမှာ နတ်ဘုရားသားတော်၏ အစောင့်အရှောက်မျှသာ ဖြစ်သည်...
"သွားကြစို့... ခရီးနည်းနည်း သွားရအောင်..."
တီကျွယ်တျန်းက ပြောလိုက်သည်... စကားဆုံးသည်နှင့် လေဟာနယ် ပွင့်လာသည်... ချက်ချင်းပင် အရှည်တစ်ထောင်ရှိသော ရေနဂါး ကိုးကောင် ပေါ်ထွက်လာ၏... ရေနဂါးတိုင်းမှာ အဆင့် ၁၀ ကျင့်ကြံသူ အဆင့်ကို ပိုင်ဆိုင်ထားကြသည်... သူတို့၏ နောက်တွင်မူ နန်းတော်တစ်ခုကို ဆွဲငင်ထားကြသည်... နန်းတော်ပေါ်ရှိ တီ ဟူသော ရှေးဟောင်းစာလုံးမှာ ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်နိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏... ဤသည်မှာ တီကျွယ်တျန်း၏ ရထားလုံး ဖြစ်သည်...
တီကျွယ်တျန်း ရထားလုံးထဲသို့ ခြေလှမ်းဝင်လိုက်သည်... တစ်ချိန်တည်းမှာပင် လီမိသားစု၏ ထောင်ပေါင်းများစွာသော နယ်မြေတို့မှာ ဟင်းလင်းပြင်အတွင်းသို့ ပြိုကျပျက်စီးသွား၏... မြေအောက်ရေများ ပေါ်ထွက်လာကာ မကြာမီပင် ထိုနေရာမှာ ကျယ်ပြောသော သမုဒ္ဒရာကြီးအဖြစ် ပြောင်းလဲသွားတော့သည်...
ပုံရိပ်အချို့သည် ထိုဖြစ်စဉ်ကို ထောက်လှန်းနေကြသည်…
ရွှေရောင်အလင်းတန်းနှင့် ရေနဂါး ကိုးကောင်ကို မြင်လိုက်ရသောအခါ သူတို့မှာ သက်ပြင်းချကာ ပျောက်ကွယ်သွားကြသည်... သူတို့အနေဖြင့် မစော်ကားရဲသူများ ဖြစ်သည်...
ဤအချိန်တွင် တီကျွယ်တျန်းမှာ ထိုင်ခုံတွင် လဲလျောင်းနေ၏... သူ၏နောက်တွင်မူ လှပသော အမျိုးသမီးတစ်ဦးက တီကျွယ်တျန်း၏ ပခုံးများကို နှိပ်ပေးနေသည်...
"နတ်ဘုရားသားတော်... တစ်ယောက်ယောက်က ယဲ့ချန် ကို စုံစမ်းနေပါတယ်..."
ဤအချက်ကို ကြားသော်လည်း တီကျွယ်တျန်း မျက်လုံး မဖွင့်ပေ...
"နှလုံးသားမဲ့ နန်းတော် က လူတွေပါ... နန်းတော်ရဲ့ သန့်စင်သမီးတော်က ယဲ့ချန်နဲ့ အဆက်အသွယ် ရှိနေတယ်... သူမက အရင်က ယဲ့မိသားစုမှာ နေခဲ့ဖူးပြီးမှ ထွက်သွားခဲ့တာပါ..."
“ထိုက်ယန်နယ်မြေ မှာ ဖြစ်ပျက်ခဲ့တာတွေကို ကြားပြီးနောက်မှာ"
"သူတို့ ယဲ့ချန်ရဲ့ တည်နေရာကို စုံစမ်းနေကြတာပါ..."
"ငါ သိပြီ..."
တီကျွယ်တျန်း မျက်လုံးဖွင့်ရန် ရည်ရွယ်ချက် မရှိပေ... သူ၏နောက်မှ အမျိုးသမီးမှာလည်း တိတ်ဆိတ်သွားပြီး တီကျွယ်တျန်းကို ဆက်လက် နှိပ်နယ်ပေးနေသည်...
ထိုက်ယန်နယ်မြေ အတွင်းရှိ သစ်တောထူထပ်သော နေရာတစ်ခုတွင်... ပုံရိပ်နှစ်ခုမှာ ဂူတစ်ခုအတွင်း ပုန်းအောင်းနေပြီး တိတ်ဆိတ်နေကြသည်...
"ဘယ်သူလဲ..."
ထိုစဉ်မှာပင် ယဲ့ချန် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဓားကို ဆွဲထုတ်ကာ ရောက်လာသူကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်... လေထဲတွင် လွင့်မျောနေသည့် အမျိုးသမီးတစ်ဦး၏ ပုံရိပ် ပေါ်လာ၏... သူမ၏ မျက်နှာကို ဇာပုဝါဖြင့် ဖုံးအုပ်ထားသည်... ကျောက်စိမ်းကဲ့သို့ ဖြူစင်သော သူမ၏ ခြေချင်းဝတ်တွင် သေးငယ်သော အနီရောင် ခေါင်းလောင်းလေး ဆွဲထား၏... ရံဖန်ရံခါတွင် သာယာသော အသံလေး ထွက်ပေါ်နေသည်...
"မင်းက ဘယ်သူလဲ..."
ဤအချိန်တွင် ယဲ့ချန်မှာ သတိဝီရိယ ပိုတိုးလာသည်...
"အစ်ကို ယဲ့ချန်... မတွေ့တာကြာပြီ"
ဤအသံကို ကြားသောအခါ ယဲ့ချန် ရုတ်တရက် သတိရသွားဟန် ရှိသည်... သူ၏မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာ၏...
"ဦးလေး ယဲ့..."
ထိုအမျိုးသမီးက ယဲ့လင်ကို လေးစားစွာ ဦးညွှတ်လိုက်သည်...
"မင်းက မိန်းကလေးချင်း လား..."
ယဲ့လင် အသံကို ကြားလိုက်ရသော်လည်း မယုံနိုင်သည့် လေသံဖြင့် မေးလိုက်သည်... အမျိုးသမီးမှာ မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်...လဲ့ချင်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ယဲ့လင် သူ၏နှလုံးသားထဲက ဝမ်းနည်းမှုကို အောင့်အီးထားလိုက်သည်... သူ ပြုံးပြလိုက်၏... ထို့နောက် လဲ့ချင်း ၏ မျက်လုံးများထဲတွင် သူ၏သားကို ကြည့်နေသည့် နက်နဲသော အကြည့်ကို မြင်သောအခါ...
"မင်းတို့နှစ်ယောက် စကားပြောကြဦး... ငါ အပြင်မှာ လမင်းကြီးကို သွားကြည့်လိုက်ဦးမယ်..."
ယဲ့ချန်မှာ သူ၏အဖေ ပြောလိုသည့် အဓိပ္ပာယ်ကို နားလည်သွားသည်... သူ ရှက်ရွံ့သွားရ၏... လဲ့ချင်း ကို ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများမှာ အနည်းငယ် ဝေဝါးသွားသည်... သူ့နောက်ကို အမြဲလိုက်နေသော မိန်းကလေးလေးမှာ ဤမျှ ကြီးပြင်းလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ... သူတို့ ခွဲခွာခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း သူမမှာ အများကြီး ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ...
"အစ်ကို ယဲ့ချန်... နောက်ပိုင်းမှာ ဘယ်လိုနေလဲ..."
ယဲ့ချန် တိတ်ဆိတ်သွားသည်...လဲ့ချင်း ထွက်သွားခဲ့သည့် အချိန်ကို ပြန်တွေးကြည့်ရင်း ယဲ့ချန် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လဲ့ချင်း ၏ မျက်ဝန်းများတွင် လူသတ်လိုစိတ်များ ပေါ်လာ၏... သို့သော် သူမမှာ ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်...
"အစ်ကို ယဲ့ချန်... ကျွန်မကို ဒီအတိုင်းပဲ ရပ်ခိုင်းထားတော့မှာလား..."
လဲ့ချင်း ၏ လေသံတွင် ချွဲနွဲ့မှုများ ပါဝင်နေသည်...
"ဒီမှာ..."
ယဲ့ချန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်... ထိုင်စရာ နေရာ မရှိပေ... သူထိုင်နေသည့် ကျောက်တုံးလေးသာ အနည်းငယ် ပိုကြီးနေသည်... လဲ့ချင်း ပြုံးလိုက်ပြီး ယဲ့ချန်ကို ကြည့်လိုက်သည်... သူမသည် ယဲ့ချန်၏ ဘေးနားတွင် ဝင်ထိုင်လိုက်၏...
"အစ်ကို ယဲ့ချန်... ကျွန်မကို လွမ်းလား... ချင်းအာ ကတော့ အစ်ကို့ကို အများကြီး လွမ်းတယ်..."
'ငါလည်း ချင်းအာ ကို လွမ်းတယ်...'
ယဲ့ချန်လည်း သူ၏ ဝမ်းနည်းမှုကို အောင့်အီးကာ ပြုံးလိုက်သည်... ထို့နောက် တစ်စုံတစ်ယောက် ပူးကပ်နေသကဲ့သို့ သူမ၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်..လဲ့ချင်း ၏ မျက်ဝန်းများတွင် အပြုံးများ ပေါ်လာ၏...
ခဏအကြာတွင် လဲ့ချင်း ထွက်လာခဲ့သည်...
သူမ၏ ဘေးတွင် အဘွားအိုတစ်ဦး ပေါ်လာ၏…
ထိုအဘွားအိုကို မေးလိုက်သည်…
‘ စုံစမ်းရသမျှ ဘာတွေရသိခဲ့လဲ...'
ဤအချိန်တွင် လဲ့ချင်း ၏ လေသံမှာ အေးစက်နေသည်...
"အကုန်လုံး ဒီထဲမှာ ရှိပါတယ်..."
အဘွားအိုက လဲ့ချင်း ကို ကြည့်လိုက်သည်... သူမသည် ကျောက်တုံးတစ်တုံးကို ထုတ်ပေးလိုက်၏... အတွင်းထဲက အကြောင်းအရာများကို မြင်လိုက်ရသောအခါ... လဲ့ချင်း ချက်ချင်းပင် ကျောက်တုံးကို ချေမွပစ်လိုက်သည်...
"သွားပြီး ကျောက်တုံးတွေကို အကုန်လိုက်သိမ်းလိုက်... နောက်ထပ် ပျံ့နှံ့လို့ မရဘူး... တားဆီးတဲ့သူမှန်သမျှ သတ်ပစ်လိုက်..."
"ဒါ တကယ်ပဲ တီ မိသားစုနဲ့ ပတ်သက်နေတာလား..."
လဲ့ချင်း အရင်က ရောက်လာစဉ်ကပင် တီ မိသားစု၏ နတ်ဘုရားသားတော်မှာလည်း ဤနေရာတွင် ရှိနေကြောင်း သူမ ကြားသိထားခဲ့သည်...
"ဟုတ်ပုံရပါတယ်..."
အဘွားအိုမှာ စိုးရိမ်သောက ရောက်နေသည်...
'သခင်မလေး... အဲ့ဒီ ကောင်လေး ယဲ့ချန်က သခင်မလေးနဲ့ တကယ်ပဲ မထိုက်တန်ပါဘူး...'
"ဘာလို့ အဲ့လောက်တောင်..."
"တိတ်စမ်း... ကျွန်မကိစ္စကို ဝင်မစွက်နဲ့..."
လဲ့ချင်း သည် သူ၏ရှေ့မှ အဘွားအိုကို အေးစက်စွာ ကြည့်လိုက်သည်... သူမ ယဲ့ချန်ကို တွေ့စဉ်ကဲ့သို့ နူးညံ့သိမ်မွေ့သည့် အမူအရာ လုံးဝ မရှိတော့ပေ... အဘွားအိုမှာ ဘာမှ ထပ်မပြောတော့ဘဲ သက်ပြင်းသာ ချလိုက်သည်...
"တီ မိသားစုရဲ့ နတ်ဘုရားသားတော်... အမတ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ကောလာဟလက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ..."
"သွားကြစို့... အစ်ကို ယဲ့ချန်ကို ဒီလောက်ထိ ဆင်းရဲဒုက္ခရောက်အောင် လုပ်ခဲ့တဲ့သူက ကောလာဟလတွေအတိုင်း တကယ်ပဲ ဟုတ်မဟုတ် ငါ သွားကြည့်ရဦးမယ်”