အခန်း ၇ - အတင်းအကျပ် အကျပ်ကိုင်ခံရခြင်း ကံကြမ္မာ၏ သားတော် ရူးသွပ်စွာ အော်ဟစ်ခြင်း
【တိန်…ကံကြမ္မာ၏ သားတော် ဒူးထောက်လိုက်ပြီဖြစ်ရာ တာအိုနှလုံးသားမှာ အရှက်ရသွားပြီး ကံကြမ္မာတန်ဖိုး ခုနစ်ရာ လျော့နည်းသွားသည်... ပိုင်ရှင် ၏ ဗီလိန်အမှတ် ခုနစ်ရာ တိုးပွားလာသည်】
ဤအသိပေးသံကို ကြားလိုက်ရသောအခါ ကံကြမ္မာ၏ သားတော်မှာ ဤမျှမြန်မြန်ဆန်ဆန်နှင့်ပင် ပျက်စီးသွားလိမ့်မည်ဟု တီကျွယ်တျန်း မထင်ထားခဲ့ပေ...
ပျင်းစရာကောင်းလိုက်တာ...
"မင်းမိသားစု အသက်ရှင်နေတာကို မင်း လိုချင်သေးသလား..."
တီကျွယ်တျန်း၏ လေသံတွင် သွေးဆောင်ဖြားယောင်းမှု အနည်းငယ် ပါဝင်နေသည်...
ယဲ့ချန် ခေါင်းမော့လိုက်သည်...
ဆက်ခနဲ... ဆက်ခနဲ...
သူ့လက်များမှ သွေးများမှာ တစ်စက်စက် ကျဆင်းနေသည်... သူ၏ မျက်ဝန်းများတွင် နတ်ဆိုးအလင်းရောင် အနည်းငယ် ပေါ်ထွက်လာ၏...
လီမိသားစုဝင်တို့မှာ ယဲ့ချန်ကို ကြည့်နေကြသော်လည်း စကားတစ်ခွန်းမျှ ထွက်ရန် မရဲဝံ့ကြပေ... ယဲ့ချန် ပထမဆုံးအကြိမ် ပေါ်လာစဉ်က မောက်မာမှုနှင့် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုမူ လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ စုတ်ပြတ်သတ်နေရပြီ ဖြစ်သည်...
"မင်းလည်း မင်းမိသားစု သေဆုံးတာကို မလိုလားဘူး မဟုတ်လား..."
"မင်း လီရှီးကို သတ်လိုက်... သူမကို သတ်လိုက်... ဒါဆိုရင် မင်းကို ငါ လွှတ်ပေးမယ်..."
တီကျွယ်တျန်းက တိုးညှင်းစွာ ဆိုလိုက်သည်...
ဤစကားကို ကြားသောအခါ လီရှီးမှာ ကျောချမ်းသွားရသည်... အထူးသဖြင့် ယဲ့ချန်၏ အကြည့်တို့က သူမဆီသို့ မရည်ရွယ်ဘဲ ကျရောက်လာချိန်တွင် ပို၍ပင် ထိတ်လန့်သွားရ၏... လီရှီးမှာ ကြောက်ရွံ့မှုကို အမှန်တကယ်ပင် ခံစားလိုက်ရသည်... ယဲ့ချန် သူမကို သတ်မသတ် သူမ မသိရှိပေ... သို့သော် တီကျွယ်တျန်း၏ စကားတို့က သူမကို ရင်းနှီးမှုမရှိတော့သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်...
"အစ်ကိုကြီး ကျွယ်တျန်း... ရှင့်အတွက်ကတော့ ဒါဟာ နောက်ပြောင်တာပဲ ဖြစ်မှာပါ... ရှင် လီရှီးကို ဘယ်လောက်တောင် ချစ်မှန်း လီရှီးသိပါတယ်..."
"ရှင် လီရှီး သေဆုံးတာကို တကယ်မြင်ချင်မဟုတ်ဘူးမလား..."
လီရှီးမှာ လှောင်အိမ်ထဲမှ ငှက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်... မင်းသမီးတစ်ပါး၏ ကံကြမ္မာမရှိဘဲ မင်းသမီးရောဂါကိုသာ ပိုင်ဆိုင်ထားသူ ဖြစ်၏... ယခင်က တီကျွယ်တျန်း၏ ဂရုစိုက်မှုများကြောင့် သူမသွားလေရာရာတွင် အခြားသူများက သူမကို မျက်နှာသာ ပေးခဲ့ကြသည်... ယခုမူ တီကျွယ်တျန်းက သူမကို သတ်မည်ဟု ပြောလိုက်သဖြင့်... လီရှီးမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်...
ယဲ့ချန်မှာမူ တည်ငြိမ်သွားပြီး တီကျွယ်တျန်း၏ နောက်ပြောင်နေသည့် အမူအရာကို ကြည့်လိုက်သည်... ယဲ့ချန်သည် ဤသည်မှာ တီကျွယ်တျန်း၏ အကြံအစည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိသော်လည်း ရှောင်ထွက်စရာ လမ်းမရှိတော့ပေ... သူ၏ စွမ်းအားမှာ အခြားသူများလောက် မကြီးမား၊ သူ၏ မိသားစုမှာလည်း အခြားသူများလောက် အင်အားမရှိ၊ သူ၏ မိသားစုဝင်များမှာလည်း သူကြောင့် အကျုံးဝင်သွားခဲ့ရသည်... ယခုမူ သူတို့မှာ ဓားစာခံများ ဖြစ်နေကြပြီ...
ယဲ့ချန် တိတ်ဆိတ်သွားသည်... လူငယ်မျိုးဆက်များထဲတွင် တီကျွယ်တျန်းက စည်းမျဉ်းအတိုင်း မကစားပဲနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ...
မိသားစုကြီးများမှ အလိုလိုက်ခံထားရသည့် ဤထူးချွန်သူတို့မှာ ဂုဏ်သိက္ခာကိုသာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ကြသည် မဟုတ်ပါလား... အဘယ်ကြောင့် ဤတီကျွယ်တျန်းမှာ ထိုထူးချွန်သူများနှင့် မတူညီရသနည်း...
တီကျွယ်တျန်းသည် ယဲ့ချန်၏ ရုန်းကန်နေရသော အမူအရာကို ကြည့်နေသည်... အကယ်၍ ဤနေရာတွင် အခြားဗီလိန်တစ်ယောက်သာ ရှိနေလျှင် တေားဆိုချက်နဲ့ အခြေအနေများကို သဘောတူလိမ့်မည် ဖြစ်ကောင်းဖြစ်နိုင်သည်... ထိုအခါ သူတို့က အတွေ့အကြုံများ ပေးလိမ့်မည်ဖြစ်ပြီး ဇာတ်လိုက်ကို တိုးတက်အောင် ကူညီပေးလိမ့်မည်... သို့သော် ထိုအရာများမှာ ဇာတ်လိုက်၏ ကံကောင်းခြင်း ကြောင့်သာ ဖြစ်ပေလိမ့်မည်...
ငါမှာက ဗီလိန် ရောင်ဝါ ရှိသည်... ယဲ့ချန်၏ ကံကောင်းခြင်းရောင်ဝါက သူ့ရှေ့တွင် အသုံးမဝင်ပေ...
"လူငယ်သခင် ယဲ့ချန်က ငါပြောတာကို မလုပ်ချင်တဲ့ပုံပဲ..."
တီကျွယ်တျန်းက တိုးညှင်းစွာ ဆိုလိုက်သည်...
ဤစကားကို ကြားသောအခါ ယဲ့မူမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်... နောက်ထပ် ခေါင်းဆယ်ခုမှာ မြေပြင်ပေါ်သို့ ကျရောက်သွားပြန်သည်... ယဲ့မိသားစုဝင်တို့မှာ စကားမပြောရဲဘဲ သူတို့၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများသာ ပြည့်နှက်နေ၏...
"နတ်ဘုရားသားတော်... စကားပြောချင်နေတဲ့ ယဲ့မိသားစုဝင် အနည်းငယ် ရှိတယ်ထင်တယ်..."
ယဲ့မူသည် ယဲ့မိသားစုဝင် အနည်းငယ်က တစ်စုံတစ်ခု ပြောချင်နေသဖြင့် နှုတ်ခမ်းလှုပ် နေသည်ကို တွေ့လိုက်သည်...
"အော်... ဟုတ်ပြီလေ..."
တီကျွယ်တျန်းကလည်း အားနေသည်…
ပြောခိုင်းလိုက်… ယဲ့မိသားစုဆီမှ အသံများထွက်လာသည်…
"ယဲ့ချန်... မင်း ဘာကို စောင့်နေတာလဲ... အဲ့ဒီမိန်းမကို မြန်မြန်သတ်လိုက်စမ်း... ငါက ငယ်သေးတယ်…ငါ မသေချင်ဘူး..."
"မိသားစုက မင်းအတွက် အရင်းအမြစ်တွေ ဘယ်လောက်တောင် ပေးခဲ့ရသလဲ... မင်းက အမြဲတမ်း ပြဿနာရှာနေတာပဲ..."
"အခု မင်းရဲ့ ဆွေမျိုးသားချင်းတွေ သေဆုံးတာကို ကိုယ်တိုင် မျက်မြင်ကြည့်နေတော့မှာလား..."
"ပါးစပ်ပိတ်ထားလိုက်စမ်း..."
ယဲ့ချန် ရုတ်တရက် အော်ဟစ်လိုက်သည်...
"ပိတ်ထားရမယ် ဟုတ်လား..."
"သေနေတာကမင်း မိသားစုတွေ မဟုတ်ဘူးလေ... ငါ့အဘိုးလေ..."
"ယဲ့ချန်... မင်းက ကျေးဇူးကန်းတဲ့သူပဲ... ငါ့အဘိုးကတောင် မင်းကို ကောင်းကင်ကိုးထပ်ရဲ့ စစ်မှန်တဲ့ နဂါးလို့ ပြောခဲ့တာ..."
"မင်းကတော့ အနံ့ဆိုးတဲ့ မြောင်းထဲက ပိုးကောင်တစ်ကောင်ပဲ..."
"ဖတ်..."
ဤစကားကို ပြောပြီးနောက် ထိုသူမှာ လျှာကိုကိုက်၍ အဆုံးစီရင်သွားသည်... သူ သေဆုံးချိန်တွင် သူ၏ မျက်ဝန်းတို့မှာ ပြူးကျယ်လျက် ယဲ့ချန်ကို စိုက်ကြည့်နေဆဲပင်... တီကျွယ်တျန်း စကားမပြောမီမှာပင် တစ်စုံတစ်ယောက်က ယဲ့မိသားစုဝင်များ၏ ကျင့်ကြံခြင်းလမ်းကြောင်းများကို ပိတ်ပင်လိုက်သဖြင့် သူတို့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်၍ မရတော့ပေ...
ယဲ့ချန်၏ အမူအရာမှာ ရုပ်ဆိုးလှသည်... သူ၏ မျက်နှာမှာ နီရဲလာပြီးနောက် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်... ထို့နောက် သူသည် တီကျွယ်တျန်းကို ဦးညွှတ်လိုက်သည်...
"ကျွန်တော့်မိသားစုကို လွှတ်ပေးပါ..."
တီကျွယ်တျန်း ပြုံးလိုက်ကာ…
အိုး…
"ရွေးချယ်မှုက ငါ့ဆီမှာ မဟုတ်ဘူး၊ မင်းဆီမှာပဲ ရှိတယ်..."
တီကျွယ်တျန်းသည် သူ၏ လက်ကို ဝှေ့ယမ်းကာ အေးဆေးစွာ ပြောလိုက်သည်...
ယဲ့ချန် ခေါင်းလှည့်လိုက်ပြီး လီရှီးကို ကြည့်လိုက်သည်... သူ တိတ်ဆိတ်သွားသည်...
"တီကျွယ်တျန်း... ဒီနေ့ ဖြစ်ရပ်တွေက ငါ့ကြောင့် စတင်ခဲ့တာ... ငါ မောက်မာခဲ့ပြီး မင်းကို စော်ကားမိခဲ့တာပါ... ငါ့မိသားစုနဲ့ လီရှီးကို လွှတ်ပေးလိုက်ပါ… ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေပေးမယ်... ဘယ်လိုလဲ..."
ယဲ့ချန်သည် တီကျွယ်တျန်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်...
"မင်းရဲ့ တာ၀န်ယူမှုက မဆိုးပါဘူး... ဒါပေမဲ့ မင်းရဲ့ ပထမ ထောင်လွှားတဲ့ အသွင်အပြင်ကို ငါ ပိုသဘောကျတယ်..."
"မင်းရဲ့ တောင်းဆိုချက်ကို ငါ လက်မခံနိုင်ဘူး... မင်းသာ ကိုယ့်ကိုယ်ကိုယ် သတ်သေရဲရင် မင်းမိသားစု သေရလိမ့်မယ်၊ သူတို့ရဲ့ ဝိညာဉ်တွေကိုလည်း ငရဲဘုံမှာ နှစ်ပေါင်းများစွာ ဝေဒနာခံစားရအောင် ငါ ပို့ပေးလိုက်မယ်..."
"တီကျွယ်တျန်း... မင်း ငါ့ဆီကနေ ဘာတွေ ထပ်လိုချင်သေးတာလဲ..."
"တီကျွယ်တျန်း... မင်း လီရှီးကို သူပိုင်ဆိုင်တဲ့ ယင်ကိုးပါး သန့်စင်သောကိုယ်ခန္ဓာ ကြောင့် သဘောကျနေတာ မဟုတ်ဘူးလား..."
"ငါ့မိသားစုကို လွှတ်ပေးမယ်ဆိုရင် လီရှီးကို မင်းကို ပေးလိုက်မယ်... ဒီနေ့ကစပြီး မင်းရှေ့မှာ ငါ ဘယ်တော့မှ ပေါ်မလာတော့ဘူး..."
ယဲ့ချန်သည် လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်... သူ ဤစကားကို ပြောနေစဉ် သူ၏ အသံမှာ တုန်ယင်နေ၏…
ယဲ့ချန်၏ စိတ်နှလုံးထဲတွင် ရူးသွပ်စွာ အော်ဟစ်လိုက်သည်…"တီကျွယ်တျန်း... ငါသာ အသက်ရှင်ခွင့် ရမယ်ဆိုရင် မင်းနဲ့ တီမိသားစုအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာအောင် ငါ သေချာပေါက် လုပ်မယ်..."
တီကျွယ်တျန်း ပြုံးလိုက်သည်...
"သူမကို ပေးမယ်ဟုတ်လား... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ... မင်းတကယ်ပဲ ငါ သူ့ကို ဂရုစိုက်မယ်လို့ ထင်နေတာလား..."
"သူမက ငါပျင်းနေချိန်မှာ အချိန်ဖြုန်းဖို့ အိမ်မွေးတိရစ္ဆာန်လေးပဲ... မင်းတစ်ယောက်တည်းကသာ သူမကို ရတနာလို သဘောထားနေတာ..."
လီရှီးမှာ သူမ၏ စိတ်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်...
"ငါက အမှန်တကယ်ပဲ ယင်ကိုးပါး သန့်စင်သောကိုယ်ခန္ဓာ၊ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လူသားမီးဖိုတစ်လုံးပါလား..."
လီမိသားစုဝင်တို့၏ အမူအရာမှာလည်း ပြောင်းလဲသွားသည်... တီကျွယ်တျန်းက မိသားစုငယ်တစ်ခုမှ မိန်းကလေးတစ်ယောက်ကို ဘာကြောင့် သဘောကျရသလဲဆိုတာ ယခုမှပဲ နားလည်တော့သည်... သူမကို သူ၏ အစေခံအဖြစ်ပင် လိုချင်နေသည်... အရာအားလုံးမှာ ယခုအခါတွင် ပို၍ ရှင်းလင်းသွားပြီ ဖြစ်သည်...
ဒါပေမဲ့ တီကျွယ်တျန်းက ဒီအချိန်မှာ ဒီစကားတွေကို ဘာကြောင့် ပြောရတာလဲ...
"ဒါဆိုရင် သူတို့ အားလုံးက ငါ့ရဲ့ ကိုယ်ခန္ဓာကိုပဲ လိုချင်နေကြတာပေါ့..."
လီရှီး၏ မျက်နှာမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်... ဤအချိန်တွင် လီရှီးမှာ အသက်ရှုရပင် မတတ်နိုင်လောက်အောင် နှလုံးနာကျင်မှုကို ခံစားလိုက်ရ၏...
"ဒါဆိုရင် အရာအားလုံးက သူမ ယင် ခန္ဓာကိုယ်ကြောင့်ပေါ့..."
ဒါပေမဲ့ သိလိုက်ရလို့ ဘာထူးမှာလဲ... သူမ ဘာကိုတွေးမိလိုက်သည် မသိ၊ လီရှီး တီကျွယ်တျန်းကို ကြည့်လိုက်သည်... သူမမှာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်၏...
"အစ်ကိုကြီး ကျွယ်တျန်း... အရင်က ကျွန်မ မှားခဲ့ပါတယ်... ကျွန်မ ရှင့်ကိုပဲ ချစ်နေဆဲပါဆိုတာကို အခုပဲ သိလိုက်ရတယ်..."
ဤစကားကို ကြားသောအခါ တီကျွယ်တျန်း ပြုံးလိုက်သည်...
"အိုး…ဒါဆိုရင် မင်းက ငါ့ကို ချစ်နေဆဲပေါ့..."
တီကျွယ်တျန်း၏ အပြုံးကို ကြည့်ရင်း လီရှီး၏ စိတ်နှလုံးထဲတွင် တုန်ယင်မှု အနည်းငယ် ဖြစ်ပေါ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်...
"ဒါဆိုရင် မင်း ယဲ့ချန်ကို သတ်နိုင်မလား..."
ဤစကားကို ကြားသောအခါ လီရှီး တိတ်ဆိတ်သွားသည်...
"ရှီးအာ... သူ့စကားကို နားမထောင်နဲ့..."
"သူက စကားမတည်တဲ့သူပဲ... သူက မင်းရဲ့ ကိုယ်ခန္ဓာကိုပဲ သုံးချင်နေတာ... သူ့မှာ မပြောပြနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိရမယ်..."
"မဟုတ်ရင် သူက မင်းကို အရင်းအမြစ်တွေ အများကြီး ဘာကြောင့် ပေးမှာလဲ..."
"သူ မင်းကို သတ်ဖို့ သေချာပေါက် မရဲဝံ့ဘူး..."
ယဲ့ချန်၏ ရှင်းပြချက်ကို ကြားပြီးနောက်...
တီကျွယ်တျန်း ပြုံးလိုက်သည်...
"မင်းလို ဘယ်ကမှန်းမသိတဲ့ လူကတောင် သူမရဲ့ ကိုယ်ခန္ဓာ အကြောင်းကို သိနေရင် ငါ ဘာကြောင့် မသိရမှာလဲ..."
'ငါ သိပြီးသား ဖြစ်သလို သူမကို ငါ မထိတွေ့သေးတာက ငါ့မှာ မပြောပြနိုင်တဲ့ လျှို့ဝှက်ချက် ရှိနေလို့လား...'
'ရယ်စရာကောင်းလိုက်တာ... သူမအပေါ် ငါသိမ်းပိုက်ချင်ရင် မင်း သူမကို မြင်တွေ့နိုင်လိမ့်မယ်လို့ ထင်သလား...'
'ဒါမှမဟုတ် မင်း ဒီနေရာမှာ ဟောင်နေဖို့ကော အခွင့်အရေး ရှိဦးမလို့လား...'
ယဲ့ချန် တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း ပါးစပ်ဟလိုက်ရုံမှလွဲ၍ ဘာပြောရမှန်း မသိတော့ပေ...
"နောက်တစ်ချက်က မင်းရဲ့ ယန်းကိုးပါး သန့်စင်သောကိုယ်ခန္ဓာ နဲ့ သူမရဲ့ ယင်ကိုးပါးကိုယ်ခန္ဓာ က အတော်လေး လိုက်ဖက်ညီတယ်..."
တီကျွယ်တျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်...
ဤစကားကို ကြားသောအခါ လီရှီး၏ မျက်ဝန်းများတွင် သံသယများ ပြည့်နှက်သွားသည်... သူမသည် ယဲ့ချန်၏ အနားသို့ လျှောက်သွားလိုက်သည်...
"ရှင် တကယ်ပဲ ကျွန်မကို ချစ်တာလား..."
ဤစကားကို ကြားသောအခါ ယဲ့ချန် ရပ်တန့်သွားသည်...
"အရင်ကတော့ မင်းရဲ့ ကိုယ်ခန္ဓာကို တန်ဖိုးထားခဲ့တာပါ... ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရုပ်ပုံလွှာတစ်ခုက ငါ့စိတ်ထဲမှာ စွဲမြဲသွားခဲ့တယ်..."
"ရှီးအာ... အရင်က ငါ့မှာ ရည်ရွယ်ချက် မကောင်းတာ ရှိခဲ့တာ အမှန်ပါပဲ... ဒါပေမဲ့ အခုတော့ မင်းကိုပဲ ချစ်တယ်..."
"အော်... ဒါဆိုရင် မင်းက လီရှီးကို ချစ်တာပေါ့"
ယဲ့မူ မင်း…
" ယဲ့ချန်ရဲ့ မိသားစုဝင်အားလုံးကို သတ်လိုက်ပြီး သူတို့ရဲ့ အချစ်ကို ဖြည့်ဆည်းပေးလိုက်စမ်း..."
တီကျွယ်တျန်းက ပြောလိုက်သည်...
ယဲ့မူမှာ လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်...
"မလုပ်နဲ့... မလုပ်နဲ့... ကျွန်တော် သူမကို မချစ်ပါဘူး... ကျွန်တော် သူမကို အမြတ်ထုတ်နေတာပါ..."
"အရင်က သူမကို ကယ်ခဲ့တာတွေအပါအဝင် အဲ့ဒါတွေအားလုံးက သူမရဲ့ ကိုယ်ခန္ဓာအတွက်ပဲ... သူမရဲ့ အချစ်ကို ရဖို့အတွက် လုပ်ခဲ့တာပါ…”