အခန်း ၄ - သွား၍ သူ့မိသားစုကို ခေါ်ဆောင်ခဲ့ချေ...
ယဲ့ချန် စကားပြောဆိုပြီးနောက် သူ၏ လေသံထဲတွင် ဝါကြွားမှုများနှင့် ရွှင်မြူးနေသော အရိပ်အယောင်များ ပါဝင်နေ၏...
သူ ဘာကြောင့်မှန်းမသိသော်လည်း တီကျွယ်တျန်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို မြင်ရခြင်းက သူ့ကို ပျော်ရွှင်စေသည်...
လူများ အချိန်အတော်ကြာအောင် ပြုစုပျိုးထောင်ခဲ့ရသည့် အမျိုးသမီး သည် သူ၏ လက်ထဲသို့ အလွယ်တကူ ရောက်ရှိလာတော့မည် ဖြစ်သည်...
ကိုယ့်ကို မုန်းတီးနေသောသူ၏ အမျိုးသမီးကို လုယူခြင်းထက် ပို၍ ပျော်ရွှင်စရာကောင်းသော အရာမျိုး ရှိဦးမည်လော...
ဤအချိန်တွင် တီကျွယ်တျန်းမှာ တိတ်ဆိတ်လျက်ပင် ရှိသေးသည်...
အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးချီများမှာ အမှန်တကယ်ပင် ဖိနှိပ်ခံလိုက်ရပြီ ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်သည်...
ထို့အပြင် ၎င်းမှာ သူ၏ စိတ်ဆန္ဒအတိုင်း အချိန်မရွေး ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်...
ဤအကြောင်းကို တွေးမိလိုက်သောအခါ တီကျွယ်တျန်း၏ စိတ်ခံစားချက်မှာ အလွန်ပင် ကောင်းမွန်လာခဲ့သည်...
သို့သော် တီကျွယ်တျန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယဲ့ချန်ကမူ ဤကောင်သည် သူ့ကို အထင်သေးနေသည်ဟု ထင်မှတ်သွားသည်...
"တီကျွယ်တျန်း... ငါတို့နှစ်ယောက်လုံးက ငယ်ရွယ်သူတွေထဲမှာ ထူးချွန်သူတွေ ဖြစ်ကြတဲ့အတွက် ယောက်ျားတစ်ယောက်ရဲ့ စကားဆိုတာ တည်မြဲဖို့ လိုအပ်တယ်..."
" ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်..."
"အခု မသေမျိုးနယ်မြေတစ်ခုလုံးက နတ်ဘုရားသားတော် တီကျွယ်တျန်းကို မသေမျိုးတစ်ပါး ပြန်လည်ဝင်စားလာသူလို့ ပြောဆိုနေကြတယ်... ငါ မင်းရဲ့ အရည်အချင်းကို အကဲဖြတ်ကြည့်ချင်တယ်..."
"နတ်ဘုရားသားတော်သာ ရှုံးနိမ့်သွားမယ်ဆိုရင်တော့ ရှီးအာကို ဒါမှမဟုတ် ရှီးအာရဲ့ မိသားစုကို နောက်တစ်ဖန် လာရောက် အနှောင့်အယှက် မပေးပါနဲ့တော့..."
တီကျွယ်တျန်း ထိုစကားကို ကြားသောအခါ ပြုံးလိုက်မိသည်...
ဤသည်မှာ ကံကြမ္မာ၏ သားတော်တစ်ယောက်၏ ယုံကြည်ချက် ဖြစ်ပေလိမ့်မည်...
တီကျွယ်တျန်း ပြုံးသည်ကို မြင်သောအခါ...
ယဲ့ချန်လည်း ပြုံးလိုက်သည်...
"ငါ သဘောမတူဘူးဆိုရင်ရော..."
တီကျွယ်တျန်းက တိုးညှင်းစွာ ဆိုလိုက်သည်...
လီမိသားစုဝင်များ၏ အမူအရာများ ပြောင်းလဲသွားကြသည်...
လီရှီး၏ အမူအရာမှာလည်း ပြောင်းလဲသွားသည်...
ယဲ့ချန်၏ အမူအရာမှာလည်း ပြောင်းလဲသွားသည်...
"တီကျွယ်တျန်း... မင်းက တီ မိသားစုရဲ့ နတ်ဘုရားသားတော် ဖြစ်လျက်နဲ့ ဒီလောက်တောင် သတ္တိမရှိတဲ့ သူ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်း မတိုက်ရဲ ဘူးလား..."
"တီ မိသားစုရဲ့ နတ်ဘုရားသားတော်ဆိုတာ ဒီလောက်ပဲလား..."
ယဲ့ချန်က နောက်ဆုံးတွင် ထပ်ဖြည့်ပြောလိုက်သည်...
ယဲ့ချန် စောင့်ရှောက်သူ ရှိမန်ချင်သည် ဤစကားကို ကြားသောအခါ အမူအရာ ပြောင်းလဲသွားသော်လည်း များစွာ မပြောလိုက်ပေ...
မည်သို့ဆိုစေကာမူ ၎င်းမှာ လူငယ်မျိုးဆက်များကြားမှ ကိစ္စသာ ဖြစ်သည်...
"မင်းကြောက်နေရင် ငါ မင်းကို လက်တစ်ဖက်တည်းနဲ့ပဲ ရင်ဆိုင်ပေးမယ်... ဘယ်လိုလဲ..."
ယဲ့ချန်လည်း သူကိုယ်တိုင် အခက်အခဲ ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်...
မည်သို့ဆိုစေ တီကျွယ်တျန်း၏ အဆင့်အတန်းမှာ ရိုးရှင်းလှသည် မဟုတ်ပေ...
"ဟက်..."
တီကျွယ်တျန်း မဲ့ပြုံး ပြုံးလိုက်သည်...
သူသည် ယဲ့ချန်ကို နောက်တစ်ဖန် ဂရုမစိုက်တော့ပေ...
"တီကျွယ်တျန်း... မင်း ဘာကို ဆိုလိုတာလဲ..."
ယဲ့ချန်သည် တီကျွယ်တျန်းက သူ့၏ စိန်ခေါ်မှုကို လုံးဝ လျစ်လျူရှုလိမ့်မည်ဟု မထင်ထားခဲ့ပေ...
"မင်းက ဘယ်သူလဲ..."
"ငါ မင်းကို သိလို့လား..."
တီကျွယ်တျန်းက ပြောလိုက်သည်...
"တီကျွယ်တျန်း... မင်း တကယ်ကို ရှက်စရာကောင်းလိုက်တာ... တီ မိသားစုရဲ့ မြင့်မြတ်တဲ့ နတ်ဘုရားသားတော်က ဒီလောက်တောင် ကြောက်တတ်တဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"မင်းရဲ့ နာမည်ကသာ အပေါ်ယံ ဖြစ်ပြီး အမှန်တကယ်တော့ ငကြောက်ပဲ... ဒီလိုလူကိုမှ ငယ်ရွယ်သူတွေထဲက ထူးချွန်သူလို့ ခေါ်ဆိုနေရတာ..."
"မင်းလို လူမျိုးကို မသေမျိုးနယ်မြေရဲ့ ထူးချွန်သူလို့ ခေါ်လိုက်ခြင်းက တကယ်ကိုပဲ စော်ကားရာရောက်တယ်..."
ယဲ့ချန်သည် အကြောင်းရင်းကို မသိသော်လည်း တီကျွယ်တျန်း၏ အသွင်အပြင်ကို ကြည့်ရသည်မှာ သူ့ကို အလွန် ဒေါသထွက်စေသည်...
ဤအချိန်တွင် ယဲ့ချန်သည် သူ့ကိုယ်သူ လူရွှင်တော်တစ်ယောက်နှင့် တူနေသည်ဟု ခံစားလိုက်ရသည်...
ထို့နောက် တီကျွယ်တျန်း၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရသောအခါ...
သူ့ကို ပို၍ပင် ဒေါသထွက်စေသည်...
တီကျွယ်တျန်း မဲ့ပြုံး ပြုံးလိုက်ကာ ပြောလိုက်သည်...
"မင်းကတော့ အတင်းအဖျင်းပြောတဲ့ မိန်းမလိုမျိုး ဒီနေရာမှာ အဆက်မပြတ် ဆူညံနေတာပဲ..."
"ငါက ငကြောက်လို့ ပြောနေတော့..."
"ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်..."
'ထွက်လာခဲ့ကြ...'
တီကျွယ်တျန်းက တိုးညှင်းစွာ ဆိုလိုက်သည်...
ဤစကားကို ကြားသောအခါ ယဲ့ချန်၏ အမူအရာမှာ ပြောင်းလဲသွားသည်...
စကားပြောပြီးသည်နှင့် သူ နောင်တရသွားသော်လည်း ကံကြမ္မာ၏ သားတော် ဖြစ်သည့်အတွက် သူ၏ စိတ်ဓါတ်မှာ အလွန်ပင် မာကျောလှသည်...
တီကျွယ်တျန်း အမိန့်ပေးပြီးသည်နှင့် တစ်ပြိုင်နက်...
ရုပ်ပုံလွှာ အတော်များများမှာ လေဟာနယ်အတွင်းမှ ပေါ်ပေါက်လာကြသည်...
သူတို့သည် ဒူးတစ်ဖက်ကို မြေတွင် ထောက်လျက် ရှိနေကြ၏...
"နတ်ဘုရားသားတော်..."
"ချင်းမူနယ်မြေက ယဲ့မိသားစုဆီ သွားပြီး သူ့မိသားစုကို 'ဖိတ်ခေါ်' ခဲ့ကြ..."
'မလိုက်တဲ့သူ သူမှန်သမျှကို သတ်ပစ်လိုက်...'
"ပြီးတော့ ထျန်းယန်နယ်မြေမှ လူတွေကိုလည်း လာခဲ့ဖို့ သတင်းစကား ပါးလိုက်..."
"သူတို့သာ တစ်ခွန်းတစ်လေ 'မလုပ်နိုင်ဘူး' လို့ ပြောရဲရင် ထျန်းယန်နယ်မြေဟာ တည်ရှိနေဖို့ အကြောင်းမရှိတော့ဘူး..."
"တီ မိသားစုကို သတင်းစကား ပို့လိုက်... ဘိုးဘေးကြီးကို ပြင်ဆင်ထားဖို့ ပြောလိုက်..."
တီကျွယ်တျန်း အမိန့်ပေးပြီးနောက် သူသည် နောက်ထပ် စကားမပြောတော့ပေ...
ယဲ့ချန်ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ...
သို့သော် ဤအချိန်တွင် ယဲ့ချန်၏ အမူအရာမှာ အလွန်ပင် ပြောင်းလဲသွားခဲ့သည်...
"တီကျွယ်တျန်း... မင်းရဲ့ စိတ်ဓာတ်က တကယ်ကို ယုတ်ညံ့တာပဲ..."
"ကပ်ဆိုးဆိုတာ မိသားစုအထိ မကူးစက်သင့်ဘူး..."
တီကျွယ်တျန်းက ပြန်ပြောလိုက်သည်
"အသုံးမကျတဲ့ကောင်... မင်းလည်း တီ မိသားစုဆီ သွားပြီး သူတို့ကို အသုံးချကာ ငါ့ကို ခြိမ်းခြောက်လို့ ရတာပဲ..."
ပင်မခန်းမထဲရှိ လူတို့မှာ တိတ်ဆိတ်သွားကြသည်...
ဘယ်သူမှ စကားမပြောရဲကြသလို ယဲ့ချန်ပင်လျှင် တိတ်ဆိတ်သွားခဲ့သည်...
အဘယ်ကြောင့်ဆိုသော် ခေါင်းပြတ်တစ်ခုသည် သူ၏ ခြေရင်းသို့ လှိမ့်ဝင်လာသောကြောင့် ဖြစ်သည်...
၎င်းမှာ ယဲ့ချန်၏ အစောင့်အရှောက် ဖြစ်သူ ရှိမန်ချင်၏ ခေါင်းပင် ဖြစ်၏...
ယဲ့ချန် သူ မှားယွင်းပြီဖြစ်ကြောင်း သိလိုက်ရသည်...
ခဏအကြာတွင် လေဟာနယ်ပွင့်သွားသည်...
ရုပ်ပုံလွှာများမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကြသည်...
ဤရုပ်ပုံလွှာများ ပေါ်လာသောအခါ သူတို့၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်...
ယဲ့မိသားစုမြို့မှာ အစွမ်းမထက်လှဘဲ ထျန်းယန်နယ်မြေ၏ အကြီးအကဲဖြစ်သူ တံဆိပ်ခတ်ဘုရင် အဆင့် ကျွမ်းကျင်သူတစ်ဦးသာ ရှိနေခြင်း ဖြစ်သည်...
သို့သော် ရောက်လာသော ရုပ်ပုံလွှာများကို ရင်ဆိုင်ရချိန်တွင် သူတို့၏ အရှိန်အဝါကြောင့် စကားပင် မပြောနိုင်မီ သွေးမြူအဖြစ် ချေမှုန်းခံလိုက်ရသည်...
ယဲ့မိသားစုမှ လူတို့သည် ယဲ့ချန်ကို ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏...
မည်သို့ဆိုစေ သူတို့၏ အမြင်တွင် ယဲ့ချန်မှာ အရာရာကို စွမ်းဆောင်နိုင်သူ ဖြစ်သည်...
ထို့အပြင် သူသည် ထျန်းယန်နယ်မြေ၏ သူတော်စင် ဖြစ်လာခဲ့သည်...
မင်းဆက်များပင်လျှင် သူတို့ ယဲ့မိသားစုကို လာရောက်လည်ပတ်သည့်အခါ လေးစားစွာ ဆက်ဆံကြရသည်...
ဤအရာအားလုံးမှာ ယဲ့မိသားစု၌ ယဲ့ချန် ပေါ်ပေါက်လာခဲ့ခြင်းကြောင့်သာ ဖြစ်သည်...
"လူငယ်သခင်..."
"ချန်အာ..."
ချင်းမူနယ်မြေမှ ယဲ့မိသားစုဝင်များ ပေါ်လာပြီးနောက် ယဲ့ချန်ကို ကြည့်၍ ခေါ်ဆိုလိုက်ကြသည်...
ယဲ့ချန်တစ်ဦးတည်းသာ အမူအရာ တင်းမာနေ၏...
သူသည် တီကျွယ်တျန်းကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် ပြင်းထန်သော လူသတ်လိုစိတ်များ ပြည့်နှက်နေသည်...
ငယ်ရွယ်သူတစ်ဦးဖြစ်သည့် တီကျွယ်တျန်းမှာ ရှုံးနိမ့်ခြင်းကို လက်မခံနိုင်သောသူ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ...
"တီကျွယ်တျန်း... သူတို့ကို လွှတ်ပေးလိုက်ပါ..."
ဤအချိန်တွင် ယဲ့မိသားစုဝင်များ ပေါ်လာပြီးနောက် ပလ္လင်မြင့်ပေါ်ရှိ လူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ငုံ့ထားလိုက်ကြသည်...
သူတို့၏ လူငယ်သခင်မှာ ဤလူကို စော်ကားမိသွားခဲ့ပြီ ဖြစ်ဟန်တူသည်...
သို့သော် သူတို့၏ လူငယ်သခင်မှာ ထျန်းယန်နယ်မြေ၏ သူတော်စင် ဖြစ်သည်ဟု ပြန်တွေးမိသောအခါ သူတို့ အနည်းငယ် ယုံကြည်မှု ပြန်ရလာကြသည်...
သို့သော် ချက်ချင်းပင် အေးစက်သော အသံတစ်ခုက သူတို့ကို လက်တွေ့ဆီသို့ ပြန်ဆွဲခေါ်သွားခဲ့သည်...
"နတ်ဘုရားသားတော်... ထျန်းယန်နယ်မြေမှ လူတစ်သိန်းမှာ တံခါးအပြင်ဘက်တွင် ဒူးထောက်နေကြပါပြီ..."
ဤရုပ်ပုံလွှာ ပေါ်လာသောအခါ သူသည် တီကျွယ်တျန်းကို ကြည့်၍ ဒူးတစ်ဖက်ကို ထောက်လိုက်သည်...
"ဘယ်သူက ယဲ့ချန်ရဲ့ ဆရာလဲ... အထဲကို ဝင်လာခဲ့..."
တီကျွယ်တျန်း၏ အသံမှာ ပျံ့လွင့်သွားသည်...
တီကျွယ်တျန်း၏ စကားကို ကြားသောအခါ အပြင်ဘက်ရှိ ရုပ်ပုံလွှာတစ်ခုမှာ ရှုပ်ထွေးသော အမူအရာ ဖြစ်ပေါ်လာသည်...
သူတို့သည် ယန်းကိုးပါး သန့်စင်သောကိုယ်ခန္ဓာကို ထျန်းယန်နယ်မြေတွင် ရှာဖွေတွေ့ရှိခဲ့ကြပြီး ထျန်းယန်နယ်မြေမှာ တိုးတက်လာတော့မည်ဟု ထင်မှတ်ခဲ့ကြသည်...
သူတို့ ပျော်ရွှင်နေဆဲမှာပင် ရုပ်ပုံလွှာတစ်ခု ပေါ်လာခဲ့သည်...
သူတို့၏ ထျန်းယန်နယ်မြေမှာ ခုခံနိုင်စွမ်း မရှိဘဲ ဤနေရာသို့ ဆွဲခေါ်ခံလိုက်ရသည်...
ထို့အပြင် ဖိနှိပ်စွမ်းအားတစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်...
တပည့်တစ်သိန်းမှာ တံခါးအပြင်ဘက်တွင် စုပေါင်း ဒူးထောက်နေကြရသည်...
ထျန်းယန်နယ်မြေ၏ အကြီးအကဲ ဖြစ်ပြီး နှစ်ပေါင်းသောင်းနှင့်ချီ တည်ရှိခဲ့သော ထျန်းယန်နယ်မြေမှာ ယနေ့တွင် လုံးဝ အရှက်ရသွားခဲ့ရသည်...
လီချင်းဖုန်း သက်ပြင်းချလိုက်ပြီး တုန်ယင်စွာဖြင့် ပင်မခန်းမထဲသို့ လျှောက်လှမ်းဝင်လာခဲ့သည်...
သူသည် ယခုမှ ပေါ်လာသော အသံမှာ သူတို့ ထျန်းယန်နယ်မြေ၏ ကံကြမ္မာကို ဆုံးဖြတ်မည့်သူ ဖြစ်ကြောင်း သိလိုက်ရသည်...
လီချင်းဖုန်း စိုးရိမ်တကြီးဖြင့် လျှောက်ဝင်လာပြီး ပလ္လင်မြင့်ပေါ်ရှိ လူကို မြင်သောအခါ သူသည် အလျင်အမြန်ပင် ခေါင်းကို ငုံ့လိုက်သည်...
သို့သော် ခမ်းနားကြီးကျယ်သော အရှိန်အဝါမှာ လီချင်းဖုန်းကို ဖိနှိပ်ထားဆဲပင်...
ထျန်းယန်နယ်မြေ၏ သူတော်စင်အရှင်သခင်၊ ထျန်းယန်နယ်မြေကို စိုးမိုးသူမှာ ပင်မခန်းမထဲတွင် ဒူးထောက်နေရသည်...
တီကျွယ်တျန်း ဂရုမစိုက်ပေ... ၎င်းမှာ သူ၏ အစောင့်အရှောက် ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း သူ သိသည်...
"ထျန်းယန်နယ်မြေ၏ သူတော်စင်အရှင်သခင် လီချင်းဖုန်းက နတ်ဘုရားသားတော်ကို ဂါရဝပြုပါတယ်... နတ်ဘုရားသားတော် မင်္ဂလာပေါင်းသောင်းခြောက်ထောင်နှင့် ပြည့်စုံပါစေ..."
ယဲ့ချန်၏ မိသားစုဝင်များမှာ ဤစကားကို ကြားသောအခါ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်...
သူက ဘယ်သူတဲ့လဲ...
ထျန်းယန်နယ်မြေ၏ သူတော်စင်အရှင်သခင်တဲ့...
အဲ့ဒါ ယဲ့ချန်ရဲ့ ဆရာ မဟုတ်ဘူးလား...
ထျန်းယန်နယ်မြေကို စိုးမိုးသူ၊ ခြေတစ်ချက် နင်းလိုက်ရုံနဲ့ ထျန်းယန်နယ်မြေတစ်ခုလုံး တုန်ခါသွားစေနိုင်တဲ့ အစွမ်းထက် ကျွမ်းကျင်သူကြီး မဟုတ်လား...
ဤမျှ ခမ်းနားသော ပုဂ္ဂိုလ်ကြီးမှာ ထိုလူငယ်လေး၏ ရှေ့တွင် တကယ်ပင် ဒူးထောက်နေရသည်…