အခန်း ၅ - မင်းက ကျေးဇူးကန်းတဲ့သူပဲ
ယဲ့မိသားစုဝင်တို့သည် ယဲ့ချန်ကို ငေးကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် ယဲ့ချန်၏ မျက်နှာအမူအရာမှာ အလွန်ပင် ရုပ်ဆိုးသွားခဲ့သည်... သူ ဂုဏ်ယူဝံ့ကြွားခဲ့ရသည့် သူ၏ဆရာ၊ သူ၏ အားထားရာ ဆရာမှာ ယခုအခါတွင် သူ၏ရန်သူရှေ့၌ ဒူးထောက်လျက် ရှိနေလေပြီ... သို့သော် ယဲ့ချန်အနေဖြင့် ဘာကိုမှ မလုပ်ဆောင်နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်တော့သည်...
သူ့ဘေးတွင်ရှိနေသော လီရှီးမှာလည်း ကြက်သေသေသွားခဲ့သည်... တီကျွယ်တျန်းသည် ယခင်က သူမအပေါ် အမြဲတမ်း နူးညံ့သိမ်မွေ့စွာ ဆက်ဆံခဲ့ပြီး သူမ၏ ဒေါသများကို အမြဲတမ်း သည်းခံပေးခဲ့သူ ဖြစ်သည်... ယခုမူ စကားတစ်ခွန်းတည်းဖြင့် သူတို့ ထျန်းယန်နယ်မြေ၏ အရှင်သခင် လီချင်းဖုန်းကိုပင် မြေပြင်ပေါ်၌ ဒူးထောက်စေခဲ့ပြီ ဖြစ်သည်...
လီမိသားစုမှာတော့ ကြောက်ရွံ့မှုများဖြင့် အလုံးစုံ ပျာယာခတ်နေကြ၏... ဤမြင်ကွင်းကို ကြည့်ရသည်မှာ ယနေ့ ဖြစ်ပျက်သမျှတို့မှာ သွေးချောင်းစီးတော့မည့် ဇာတ်လမ်းဟု ထင်မှတ်စရာ ဖြစ်နေသည်... လီမိသားစုခေါင်းဆောင်သည် လီရှီးကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းတို့မှာ အေးစက်နေသည်... . မည်သူမှလည်း ပလ္လင်မြင့်ပေါ်ရှိ တီကျွယ်တျန်း က ဘာကို တွေးတောနေသည်ကို မသိနိုင်ကြပေ... အကယ်၍ ဤလူငယ်သခင်က လီရှီးကို စိတ်ဝင်စားနေဆဲ ဖြစ်ပါက လီရှီးကို စော်ကားမိခြင်းမှာ လုံးဝ တန်ဖိုးမရှိသော လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်...
တီကျွယ်တျန်းက လီချင်းဖုန်းကို ကြည့်လိုက်သည်...
"မင်း ဘေးမှာရှိတဲ့သူကို သိသလား..."
တီကျွယ်တျန်း ပြောလိုက်သည့်အခါ အရှိန်အဝါ အနည်းငယ်မျှ ထွက်ပေါ်မလာသော်လည်း လီချင်းဖုန်းမှာ သူ၏ ကျောပြင်တစ်လျှောက်တွင် အမွေးညင်းများပင် ထောင်မတ်သွားသလို ခံစားလိုက်ရသည်... သူသည် မဟာစကြာဝဠာများကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည့် နတ်ဆိုးကြီးတစ်ပါး၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရ၏... သူ၏ ရင်ထဲတွင် မှောင်မိုက်သော အရိပ်တစ်ခု ကိန်းအောင်းသွားတော့သည်...
လီချင်းဖုန်းသည် ထျန်းယန်နယ်မြေ၏ အရှင်သခင် ဖြစ်သည်နှင့်အညီ ထိတ်လန့်နေသော်လည်း ခဏအကြာတွင် သတိပြန်ဝင်လာခဲ့သည်... သူ အထဲသို့ ဝင်လာစဉ်ကတည်းက သူ၏တပည့်ကို မြင်လိုက်ရပြီး ယနေ့ ဖြစ်ပျက်သမျှတို့မှာ ဤတပည့်နှင့် ပတ်သက်နေမှန်း သူ ခန်းမှန်းမိလိုက်သည်... ဤအချိန်တွင် ထျန်းယန်နယ်မြေ၏ အရှင်သခင်သည် ယဲ့ချန်ကို ကြည့်လိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ...
"ဆရာ..."
ယဲ့ချန်က ခေါ်လိုက်သည်...
"ဟူး..."
လီချင်းဖုန်း သက်ပြင်းချလိုက်သည်... သူသည် ယဲ့ချန်ကို နောက်တစ်ဖန် မကြည့်တော့ပေ... သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုများ ဖြတ်ပြေးသွားပြီးနောက် တစ်ခဏချင်းမှာပင် ပြတ်သားသွားတော့သည်...
"နတ်ဘုရားသားတော်... ယဲ့ချန်ဟာ ယခင်က ကျွန်တော့်တပည့် ဖြစ်ခဲ့ပါတယ်... စည်းကမ်းကို လိုက်နာခြင်း မရှိခြင်းနှင့် ပရမ်းပတာ နေထိုင်မှုတို့ကြောင့် သူ့ကို ထျန်းယန်နယ်မြေမှ ထုတ်ပယ်လိုက်ပါပြီ..."
"ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်မြေဂုဏ်သိက္ခာ ရှိနေတာကြောင့် လူသိရှင်ကြား မကြေညာခဲ့တာပါ..."
"ဆရာ... ဆရာက..."
လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူ့ကို လမ်းညွှန်ပြသပေးခဲ့သည့် ဆရာက သူ့ကို ရုတ်တရက် စွန့်ပစ်လိုက်သည်ကို ယဲ့ချန် မြင်လိုက်ရသောအခါ အနည်းငယ် ကြက်သေသေသွားရသည်...
"အော်... အဲ့ဒီလိုလား..."
တီကျွယ်တျန်းက တိုးညှင်းစွာ မေးလိုက်သည်...
"ဟုတ်ပါတယ် နတ်ဘုရားသားတော်... အဲ့ဒီအတိုင်းပါပဲ..."
"ဒါဆိုရင် မင်း ဒါကို ငါ့ကို သက်သေပြသင့်တယ် မဟုတ်လား..."
ဤစကားကို ကြားသောအခါ ထျန်းယန်နယ်မြေ၏ အရှင်သခင်မှာ အမူအရာ ပြောင်းလဲသွားရသည်...
သို့သော် ယဲ့ချန်ဘက်ကြည့်လိုက်သောအခါ ယဲ့ချန်၏ မျက်ဝန်းထဲတွင် ရှိနေသော စိတ်ပျက်မှုနှင့် မကျေနပ်ချက်များကို မြင်လိုက်ရသောအခါ
သူ အနည်းငယ် ဒေါသထွက်သွားသည်... မင်းက ထျန်းယန်နယ်မြေရဲ့ သူတော်စင် ဖြစ်လာတာနဲ့တင် မင်းက မောက်မာလာလိမ့်မယ်လို့ မထင်ခဲ့မိဘူး... မင်းရှေ့မှာရှိတဲ့ ဒီလူငယ်သခင်က ဘယ်သူလဲဆိုတာကိုတောင် မင်း မကြည့်မိဘူးလား...
ဤအကြောင်းကို တွေးမိလိုက်သောအခါ ထျန်းယန်နယ်မြေ၏ အရှင်သခင်၏ လက်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါ်ထွက်လာသည်... သူ အပြည့်အဝ တိုက်ခိုက်တော့မည့် အချိန်မှာပင် သူ၏ စိတ်အစဉ်မှာ ရုတ်တရက် ရပ်တန့်သွားသည်... ထို့နောက် ယဲ့မိသားစုဝင်များကို ပြင်းထန်သော အကြည့်များဖြင့် ကြည့်လိုက်သည်... သူ၏ လက်ဖဝါးကို အသာလေး ရိုက်လိုက်ရုံဖြင့် လူရာဂဏန်းမှာ သေဆုံးသွားတော့သည်...
ဤအချိန်တွင် ယဲ့ချန်မှာ သတိပြန်ဝင်လာသည်... သူသည် သူ၏ဆရာဖြစ်သူ ထျန်းယန်နယ်မြေ၏ အရှင်သခင်ကို ကြည့်လိုက်ကာ...
"လီချင်းဖုန်း... မင်းလို အိုမင်းရင့်ရော်တဲ့ တိရစ္ဆာန်က ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်သူလို့ ခေါ်ဆိုပြီး ငါ့မိသားစုကို တိုက်ခိုက်ရဲတယ်ပေါ့..."
"မင်းလို အရှင်သခင်မျိုးနဲ့ဆိုရင် ထျန်းယန်နယ်မြေဟာ မကြာခင်မှာ ပျက်စီးတော့မှာပဲ..."
"အိုမင်းတဲ့ တိရစ္ဆာန်... ငါသာ အသက်ရှင် ကျန်ရစ်ခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ မင်းကို ကိုယ်တိုင် သတ်ပစ်မယ်..."
ဤအချိန်တွင် ယဲ့ချန်၏ မျက်ဝန်းများမှာ သွေးရောင်သန်းနေပြီး တစ်စုံတစ်ယောက်ကို ဝါးမြိုပစ်တော့မည့် အသွင်ဖြစ်နေသည်...
ထျန်းယန်နယ်မြေ၏ အရှင်သခင်မှာ မူလက ထွက်ခွာသွားရန် ကြံရွယ်ထားသော်လည်း ယဲ့ချန်၏ စကားကို ကြားသောအခါ ရပ်တန့်သွားသည်... သူသည် တီကျွယ်တျန်းထံသို့ လေးစားစွာ ဦးညွှတ်၍ ပြောလိုက်သည်...
"နတ်ဘုရားသားတော်... ကျွန်တော် စကားအနည်းငယ် ပြောခွင့်ပြုပါ..."
"မင်းသဘောအတိုင်းပဲ..."
တီကျွယ်တျန်းမှာမူ လုံးဝ ဂရုမစိုက်ပေ... အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်...
【ထျန်းယန်နယ်မြေနှင့် ကံကြမ္မာ၏ သားတော် ယဲ့ချန်တို့ အချင်းချင်း ပြတ်စဲသွားပါပြီ... ယဲ့ချန်၏ ကံကြမ္မာတန်ဖိုး သုံးရာ လျော့နည်းသွားပြီး သခင်၏ ဗီလိန်အမှတ် သုံးရာ တိုးပွားလာပါသည်】
စနစ်၏ အသံ ပေါ်ထွက်ပြီးနောက် တီကျွယ်တျန်းသည် ယဲ့ချန်၏ အချက်အလက်များကို ကြည့်လိုက်ရာ အပြောင်းအလဲ ရှိသွားပြီ ဖြစ်သည်...
အမည် - ယဲ့ချန်
ကိုယ်ပိုင်လက္ခဏာ - ကံကြမ္မာ၏ သားတော်၊ ချင်းမူနယ်မြေရှိ ယဲ့မိသားစု၏ လူငယ်သခင်
ကံကြမ္မာတန်ဖိုး - တစ်ထောင့်ခုနစ်ရာ
စွမ်းအား - အဆင့် ၅ ကျင့်ကြံသူ
ကိုယ်ခန္ဓာ - ယန်းကိုးပါး သန့်စင်သောကိုယ်ခန္ဓာ
ကျင့်စဉ် - ယန်းကိုးပါး ကျမ်း၊ တိမ်ယန်းခြေလှမ်း၊ ယန်းကိုးပါး လက်ချောင်း... (အထောက်အထားတစ်ခု ပျောက်ဆုံးသွားပြီး ကံကြမ္မာတန်ဖိုး သုံးရာ လျော့နည်းသွားသည်)
သို့သော် တီကျွယ်တျန်းသည် ဤကံကြမ္မာ၏ သားတော်တွင် မည်ကဲ့သို့သော ဝှက်ဖဲမျိူး ရှိသည်ကို မသိရှိပေ... ကံကြမ္မာ၏ သားတော်များတွင် အမျိုးအစား များစွာ ရှိတတ်သည်...
လီချင်းဖုန်းက ယဲ့ချန်ကို ကြည့်လိုက်သည်...
"မင်းက မြို့ငယ်လေးကနေ ပေါ်လာတဲ့ ထူးချွန်သူတစ်ဦး ဖြစ်ပြီး ဒီလမ်းတစ်လျှောက်မှာ ဘယ်လောက်တောင် ဒုက္ခခံခဲ့ရသလဲ..."
"မင်းကို ဉာဏ်ကောင်းပြီး စိတ်ဓာတ်မာကျောတဲ့ လူငယ်တစ်ယောက်လို့ ငါ ထင်ခဲ့မိတယ်... ဒါပေမဲ့ အခုတော့ မင်းက ကျေးဇူးကန်းတဲ့သူ တစ်ယောက်သာ ဖြစ်ကြောင်း ငါ သိလိုက်ရပြီ..."
"မင်းအတွက် အကျိုးအမြတ်ရှိရင် သူငယ်ချင်း…မင်းအတွက် အကျိုးအမြတ် မရှိရင် ရန်သူလို့ သတ်မှတ်တာပဲ..."
"မင်း ထျန်းယန်နယ်မြေရဲ့ သူတော်စင် ဖြစ်လာပြီးတဲ့နောက် မင်းမိသားစုက ဘယ်လောက်တောင် အင်အားကြီးလာခဲ့သလဲ..."
"မင်းရဲ့ စွမ်းအားကရော ဘယ်လောက်တောင် တိုးတက်လာခဲ့သလဲ..."
"ထျန်းယန်နယ်မြေက မင်းကို အရင်းအမြစ်တွေနဲ့ အဆင်ပြေမှုတွေ ဘယ်လောက်တောင် ပေးခဲ့သလဲ..."
"မင်းရဲ့ လက်ရှိ အဆင့် ၅ ကျင့်ကြံသူ ဆဠမအလွှာ ဆိုတာအတွက် ထျန်းယန်နယ်မြေက မမြင်တွေ့ဖူးတဲ့ ကောင်းကင်နှင့်မြေကြီး ရတနာတွေကို ဘယ်လောက်တောင် ပံ့ပိုးပေးခဲ့သလဲ..."
"တချို့အရာတွေကို မင်း ကိုယ်တိုင် ရှာဖွေနိုင်ခဲ့မှာလား..."
"မင်း အခြားသူတွေနဲ့ အရင်းအမြစ်အတွက် တိုက်ခိုက်နေတုန်းမှာ ထျန်းယန်နယ်မြေက နောက်ကွယ်ကနေ ကာကွယ်မပေးရင် မင်း အသက်ရှင်ကျန်ရစ်ခဲ့မယ်လို့ ထင်သလား..."
"ထျန်းယန်နယ်မြေသာ မရှိရင် မင်းမိသားစုဟာ လျင်မြန်စွာ တိုးတက်လာနိုင်မှာ မဟုတ်ဘူး... တခြား အင်အားစုတွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရမှာ ကြာလှပြီ..."
"ဘယ်သူမဆို ထျန်းယန်နယ်မြေကို ဝေဖန်ပိုင်ခွင့် ရှိတယ်... ဒါပေမဲ့ မင်း ယဲ့ချန်ကတော့ ဝေဖန်ပိုင်ခွင့် မရှိဘူး..."
"မင်းရဲ့ မိသားစုကို ကြည့်လိုက်... ထျန်းယန်နယ်မြေကို မှီခိုနေရင်းနဲ့ တခြား မင်းဆက်တွေကိုတောင် မျက်လုံးထဲ မထည့်တော့ဘူး..."
"ပြီးတော့ မင်း... မင်းက နတ်ဘုရားသားတော်ကို တိုက်ရိုက် ရင်ဆိုင်ဝံ့တယ်..."
"မိန်းမတစ်ယောက်က မင်းရဲ့ သတိကို ဖျက်ဆီးလိုက်တာပဲ..."
"မင်း ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါဦး... မင်းက ဘာမှ မဟုတ်ဘူး..."
"ဒီလောကကြီးက မင်းစိတ်ကူးယဉ်ထားတာထက် အများကြီး ကြီးမားကျယ်ပြန့်တယ်... ဒါကို မင်းက အောင်မြင်မှု အနည်းငယ်ရတာနဲ့တင် ကျေနပ်နေပြီ..."
"ထျန်းယန်နယ်မြေက မင်းကို အများကြီး ကူညီပေးခဲ့ပေမယ့် မင်းက ကျေးဇူးတောင် မတင်တဲ့အပြင် ကျေးဇူးတောင်ကန်းသေးတယ်.."
"မင်းက သေလမ်းကို ရှာနေတာပဲ..."
"ထျန်းယန်နယ်မြေရဲ့ နှစ်ပေါင်းသောင်းချီ အခြေခံအုတ်မြစ်ဟာ မင်းလက်ထဲမှာတင် ပျက်စီးလုနီးပါး ဖြစ်သွားရတယ်..."
"ဒါက ထျန်းယန်နယ်မြေကို မင်း ကျေးဇူးတင်တဲ့ နည်းလမ်းလား..."
"အခုတော့ မင်းက ထျန်းယန်နယ်မြေကို ဝေဖန်ဖို့တောင် ရဲတင်းနေတုန်းပဲ..."
"မင်း အသက်ကပဲ တန်ဖိုးရှိပြီး ထျန်းယန်နယ်မြေက လူတစ်သိန်းရဲ့ အသက်က တန်ဖိုးမရှိဘူးလား..."
"အသုံးမကျတဲ့သူ… အမှိုက်..."
"မိန်းမတစ်ယောက်ကြောင့် မင်း ဒီလို ဖြစ်ရတာပဲ... မင်းကို ထျန်းယန်နယ်မြေရဲ့ သူတော်စင် ဖြစ်ခွင့်ပေးမိတဲ့ ငါ့မျက်စိတွေက တကယ်ကိုပဲ ကန်းနေခဲ့တာ..."
လီချင်းဖုန်း၏ စကားများကို ကြားသောအခါ ယဲ့ချန် တိတ်ဆိတ်သွားသည်...
"ငါ မှားတယ်လို့ မထင်ဘူး... ငါ မှားတယ်လို့ မထင်ဘူး... ငါက ငါချစ်တဲ့ မိန်းကလေးအတွက် လုပ်ပေးနေတာ... ငါ ဘာမှားလို့လဲ..."
"ငါသာ လီရှီးနဲ့အတူ ရှိနေမယ်ဆိုရင် ငါ့ရဲ့ စွမ်းအားတွေက လျင်မြန်စွာ တိုးတက်လာမှာ အသေအချာပဲ..."
ယဲ့ချန်၏ ရင်ထဲတွင် အရူးအမူး အော်ဟစ်လိုက်သည်...
"နတ်ဘုရားသားတော်... ကျွန်တော် ပြောစရာ စကားကုန်ပါပြီ..."
"အင်း..."
တီကျွယ်တျန်း ခေါင်းညိတ်လိုက်သည်...
သူသည် ထျန်းယန်နယ်မြေ၏ အရှင်သခင်ကို ကျေနပ်သည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်... ထျန်းယန်နယ်မြေ၏ အရှင်သခင်မှာ ထျန်းယန်နယ်မြေ အရှုပ်တော်ပုံမှ ရုန်းထွက်နိုင်တော့မည် ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်းသာသွားတော့သည်...
"ထျန်းယန်နယ်မြေကို အေးချမ်းရာ ပို့ ဆောင်ပေးလိုက်ပါတော့..."
တီကျွယ်တျန်းက ပြုံးကာ ပြောလိုက်သည်...
သူသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်... သူ၏ လေသံထဲတွင် မည်သည့် အတက်အကျမျှ မရှိပေ...
"နတ်ဘုရားသားတော်... အရှင်..."
လီချင်းဖုန်း၏ အမူအရာမှာ လုံးဝ ထိတ်လန့်သွားတော့သည်…