အခန်း ၃၇ - ကံကြမ္မာသားတော် သေဆုံးခြင်း၊ မင်းရဲ့ တန်ဖိုးက ဒီတင်ပဲ လမ်းဆုံးပြီ
【တိန်... ကံကြမ္မာသားတော်က သူ့ဆရာအပေါ် သစ္စာဖောက်သွားတဲ့အတွက် ကံကြမ္မာတန်ဖိုး ၅၀၀ လျော့နည်းသွားပြီး အရှင်သခင်က ဗီလိန်အမှတ် ၅၀၀ ရရှိပါတယ်】
【တုန်... အရှင်သခင်က ကံကြမ္မာသားတော်ရဲ့ ဆရာကို သတ်ပစ်လိုက်တဲ့အတွက် ကံကြမ္မာသားတော်ရဲ့ ကံကြမ္မာတန်ဖိုး ၁၀၀ ထပ်မံလျော့နည်းသွားပြီး အရှင်သခင်က ဗီလိန်အမှတ် ၁၀၀ ရရှိပါတယ်】
ထိုအဘိုးအိုကို သတ်လိုက်တာတောင် ရှောင်ယွီရဲ့ ကံကြမ္မာတန်ဖိုးက ဒီလောက်အနည်းငယ်ပဲ လျော့ကျသွားလိမ့်မယ်လို့ တီကျွယ်တျန်း ထင်မထားခဲ့မိဘူး။ ကြည့်ရတာ တစ်ခုခု ထပ်ပြီး အကွက်ဆင်ရဦးမယ် ထင်တယ်။
"ဒါပေမဲ့ မလိုတော့ပါဘူး... ဆန်ကွမ်းဝမ်အာက လက်ဦးမှုယူပြီး လှုပ်ရှားလိုက်ပြီ ထင်တယ်"
တီကျွယ်တျန်းရဲ့ ပုံရိပ်က ထိုနေရာကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြန်တယ်။
သူ ပြန်ပေါ်လာတဲ့အချိန်မှာတော့ သွေးညှီနံ့တွေ လွှမ်းထုံနေတဲ့ မိသားစုကြီးတစ်ခုရဲ့ အိမ်တော်ထဲကို ရောက်ရှိသွားခဲ့ပြီ။
အမျိုးသမီးတစ်ယောက်ဟာ လက်ထဲမှာ ဓားတစ်စင်းကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးလို ဖြစ်နေခဲ့တယ်။ သူဟာ လူတွေရဲ့ အသက်ကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် သတ်နေခဲ့တာ ဖြစ်တယ်။
ရှောင်မိသားစုက လူတွေရဲ့ မျက်ဝန်းထဲမှာတော့ ပြင်းထန်လှတဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။ အစောပိုင်းတုန်းက ဆန်ကွမ်းဝမ်အာ ရောက်လာတာကို မြင်တော့ သူတို့ တကယ်ပဲ ဝမ်းသာခဲ့ကြတာ။ ဒါပေမဲ့ သူမက ဘာစကားတစ်ခွန်းမှ မပြောဘဲ လက်ထဲက ဓားကို ဆွဲထုတ်ပြီး တိုက်ရိုက် သတ်ဖြတ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့မိဘူး။
ရှောင်မိသားစုမှာ မူလက လူဦးရေ ရာနဲ့ချီပြီး ရှိခဲ့တာ ဖြစ်ပေမယ့် အခုတော့ လူအနည်းငယ်ပဲ အသက်ရှင် ကျန်ရစ်တော့တယ်။
"ရပ်လိုက်စမ်း..."
အလောတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ လူမရောက်လာခင် အသံက အရင်ဦးစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်တယ်။
"ဆန်ကွမ်းချင်းအာ... နင်သာ လုပ်ဝံ့ရင်..."
"ဝမ်အာ... ဘာဖြစ်လို့ နင် ဖြစ်နေရတာလဲ..."
"မှန်တာပေါ့... ဘာဖြစ်လို့ ငါ မဖြစ်ရမှာလဲ..."
"ဘာဖြစ်လို့ ဒီလိုတွေ လုပ်ရတာလဲ..."
"ဘာဖြစ်လို့လဲ ဟုတ်လား... ဒူးထောက်ပြီး ငါ့ကို အသနားခံစမ်း..."
ဆန်ကွမ်းဝမ်အာရဲ့ လေသံထဲမှာတော့ မည်သည့် နွေးထွေးမှု အရိပ်အယောင်မျှ ရှိမနေခဲ့ဘူး။
'တီကျွယ်တျန်း... ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်'
ဒီအချိန်မှာတော့ ဒါတွေအားလုံးဟာ တီကျွယ်တျန်းရဲ့ လက်ချက်ဆိုတာ ရှောင်ယွီ ဘယ်လိုလုပ်ပြီး မသိဘဲ နေမလဲ…ဒါပေမဲ့ တီကျွယ်တျန်းက ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ဆောင်ရတာလဲ။
"နင် ဒူးမထောက်သေးဘူးပေါ့ ဟုတ်လား..."
ဆန်ကွမ်းဝမ်အာဟာ ဓားအလင်းတန်းတစ်ခုကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်တယ်။ သို့သော် ၎င်းက ရှောင်မိသားစုရှိရာဘက်ဆီ ဦးတည်သွားခဲ့တာ ဖြစ်တယ်။
ခဏချင်းမှာတင် လူတစ်ဒါဇင်ကျော်လောက် ထပ်မံ သေဆုံးသွားခဲ့ရပြန်တယ်။ သူတို့အားလုံးဟာ သေခါနီး ကြောက်ရွံ့မှုတွေကြောင့် မျက်လုံးအစုံ ပြူးကျယ်လျက် သေဆုံးသွားခဲ့ကြတာ။
'ရပ်လိုက်ပါတော့... ရပ်လိုက်ပါဦး... ငါ တောင်းပန်ပါတယ်...'
မိမိအနေနဲ့ အတိတ်တုန်းက ဆန်ကွမ်းဝမ်အာကို မကယ်တင်ခဲ့မိလို့သာ ဒါတွေအားလုံး ဖြစ်ပျက်လာရတာဆိုတာ ရှောင်ယွီ ဘယ်လိုလုပ် မသိဘဲ နေမလဲ။
ဒါဟာ သေချာပေါက် ကလဲ့စားချေခြင်းပဲ ဖြစ်ရမယ်။
သူဟာ ဆရာဖြစ်သူရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အလွယ်တကူ ယုံကြည်ခဲ့မိတာ မဟုတ်ပါလား။
"ဝမ်အာ... ငါ တောင်းပန်ပါတယ်... ဒါတွေအားလုံးက တီကျွယ်တျန်းရဲ့ လှည့်ကွက်တွေပါ... သူ့ရဲ့ လှည့်စားမှုတွေထဲ လုံးဝ မနစ်မြုပ်သွားပါနဲ့ဦး..."
"သူက ငါ့အတွက် ဆရာတစ်ယောက်ကို စီစဉ်ပေးခဲ့တာ... ပြီးတော့ ဆရာကပဲ နင့်ကို မကယ်ဖို့ ငါ့ကို အတင်းအကျပ် တားဆီးခဲ့တာပါ..."
"အော်... ဒီလိုကိုး... နင်က တကယ်ပဲ လိမ္မာတဲ့ ကောင်လေးတစ်ယောက်ပဲနော်"
"နင်က နင့်ဆရာရဲ့ စကားကို တကယ်ပဲ မြေဝယ်မကျ နားထောင်ခဲ့တာပဲ"
"ဒူးထောက်ပြီး စကားပြောစမ်း..." ဆန်ကွမ်းဝမ်အာက ထပ်မံ အမိန့်ပေးလိုက်တယ်။
"ငါ... ငါ..."
"ယွီအာ... မြန်မြန် ထွက်ပြေးတော့... ပြီးရင် အနာဂတ်ကျမှ ငါတို့အတွက် ကလဲ့စားပြန်ချေပေးပါ..."
ဒီအချိန်မှာတင် ဆန်ကွမ်းဝမ်အာရဲ့ နောက်ကွယ်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်… ထို့နောက် လက်ဝါးတစ်ဖက်ဟာ မိမိရဲ့ နဖူးဆီသို့ အတင်းအကျပ် ရိုက်ချဖို့ ပြင်လိုက်တော့တယ်။
သို့သော်လည်း ထို့နောက် ချက်ချင်းဆိုသလို သူတို့ရဲ့ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရပြန်တယ်။
အဘယ်ကြောင့်ဆိုသော် ဒီလက်ဝါးဟာ ဘယ်လိုနည်းနဲ့မှ အောက်ကို ရိုက်ချလို့ မရတော့ခြင်းကြောင့် ဖြစ်တယ်။
တစ်ချိန်တည်းမှာပင် သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်တွေအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့ရတော့တယ်။
"ငါ့ရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်ပေါ့... အဲ့လိုလုပ်လို့ မရဘူးလေ..." ဆန်ကွမ်းဝမ်အာဟာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ရောက်ရှိလာခဲ့ပြီ။
"ဒူးထောက်စမ်း..." ဆန်ကွမ်းဝမ်အာက ရှောင်ယွီကို စိုက်ကြည့်လိုက်တယ်။
"မလုပ်ပါနဲ့... ငါ ဒူးထောက်ပါ့မယ်..." မိမိရဲ့ ဖခင်ဖြစ်သူပါ အတင်းအကျပ် ခြိမ်းခြောက်ခံနေရတာကို မြင်တော့ ရှောင်ယွီရဲ့ မျက်နှာ တကယ့်ကို ဆိုးရွားသွားခဲ့ရပြီး စိတ်ထဲမှာလည်း မကျေမနပ် ဖြစ်ရတဲ့ မနာလိုပူလောင်မှုတွေနဲ့ ပြည့်နှက်သွားခဲ့ရတယ်။
ဒါပေမဲ့လည်း ဘာနည်းလမ်းမှ မရှိတော့ဘူး... သူတစ်ပါးက ဓားနဲ့ စဉ့်နှီတုံး ဖြစ်နေချိန်မှာ မိမိကတော့ အသားတုံးတစ်တုံးမျှသာ ဖြစ်နေခဲ့ရတာ မဟုတ်ပါလား။
ရှောင်ယွီ ဒူးထောက်လိုက်တာကို မြင်တော့ ဆန်ကွမ်းဝမ်အာဟာ ရယ်မောလိုက်မိတယ်။
"ရှောင်ယွီ... နင်လည်း ဒီလိုနေ့မျိုး ကြုံတွေ့ရတာပဲကိုး… အရင်တုန်းက နင့်ကို အလျော်အစားလုပ်ပေးဖို့အတွက် ငါ့ရဲ့ ညီမလေးနဲ့တောင် စေ့စပ်ပေးခဲ့တာ ဖြစ်ပေမယ့် နင်ကတော့ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းလွန်းခဲ့တယ်"
"ဒါပေမဲ့... ငါကတော့ နင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အရူးတစ်ယောက်လို ယုံကြည်နေခဲ့မိတာ"
"နင်က တကယ်ပဲ အတ္တကြီးလွန်းလှတယ်"
"အသက်ကယ် တယ်လီပို့ခြင်း အဆောင်ကိုတောင် ငါ မျက်တောင်မခတ်ဘဲ နင့်ကို ပေးခဲ့တာလေ… ဒါပေမဲ့ ထူးဆန်းလှတဲ့ မီးလျှံတစ်ခုအတွက်နဲ့ နင်က ငါ့ရဲ့ အသက်ကို လုံးဝ စွန့်ပစ်ထားခဲ့တယ်"
"ကဲ... ငါ့ကို ပြောစမ်းပါဦး... နင် ဘာတွေ တွေးနေခဲ့တာလဲ..."
"ငါ နင့်အပေါ်ကို မတရားလုပ်ခဲ့မိတဲ့ အရာမျိုး တစ်ခုခု ရှိခဲ့လို့လား..."
"ငါ... ငါ တောင်းပန်ပါတယ်..."
'အကယ်၍ တောင်းပန်တာက အသုံးဝင်မယ်ဆိုရင်... အစွမ်းထက်တဲ့ စွမ်းရည်တွေက ဘာအတွက် လိုအပ်တော့မှာလဲ...'
'ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်စမ်း...'
"မဟုတ်ရင်... နင် ဘာတွေ ဖြစ်လာမလဲဆိုတာကို သေသေချာချာ သိထားသင့်တယ်..."
ထိုစကားကို ကြားရတဲ့အခါ ရှောင်ယွီရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရတယ်။
သူ လုံးဝ မသေချင်သေးဘူး... သူ မိခင်ဖြစ်သူကိုလည်း ရှာမတွေ့သေးသလို ဆန်ကွမ်းချင်းအာကိုလည်း အနိုင်မယူရသေးဘူး။
မိသားစုရဲ့ အရှက်ရစရာတွေကိုလည်း မဆေးကြောရသေးသလို သူ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေလည်း မအောင်မြင်သေးဘူး။
ဒါပေမဲ့ မိမိရဲ့ ဖခင်ဖြစ်သူရဲ့ လည်ပင်းပေါ်မှာ သွေးစလိုင်းတစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရချိန်မှာတော့... ရှောင်ယွီတစ်ယောက် သူ စိတ်ကူးယဉ်နေတဲ့ အရာတွေထဲကနေ ချက်ချင်း နိုးထလာခဲ့ရတော့တယ်။
မှန်တာပေါ့... မိမိ စိတ်ထဲမှာ အတွေးတွေ ဘယ်လောက်ပဲ များနေပါစေဦးတော့... အခု ဘာတတ်နိုင်တော့မှာလဲ။
ရှောင်ယွီ ရယ်မောလိုက်မိတယ်။ ၎င်းက မိမိကိုယ်မိမိ ပြန်လည်လှောင်ပြောင်နေခြင်း ဖြစ်ရမယ်။ ထို့နောက် သူ ပါးစပ်အပြည့် သွေးစအချို့ကို အန်ထုတ်လိုက်မိပြီး ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါတွေအားလုံး မှေးမှိန်သွားခဲ့ရကာ ဆန်ကွမ်းဝမ်အာကိုသာ စိုက်ကြည့်နေခဲ့တော့တယ်။
တီကျွယ်တျန်းကတော့ ဘေးကနေ အေးစက်စွာ လှောင်ပြုံးနေခဲ့တယ်။
【တိန်... အရှင်သခင်ရဲ့ အစေခံမလေးက ကံကြမ္မာသားတော်ကို အတင်းအကျပ် ဖိအားပေးပြီး သေကြောင်းကြံစည်စေခဲ့တဲ့အတွက် ကံကြမ္မာသားတော်ရဲ့ ကံကြမ္မာတန်ဖိုး လုံးဝ ကုန်ဆုံးသွားခဲ့ပါပြီ】
【တိန်... ကံကြမ္မာသားတော် ရှောင်ယွီကို သတ်ဖြတ်ခြင်း အောင်မြင်ခဲ့တဲ့အတွက် အရှင်သခင်ကို ဂုဏ်ပြုပါတယ်... ကံကြမ္မာ ရတနာသေတ္တာတစ်ခုနဲ့ ဗီလိန်အမှတ် ၅၀,၀၀0 ပေးအပ်ပါတယ်】
"ဘယ်သူက ငါ့ရဲ့ သားကို သတ်ဝံ့တာလဲ..."
ဒီအခိုက်အတန့်မှာတင် ရှောင်ယွီရဲ့ ခန္ဓာကိုယ်အတွင်းကနေ ဝေဝါးလှတဲ့ အမျိုးသမီး ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
သို့ပေသိ…
တီကျွယ်တျန်းကတော့ အနည်းငယ်မျှ ဂရုစိုက်ခြင်း မပြုချေ။ ဒီကမ္ဘာကြီးတစ်ခုလုံးကို ရှစ်ယောက်မြောက် ဘိုးဘေးကြီးက သေသေချာချာ စောင့်ကြည့်နေခဲ့တာ မဟုတ်ပါလား။
'ထွက်သွားစမ်း...' အေးစက်လှတဲ့ အသံတစ်သံ ဟိန်းထွက်လာခဲ့တယ်။
ထို့နောက် ချက်ချင်းဆိုသလို အဇူရာနယ်မြေကြီးတစ်ခုလုံး လုံးဝ မည်းမှောင်သွားခဲ့ရပြီး မိုးတိမ်တွေကို ဖောက်ထွက်လျက် ကြီးမားလှတဲ့ လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာပြီး ထိုဝေဝါးနေတဲ့ အမျိုးသမီးပုံရိပ်ကြီးကို တိုက်ရိုက်ပင် အမှုန့်ဖြစ်အောင် ဖိခြေပစ်လိုက်တော့တယ်။
'တီမိသားစုက လူတွေ... တကယ့်ကို ကောင်းတယ်... တကယ့်ကို ကောင်းလွန်းလှတယ်… ငါ့ရဲ့ သားကို သတ်ဝံ့တယ်ပေါ့... ရှင်တို့ ငါ့ကို စောင့်နေလိုက်ကြစမ်း...'
ထိုဝေဝါးနေတဲ့ ပုံရိပ်ကြီး ပျောက်ကွယ်သွားတာကို ကြည့်ပြီး... တီကျွယ်တျန်း စိတ်ထဲကနေ တွေးမိလိုက်တာကတော့ သေချာပေါက် ဒီကံကြမ္မာသားတော်ရဲ့ မိခင်က လုံးဝ သာမန်မဟုတ်ဘူးဆိုတာပါပဲ။
ဒါဟာ တကယ့်ကို ရိုးအီနေတဲ့ ဇာတ်ကွက်မျိုး သက်သက်မျှသာ ဖြစ်ရမယ်။ ထို့ကြောင့်လည်း တီကျွယ်တျန်းအနေနဲ့ ဆန်ကွမ်းဝမ်အာကို လှုပ်ရှားခိုင်းခဲ့ရခြင်း ဖြစ်ပေတယ်။
သူကိုယ်တိုင်လှုပ်ရှားလျင် မတော်တဆ ဇာတ်လိုက်ရဲ့ ဝှက်ဖဲတွေက သူကို ဒုက္ခပေးနိုင်သည် မဟုတ်ပါလား…
ဆန်ကွမ်းဝမ်အာလည်း လက်ထဲက ဓားကို ပြန်ချလိုက်တော့တယ်။ ရှောင်ယွီ သေဆုံးသွားတာကို မြင်ပြီးနောက်ပိုင်းမှာ ဘာဖြစ်လို့လဲတော့မသိ သူမရဲ့ ရင်ထဲမှာ အလွန်တရာ တင်းကြပ်ပိတ်ဆို့မှုကို ခံစားလိုက်ရတယ်။
"သခင်လေး... ကိစ္စရပ်တွေအားလုံးကို ကိုင်တွယ်ဖြေရှင်းလို့ ပြီးစီးပါပြီ..."
တီကျွယ်တျန်း ထိုစကားကို ကြားတော့ အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။
ထို့နောက် ဆန်ကွမ်းဝမ်အာဟာ သူမရဲ့ မျက်လုံးအစုံကို လုံးဝ မယုံကြည်နိုင်ဖွယ်ရာ အကြည့်တွေနဲ့ ပြူးကျယ်လျက် မြေပြင်ပေါ်သို့ ဆန့်ဆန့်ကြီး လဲကျသွားခဲ့ရတော့တယ်။
"မင်းမှာ ငါ့ရဲ့ အစေခံ ဖြစ်လာနိုင်မယ့် အရည်အချင်းမျိုး လုံးဝ ရှိမနေသေးဘူး…မင်း တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ခဲ့ပြီးပြီ ဖြစ်လို့... မင်းရဲ့ တန်ဖိုးကတော့ ဒီတင်ပဲ လမ်းဆုံးပြီ "
"ဘိုးဘေးကြီး... ကျွန်တော်တို့ ထွက်ခွာကြရအောင် ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို မည်သူ့ကိုမျှ မသိစေနဲ့ဦး..."
တီကျွယ်တျန်း ထွက်ခွာသွားမယ့် အချိန်မှာတင် ဒီစကားကို တစ်ပါတည်း ပြောဆိုလိုက်ခြင်း ဖြစ်တယ်။
ထိုစကားကို ကြားရတော့ ရှစ်ယောက်မြောက် ဘိုးဘေးကြီးလည်း မမြင်ရသော တစ်နေရာမှ အသာအယာ ခေါင်းညိတ်ပြလိုက်မိတယ်။
လေဟာနယ်အတွင်း၌ ကြီးမားလှတဲ့ လက်ဝါးကြီးတစ်ဖက် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး... ၎င်းက အဇူရာ လျို့ဝှက်ဆန်းကြယ်နယ်မြေ ကြီး တစ်ခု လုံး အစအနမကျန် ခြေမွဖျက်ဆီးပစ်လိုက်တော့တယ်။
(စာရေးသူအမှာ ရွမ်ရန် ဂိုဏ်းကိုတော့ ခေါ်ထုတ်သွားပါတယ်)
ဒီအခိုက်အတန့်မှာတော့ မသေမျိုးနယ် မြေထဲက ကျင့်ကြံသူအများအပြားလည်း ဒီပြင်းထန်လှတဲ့ လှုပ်ခတ်မှုကြီးကို အလိုအလျောက် ခံစားမိသွားကြတယ်။
သူတို့အားလုံးရဲ့ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ရတော့၏။
"တီမိသားစုက ဘာတွေ လုပ်ဆောင်နေတာလဲဟင်..."
'ငါလည်း မသိဘူး... ဖြစ်နိုင်တာကတော့ သူတို့ရဲ့ လက်အောက်ခံ အင်အားစုတစ်ခုခုက သူတို့ကို သွားရောက်စော်ကားမိလို့ နေမှာပါ...'
အဆုံး၌မူ မသေမျိုးနယ်မြေကြီးထဲမှာ ကမ္ဘာအသေးစားလေးတစ်ခုကို ဖျက်ဆီးပစ်လိုက်တယ်ဆိုတာက ကြီးမားလှတဲ့ ကိစ္စရပ်တစ်ခု ဟုတ်ပါပေ,။
မိသားစုကြီးတိုင်းဟာ မရေတွက်နိုင်တဲ့ သယံဇာတ အရင်းအမြစ်တွေကို အလိုအလျောက် ထိန်းချုပ်ထားနိုင်ကြတာ ဖြစ်ပေတယ်။ အတိတ်တုန်းကဆိုရင် စကြာဝဠာ ကြီးတစ်ခုလုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်ခဲ့ကြတဲ့ မိသားစုကြီးတွေ ရှိခဲ့ဖူးတာပဲ မလား။
သူတို့ သာမန်ကာလျှံကာ လှမ်းကြည့်လိုက်ကြပြီးနောက်ပိုင်းမှာတော့ ဆက်ပြီး အာရုံစိုက်ခြင်း မပြုကြတော့ချေ။
တီမိသားစုနဲ့ မိုင်ပေါင်း ကုဋေကုဋာကျော် ဝေးကွာလှတဲ့ အရပ်ဒေသတစ်ခုဆီ၌ ဖြစ်၏။
မသေမျိုး နန်းတော်ကြီးတစ်ခုရဲ့ အတွင်းဘက်ရှိ ရေခဲဂူတစ်ခုထဲမှာ အမျိုးသမီးတစ်ယောက် တိတ်တဆိတ် ထိုင်နေခဲ့တယ်။ သူမရဲ့ မျက်နှာကိုတော့ အတိအကျ မြင်တွေ့နိုင်ခြင်း မရှိချေ။
'တီမိသားစု... မင်းတို့အားလုံးကို သေချာပေါက် သေဆုံးစေရမယ်...' ထိုအမျိုးသမီး စကားပြောဆိုပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ခန္ဓာကိုယ်အတွင်းကနေ ပြင်းထန်လှတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့တယ်။
သို့သော်လည်း သူမရဲ့ ဘေးပတ်ဝန်းကျင်မှာ မရေတွက်နိုင်တဲ့ သံကြိုးအမြောက်အမြား ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ထိုအမျိုးသမီးကို တင်းကြပ်စွာ ပြန်လည်ပိတ်ဆို့ တံဆိပ်ခတ်ထားလိုက်တော့တယ်။
"ထွက်သွားစမ်း... အစောပိုင်းတုန်းက သူတို့သာ ဘေးကင်းကင်းနဲ့ အသက်ရှင်နေနိုင်မယ်ဆိုရင် ငါ့အနေနဲ့ နှစ်ပေါင်းတစ်သောင်းတောင် အကျဉ်းချခံပါ့မယ်လို့ ကတိပြုခဲ့တာလေ"
"အခုတော့... သူတို့အားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်တာတောင်မှ မင်းတို့က ငါ့ကို ဆက်ပြီး တားဆီးချင်နေသေးတာလား..."
ထိုအမျိုးသမီး စကားပြောဆိုပြီးနောက် သူမရဲ့ လှပလှတဲ့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း ထိုသံကြိုးတွေကို အတင်းအကျပ် ဆွဲဖြဲပစ်လိုက်တော့တယ်။
ဂျွတ်... ဂျွတ်... ဂျွတ်...
ထိုသံကြိုးတွေအားလုံး တိုက်ရိုက်ပင် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရတော့တယ်။
အိုဟောင်းနေသော အသံတစ်ခု ထွက်လာကာ သူမကို တားလိုက်သည်…
'ရူးမိုက်လိုက်တာ... မင်း ဘာတွေ ထပ်လုပ်ဆောင်ချင်နေတာလဲ… ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်တာတောင်မှ မင်း နောင်တမရသေးဘူးပေါ့ ဟုတ်လား...'
"ငါ့ရဲ့ သားလည်း သေဆုံးသွားခဲ့ပြီ... ငါ့ရဲ့ ခင်ပွန်းလည်း သေဆုံးသွားခဲ့ပြီ"
"အဲ့ဒါကြောင့်မို့လို့... မင်းကို ဒီနေရာကနေ အပြင်ပေးထွက်ဖို့က ပိုပြီးတော့တောင် မဖြစ်နိုင်တော့တာပေါ့"
"ဘာဖြစ်လို့လဲ"
"ငါတို့ သူတို့ကို ဘယ်လိုမှ အနိုင်မယူနိုင်လို့ပဲ..." အသံပိုင်ရှင်က ပြောကာ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။
ထိုအမျိုးသမီး လုံးဝ တိတ်ဆိတ်သွားခဲ့ရတော့၏။ ခေတ္တမျှ ကြာအောင် သူမရဲ့ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားခဲ့ရတယ်။
"ငါတို့ သူတို့ကို ဘယ်လိုမှ အနိုင်မယူနိုင်ဘူး ဟုတ်လား... တကယ့်ကို ထိတ်လန့်စရာကောင်းလှတဲ့ စကားစုတစ်ခုပါပဲ..."
"ဒါဆို... ငါ့ရဲ့ သားနဲ့ ခင်ပွန်းက ဒီလိုမျိုးပဲ အလဟဿ သေဆုံးသွားခဲ့ရပြီပေါ့ ဟုတ်လား..."
"ဟင့်အင်း... ငါလက်မခံနိုင်ဘူး... ငါ သေချာပေါက် အပြင်ကို ထွက်ရမယ်… ငါ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို စွန့်လွှတ်ရပါစေဦးတော့... ငါ့ရဲ့ သားကို သတ်ခဲ့တဲ့သူကို ငါ သေသေချာချာ အပိုင်းပိုင်း ဓားမွှန်းပစ်မယ်..."
ထိုစဉ်…
"မင်းက ငါတို့ တီမိသားစုရဲ့ နတ်ဘုရားသားတော်ကို သတ်ဖြတ်ချင်နေတာပေါ့ ဟုတ်လား..." အေးစက်လှတဲ့ အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာခဲ့ရတယ်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုအမျိုးသမီးရဲ့ မျက်နှာအမူအရာ ပြင်းထန်စွာ ပျက်ယွင်းသွားခဲ့ရတော့၏။ မိုမိသားစုတစ်ခုလုံး သည်လည်း ပြင်းထန်လှတဲ့ ထိတ်လန့်ချောက်ချားမှုတွေအောက်သို့ တိုက်ရိုက် သက်ဆင်းသွားခဲ့ရတော့တယ်။